Zawgyi ျဖင့္ဖတ္ရန္

ေက်ာ္ေက်ာ္ဗိုလ္ ဟာ ပရိသတ္ေတြေရွ႕က အခ်ိန္အနည္းငယ္ေလာက္ေပ်ာက္သြားၿပီးေနာက္မွာ သူေပ်ာက္သြားရတဲ့အေၾကာင္းကို “ကြၽန္ေတာ္ရွက္လို႔ ဆိုတဲ့ ဗီဒီယို အတိုေလး႐ိုက္ၿပီး ပရိသတ္ေတြကိုရွင္းျပခဲ့ၿပီး ပရိသတ္အားေပးမႈတခဲနက္ရရွိကာ အခုဆိုရင္ သူ႔စိတ္နဲ႔ကိုက္တဲ့ ဇာတ္လမ္းေလးေတြကိုေ႐ြးခ်ယ္လက္ခံၿပီးဇာတ္ကားေတြျပန္လည္႐ိုက္ကူးေနၿပီျဖစ္ပါတယ္။ ေက်ာ္ေက်ာ္ဗိုလ္က သူ႔ရဲ႕လက္ရွိအႏုပညာလႈပ္ရွားမႈေတြနဲ႔ ေနတိုးနဲ႔အတူတူထူးခြၽန္ဆုရဖို႔အတြက္ ရင္ခုန္မႈေတြအေၾကာင္းေျပာျပသြားပါတယ္။

ေက်ာ္ေက်ာ္ဗိုလ္က အႏုပညာနယ္ပယ္မွာတတ္ႏိုင္သမွ်ႀကိဳးစားသြားမွာျဖစ္ေၾကာင္းကို “ကြၽန္ေတာ္ကေတာ့ ႏိုင္သေ႐ြ႕ေတာ့သြားမွာပါပဲဗ်။ကြၽန္ေတာ့္ဝန္ကြၽန္ေတာ့္အားေလးနဲ႔ ႏိုင္သေလာက္ေတာ့သြားမွာပါပဲ။ မႏိုင္လည္းထမ္းရမွာပဲ။ဒါက ကြၽန္ေတာ့္ရဲ႕အႏုပညာသမားဘဝမွာ တတ္ႏိုင္သေ႐ြ႕ေတာ့ ကြၽန္ေတာ္ေ႐ြ႕ႏိုင္ေအာင္ႀကိဳးစားမွာပါပဲ”လို႔ ေျပာထားပါတယ္။

 

ေက်ာ္ေက်ာ္ဗိုလ္က လက္ရွိမွာ နီးကပ္လာၿပီျဖစ္တဲ့ အကယ္ဒမီေပးပြဲႀကီးအတြက္ရင္ခုန္သံကို “အကယ္ဒမီဆိုတာထက္ ကြၽန္ေတာ့္ကိုအားေပးတဲ့ ပရိသတ္ေတြ မိဘျပည္သူေတြအကုန္လုံးက ကြၽန္ေတာ့္ကိုခ်ီးက်ဴးၾကတယ္။ ခ်ီးေျမာက္ၾကတယ္ဆိုေတာ့ ကြၽန္ေတာ္ပီတိျဖစ္ရပါတယ္”လို႔ ရင္ဖြင့္ထားပါတယ္။

မုန္းစြဲဇာတ္ကားထဲက ကာ႐ိုက္တာနဲ႔ ပတ္သက္ၿပီးေတာ့ႀကိဳးစားခဲ့ပုံကို ေက်ာ္ေက်ာ္ဗိုလ္က “ဒီကားစ႐ိုက္ကတည္းက ကြၽန္ေတာ္ပါဝင္ပတ္သက္ရတဲ့ ကာ႐ိုက္တာတစ္ခုကိုကြၽန္ေတာ့္ဝန္ကြၽန္ေတာ့္အားနဲ႔ ကြၽန္ေတာ္စြမ္းႏိုင္သမွ်စြမ္းေဆာင္ခဲ့တဲ့အတြက္ ကြၽန္ေတာ့္အႏုပညာလိပ္ျပာ ကြၽန္ေတာ္လွတယ္။ ကြၽန္ေတာ္ေက်နပ္တယ္။ အဲဒီေက်နပ္မႈနဲ႔ထိုက္တန္စြာ ပရိသတ္ေတြက ခ်ီးက်ဴးေထာက္ပံ့ေပးၾကတဲ့အတြက္ ကြၽန္ေတာ္ပီတိျဖစ္ရတယ္ေပါ့ေနာ္။ ဒီ့ထက္အပိုဆုကေတာ့ အကယ္ဒမီဆိုတာႀကီးပါ ခန႔္မွန္းေပးၾကတယ္ဆိုေတာ့ ကြၽန္ေတာ္ ဝမ္းသာတယ္ေပါ့ေနာ္”လို႔ ေျပာျပထားပါတယ္။

တကယ္လို႔ သူငယ္ခ်င္းျဖစ္သူ ေနတိုးနဲ႔ အတူတူအကယ္ဒမီရမယ္ဆိုရင္ဘယ္လိုခံစားရမယ္ဆိုတဲ့ ရင္ခုန္မႈကိုလည္း “အမွတ္တရတစ္ခုေတာ့ ျဖစ္မွာေပါ့ေန္ာ။ မုန္းစြဲကေတာ့ Team တစ္ခုလုံးေကာင္းတယ္။ ဖန္တီးတဲ့လူေတြအားလုံး ေကာင္းခဲ့ၾကတဲ့အတြက္ အားလုံးကိုကြၽန္ေတာ္ထိုက္တန္တဲ့အသိအမွတ္ျပဳမႈမ်ိဳးရေစခ်င္တယ္။ ေနတိုးနဲ႔ကြၽန္ေတာ္နဲ႔ကေတာ့ အၿငိမ့္စင္ေပၚမွာအၿမဲတမ္းရပ္ေနၾကပဲ။အကယ္ဒမီစင္ေပၚမွာတူရပ္ဖို႔ပဲက်န္ေတာ့တယ္။အဲ့ဒါကေတာ့ အားလုံးတိုက္ဆိုင္မွေပ့ါေနာ္။ ကိုယ္ရပ္ခ်င္တိုင္းသြားရပ္လို႔မွမရတာ”လို႔ ရယ္ေမာရင္းေျဖၾကားေပးထားပါတယ္။

ပရိသတ္ႀကီးေရာ ဒီႏွစ္အကယ္ဒမီကို ဘယ္သူရမယ္ထင္လဲ။ဘယ္သူ႔ကိုရေစခ်င္ၾကလဲ။ ေက်ာ္ေက်ာ္ဗိုလ္နဲ႔ ေနတိုးကို အတူတူရေစခ်င္တဲ့သူေတြေရာရွိလား။ေျပာခဲ့ၾကပါဦး။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

နေတိုး နဲ့ အကယ်ဒမီ စင်မြင့်ပေါ်မှာ အတူတူရပ်ဖို့ပဲကျန်တော့တယ်ဆိုတဲ့ ကျော်ကျော်ဗိုလ်

ကျော်ကျော်ဗိုလ် ဟာ ပရိသတ်တွေရှေ့က အချိန်အနည်းငယ်လောက်ပျောက်သွားပြီးနောက်မှာ သူပျောက်သွားရတဲ့အကြောင်းကို “ကျွန်တော်ရှက်လို့ ဆိုတဲ့ ဗီဒီယို အတိုလေးရိုက်ပြီး ပရိသတ်တွေကိုရှင်းပြခဲ့ပြီး ပရိသတ်အားပေးမှုတခဲနက်ရရှိကာ အခုဆိုရင် သူ့စိတ်နဲ့ကိုက်တဲ့ ဇာတ်လမ်းလေးတွေကိုရွေးချယ်လက်ခံပြီးဇာတ်ကားတွေပြန်လည်ရိုက်ကူးနေပြီဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်က သူ့ရဲ့လက်ရှိအနုပညာလှုပ်ရှားမှုတွေနဲ့ နေတိုးနဲ့အတူတူထူးချွန်ဆုရဖို့အတွက် ရင်ခုန်မှုတွေအကြောင်းပြောပြသွားပါတယ်။

ကျော်ကျော်ဗိုလ်က အနုပညာနယ်ပယ်မှာတတ်နိုင်သမျှကြိုးစားသွားမှာဖြစ်ကြောင်းကို “ကျွန်တော်ကတော့ နိုင်သရွေ့တော့သွားမှာပါပဲဗျ။ကျွန်တော့်ဝန်ကျွန်တော့်အားလေးနဲ့ နိုင်သလောက်တော့သွားမှာပါပဲ။ မနိုင်လည်းထမ်းရမှာပဲ။ဒါက ကျွန်တော့်ရဲ့အနုပညာသမားဘဝမှာ တတ်နိုင်သရွေ့တော့ ကျွန်တော်ရွေ့နိုင်အောင်ကြိုးစားမှာပါပဲ”လို့ ပြောထားပါတယ်။

ကျော်ကျော်ဗိုလ်က လက်ရှိမှာ နီးကပ်လာပြီဖြစ်တဲ့ အကယ်ဒမီပေးပွဲကြီးအတွက်ရင်ခုန်သံကို “အကယ်ဒမီဆိုတာထက် ကျွန်တော့်ကိုအားပေးတဲ့ ပရိသတ်တွေ မိဘပြည်သူတွေအကုန်လုံးက ကျွန်တော့်ကိုချီးကျူးကြတယ်။ ချီးမြောက်ကြတယ်ဆိုတော့ ကျွန်တော်ပီတိဖြစ်ရပါတယ်”လို့ ရင်ဖွင့်ထားပါတယ်။

မုန်းစွဲဇာတ်ကားထဲက ကာရိုက်တာနဲ့ ပတ်သက်ပြီးတော့ကြိုးစားခဲ့ပုံကို ကျော်ကျော်ဗိုလ်က “ဒီကားစရိုက်ကတည်းက ကျွန်တော်ပါဝင်ပတ်သက်ရတဲ့ ကာရိုက်တာတစ်ခုကိုကျွန်တော့်ဝန်ကျွန်တော့်အားနဲ့ ကျွန်တော်စွမ်းနိုင်သမျှစွမ်းဆောင်ခဲ့တဲ့အတွက် ကျွန်တော့်အနုပညာလိပ်ပြာ ကျွန်တော်လှတယ်။ ကျွန်တော်ကျေနပ်တယ်။ အဲဒီကျေနပ်မှုနဲ့ထိုက်တန်စွာ ပရိသတ်တွေက ချီးကျူးထောက်ပံ့ပေးကြတဲ့အတွက် ကျွန်တော်ပီတိဖြစ်ရတယ်ပေါ့နော်။ ဒီ့ထက်အပိုဆုကတော့ အကယ်ဒမီဆိုတာကြီးပါ ခန့်မှန်းပေးကြတယ်ဆိုတော့ ကျွန်တော် ဝမ်းသာတယ်ပေါ့နော်”လို့ ပြောပြထားပါတယ်။

တကယ်လို့ သူငယ်ချင်းဖြစ်သူ နေတိုးနဲ့ အတူတူအကယ်ဒမီရမယ်ဆိုရင်ဘယ်လိုခံစားရမယ်ဆိုတဲ့ ရင်ခုန်မှုကိုလည်း “အမှတ်တရတစ်ခုတော့ ဖြစ်မှာပေါ့နေ်ာ။ မုန်းစွဲကတော့ Team တစ်ခုလုံးကောင်းတယ်။ ဖန်တီးတဲ့လူတွေအားလုံး ကောင်းခဲ့ကြတဲ့အတွက် အားလုံးကိုကျွန်တော်ထိုက်တန်တဲ့အသိအမှတ်ပြုမှုမျိုးရစေချင်တယ်။ နေတိုးနဲ့ကျွန်တော်နဲ့ကတော့ အငြိမ့်စင်ပေါ်မှာအမြဲတမ်းရပ်နေကြပဲ။အကယ်ဒမီစင်ပေါ်မှာတူရပ်ဖို့ပဲကျန်တော့တယ်။အဲ့ဒါကတော့ အားလုံးတိုက်ဆိုင်မှပေ့ါနော်။ ကိုယ်ရပ်ချင်တိုင်းသွားရပ်လို့မှမရတာ”လို့ ရယ်မောရင်းဖြေကြားပေးထားပါတယ်။

ပရိသတ်ကြီးရော ဒီနှစ်အကယ်ဒမီကို ဘယ်သူရမယ်ထင်လဲ။ဘယ်သူ့ကိုရစေချင်ကြလဲ။ ကျော်ကျော်ဗိုလ်နဲ့ နေတိုးကို အတူတူရစေချင်တဲ့သူတွေရောရှိလား။ပြောခဲ့ကြပါဦး။

share from : burmese.asia

LEAVE A REPLY