Zawgyiျဖင့္ဖတ္ရန္

 

ထက္ထက္မိုးဦးလို႔ ေျပာလိုက္တာနဲ႔ ျမန္မာႏိုင္ငံမွာေတာ့ မသိတဲ့သူမရွိဘူးလို႔ ထင္ပါတယ္။ မင္းသမီးေခ်ာ ထက္ထက္မိုးဦးကေတာ့ ဆယ္စုႏွစ္ေတြၾကာတဲ့အထိကို ေအာင္ျမင္မႈေတြ ထိန္းသိမ္းထားႏုိင္တဲ့ မင္းသမီး တေယာက္ဆိုလည္း မမွားပါဘူး။ အေကာင္းဆံုးဇာတ္လမ္းေတြကို ပရိသတ္ေတြ ရင္ထဲကိုခ်ျပေပးခဲ့ျပီး အကယ္ဒမီဆုေတြ ရယူထားႏိုင္တဲ့ မင္းသမီး ထက္ထက္မိုးဦးကေတာ့ လက္ရွိမွာေတာ့ အႏုပညာလႈပ္ရွားမႈေတြ လုပ္တာၾကဲသြားေပမယ့္လည္း ပရိသတ္အားေပးမႈကေတာ့ မပ်က္သြားပါဘူး။ ပရိသတ္ေတြနဲ႔ အထိေတြ႔နည္းေနတဲ့ ထက္ထက္မိုးဦးတေယာက္ကိုေတ့ာ Trend ကသြားေရာက္အင္တာဗ်ဴးထားျပီး လတ္တေလာ လႈပ္ရွားမႈေတြနဲ႔ ဘဝျဖတ္သန္းမႈအေၾကာင္းေတြကိုေတာ့ ေမးျမန္းထားတာ ျဖစ္ပါတယ္။

ထက္ထက္မိုးဦးကေတာ့ အင္တာဗ်ဴးတြင္ မင္းသမီးေလးလို လွေနတာပဲ ဆိုတဲ့ ေမးခြန္းကိုေတာ့ “မင္းသမီးေလးလို လွတယ္ဆိုေတာ့ ဘာေျပာရမွန္းေတာင္ မသိပါဘူး။ ေလာေလာဆယ္ေတာ့ ေပ်ာ္ေနပါတယ္။ အႏုပညာသမားဆိုေတာ့ အႏုပညာေတြ လုပ္ေနရရင္ကို ေျပာေနပါတယ္”

လတ္တေလာအႏုပညာ လႈပ္ရွားမႈနဲ႔ ပတ္သက္ျပီး “ ကားၾကီးကေတာ့ ျပီးသြားျပီ။ လတ္တေလာမွာေတာ့ ေထြေထြထူးထူးမရွိေသးပါဘူး။ အလုပ္ေတြကေတာ့ အရင္တုန္းကထက္စာရင္ အမ်ားၾကီး ေလ်ာ့သြားပါတယ္။ ဘဝမွာေတာ့ အဆင္မေျပလည္း ေျပေအာင္ေတာ့ က်န္ဖန္ျပီး အားတင္းၾကိဳးစားျပီးေတာ့ ရုန္းကန္ေနၾကရတာပဲေလ။ ဒါေၾကာင့္ အေကာင္းဆံုး ျဖစ္ေအာင္လို႔ပဲေနပါတယ္”

“သူမ်ားအေပၚမွာလည္း အေကာင္းဆံုး စိတ္ကို အျဖဴစင္ဆံုးထားျပီးေတာ့ အေကာင္းဆံုးေနတတ္လို႔ အျမဲတမ္းေပ်ာ္ေနတဲ့ပံုလိုမ်ိဳး ျဖစ္ေနတာပါ။ အရင္ကတည္းက တေယာက္ထဲပဲ ဆံုးျဖတ္ခဲ့ေတာ့ အခုခ်ိန္မွာလည္း ဘဝကို တေယာက္ထဲျဖတ္သန္းခဲ့ရတာပါ။ သူမ်ားေတြထက္ ဘဝက ပိုၾကမ္းတမ္းခဲ့ေတာ့ တခါတေလလည္း ဝမ္းနည္းျပီး ဘဝကို အရံႈးေပးခ်င္တဲ့ စိတ္ျဖစ္မိပါတယ္။ ဒါေပမယ့္လည္း ဒီေန႔ဒီအခ်ိန္ထိ အခက္ခဲေတြ ေက်ာ္လႊားလာေတာ့လည္း ကိုယ့္ဘဝကို လြယ္လြယ္နဲ႔ ႏွစ္ျမွဳပ္မခံႏိုင္ပါဘူးဆိုျပီးေတာ့ အားတင္ျပီးေနေနတာေပါ့ေလ။ အေကာင္းဆံုးျပန္ျပီး ျပဳျပင္ပါတယ္။ တခါတေလက်ေတ့ာလည္း စိတ္ဓါတ္ေတြက က်ဖူးပါတယ္”

အားတင္းျပီး ရပ္တည္ေနတဲ့ အဓိက အေၾကာင္းရင္းနဲ႔ ပတ္သက္ျပီး “ကိုယ္မွ မဟုတ္ဘူး။ လူတိုင္းကေတာ့ ရုန္းကန္ေနရတာပဲေလ။ ခုေခတ္မွာဆိုရင္ေတာ့ ပိုျပီးေတာ့ဆိုးတာေပါ့ေလ။ လူငယ္ေတြကမွ အစရုန္းကန္ေနၾကရတာ ဆိုေတာ့ အားလံုးက ရုန္းကန္ေနရတာပဲေလ။ အရင္တုန္းကေတာ့ အေဖတေယာက္ ပိုက္ဆံရွာရင္ တအိမ္လံုးစားလို႔ရတယ္။ ခုခ်ိန္မွာေတာ့ အားလုံးရွာတာေတာင္ မေလာက္တာဆိုေတာ့”

ကိုယ္ျဖတ္သန္းခဲ့ရတဲ့ ဘဝကို ေက်နပ္လားဆိုတဲ့ ေမးခြန္းကိုေတာ့ ထက္ထက္မိုးဦးက “ေက်နပ္ပါတယ္။ ကိုယ့္အသက္ ၂၀ ေလာက္ကတည္းက ေက်ာင္းေတြ ဘုရားေတြမွာ လွဴခဲ့ရတယ္။ ေဆာက္လုပ္ေပးခဲ့ဖူးတယ္။ ဘုန္းၾကီးေက်ာင္းေတြကိုလည္း လွဴေပးခဲ့တယ္။ အမ်ားၾကီး အလွဴတန္းေတြလုပ္ခဲ့ရတာကို စိတ္ထဲမွာ အေက်နပ္ဆံုးပါပဲ”

ပရိသတ္ေတြအတြက္ “ထက္ထက္ကို လက္ရွိခ်ိန္ထိ ခ်စ္ေပးတဲ့လူေတြကို ေသတဲ့အထိ မေမ့ပါဘူး။ အရမ္းလည္း ေက်းဇူးတင္ပါတယ္။ ဆက္ျပီးေတ့ာလည္း ခ်စ္ေပးၾကပါ” ဟု ေျပာၾကားစြားခဲ့ပါတယ္။

Credit – More From Nanmalgyi

 

Unicodeဖြင့်ဖတ်ရန်

 

ဘဝဖြတ်သန်းမှုတွေအကြောင်းပြောပြလာတဲ့ ထက်ထက်မိုးဦး

 

ထက်ထက်မိုးဦးလို့ ပြောလိုက်တာနဲ့ မြန်မာနိုင်ငံမှာတော့ မသိတဲ့သူမရှိဘူးလို့ ထင်ပါတယ်။ မင်းသမီးချော ထက်ထက်မိုးဦးကတော့ ဆယ်စုနှစ်တွေကြာတဲ့အထိကို အောင်မြင်မှုတွေ ထိန်းသိမ်းထားနိုင်တဲ့ မင်းသမီး တယောက်ဆိုလည်း မမှားပါဘူး။ အကောင်းဆုံးဇာတ်လမ်းတွေကို ပရိသတ်တွေ ရင်ထဲကိုချပြပေးခဲ့ပြီး အကယ်ဒမီဆုတွေ ရယူထားနိုင်တဲ့ မင်းသမီး ထက်ထက်မိုးဦးကတော့ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေ လုပ်တာကြဲသွားပေမယ့်လည်း ပရိသတ်အားပေးမှုကတော့ မပျက်သွားပါဘူး။ ပရိသတ်တွေနဲ့ အထိတွေ့နည်းနေတဲ့ ထက်ထက်မိုးဦးတယောက်ကိုတေ့ာ Trend ကသွားရောက်အင်တာဗျူးထားပြီး လတ်တလော လှုပ်ရှားမှုတွေနဲ့ ဘဝဖြတ်သန်းမှုအကြောင်းတွေကိုတော့ မေးမြန်းထားတာ ဖြစ်ပါတယ်။

ထက်ထက်မိုးဦးကတော့ အင်တာဗျူးတွင် မင်းသမီးလေးလို လှနေတာပဲ ဆိုတဲ့ မေးခွန်းကိုတော့ “မင်းသမီးလေးလို လှတယ်ဆိုတော့ ဘာပြောရမှန်းတောင် မသိပါဘူး။ လောလောဆယ်တော့ ပျော်နေပါတယ်။ အနုပညာသမားဆိုတော့ အနုပညာတွေ လုပ်နေရရင်ကို ပြောနေပါတယ်”

လတ်တလောအနုပညာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး “ ကားကြီးကတော့ ပြီးသွားပြီ။ လတ်တလောမှာတော့ ထွေထွေထူးထူးမရှိသေးပါဘူး။ အလုပ်တွေကတော့ အရင်တုန်းကထက်စာရင် အများကြီး လျော့သွားပါတယ်။ ဘဝမှာတော့ အဆင်မပြေလည်း ပြေအောင်တော့ ကျန်ဖန်ပြီး အားတင်းကြိုးစားပြီးတော့ ရုန်းကန်နေကြရတာပဲလေ။ ဒါကြောင့် အကောင်းဆုံး ဖြစ်အောင်လို့ပဲနေပါတယ်”

“သူများအပေါ်မှာလည်း အကောင်းဆုံး စိတ်ကို အဖြူစင်ဆုံးထားပြီးတော့ အကောင်းဆုံးနေတတ်လို့ အမြဲတမ်းပျော်နေတဲ့ပုံလိုမျိုး ဖြစ်နေတာပါ။ အရင်ကတည်းက တယောက်ထဲပဲ ဆုံးဖြတ်ခဲ့တော့ အခုချိန်မှာလည်း ဘဝကို တယောက်ထဲဖြတ်သန်းခဲ့ရတာပါ။ သူများတွေထက် ဘဝက ပိုကြမ်းတမ်းခဲ့တော့ တခါတလေလည်း ဝမ်းနည်းပြီး ဘဝကို အရှုံးပေးချင်တဲ့ စိတ်ဖြစ်မိပါတယ်။ ဒါပေမယ့်လည်း ဒီနေ့ဒီအချိန်ထိ အခက်ခဲတွေ ကျော်လွှားလာတော့လည်း ကိုယ့်ဘဝကို လွယ်လွယ်နဲ့ နှစ်မြှုပ်မခံနိုင်ပါဘူးဆိုပြီးတော့ အားတင်ပြီးနေနေတာပေါ့လေ။ အကောင်းဆုံးပြန်ပြီး ပြုပြင်ပါတယ်။ တခါတလေကျတေ့ာလည်း စိတ်ဓါတ်တွေက ကျဖူးပါတယ်”

အားတင်းပြီး ရပ်တည်နေတဲ့ အဓိက အကြောင်းရင်းနဲ့ ပတ်သက်ပြီး “ကိုယ်မှ မဟုတ်ဘူး။ လူတိုင်းကတော့ ရုန်းကန်နေရတာပဲလေ။ ခုခေတ်မှာဆိုရင်တော့ ပိုပြီးတော့ဆိုးတာပေါ့လေ။ လူငယ်တွေကမှ အစရုန်းကန်နေကြရတာ ဆိုတော့ အားလုံးက ရုန်းကန်နေရတာပဲလေ။ အရင်တုန်းကတော့ အဖေတယောက် ပိုက်ဆံရှာရင် တအိမ်လုံးစားလို့ရတယ်။ ခုချိန်မှာတော့ အားလုံးရှာတာတောင် မလောက်တာဆိုတော့”

ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဘဝကို ကျေနပ်လားဆိုတဲ့ မေးခွန်းကိုတော့ ထက်ထက်မိုးဦးက “ကျေနပ်ပါတယ်။ ကိုယ့်အသက် ၂၀ လောက်ကတည်းက ကျောင်းတွေ ဘုရားတွေမှာ လှူခဲ့ရတယ်။ ဆောက်လုပ်ပေးခဲ့ဖူးတယ်။ ဘုန်းကြီးကျောင်းတွေကိုလည်း လှူပေးခဲ့တယ်။ အများကြီး အလှူတန်းတွေလုပ်ခဲ့ရတာကို စိတ်ထဲမှာ အကျေနပ်ဆုံးပါပဲ”

ပရိသတ်တွေအတွက် “ထက်ထက်ကို လက်ရှိချိန်ထိ ချစ်ပေးတဲ့လူတွေကို သေတဲ့အထိ မမေ့ပါဘူး။ အရမ်းလည်း ကျေးဇူးတင်ပါတယ်။ ဆက်ပြီးတေ့ာလည်း ချစ်ပေးကြပါ” ဟု ပြောကြားစွားခဲ့ပါတယ်။

Credit – More From Nanmalgyi

LEAVE A REPLY