Zawgyi ျဖင့္ဖတ္ရန္

 

အစားအစာ မ်ား ခ်က္ျပဳတ္ရာတြင္ PFCs ဓာတုပစၥည္း မ်ား ျမင့္မားစြာပါရွိေသာ ဂ်ိဳးမကပ္ ေၾကာ္အိုးမ်ားျဖင့္ အသုံးျပဳလွ်င္ ေယာက္်ားေလးမ်ား၏ လိင္အဂၤါ မွာ ပုံမွန္ထက္ လက္မဝက္ခန႔္ ပိုမိုတိုေတာင္းသြားႏိုင္ေၾကာင္း သုေတသနျပဳ ေလ့လာမႈစစ္တမ္းမ်ားတြင္ ေတြ႕ရွိထားသည္။

သိပၸံပညာရွင္မ်ားက ဒယ္အိုးမ်ားတြင္ သုံးထားေသာ PFCs ဟုေခၚသည့္ ဓာတုပစၥည္း မ်ားေၾကာင့္ အမ်ိဳးသား ေဟာ္မုန္းကို ထိခိုက္ေစၿပီး လိင္အဂၤါ သိသိသာသာ တို ေတာင္း ေသးငယ္ ပါးလႊာေစသည္ကို ေတြ႕ရွိခဲ့သည္။

ဤသို႔ PFCs ၏ အက်ိဳးသက္ေရာက္မႈမွာ အမိဝမ္းထဲတြင္ ရွိစဥ္အခါတြင္ သာမက ဆယ္ေက်ာ္သက္မ်ားတြင္ပါ အဆိပ္သင့္မႈရွိႏိုင္သည္ဟု သုေတသီမ်ားက ေျပာၾကားသည္။ ေရစိုခံအဝတ္အစားမ်ားႏွင့္ ဆီမစိုရန္ ထုပ္ပိုးထားေသာ စားနပ္ရိကၡာမ်ားတြင္ ေတြ႕ရေသာဓာတုပစၥည္းမ်ား ေသြးေၾကာထဲသို႔ ဝင္ေရာက္သြားၿပီး ေဟာ္မုန္းအဆင့္ကို ေလွ်ာ့ခ်ေပးသည္။

သိပၸံပညာရွင္မ်ားက PFCs ႏွင္ထိေတြ႕ေသာ ဧရိယာတြင္ ႀကီးျပင္းလာေသာ ေယာက်္ားေလးမ်ားမွာ က်န္းမာေသာေယာက္်ားထက္ လိင္အဂၤါ ပိုမိုတိုေတာင္းမႈႏႈန္းမွာ ရာခိုင္ႏႈန္းအားျဖင့္ ၁၂.၅ ရာခိုင္ႏႈန္း၊ ပိုမိုပါးလႊာေသးငယ္မႈႏႈန္း ၆.၃ ရာခိုင္ႏႈန္းရွိေၾကာင္း ေတြ႕ရွိခဲ့သည္။

အီတလီ ပါဒူအာတကၠသိုလ္မွ သုေတသီမ်ားက ပ်မ္းမွ်အသက္ ၁၈ ႏွစ္အ႐ြယ္ ေယာက်္ားေလး ၃၈၃ ဦး၏ လိင္အဂၤါမ်ားကို တိုင္းတာတြက္ခ်က္ခဲ့သည္။ ဗင္းနစ္ၿမိဳ႕အနီးရွိ ပါဒူအာတြင္မွာ PFC ညစ္ညမ္းမႈ အျမင့္မားဆုံးဟု လူသိမ်ားေသာ ကမာၻေဒသ ေလးခုတြင္ ပါဝင္သည္။

Perfluoroalkyl ေခၚဓာတုပစၥည္း ျဒပ္ေပါင္းမ်ား နယ္သာလန္ ေဒါ့ဒရရွ္၊ တ႐ုတ္ႏိုင္ငံ ရွန္ေဒါင္းႏွင့္ အေမရိကန္ အေနာက္ဗာဂ်ီးနီးယားတို႔တြင္ က်န္းမာေရးအႏၲရာယ္ဆိုးက်ိဳးမ်ား သက္ေရာက္မႈရွိသည္။

Image result for penis

အီတလီသုေတသီမ်ားက PFCs ေၾကာင့္ ေဟာ္မုန္း လက္ခံမႈ ေလ်ာ့နည္းေစ၍ ခႏၶာကိုယ္ထဲတြင္ အသုံးျပဳေနသည့္ အမ်ိဳးသား၏ လိင္ေဟာ္မုန္းအဆင့္ကို ေလွ်ာ့ခ်ေစသည္ကို ေတြ႕ရွိခဲ့သည္။ အက်ိဳးဆက္အေနျဖင့္ ေယာက္်ားေလးမ်ား၏ လိင္အဂၤါမ်ား ပိုမိုေသးငယ္ေစၿပီးက်န္းမာႀကံ့ခိုင္မႈ အားနည္းကာ မ်ိဳးေအာင္မႈ အားနည္းသည့္ လကၡဏာတစ္ရပ္ ျဖစ္လာေစသည္။

” PFCs ေရမွာညစ္ညမ္းမႈ ပထမဦးဆုံး အစီရင္ခံစာကို ၁၉၇၇ မွာ ထုတ္ျပန္ခဲ့တယ္။ ျပႆ နာမ်ား၏ ျပင္းအားက စိုးရိမ္ဖြယ္ရာျဖစ္ပါတယ္” ဟု သုေတသနကို ဦးေဆ ာင္သူ ေဒါက္တာအန္ဒရီယာ ဒီနီစီယို ကေျပာၾကားခဲ့သည္။

PFCs ကို အသင့္စား အစားအစားမ်ားထုတ္ပိုးေသာ စကၠဴလႊာမ်ား အစြန္းအထင္းခံ ေကာ္ေဇာမ်ား ဆိုင္ကယ္ေလကာ ေဆးေၾကာေဆးရည္မ်ား မီးသတ္ေဆးမ်ား မိုးကာအဝတ္မ်ား အခ်ိဳ႕ေသာေကာ္မ်ား အလွကုန္မ်ား ေဆးဝါးမ်ား အလက္ထေရာနစ္ပစၥည္းမ်ား သန႔္ရွင္းေရးသုံးပစၥည္းမ်ား ေပါလစ္မ်ား ပိုးသတ္ေဆးမ်ားႏွင့္ သုတ္ေဆးမ်ားတြင္ ေတြ႕ရသည္။

Credit : KSM/MUNA

Unicode ဖြင့်ဖတ်ရန်

ဂျိုးမကပ် ဒယ်အိုး များမှ ဓာတုပစ္စည်းကြောင့် အမျိုးသားများ လိင်အင်္ဂါ လက်မဝက်ခန့် ပိုတိုသွားစေနိုင်ဟုဆို

အစားအစာ များ ချက်ပြုတ်ရာတွင် PFCs ဓာတုပစ္စည်း များ မြင့်မားစွာပါရှိသော ဂျိုးမကပ် ကြော်အိုးများဖြင့် အသုံးပြုလျှင် ယောက်ျားလေးများ၏ လိင်အင်္ဂါ မှာ ပုံမှန်ထက် လက်မဝက်ခန့် ပိုမိုတိုတောင်းသွားနိုင်ကြောင်း သုတေသနပြု လေ့လာမှုစစ်တမ်းများတွင် တွေ့ရှိထားသည်။

သိပ္ပံပညာရှင်များက ဒယ်အိုးများတွင် သုံးထားသော PFCs ဟုခေါ်သည့် ဓာတုပစ္စည်း များကြောင့် အမျိုးသား ဟော်မုန်းကို ထိခိုက်စေပြီး လိင်အင်္ဂါ သိသိသာသာ တို တောင်း သေးငယ် ပါးလွှာစေသည်ကို တွေ့ရှိခဲ့သည်။

ဤသို့ PFCs ၏ အကျိုးသက်ရောက်မှုမှာ အမိဝမ်းထဲတွင် ရှိစဉ်အခါတွင် သာမက ဆယ်ကျော်သက်များတွင်ပါ အဆိပ်သင့်မှုရှိနိုင်သည်ဟု သုတေသီများက ပြောကြားသည်။ ရေစိုခံအဝတ်အစားများနှင့် ဆီမစိုရန် ထုပ်ပိုးထားသော စားနပ်ရိက္ခာများတွင် တွေ့ရသောဓာတုပစ္စည်းများ သွေးကြောထဲသို့ ဝင်ရောက်သွားပြီး ဟော်မုန်းအဆင့်ကို လျှော့ချပေးသည်။

သိပ္ပံပညာရှင်များက PFCs နှင်ထိတွေ့သော ဧရိယာတွင် ကြီးပြင်းလာသော ယောကျ်ားလေးများမှာ ကျန်းမာသောယောက်ျားထက် လိင်အင်္ဂါ ပိုမိုတိုတောင်းမှုနှုန်းမှာ ရာခိုင်နှုန်းအားဖြင့် ၁၂.၅ ရာခိုင်နှုန်း၊ ပိုမိုပါးလွှာသေးငယ်မှုနှုန်း ၆.၃ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိခဲ့သည်။

အီတလီ ပါဒူအာတက္ကသိုလ်မှ သုတေသီများက ပျမ်းမျှအသက် ၁၈ နှစ်အရွယ် ယောကျ်ားလေး ၃၈၃ ဦး၏ လိင်အင်္ဂါများကို တိုင်းတာတွက်ချက်ခဲ့သည်။ ဗင်းနစ်မြို့အနီးရှိ ပါဒူအာတွင်မှာ PFC ညစ်ညမ်းမှု အမြင့်မားဆုံးဟု လူသိများသော ကမ္ဘာဒေသ လေးခုတွင် ပါဝင်သည်။

Perfluoroalkyl ခေါ်ဓာတုပစ္စည်း ဒြပ်ပေါင်းများ နယ်သာလန် ဒေါ့ဒရရှ်၊ တရုတ်နိုင်ငံ ရှန်ဒေါင်းနှင့် အမေရိကန် အနောက်ဗာဂျီးနီးယားတို့တွင် ကျန်းမာရေးအန္တရာယ်ဆိုးကျိုးများ သက်ရောက်မှုရှိသည်။

Image result for penis

အီတလီသုတေသီများက PFCs ကြောင့် ဟော်မုန်း လက်ခံမှု လျော့နည်းစေ၍ ခန္ဓာကိုယ်ထဲတွင် အသုံးပြုနေသည့် အမျိုးသား၏ လိင်ဟော်မုန်းအဆင့်ကို လျှော့ချစေသည်ကို တွေ့ရှိခဲ့သည်။ အကျိုးဆက်အနေဖြင့် ယောက်ျားလေးများ၏ လိင်အင်္ဂါများ ပိုမိုသေးငယ်စေပြီးကျန်းမာကြံ့ခိုင်မှု အားနည်းကာ မျိုးအောင်မှု အားနည်းသည့် လက္ခဏာတစ်ရပ် ဖြစ်လာစေသည်။

” PFCs ရေမှာညစ်ညမ်းမှု ပထမဦးဆုံး အစီရင်ခံစာကို ၁၉၇၇ မှာ ထုတ်ပြန်ခဲ့တယ်။ ပြဿ နာများ၏ ပြင်းအားက စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်” ဟု သုတေသနကို ဦးဆေ ာင်သူ ဒေါက်တာအန်ဒရီယာ ဒီနီစီယို ကပြောကြားခဲ့သည်။

PFCs ကို အသင့်စား အစားအစားများထုတ်ပိုးသော စက္ကူလွှာများ အစွန်းအထင်းခံ ကော်ဇောများ ဆိုင်ကယ်လေကာ ဆေးကြောဆေးရည်များ မီးသတ်ဆေးများ မိုးကာအဝတ်များ အချို့သောကော်များ အလှကုန်များ ဆေးဝါးများ အလက်ထရောနစ်ပစ္စည်းများ သန့်ရှင်းရေးသုံးပစ္စည်းများ ပေါလစ်များ ပိုးသတ်ဆေးများနှင့် သုတ်ဆေးများတွင် တွေ့ရသည်။

Credit : KSM/MUNA
Ref; Daily Mail