Zawgyi ျဖင့္ဖတ္ရန္

မိုးေအာင္ရင္အတြက္ ေထာင္ဒဏ္ (၁၇)ႏွစ္ဆိုတာ အရမ္းကို မ်ားလြန္းသလို သူမအေနနဲ႔လည္း ရင္က်ိဳးမတတ္ခံစားရတယ္လို႔ ဆိုပါတယ္

မိုးေအာင္ရင္ သ႐ုပ္ေဆာင္ ေလာကထဲ စဝင္ကတည္းကတည္း မို႔မို႔ျမင့္ေအာင္ဟာ ဆရာသမားတစ္ေယာက္လိုသာမက ေမြးစားမိဘတစ္ေယာက္လို ေစာင့္ေရွာက္လာခဲ့တဲ့ ကေလးေလးတစ္ေယာက္ ယခုလို ျဖစ္သြားတဲ့အတြက ္အရမ္းလည္းစိတ္မေကာင္းျဖစ္ခဲ့တယ္လို႔ သူမက ဆိုပါတယ္။

“အရမ္းကို ခံစားခဲ့ရတယ္။ သူ႔အေဖအမမေရာက္ေသးေတာ့ သူတို႔ကလည္း ျမန္မာနိင္ငံမွာ မရွိေသးတဲ့အခ်ိန္မွာ ကိုယ့္မွာပိုၿပီးေခါင္းႀကီးရတာေပ့ါ။ကေလးအတြက္လည္း ပူပင္ရတယ္။ ကိုယ္သြားေတြ႕ျပန္ေတာ့လည္း မီဒီယာေတြကလည္းေမးရင္ ပိုပြသြားမွာစိုးေတာ့ မေမးခဲ့ပဲ ေနခဲ့ရတယ္။ေနာက္ကြယ္ကေနပဲ ကေလးစားဝတ္ေနေရးအတြက္ လုပ္ေပးတယ္။ တစ္ပတ္တစ္ခါ ႐ုံးထြက္တဲ့ အခါမွာ သူစားဖို႔ မုန႔္ေတြပို႔ေပးတယ္။ ေနာက္သူ႔မိဘေတြ ေရာက္လာေတာ့ ကိုယ္စိတ္ေအးသြားရတယ္” လို႔ ဒီဇင္ဘာ(၁၄)ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ Shwe FM ပြဲတက္ရင္း Duwun Media သို႔ ေျဖဆိုေပးခဲ့တာပါ။

သ႐ုပ္ေဆာင္ မိုးေအာင္ရင္ ေထာင္(၁၇)ႏွစ္ က်တာနဲ႔ ပတ္သက္ၿပီး ေမြးစားမိဘတစ္ေယာက္အေနနဲ႔ ရင္က်ိဳးမတတ္ခံစားခဲ့ရတယ္လို႔ အကယ္ဒမီ မို႔မို႔ျမင့္ေအာင္က ရင္ဖြင့္လို႔လာပါတယ္။“အခုေတာ့လည္း ၁၇ႏွစ္ဆိုတာ ေတာ္ေတာ္ေလးမ်ားပါတယ္။ ကေလးက တကယ္တမ္း သမိုင္းေၾကာင္းကို ျပန္တြက္ၾကည့္လိုက္ပါ။ ကေလးက လူလိမၼာေလးပါ။ အေဖအေမနဲ႔ အတူမေနတဲ့အခါက်ေတာ့ မမို႔ကလည္းဆရာဆိုေပမယ့္ မိန္းမဆရာျဖစ္ေနေတာ့ သိပ္ၿပီးေတာ့ခရေစ့တြင္းက် လိုက္ထိမ္းခ်ဳပ္လို႔မရဘူးေလ။

လူငယ္ဆိုေတာ့ လမ္းမွားလိုက္မိတာေပ့ါ။ မမို႔နဲ႔ ဖုန္းေျပာျဖစ္ေတာ့ သူဟာမဟုတ္ဘူးတဲ့။ သားလည္းအိမ္မေရာက္တာ ၾကာၿပီတဲ့။ သူကလည္းေဆာ္ေၾကာင္ေလ အိမ္မွာမေနဘူး။ အဲ့ေတာ့ ဘာျဖစ္လို႔ျဖစ္မွန္းမသိတဲ့ကိစၥႀကီးက သူ႔အတြက္ ဒုကၡေရာက္သြားတာေပ့ါ။ ပထမ မမို႔က ငါးႏွစ္ေလာက္နဲ႔ ျပးၿပီးထင္တာ။ အဲ့လိုအမ်ားႀကီး ျဖစ္လာေတာ့ ကေလးအတြက္ ေတာ္ေတ္ာနစ္နစ္နဲနဲႀကီးေတာ့ ျဖစ္တာေပ့ါ။ ဘဝတစ္ခုလုံးႀကီးျပတ္သြားေအာင္ ျဖစ္သြားတယ္။” လို႔ သူမက ဆက္လက္ေျပာျပခဲ့ပါတယ္။

 

သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကို ဒီဇင္ဘာ(၁၂) ရက္ေန႔ ခ႐ိုင္တရား႐ုံးကေန မူးယစ္ေဆးဝါးေရာင္းဝယ္မႈ ပုဒ္မ ၁၉(က)နဲ႔ ေထာင္ဒဏ္(၁၂)ႏွစ္ ခ်မွတ္လိုက္ပါတယ္။ ထို႔အတူ ၿပီးခဲ့ေသာ ႏိုဝင္ဘာ(၂၆) ရက္ေန႔က ပုဇြန္ေတာင္ တရား႐ုံးကေန မူးယစ္ေဆးဝါး လက္ဝယ္ေတြ႕ရွိမႈနဲ႔ သုံးစြဲမႈအတြက္ အလုပ္နဲ႔ေထာင္ဒဏ္ (၅)ႏွစ္ က်ခံဖို႔ အမိန႔္ခ်ခဲ့ပါေသးတယ္။ဒါေၾကာင့္ မိုးေအာင္ရင္ဟာ စုစုေပါင္း ေထာင္ဒဏ္ (၁၇)ႏွစ္ က်ခံခဲ့ရပါတယ္။

မိုးေအာင္ရင္သတင္းနဲ႔ ပတ္သက္ၿပီး အႏုပညာအသိုင္းအဝိုင္းက မိတ္ေဆြအေပါင္းအသင္းေတြအားလုံး စိတ္မေကာင္းျဖစ္လို႔ေနပါတယ္။

share from : phothutaw

Unicode ဖြင့်ဖတ်ရန်

မိုးအောင်ရင်အတွက် ထောင်ဒဏ် (၁၇)နှစ်ဆိုတာ အရမ်းကို များလွန်းသလို သူမအနေနဲ့လည်း ရင်ကျိုးမတတ်ခံစားရတယ်လို့ ဆိုပါတယ်

မိုးအောင်ရင် သရုပ်ဆောင် လောကထဲ စဝင်ကတည်းကတည်း မို့မို့မြင့်အောင်ဟာ ဆရာသမားတစ်ယောက်လိုသာမက မွေးစားမိဘတစ်ယောက်လို စောင့်ရှောက်လာခဲ့တဲ့ ကလေးလေးတစ်ယောက် ယခုလို ဖြစ်သွားတဲ့အတွက ်အရမ်းလည်းစိတ်မကောင်းဖြစ်ခဲ့တယ်လို့ သူမက ဆိုပါတယ်။

“အရမ်းကို ခံစားခဲ့ရတယ်။ သူ့အဖေအမမရောက်သေးတော့ သူတို့ကလည်း မြန်မာနိင်ငံမှာ မရှိသေးတဲ့အချိန်မှာ ကိုယ့်မှာပိုပြီးခေါင်းကြီးရတာပေ့ါ။ကလေးအတွက်လည်း ပူပင်ရတယ်။ ကိုယ်သွားတွေ့ပြန်တော့လည်း မီဒီယာတွေကလည်းမေးရင် ပိုပွသွားမှာစိုးတော့ မမေးခဲ့ပဲ နေခဲ့ရတယ်။နောက်ကွယ်ကနေပဲ ကလေးစားဝတ်နေရေးအတွက် လုပ်ပေးတယ်။ တစ်ပတ်တစ်ခါ ရုံးထွက်တဲ့ အခါမှာ သူစားဖို့ မုန့်တွေပို့ပေးတယ်။ နောက်သူ့မိဘတွေ ရောက်လာတော့ ကိုယ်စိတ်အေးသွားရတယ်” လို့ ဒီဇင်ဘာ(၁၄)ရက်နေ့က ပြုလုပ်ခဲ့တဲ့ Shwe FM ပွဲတက်ရင်း Duwun Media သို့ ဖြေဆိုပေးခဲ့တာပါ။

သရုပ်ဆောင် မိုးအောင်ရင် ထောင်(၁၇)နှစ် ကျတာနဲ့ ပတ်သက်ပြီး မွေးစားမိဘတစ်ယောက်အနေနဲ့ ရင်ကျိုးမတတ်ခံစားခဲ့ရတယ်လို့ အကယ်ဒမီ မို့မို့မြင့်အောင်က ရင်ဖွင့်လို့လာပါတယ်။“အခုတော့လည်း ၁၇နှစ်ဆိုတာ တော်တော်လေးများပါတယ်။ ကလေးက တကယ်တမ်း သမိုင်းကြောင်းကို ပြန်တွက်ကြည့်လိုက်ပါ။ ကလေးက လူလိမ္မာလေးပါ။ အဖေအမေနဲ့ အတူမနေတဲ့အခါကျတော့ မမို့ကလည်းဆရာဆိုပေမယ့် မိန်းမဆရာဖြစ်နေတော့ သိပ်ပြီးတော့ခရစေ့တွင်းကျ လိုက်ထိမ်းချုပ်လို့မရဘူးလေ။

လူငယ်ဆိုတော့ လမ်းမှားလိုက်မိတာပေ့ါ။ မမို့နဲ့ ဖုန်းပြောဖြစ်တော့ သူဟာမဟုတ်ဘူးတဲ့။ သားလည်းအိမ်မရောက်တာ ကြာပြီတဲ့။ သူကလည်းဆော်ကြောင်လေ အိမ်မှာမနေဘူး။ အဲ့တော့ ဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့ကိစ္စကြီးက သူ့အတွက် ဒုက္ခရောက်သွားတာပေ့ါ။ ပထမ မမို့က ငါးနှစ်လောက်နဲ့ ပြးပြီးထင်တာ။ အဲ့လိုအများကြီး ဖြစ်လာတော့ ကလေးအတွက် တော်တေ်ာနစ်နစ်နဲနဲကြီးတော့ ဖြစ်တာပေ့ါ။ ဘဝတစ်ခုလုံးကြီးပြတ်သွားအောင် ဖြစ်သွားတယ်။” လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ကို ဒီဇင်ဘာ(၁၂) ရက်နေ့ ခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုဒ်မ ၁၉(က)နဲ့ ထောင်ဒဏ်(၁၂)နှစ် ချမှတ်လိုက်ပါတယ်။ ထို့အတူ ပြီးခဲ့သော နိုဝင်ဘာ(၂၆) ရက်နေ့က ပုဇွန်တောင် တရားရုံးကနေ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှုအတွက် အလုပ်နဲ့ထောင်ဒဏ် (၅)နှစ် ကျခံဖို့ အမိန့်ချခဲ့ပါသေးတယ်။ဒါကြောင့် မိုးအောင်ရင်ဟာ စုစုပေါင်း ထောင်ဒဏ် (၁၇)နှစ် ကျခံခဲ့ရပါတယ်။

မိုးအောင်ရင်သတင်းနဲ့ ပတ်သက်ပြီး အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေအပေါင်းအသင်းတွေအားလုံး စိတ်မကောင်းဖြစ်လို့နေပါတယ်။

share from : phothutaw