Zawgyiျဖင့္ဖတ္ရန္

 

တကၠသိုလ္ဝင္စာေမးပြဲတြင္ က်ရႈံးခဲ့ေသာ္လည္း အေျခခံပညာအထက္တန္းထိ ၿပီးဆုံးေအာင္တက္ေရာက္ခဲ့သူမ်ားအား အေျခခံပညာသင္ယူၿပီးေျမာက္မႈ လက္မွတ္ေပးအပ္ရန္ စီစဥ္ေနေၾကာင္း အေျခခံပညာဦးစီးဌာနထံမွသိရသည္။

ဒီဇင္ဘာလ ပထမပတ္တြင္က်င္းပ ျပဳလုပ္သည့္ အေျခခံပညာႏွီးေႏွာဖလွယ္ပြဲတြင္ အေျခခံပညာဦးစီးဌာန တာဝန္ရွိသူတစ္ဦးက “အေျခခံပညာၿပီးေျမာက္ေၾကာင္း စံသတ္မွတ္ခ်က္မ်ား သတ္မွတ္ေပးေရးႏွင့္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေရး” ေခါင္းစဥ္ျဖင့္ စာတမ္းတစ္ေစာင္ဖတ္ၾကားခဲ့သည္။

အဆိုပါ စာတမ္းေဆြးေႏြးခ်က္မ်ားအရ အေျခခံပညာသင္ယူၿပီးေျမာက္မႈ လက္မွတ္ (Completion Certificate) ကို ၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္တန္း တက္ေရာက္ေနသူမ်ားအား စတင္ေပးႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာၾကားသည္။

“ေသခ်ာတာကေတာ့ လာမယ့္ႏွစ္မွာေပးဖို႔ ေသခ်ာတာေပါ့။ ဒီႏွစ္လည္းပဲ ျဖစ္ေအာင္ေတာ့ ႀကိဳးစားလုပ္ေနတယ္။ ဒါေပမဲ့ အေျခခံပညာ အထက္တန္းေက်ာင္းတိုင္းမွာကို Quality Control အဖြဲ႕ေတြ ဖြဲ႕ရမွာ။ တကယ္ေပးမယ္ဆိုရင္ ပညာေရးဝန္ႀကီးဌာန ဝန္ႀကီး႐ုံးရဲ႕ စီမံခန႔္ခြဲမႈေကာ္ မတီကိုတင္ၿပီး ခြင့္ျပဳခ်က္ေတာင္းရမွာ။ ပညာေရးဝန္ႀကီးဌာနက သေဘာတူၿပီဆိုရင္ စလုပ္လို႔ရၿပီေပါ့။ ဒီႏွစ္ျဖစ္ဖို႔မ်ားပါတယ္”ဟု ဦးကိုေလးဝင္းက ေျပာၾကား သည္။

အေျခခံပညာ သင္ယူၿပီးေျမာက္မႈ လက္မွတ္ကို ေက်ာင္းတက္ရာခိုင္ႏႈန္းျပည့္မီၿပီး ေက်ာင္းတြင္းအဆင့္ အခန္းဆုံး စာေမးပြဲမ်ားတြင္ ပါဝင္ေျဖဆိုထားသည့္ အေျခခံပညာအထက္တန္း (ဒသမတန္း)တက္ေရာက္သူအားလုံးကို ေပးအပ္မည္ျဖစ္ေၾကာင္း ၎က ေျပာၾကားသည္။

တကၠသိုလ္ဝင္တန္းေအာင္ျမင္သူမ်ားအေနႏွင့္ လက္မွတ္ ၂ ခုရရွိမည္ျဖစ္သည္။ လက္ရွိပညာေရးဝန္ႀကီးဌာနက စတင္ေျပာင္းလဲက်င့္သုံးေနၿပီျဖစ္သည့္ ဆယ့္ႏွစ္တန္းပညာေရးကို အတန္းအားလုံးေျပာင္းလဲၿပီးစီးလွ်င္ ဆယ့္ႏွစ္တန္းအထိ တက္ေရာက္ၿပီးစီးသူမ်ားကို အေျခခံပညာသင္ယူၿပီးေျမာက္မႈ လက္မွတ္ေပးအပ္မည္ျဖစ္ေၾကာင္း ဦးကိုေလးဝင္းက ဆိုသည္။

အဆိုပါလက္မွတ္ ရရွိထားသူမ်ားကို ပညာေရးဝန္ႀကီးဌာနက ဖြင့္လွစ္သည့္ အသက္ေမြးဝမ္းေက်ာင္းသင္တန္းမ်ား၊ တကၠသိုလ္ဝင္တန္းေအာင္ ေက်ာင္းသားမ်ား တက္ေရာက္ရသည့္ ဒီပလိုမာသင္တန္းမ်ား တက္ေရာက္ခြင့္အျပင္ တကၠသိုလ္ ဝင္ခြင့္စာေမးပြဲမ်ား ေျဖဆိုခြင့္ရရန္လည္း စီစဥ္ေပးမည္ျဖစ္ေၾကာင္း ဦးကိုေလးဝင္းက ဆိုသည္။

“အရင္တုန္းကဆိုရင္ ဆယ္တန္းစာေမးပြဲကို တစ္ႏွစ္ေျဖရင္ အနည္းဆုံး ၃၀ ရာႏႈန္းေက်ာ္ပဲေအာင္တယ္။ က်န္တဲ့ ၇၀ ရာခိုင္ႏႈန္းက ေက်ာင္းျပင္ပကိုေရာက္သြားတာ။ သူတို႔ကတျခားသင္တန္းေတြကိုလည္းတက္ဖို႔ အခြင့္အေရးမရွိနဲ႔ဆိုေတာ့ အဲဒါေတြကို သူတို႔ အသက္ေမြးဝမ္းေက်ာင္းအတြက္ လမ္းေၾကာင္းအေနနဲ႔ ဖန္တီးေပးမယ္”ဟု ဦးကိုေလးဝင္းက ေျပာၾကားသည္။

ေဆြးေႏြးပြဲတက္ေရာက္ခဲ့သည့္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္ အတြင္းေရးမႉး ဦးေက်ာ္မင္းခန႔္က “ျပႆနာတစ္ခုရွိတာက စာစစ္ဦးစီးဌာနက ကိုးတန္းေအာင္တဲ့သူေတြကို ႏွစ္မျခားဘဲ ဆယ္တန္းေျဖဆိုခြင့္ရွိတယ္လို႔ စာထြက္ထားတာ။ အဲဒီကေလးေတြက အစိုးရေက်ာင္းလည္း မတက္ဘူး။ ပုဂၢလိကေက်ာင္းလည္း မတက္ဘူး။ အျပင္မွာေလ့လာၿပီး ဆယ္တန္းေျဖဆိုခြင့္ရတယ္။ အဲဒီကေလးေတြ က် ၇၅ ရာခိုင္ႏႈန္းမျပည့္လို႔ အေျခခံပညာ သင္ယူၿပီးေျမာက္မႈ လက္မွတ္မေပးဘူးလို႔ ေျပာတယ္။ ဒါေပမဲ့ ဒီကေလးေတြကလည္း ဆယ္တန္းေအာင္ေအာင္ မေအာင္ေအာင္ လက္မွတ္ေပးသင့္တယ္လို႔ ေဆြးေႏြးခဲ့တယ္။ အဲဒါကိုေတာ့ ျပန္ဆုံးျဖတ္ၾကမယ္လို႔ေျပာတယ္”ဟု ဆိုသည္။

ၿပီးခဲ့သည့္ တကၠသိုလ္ဝင္စာေမးပြဲတြင္ ေျဖဆိုသူ ၇၈၀,၀၀၀ ေက်ာ္အနက္ ၂၆၀,၀၀၀ ေက်ာ္သာ ေအာင္ျမင္ခဲ့ျခင္းျဖစ္ၿပီး တကၠသိုလ္ဝင္စာေမးပြဲမ်ားက်င္းပ ရာတြင္ ႏွစ္စဥ္ ၃၀ ရာခိုင္ႏႈန္းပတ္ဝန္းက်င္ေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသာ ေအာင္ျမင္ၿပီး တကၠသိုလ္တက္ေရာက္ခြင့္ ရရွိေနျခင္းျဖစ္သည္။

Credit to The Voice Daily

 

Unicodeဖြင့်ဖတ်ရန်

 

(10) တန်းမအောင်သူများကို အခြေခံပညာသင်ယူပြီးမြောက်မှုလက်မှတ်ပေးမည်

 

တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျရှုံးခဲ့သော်လည်း အခြေခံပညာအထက်တန်းထိ ပြီးဆုံးအောင်တက်ရောက်ခဲ့သူများအား အခြေခံပညာသင်ယူပြီးမြောက်မှု လက်မှတ်ပေးအပ်ရန် စီစဉ်နေကြောင်း အခြေခံပညာဦးစီးဌာနထံမှသိရသည်။

ဒီဇင်ဘာလ ပထမပတ်တွင်ကျင်းပ ပြုလုပ်သည့် အခြေခံပညာနှီးနှောဖလှယ်ပွဲတွင် အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက “အခြေခံပညာပြီးမြောက်ကြောင်း စံသတ်မှတ်ချက်များ သတ်မှတ်ပေးရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး” ခေါင်းစဉ်ဖြင့် စာတမ်းတစ်စောင်ဖတ်ကြားခဲ့သည်။

အဆိုပါ စာတမ်းဆွေးနွေးချက်များအရ အခြေခံပညာသင်ယူပြီးမြောက်မှု လက်မှတ် (Completion Certificate) ကို ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း တက်ရောက်နေသူများအား စတင်ပေးနိုင်ရေး ဆောင်ရွက်နေကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

“သေချာတာကတော့ လာမယ့်နှစ်မှာပေးဖို့ သေချာတာပေါ့။ ဒီနှစ်လည်းပဲ ဖြစ်အောင်တော့ ကြိုးစားလုပ်နေတယ်။ ဒါပေမဲ့ အခြေခံပညာ အထက်တန်းကျောင်းတိုင်းမှာကို Quality Control အဖွဲ့တွေ ဖွဲ့ရမှာ။ တကယ်ပေးမယ်ဆိုရင် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးရဲ့ စီမံခန့်ခွဲမှုကော် မတီကိုတင်ပြီး ခွင့်ပြုချက်တောင်းရမှာ။ ပညာရေးဝန်ကြီးဌာနက သဘောတူပြီဆိုရင် စလုပ်လို့ရပြီပေါ့။ ဒီနှစ်ဖြစ်ဖို့များပါတယ်”ဟု ဦးကိုလေးဝင်းက ပြောကြား သည်။

အခြေခံပညာ သင်ယူပြီးမြောက်မှု လက်မှတ်ကို ကျောင်းတက်ရာခိုင်နှုန်းပြည့်မီပြီး ကျောင်းတွင်းအဆင့် အခန်းဆုံး စာမေးပွဲများတွင် ပါဝင်ဖြေဆိုထားသည့် အခြေခံပညာအထက်တန်း (ဒသမတန်း)တက်ရောက်သူအားလုံးကို ပေးအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအနေနှင့် လက်မှတ် ၂ ခုရရှိမည်ဖြစ်သည်။ လက်ရှိပညာရေးဝန်ကြီးဌာနက စတင်ပြောင်းလဲကျင့်သုံးနေပြီဖြစ်သည့် ဆယ့်နှစ်တန်းပညာရေးကို အတန်းအားလုံးပြောင်းလဲပြီးစီးလျှင် ဆယ့်နှစ်တန်းအထိ တက်ရောက်ပြီးစီးသူများကို အခြေခံပညာသင်ယူပြီးမြောက်မှု လက်မှတ်ပေးအပ်မည်ဖြစ်ကြောင်း ဦးကိုလေးဝင်းက ဆိုသည်။

အဆိုပါလက်မှတ် ရရှိထားသူများကို ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများ တက်ရောက်ရသည့် ဒီပလိုမာသင်တန်းများ တက်ရောက်ခွင့်အပြင် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲများ ဖြေဆိုခွင့်ရရန်လည်း စီစဉ်ပေးမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းက ဆိုသည်။

“အရင်တုန်းကဆိုရင် ဆယ်တန်းစာမေးပွဲကို တစ်နှစ်ဖြေရင် အနည်းဆုံး ၃၀ ရာနှုန်းကျော်ပဲအောင်တယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းက ကျောင်းပြင်ပကိုရောက်သွားတာ။ သူတို့ကတခြားသင်တန်းတွေကိုလည်းတက်ဖို့ အခွင့်အရေးမရှိနဲ့ဆိုတော့ အဲဒါတွေကို သူတို့ အသက်မွေးဝမ်းကျောင်းအတွက် လမ်းကြောင်းအနေနဲ့ ဖန်တီးပေးမယ်”ဟု ဦးကိုလေးဝင်းက ပြောကြားသည်။

ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်မင်းခန့်က “ပြဿနာတစ်ခုရှိတာက စာစစ်ဦးစီးဌာနက ကိုးတန်းအောင်တဲ့သူတွေကို နှစ်မခြားဘဲ ဆယ်တန်းဖြေဆိုခွင့်ရှိတယ်လို့ စာထွက်ထားတာ။ အဲဒီကလေးတွေက အစိုးရကျောင်းလည်း မတက်ဘူး။ ပုဂ္ဂလိကကျောင်းလည်း မတက်ဘူး။ အပြင်မှာလေ့လာပြီး ဆယ်တန်းဖြေဆိုခွင့်ရတယ်။ အဲဒီကလေးတွေ ကျ ၇၅ ရာခိုင်နှုန်းမပြည့်လို့ အခြေခံပညာ သင်ယူပြီးမြောက်မှု လက်မှတ်မပေးဘူးလို့ ပြောတယ်။ ဒါပေမဲ့ ဒီကလေးတွေကလည်း ဆယ်တန်းအောင်အောင် မအောင်အောင် လက်မှတ်ပေးသင့်တယ်လို့ ဆွေးနွေးခဲ့တယ်။ အဲဒါကိုတော့ ပြန်ဆုံးဖြတ်ကြမယ်လို့ပြောတယ်”ဟု ဆိုသည်။

ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ ၇၈၀,၀၀၀ ကျော်အနက် ၂၆၀,၀၀၀ ကျော်သာ အောင်မြင်ခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲများကျင်းပ ရာတွင် နှစ်စဉ် ၃၀ ရာခိုင်နှုန်းပတ်ဝန်းကျင်သော ကျောင်းသား၊ ကျောင်းသူများသာ အောင်မြင်ပြီး တက္ကသိုလ်တက်ရောက်ခွင့် ရရှိနေခြင်းဖြစ်သည်။

Credit to The Voice Daily