Zawgyi ျဖင့္ဖတ္ရန္

ကိုယ့္စိတ္ႀကိဳက္ ကုန္တိုက္ကိုေရာက္တဲ့အခါ ျပန္ေရာထြက္တတ္ရဲ႕လား။ ျပန္ထြက္ရ အရမ္းခက္ေနလား။ 😀 အို… အကုန္ဝယ္ပစ္လိုက္ခ်င္တာ ဆိုတဲ့ စိတ္ေဆာင္မႈေနာက္ကို တေကာက္ေကာက္လိုက္ၿပီး ဝယ္ၿပီးမွ ကုန္ခဲ့တဲ့ ပိုက္ဆံေတြကို ျပန္ႏွေမ်ာမိေနလား။ ေငြကို က်စ္က်စ္လစ္လစ္ပဲ သုံးဖို႔ ဆႏၵျဖစ္လာၿပီလား။

ဒါဆို ပိုက္ဆံ ကို မလိုအပ္ဘဲအပိုမျဖဳန္းမိေအာင္ ဘယ္လိုထိန္းခ်ဳပ္မလဲ ဆိုတဲ့ အေျဖကိုရွာေပးပါ့မယ္။အက်င့္ျဖစ္ေနက် ဆႏၵကို ေတာင့္ခံထိန္းခ်ဳပ္ရတာေတာ့ ခက္တယ္။ ဟုတ္တယ္။ သိပ္ခက္တယ္။ ဒါေပမဲ့ နည္းလမ္းကိုသိရင္ေတာ့ လြယ္ကူမွာပါ။ ႐ိုက္စ္ (Rice) တကၠသိုလ္ က သုေတသီေတြရဲ႕ နည္းလမ္းေလးပါ။

စိတ္ကူးေပါက္သလို ပစၥည္းဝယ္ခ်င္စိတ္ေပါက္လာတိုင္း ဦးေႏွာက္ ကိုလွည့္စားတဲ့ Mind Game ေလးတစ္ခု လုပ္ေပးရမွာပါ။မိမိတြင္ ဝယ္ယူပိုင္ဆိုင္ထားၿပီးေသာ ပစၥည္းပစၥယေတြအေၾကာင္း ျပန္လည္ေတြးေပးပါ။ဒီအေလ့အက်င့္ကို လုပ္ေပးတဲ့အခါ ကဆုန္ေပါက္ေနတဲ့ ေငြျဖဳန္းျမင္း႐ိုင္းစိတ္ကို ၁၄ ရာခိုင္ႏႈန္းအထိ ခ်ိဳးႏွိမ္သြားႏိုင္မွာပါ။

မိမိရဲ႕အိမ္မွာ ဝယ္ယူထားတဲ့ပစၥည္းေတြဆီကို စိတ္နဲ႔အလည္သြားပါ။ ၂မိနစ္စာေလာက္ပါပဲ။ အိမ္မြာ ဘာေတြဝယ္ၿပီးၿပီလဲ။ ဆံပင္အေျခာက္ခံစက္ လား၊ မီးပူလား၊ အစားအေသာက္ေတြလား။ ၂မိနစ္အၿပီးမွာ စိတ္ၿငိမ္မႈရပါမယ္။ ထပ္ၿပီး ေမးခြန္းထုတ္ပါ။ ” ဒီပစၥည္းကို တကယ္လိုအပ္ရဲ႕လား” “ကုန္သြားမယ့္ပိုက္ဆံက တကယ္ကုန္ဖို႔ထိုက္ရဲ႕လား” ကဲ အဲဒီေလာက္ဆို ခ်က္ခ်င္းဝယ္လိုက္ခ်င္စိတ္ကို တားေပးလိုက္ပါၿပီ။

အသစ္ေပၚတိုင္း ဝယ္ခ်င္စိတ္ကို ထိန္းခ်ဳပ္မႈမဲ့ခ်ိန္မွာ အိမ္မွာ ပုံေအာေနတဲ့ အရင္ပစၥည္းအေဟာင္းေတြအေၾကာင္းကို ေတြးၿပီး တကယ္လိုအပ္တဲ့ ပစၥည္း ဟုတ္၊မဟုတ္ ခ်င့္ခ်ိန္လိုက္႐ုံပါပဲ။ အသစ္အဆန္းေလးေပၚခ်ိန္ ဝယ္ခ်င္စိတ္ေပါက္လာတိုင္း ဒီအေလ့အက်င့္ေလးကို ထပ္ခါထပ္ခါ လုပ္ေပးပါ။ စိတ္ဟာ အေလ့အက်င့္ပဲဆိုတာ ႏွလုံးသြင္းေပးပါ။ ေငြေရးေၾကးေရး အဆင္ေျပၾကပါေစ။

share from : phothutaw

Unicode ဖြင့်ဖတ်ရန်

ကိုယ့်စိတ်ကြိုက် ကုန်တိုက်ကိုရောက်တဲ့အခါ ပြန်ရောထွက်တတ်ရဲ့လား။ ပြန်ထွက်ရ အရမ်းခက်နေလား။ 😀 အို… အကုန်ဝယ်ပစ်လိုက်ချင်တာ ဆိုတဲ့ စိတ်ဆောင်မှုနောက်ကို တကောက်ကောက်လိုက်ပြီး ဝယ်ပြီးမှ ကုန်ခဲ့တဲ့ ပိုက်ဆံတွေကို ပြန်နှမျောမိနေလား။ ငွေကို ကျစ်ကျစ်လစ်လစ်ပဲ သုံးဖို့ ဆန္ဒဖြစ်လာပြီလား။

ဒါဆို ပိုက်ဆံကို မလိုအပ်ဘဲအပိုမဖြုန်းမိအောင် ဘယ်လိုထိန်းချုပ်မလဲ ဆိုတဲ့ အဖြေကိုရှာပေးပါ့မယ်။အကျင့်ဖြစ်နေကျ ဆန္ဒကို တောင့်ခံထိန်းချုပ်ရတာတော့ ခက်တယ်။ ဟုတ်တယ်။ သိပ်ခက်တယ်။ ဒါပေမဲ့ နည်းလမ်းကိုသိရင်တော့ လွယ်ကူမှာပါ။ ရိုက်စ် (Rice) တက္ကသိုလ်က သုတေသီတွေရဲ့ နည်းလမ်းလေးပါ။

စိတ်ကူးပေါက်သလို ပစ္စည်းဝယ်ချင်စိတ်ပေါက်လာတိုင်း ဦးနှောက်ကိုလှည့်စားတဲ့ Mind Game လေးတစ်ခု လုပ်ပေးရမှာပါ။မိမိတွင် ဝယ်ယူပိုင်ဆိုင်ထားပြီးသော ပစ္စည်းပစ္စယတွေအကြောင်း ပြန်လည်တွေးပေးပါ။ဒီအလေ့အကျင့်ကို လုပ်ပေးတဲ့အခါ ကဆုန်ပေါက်နေတဲ့ ငွေဖြုန်းမြင်းရိုင်းစိတ်ကို ၁၄ ရာခိုင်နှုန်းအထိ ချိုးနှိမ်သွားနိုင်မှာပါ။

မိမိရဲ့အိမ်မှာ ဝယ်ယူထားတဲ့ပစ္စည်းတွေဆီကို စိတ်နဲ့အလည်သွားပါ။ ၂မိနစ်စာလောက်ပါပဲ။ အိမ်မွာ ဘာတွေဝယ်ပြီးပြီလဲ။ ဆံပင်အခြောက်ခံစက် လား၊ မီးပူလား၊ အစားအသောက်တွေလား။ ၂မိနစ်အပြီးမှာ စိတ်ငြိမ်မှုရပါမယ်။ ထပ်ပြီး မေးခွန်းထုတ်ပါ။ ” ဒီပစ္စည်းကို တကယ်လိုအပ်ရဲ့လား” “ကုန်သွားမယ့်ပိုက်ဆံက တကယ်ကုန်ဖို့ထိုက်ရဲ့လား” ကဲ အဲဒီလောက်ဆို ချက်ချင်းဝယ်လိုက်ချင်စိတ်ကို တားပေးလိုက်ပါပြီ။

အသစ်ပေါ်တိုင်း ဝယ်ချင်စိတ်ကို ထိန်းချုပ်မှုမဲ့ချိန်မှာ အိမ်မှာ ပုံအောနေတဲ့ အရင်ပစ္စည်းအဟောင်းတွေအကြောင်းကို တွေးပြီး တကယ်လိုအပ်တဲ့ ပစ္စည်း ဟုတ်၊မဟုတ် ချင့်ချိန်လိုက်ရုံပါပဲ။ အသစ်အဆန်းလေးပေါ်ချိန် ဝယ်ချင်စိတ်ပေါက်လာတိုင်း ဒီအလေ့အကျင့်လေးကို ထပ်ခါထပ်ခါ လုပ်ပေးပါ။ စိတ်ဟာ အလေ့အကျင့်ပဲဆိုတာ နှလုံးသွင်းပေးပါ။ ငွေရေးကြေးရေး အဆင်ပြေကြပါစေ။

share from : phothutaw