Zawgyi ဖြင့်ဖတ်ရန်





၎- မုန့်ဖုတ်ဗန်းမှာ ချိုးတွေကပ်နေတဲ့အခါ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် နဲ့ ဆော်ဒါကိုရောထားတဲ့အနှစ်ကို ဗန်းပေါ်မှာသုတ်လိမ်းထားပေးပါ ။











Unicode ဖြင့်ဖတ်ရန်

ပစ္စည်းအဟောင်းတွေကိုအသစ်အတိုင်းပြန်ဖြစ်စေနိုင်မယ့် နည်းလမ်း လေးတချို့

အိမ် မှာသုံးနေတဲ့ပစ္စည်းတွေ သိပ်ဟောင်းနေလို့ အသစ်ဝယ်ဖို့လုပ်နေပါသလား ။ အဟောင်းတွေကိုပဲ အသစ်ဖြစ်အောင်လုပ်ပြီးပြန်သုံးမယ်ဆိုရင် ချွေတာရာမရောက်ဘူးလား ။ ပစ္စည်းအဟောင်းတွေကိုအသစ်အတိုင်းဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာကို အခုပဲပြောပြသွားမှာပါ ။

၁- စဉ်းနီတုန်းတွေအစင်းရာတွေပွထပြီးညစ်ပတ်နေတာမျိုးဖြစ်နေခဲ့ရင် သံပရာရည်ထဲဆားထည့်ဖျော်ပြီး ရေမြှုပ် တစ်ခုနဲ့ ပွတ်တိုက်ပေးလိုက်ပါ ။

၂ -ဒယ်အိုးတွေဟာ အိုးမဲတွေနဲ့ ပေတူးနေလေ့ရှိပါတယ် ဒီအိုးမဲတွေကိုရှင်းဖို့အတွက်တော့ ရှာလကာရည်ရယ် ထဲဆားထည့်ကာ အစိမ်းပတ်နဲ့ပွတ်တိုက်ပေးပါ ။

၃- ခြစ်ရာတွေပွထနေတဲ့ ဖိုက်ဘာပန်းကန်တွေကို အသစ်လိုပြန်ဖြစ်ချင်ရင်တော့ ပေါလစ်ဆီနဲ့ ပန်းကန်ကို ပွတ်တိုက်ပေးနိုင်ပါတယ်။

၄- မုန့်ဖုတ်ဗန်းမှာ ချိုးတွေကပ်နေတဲ့အခါ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် နဲ့ ဆော်ဒါကိုရောထားတဲ့အနှစ်ကို ဗန်းပေါ်မှာသုတ်လိမ်းထားပေးပါ ။
မိနစ် ၃၀ လောက်ထားပြီး ရေဆေးလိုက်တဲ့အခါ ချိုးတွေပြောင်စင်သွားတာကိုတွေ့ရပါလိမ့်မယ်။

၅- ကောဇောတွေအပေါ် တစ်ခုခုစွန်းသွားတဲ့အခါမျိုးမှာ ရှာလကာရည်ကို စွန်းနေတဲ့နေရာပေါ်ဖြန်းပြီး အဝတ်စိုတစ်ခုနဲ့ပွတ်တိုက်ပေးလိုက်ပါ။

၆- သံကြေးတွေတက်နေတဲ့ အိုးတစ်လုံးကို သံချေးချွတ်ဖို့အတွက်တော့ ရှာလကာရည်အနည်းငယ် နဲ့ အိတ်တစ်လုံးလိုပါမယ် ။ သံကြေးတက်နေတဲ့အိုးကို ရှာလကာရည်သုတ်ပြီး အိတ်ထဲထည့် အလုံပိတ်ကာ ၂ ရက်လောက်ပစ်ထားလိုက်ပါ ။ နှစ်ရက်ကြာတဲ့အခါ နောက်တစ်ကြိမ်ရှာလကာရည်ထပ်သုတ်ပြီး တစ်ရက်လောက်ထပ်ပစ်ထားပေးပါ ။ ထို့နောက် အမှုန်အမွှားတွေကို ရေနွေးနဲ့ဆေးပစ်ပြီး ဒယ်အိုးကို ရှာလကာရည်တစ်ဆ ၊ ရေတစ်ဆထည့်ကာ တစ်နာရီလောက်မီးဖိုပေါ်မှာ တင်ထားပေးပါ ။ပြီးရင်တော့ ရေတွေကိုသွန်ပစ်ပြီး အိုးတစ်ခုလုံးကိုဆီနဲ့သုတ်ပါ ။ အိုးက ဆီတွေကို စုပ်သွားတဲ့နောက် အိုးကို ခြောက်သွေ့အောင် ၁၅ မိနစ်လောက်ထပ်ကင်ပါ ။

၇- ရေချိုးခန်းက ကြွေပြားတွေကိုသန့်ရှင်းဖို့အတွက်တော့ ချွတ်ဆေးတစ်ဆ ရေတစ်ဆရောထားတဲ့ ရေနဲ့ ပက်ဖြန်ထားပြီးနောက် အချိန်အနည်းငယ်အကြာမှာ ရေနဲ့ဆေးကြောလိုက်ပါ ။

၈- ကင်းဘတ်တွေ နဂိုအတိုင်းပြန်လည်ဖြူဖွေးစေဖို့ ဆပ်ပြာရည် တစ်ဇွန်း ၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် သုံးဇွန်းနဲ့ ဘေကင်ဆိုဒါတစ်ဇွန်းရောထားတဲ့ဆေးရည်နဲ့ လျော်ဖွတ်ပေးပါ။

၉- သားရေပစ္စည်းတွေ မူလအတိုင်းပြန်လည်တောက်ပလာစေချင်ရင်တော့ သံလွင်ဆီနဲ့ ပွတ်ပေးပြီး အခြောက်ခံထားလိုက်ပါ ။

၁၀- ဆိုဖာတွေ ညစ်ပေနေတဲ့အခါ အရက်ပြန်ကို ညစ်ပေနေတဲ့နေရာတွေမှာ ဆွတ်ပြီး ဘရပ်တစ်ခုနဲ့ပွတ်တိုက်သန့်ရှင်းပေးပါ

၁၁- သားရေအိတ်တွေမှာ စွန်းထင်းသွားတာမျိုးဖြစ်ခဲ့ရင် ရေစိုဝတ်တစ်ခုနဲ့ပွတ်တိုက်ရုံနဲ့ ပြောင်စင်သွားပါလိမ့်မယ်။

၁၂- တာဝါတွေအသစ်အတိုင်း အမွှေးပွပွပြန်ဖြစ်စေဖို့အတွက် လျောဖွတ်ပြီးတဲ့အခါ ဆားရည်နဲ့ဆေးပေးပါ ။

၁၃- သွားပွတ်တံတွေ ဖွာလာတဲ့အခါ သင်သွားပွတ်တံအသစ်ဝယ်တော့မှာပေါ့ ။ ဒါမှမဟုတ် ဖွာနေတဲ့သွားပွတ်ံကို ရေနွေးပူပူထဲနှစ်ပြီးမွှေကြည့်ပါလား ။ ထူးခြားတာကိုတွေ့ရပါလိမ့်မယ် ။

Writer – Min Thu (Daily Hot News )

LEAVE A REPLY