Zawgyi ျဖင့္ဖတ္ရန္

တနသၤာရီၿမိဳ႕နယ္အတြင္း မူးယစ္ေဆးဝါး အမႈျဖင့္ ဖမ္းဝရမ္းထုတ္ခံထားရေသာ ဖခင္ကို ဖမ္းဆီးရမိပါက ထိန္းသိမ္းထား သည့္ သမီးကို ျပန္လည္လႊတ္ေပးမည္ဟု တနသၤာရီတုိင္းေဒသႀကီး ရဲတပ္ဖြဲ႕ ဒုတိယရဲမွဴးႀကီး စိန္ဝင္းက ေျပာသည္။ဒီဇင္ဘာ ၂၃ ရက္က တနသၤာရီၿမိဳ႕နယ္ ေခ်ာင္းလမု ေက်းရြာေန ဦးေအာင္မင္းလြင္ဆို သူကို မူးယစ္ေဆးဝါးအမႈျဖင့္ ရဲတပ္ဖြဲ႕က ေနအိမ္သို႔ သြား ေရာက္ဖမ္းဆီးရာ ၎ကို မေတြ႕ ဘဲ အသက္ (၂၀)ခန္႔သမီးကိုသာ ေတြ႕ရွိခဲ့သည္။

ထို႔ေနာက္ သမီး၏ ေျပာျပ ခ်က္အရ ေနအိမ္ေအာက္၌ ျမႇဳပ္ထားေသာ ICE စိတ္ႂကြမူးယစ္ ေဆးဝါး ၁၈၀ ဂရမ္ခန္႔ကို ေတြ႕ရွိၿပီး သမီးကိုပါ မူးယစ္ေဆးဝါး လက္ဝယ္ေတြ႕ရွိမႈျဖင့္ ရဲတပ္ ဖြဲ႕က ဖမ္းဆီးခဲ့သည္။

လက္ရိွတြင္ ဖခင္ကို တရား ခံေျပး သတ္မွတ္ကာ ဖမ္းဆီးရမိ ရန္ စံုစမ္းေဖာ္ထုတ္ေနေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

ထိုသို႔ မူးယစ္ေဆးဝါးအမႈ ျဖင့္ ဖမ္းဝရမ္းထုတ္ခံထားရသည့္ ဖခင္ကို ဖမ္းဆီးရမိျခင္းမရွိဘဲ သမီးကို ရဲတပ္ဖြဲ႕က ဓားစာခံ ကဲ့သို႔ ဖမ္းဆီးသည့္အေပၚ ေဝဖန္ မႈမ်ား ထြက္ေပၚခဲ့သည္။

ေဝဖန္မႈမ်ားႏွင့္ ပတ္သက္၍ ဒုရဲမွဴးႀကီးစိန္ဝင္းက ‘‘ေျပာတာ ေတာ့ ေျပာၾကမွာပါ။ ေကာင္း တာ၊ မေကာင္းတာ၊ ႀကိဳက္တာ၊ မႀကိဳက္တာ ကြၽန္ေတာ္တုိ႔ လုပ္ ထံုးလုပ္နည္းအရ လုပ္တာပါ။ သူ႔ အေဖပစၥည္းကို သူကလိုက္ျပရ တာေပါ့။ သူ႔အေဖမိရင္ ျပန္လြတ္ သြားမွာပါ။ စံုစမ္းစစ္ေဆးဆဲျဖစ္ လုိ႔ အေသးစိတ္ေျပာလို႔မေကာင္း ေသးဘူး’’ဟု ၎က ဆုိသည္။

ဝါရင့္တရားလႊတ္ေတာ္ေရွ႕ ေန ဦးႀကီးျမင့္ကမူ ဖမ္းဝရမ္းထုတ္ ခံရသည့္ ဖခင္ကို ဖမ္းဆီးရမိျခင္း မရွိ၍ သမီးကို မူးယစ္ေဆးဝါး လက္ဝယ္ေတြ႕ရွိမႈျဖင့္ ရဲတပ္ဖြဲ႕ကဖမ္းဆီးျခင္းသည္ ျပန္ေပးဆြဲသကဲ့ သို႔ျဖစ္၍ ဥပေဒႏွင့္ ညီၫြတ္ျခင္း မရွိေၾကာင္း မွတ္ခ်က္ျပဳသည္။

Credit:7Daydaily

Unicode ဖြင့်ဖတ်ရန်

တနင်္သာရီမြို့နယ်အတွင်း မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသော ဖခင်ကို ဖမ်းဆီးရမိပါက ထိန်းသိမ်းထား သည့် သမီးကို ပြန်လည်လွှတ်ပေးမည်ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး စိန်ဝင်းက ပြောသည်။ဒီဇင်ဘာ ၂၃ ရက်က တနင်္သာရီမြို့နယ် ချောင်းလမု ကျေးရွာနေ ဦးအောင်မင်းလွင်ဆို သူကို မူးယစ်ဆေးဝါးအမှုဖြင့် ရဲတပ်ဖွဲ့က နေအိမ်သို့ သွား ရောက်ဖမ်းဆီးရာ ၎င်းကို မတွေ့ ဘဲ အသက် (၂၀)ခန့်သမီးကိုသာ တွေ့ရှိခဲ့သည်။

ထို့နောက် သမီး၏ ပြောပြ ချက်အရ နေအိမ်အောက်၌ မြှုပ်ထားသော ICE စိတ်ကြွမူးယစ် ဆေးဝါး ၁၈၀ ဂရမ်ခန့်ကို တွေ့ရှိပြီး သမီးကိုပါ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ရဲတပ် ဖွဲ့က ဖမ်းဆီးခဲ့သည်။

လက်ရှိတွင် ဖခင်ကို တရား ခံပြေး သတ်မှတ်ကာ ဖမ်းဆီးရမိ ရန် စုံစမ်းဖော်ထုတ်နေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထိုသို့ မူးယစ်ဆေးဝါးအမှု ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် ဖခင်ကို ဖမ်းဆီးရမိခြင်းမရှိဘဲ သမီးကို ရဲတပ်ဖွဲ့က ဓားစာခံ ကဲ့သို့ ဖမ်းဆီးသည့်အပေါ် ဝေဖန် မှုများ ထွက်ပေါ်ခဲ့သည်။

ဝေဖန်မှုများနှင့် ပတ်သက်၍ ဒုရဲမှူးကြီးစိန်ဝင်းက ‘‘ပြောတာ တော့ ပြောကြမှာပါ။ ကောင်း တာ၊ မကောင်းတာ၊ ကြိုက်တာ၊ မကြိုက်တာ ကျွန်တော်တို့ လုပ် ထုံးလုပ်နည်းအရ လုပ်တာပါ။ သူ့ အဖေပစ္စည်းကို သူကလိုက်ပြရ တာပေါ့။ သူ့အဖေမိရင် ပြန်လွတ် သွားမှာပါ။ စုံစမ်းစစ်ဆေးဆဲဖြစ် လို့ အသေးစိတ်ပြောလို့မကောင်း သေးဘူး’’ဟု ၎င်းက ဆိုသည်။

ဝါရင့်တရားလွှတ်တော်ရှေ့ နေ ဦးကြီးမြင့်ကမူ ဖမ်းဝရမ်းထုတ် ခံရသည့် ဖခင်ကို ဖမ်းဆီးရမိခြင်း မရှိ၍ သမီးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ရဲတပ်ဖွဲ့ကဖမ်းဆီးခြင်းသည် ပြန်ပေးဆွဲသကဲ့ သို့ဖြစ်၍ ဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း မှတ်ချက်ပြုသည်။

Credit:7Daydaily