Zawgyiဖြင့်ဖတ်ရန်

 







Unicodeဖြင့်ဖတ်ရန်

 

ဂရုစိုက်လွန်းတဲ့ဆရာကိုမှ အချစ်သည်းခဲ့မိတဲ့ (၁၃)နှစ်အရွယ် ကောင်မလေးရဲ့ အချစ်ခရီး

 

အချစ်ဆိုတာ ခင်ဗျားတို့ ကျွန်တော်တို့ သိထားသလို အလွန်ရိုးစင်းပါတယ်။ ဆိုရရင် အချစ်ဆိုတာ ဘယ်အချိန်မှာ တိကျစွာရင်ထဲကနေ ပေါက်ဖွားလာရမယ်ဆိုပြီး ကိုယ်တိုင်က တရားသေသက်မှတ်လိုက်လို့ မရသလို ဘယ်လိုလူကိုမှ ချစ်မယ်ဆိုပြီးတော့လည်း ကြိုတင်ဆုံးဖြတ်လို့ မရပါဘူး။ အချစ်ဟာ ဘာနဲ့မှ တမင်ဖန်တီးလို့မရပါဘူး။ သဘာဝအတိုင်း ဖြစ်တည်လာတာပါ။

အခုလည်း ကောင်မလေးတစ်ယောက်ဟာ သူမ အသက် (၁၃)နှစ်သမီးဘဝတုန်းက သူမကို အနီးကပ်အထူးဂရုစိုက်ခဲ့တဲ့ ဆရာဖြစ်သူကို စွဲစွဲလန်းလန်း ချစ်မိခဲ့ပါတယ်။ အဆိုပါဆရာဟာ အဲဒီတုန်းက အသက်(၂၇)နှစ်ဖြစ်ပြီး ကနဦးတုန်းကတော့ ညီမလေးလို သံယောဇဉ်တွယ်ခဲ့မိပေမယ့် နောက်ပိုင်းမှာတော့ ကလေးမလေးနဲ့ ချစ်ရည်တူမျှခဲ့ပါတယ်။

ကလေးမလေးရဲ့နာမည်ကတော့ Vinda Virginia ဖြစ်ပြီး အခု အသက်(၂၀) ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာ (၅)ရက်နေ့က သူမနဲ့ ဆရာဖြစ်သူ Erwin Pangaila တို့ လက်ထပ်ပွဲဆင်နွဲခဲ့ကြပါတယ်။ သူတိုနှစ်ဦးဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၊ SMP Negeri 2 Tenga ကျောင်းမှာ စတင်ဆုံးစည်းခဲ့တာပါ။

မြင်မြင်ချင်းပဲ မေတ္တာသက်ဝင်ခဲ့ကြပြီး (၂၀၁၁)ခုနှစ်မှာပင် တစ်ယောက်နဲ့တစ်ယောက် အပြင်မှာ ချိန်းတွေမှုတွေ စတင်ခဲ့ပြီး၊ ကနဦးတုန်းကတော့ အပြင်မှာ ဝေဖန်တိုက်ခိုက်သူ အမျိုးမျိုးနဲ့ နှစ်ယောက်သား စိတ်ဓာတ်တွေကျဆင်း အကြိမ်ကြိမ် ယိုင်လဲပြိုကျခဲ့ကြဖူးပေမယ့်၊ တစ်ယောက်လက်ကိုတစ်ယောက်ဆွဲ ရှိသမျှအားနဲ့ တောင့်ခံနိုင်ခဲ့ကြရာ အခုဆို သာယာတဲ့အချစ်ခရီးကို လျှောက်လှမ်းနိုင်နေပြီ ဖြစ်ပါတယ်။

Credit-နတ်စည်တော် (MyanmarNote)

source : worldofbuzz.com