Zawgyiျဖင့္ဖတ္ရန္

 

၂၂ ႏွစ္အရြယ္ ခ်ီယန္းဟန္လီ အမည္ရတဲ့ အမ်ိဳးသမီးေလးဟာ သူမရဲ႕ ခ်စ္သူ ေဂဗင္ နဲ႔ လြန္ခဲ့တဲ့ ၂ ႏွစ္က စေတြ႔ခဲ့ၾကတာပါ။ ဘယ္မွာစေတြ႔ခဲ့ၾကလဲဆိုေတာ့ စံုတြဲရွာေဖြေရး အြန္လုိင္း app တစ္ခုျဖစ္တဲ့ Tinder မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔ႏွစ္ေယာက္ စတြဲၿပီး ၇ လအၾကာ တစ္ေန႔မွာေတာ့ မေမွ်ာ္လင့္ထားတာ ျဖစ္လာခဲ့ပါတယ္။ စံုတြဲဟာ သူငယ္ခ်င္းေတြနဲ႔အတူ ညစာစားေနခဲ့တုန္း ဟန္လီတစ္ေယာက္ ေမ့လဲက်သြားခဲ့တာပါ။

တကယ္ေတာ့ ဟန္လီဟာ အရမ္းေနမေကာင္းျဖစ္ေနခဲ့တာပါ။ သူတုိ႔ ႏွစ္ေယာက္ အျပင္မွာ စေတြ႔ၿပီး စကားေျပာခဲ့တုန္းက ဟန္လီဟာ သူမ ဘယ္ေလာက္ေတာင္ ေနမေကာင္းျဖစ္ေနခဲ့လဲ မသိခဲ့ပါဘူး။ “ကၽြန္မ Tinder စသံုးတုန္းက ကၽြန္မ ေနမေကာင္းတာကို ကၽြန္မအပါအဝင္ ဘယ္သူမွ မသိခဲ့ပါဘူး။ ေရာဂါလကၡဏာက သိသိသာသာ မရိွေတာ့ မသိႏုိင္ခဲ့ပါဘူး” လို႔ ဟန္လီက ေျပာပါတယ္။ ဆန္ဒီေယဂိုမွာ ႏွစ္ေယာက္သား ပထမႏွစ္ ေကာလိပ္တက္ေနခဲ့ၾကတုန္း ဟန္လီ ေမ့လဲက်သြားခဲ့ခ်ိန္မွာေတာ့ ေဂဗင္က သူမကို ေဆး႐ံုေခၚသြားခဲ့ပါတယ္။

ေသြးစစ္ၿပီးေနာက္မွာေတာ့ ဆရာဝန္ေတြက သူမကို ခ်က္ခ်င္း အေရးေပၚခန္းကို ညႊန္ခဲ့ပါတယ္။ သူမရဲ႕ ေက်ာက္ကပ္ ပ်က္စီးေနခဲ့ပါၿပီ။ ေက်ာက္ကပ္ အစားမထုိးရခင္အထိ ဟန္လီဟာ ညတုိင္း ၁၀ နာရီၾကာေအာင္ ေက်ာက္ကပ္သန္႔စင္တဲ့ ကုသမႈကို ခံယူေနခဲ့ရပါတယ္။ ေက်ာက္ကပ္သန္႔စင္စက္ေတြက သူမ ကိုယ္ထဲက အညစ္အေၾကးေတြကို စစ္ထုတ္ေပးၿပီး ေက်ာက္ကပ္ကဲ့သို႔ လုပ္ေဆာင္ေပးၾကတာပါ။

“ေက်ာက္ကပ္ေဆးရတာ ကၽြန္မအတြက္ အရမ္းကို ခက္ခဲပင္ပန္းပါတယ္။ ကၽြန္မ တကယ္ကို စိတ္ဓာတ္က်ၿပီး ဘာမွမလုပ္ႏုိင္ခဲ့ပါဘူး။ ဘယ္သူမွလည္း ေက်ာက္ကပ္အစားထုိးဖို႔ မေဆြးေႏြးခဲ့ၾကတာေၾကာင့္ ကၽြန္မကိုယ္ကၽြန္မ ေသေတာ့မယ္ပဲ ထင္ေနခဲ့တာပါ” လို႔ ဟန္လီက ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ေဂဗင္က ဟန္လီကို ေက်ာက္ကပ္လွဴဖို႔ ေဆးသြားစစ္ခဲ့ပါတယ္။ ေက်ာက္ကပ္လွဴဖို႔ ကိုက္ညီခဲ့ပါတယ္။ ဒါေပမယ့္ ဟန္လီက မလိုခ်င္ခဲ့ပါဘူး။ ေနာက္ဆံုးမွာေတာ့ သူမနဲ႔ ကိုက္ညီတဲ့ အျခားအလွဴရွင္ေတြ ရွားေနခဲ့တာေၾကာင့္ ေဂဗင္ရဲ႕ ေက်ာက္ကပ္ကိုပဲ ယူဖို႔ ဆံုးျဖတ္ခဲ့ရပါတယ္။

ကယ္လီဖိုးနီးယားမွာ ေနထုိင္တဲ့ ဟန္လီက ေဂဗင္ကို ဒိတ္လုပ္တဲ့ app ကေန ေတြ႔ခြင့္ရခဲ့မယ္လို႔ မေမွ်ာ္လင့္ခဲ့မိဘဲ အခုဆို သူက သူမအတြက္ ေက်ာက္ကပ္ေတာင္ ေပးခဲ့တဲ့အတြက္ အရမ္းကို အံ့ၾသေနခဲ့ရေၾကာင္း ဆိုပါတယ္။ ေဂဗင္ကေတာ့ “ကၽြန္ေတာ့္ကို ဘာေၾကာင့္ ဒီလိုလုပ္တာလဲလို႔ လူေတြ ေမးၾကတယ္၊ တကယ္ေတာ့ ဘာေၾကာင့္လို႔ ေမးရမွာ မဟုတ္ဘဲ ကၽြန္ေတာ္ မေပးႏုိင္စရာ ဘာအေၾကာင္းရိွမွာလဲလို႔ေတာင္ ေမးရမွာပါ” လို႔ ေျပာပါတယ္။

ဟန္လီနဲ႔ ေဂဗင္တုိ႔ဟာ ၂၀၁၈ ေအာက္တုိဘာ ၂၈ တုန္းက ဆန္ဒီေယဂိုရိွ Sharp Memorial မွာ ေက်ာက္ကပ္အစားထုိး ခြဲစိတ္မႈ ခံယူခဲ့ၾကပါတယ္။ ခြဲစိတ္မႈ ေအာင္ျမင္ခဲ့ပါတယ္။ ဟန္လီကေတာ့ ေဂဗင္ဟာ သူမကို အသက္တစ္ေခ်ာင္း လက္ေဆာင္ေပးခဲ့တဲ့ ေက်းဇူးရွင္ျဖစ္ၿပီး အတုိင္းမသိ ေက်းဇူးတင္မိေၾကာင္း ေျပာခဲ့ပါတယ္။ ေဂဗင္ကေတာ့ ဟန္လီ ေနမေကာင္းမျဖစ္ခင္ သူတို႔ႏွစ္ေယာက္ ျပတ္ခဲ့ရင္ေတာင္ အခုလို ေက်ာက္ကပ္ကို လွဴဦးမွာျဖစ္ၿပီး ေနာက္ပိုင္းမွာ ႏွစ္ေယာက္ ဖူးစာမဆံုခဲ့ရင္လည္း အခုလို ေက်ာက္ကပ္ေပးခဲ့ရတာကို ေနာင္တရမွာ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။

Ref: Dailymail

Credit:Shwemom

 

Unicodeဖြင့်ဖတ်ရန်

 

အွန်လိုင်းပေါ်မှာ တွေ့ခဲ့တဲ့ ချစ်သူဆီကနေ အဖိုးတန်ဆုံး ပေးဆပ်မှုကို ရခဲ့တဲ့ မိန်းကလေး

 

၂၂ နှစ်အရွယ် ချီယန်းဟန်လီ အမည်ရတဲ့ အမျိုးသမီးလေးဟာ သူမရဲ့ ချစ်သူ ဂေဗင် နဲ့ လွန်ခဲ့တဲ့ ၂ နှစ်က စတွေ့ခဲ့ကြတာပါ။ ဘယ်မှာစတွေ့ခဲ့ကြလဲဆိုတော့ စုံတွဲရှာဖွေရေး အွန်လိုင်း app တစ်ခုဖြစ်တဲ့ Tinder မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက် စတွဲပြီး ၇ လအကြာ တစ်နေ့မှာတော့ မမျှော်လင့်ထားတာ ဖြစ်လာခဲ့ပါတယ်။ စုံတွဲဟာ သူငယ်ချင်းတွေနဲ့အတူ ညစာစားနေခဲ့တုန်း ဟန်လီတစ်ယောက် မေ့လဲကျသွားခဲ့တာပါ။

တကယ်တော့ ဟန်လီဟာ အရမ်းနေမကောင်းဖြစ်နေခဲ့တာပါ။ သူတို့ နှစ်ယောက် အပြင်မှာ စတွေ့ပြီး စကားပြောခဲ့တုန်းက ဟန်လီဟာ သူမ ဘယ်လောက်တောင် နေမကောင်းဖြစ်နေခဲ့လဲ မသိခဲ့ပါဘူး။ “ကျွန်မ Tinder စသုံးတုန်းက ကျွန်မ နေမကောင်းတာကို ကျွန်မအပါအဝင် ဘယ်သူမှ မသိခဲ့ပါဘူး။ ရောဂါလက္ခဏာက သိသိသာသာ မရှိတော့ မသိနိုင်ခဲ့ပါဘူး” လို့ ဟန်လီက ပြောပါတယ်။ ဆန်ဒီယေဂိုမှာ နှစ်ယောက်သား ပထမနှစ် ကောလိပ်တက်နေခဲ့ကြတုန်း ဟန်လီ မေ့လဲကျသွားခဲ့ချိန်မှာတော့ ဂေဗင်က သူမကို ဆေးရုံခေါ်သွားခဲ့ပါတယ်။

သွေးစစ်ပြီးနောက်မှာတော့ ဆရာဝန်တွေက သူမကို ချက်ချင်း အရေးပေါ်ခန်းကို ညွှန်ခဲ့ပါတယ်။ သူမရဲ့ ကျောက်ကပ် ပျက်စီးနေခဲ့ပါပြီ။ ကျောက်ကပ် အစားမထိုးရခင်အထိ ဟန်လီဟာ ညတိုင်း ၁၀ နာရီကြာအောင် ကျောက်ကပ်သန့်စင်တဲ့ ကုသမှုကို ခံယူနေခဲ့ရပါတယ်။ ကျောက်ကပ်သန့်စင်စက်တွေက သူမ ကိုယ်ထဲက အညစ်အကြေးတွေကို စစ်ထုတ်ပေးပြီး ကျောက်ကပ်ကဲ့သို့ လုပ်ဆောင်ပေးကြတာပါ။

“ကျောက်ကပ်ဆေးရတာ ကျွန်မအတွက် အရမ်းကို ခက်ခဲပင်ပန်းပါတယ်။ ကျွန်မ တကယ်ကို စိတ်ဓာတ်ကျပြီး ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ဘယ်သူမှလည်း ကျောက်ကပ်အစားထိုးဖို့ မဆွေးနွေးခဲ့ကြတာကြောင့် ကျွန်မကိုယ်ကျွန်မ သေတော့မယ်ပဲ ထင်နေခဲ့တာပါ” လို့ ဟန်လီက ပြောခဲ့ပါတယ်။ ဒါပေမယ့် ဂေဗင်က ဟန်လီကို ကျောက်ကပ်လှူဖို့ ဆေးသွားစစ်ခဲ့ပါတယ်။ ကျောက်ကပ်လှူဖို့ ကိုက်ညီခဲ့ပါတယ်။ ဒါပေမယ့် ဟန်လီက မလိုချင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ သူမနဲ့ ကိုက်ညီတဲ့ အခြားအလှူရှင်တွေ ရှားနေခဲ့တာကြောင့် ဂေဗင်ရဲ့ ကျောက်ကပ်ကိုပဲ ယူဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။

ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ ဟန်လီက ဂေဗင်ကို ဒိတ်လုပ်တဲ့ app ကနေ တွေ့ခွင့်ရခဲ့မယ်လို့ မမျှော်လင့်ခဲ့မိဘဲ အခုဆို သူက သူမအတွက် ကျောက်ကပ်တောင် ပေးခဲ့တဲ့အတွက် အရမ်းကို အံ့သြနေခဲ့ရကြောင်း ဆိုပါတယ်။ ဂေဗင်ကတော့ “ကျွန်တော့်ကို ဘာကြောင့် ဒီလိုလုပ်တာလဲလို့ လူတွေ မေးကြတယ်၊ တကယ်တော့ ဘာကြောင့်လို့ မေးရမှာ မဟုတ်ဘဲ ကျွန်တော် မပေးနိုင်စရာ ဘာအကြောင်းရှိမှာလဲလို့တောင် မေးရမှာပါ” လို့ ပြောပါတယ်။

ဟန်လီနဲ့ ဂေဗင်တို့ဟာ ၂၀၁၈ အောက်တိုဘာ ၂၈ တုန်းက ဆန်ဒီယေဂိုရှိ Sharp Memorial မှာ ကျောက်ကပ်အစားထိုး ခွဲစိတ်မှု ခံယူခဲ့ကြပါတယ်။ ခွဲစိတ်မှု အောင်မြင်ခဲ့ပါတယ်။ ဟန်လီကတော့ ဂေဗင်ဟာ သူမကို အသက်တစ်ချောင်း လက်ဆောင်ပေးခဲ့တဲ့ ကျေးဇူးရှင်ဖြစ်ပြီး အတိုင်းမသိ ကျေးဇူးတင်မိကြောင်း ပြောခဲ့ပါတယ်။ ဂေဗင်ကတော့ ဟန်လီ နေမကောင်းမဖြစ်ခင် သူတို့နှစ်ယောက် ပြတ်ခဲ့ရင်တောင် အခုလို ကျောက်ကပ်ကို လှူဦးမှာဖြစ်ပြီး နောက်ပိုင်းမှာ နှစ်ယောက် ဖူးစာမဆုံခဲ့ရင်လည်း အခုလို ကျောက်ကပ်ပေးခဲ့ရတာကို နောင်တရမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

Ref: Dailymail

Credit:Shwemom

LEAVE A REPLY