Zawgyi ဖြင့်ဖတ်ရန်





 


Unicode ဖြင့်ဖတ်ရန်

နားကြပ်ကြိုးမှတစ်ဆင့် ဓါတ်လိုက်သေဆုံးခဲ့ရတဲ့ ဆယ်ကျော်သက်တစ်ဦး

ညအိပ်တဲ့အခါ ဖုန်းအားသွင်းရင်း သီချင်းနားထောင်ပြီး အိပ်လေ့ရှိတဲ့သူတွေ သတိထားသင့်ပါပြီ ။ မလေးရှားနိုင်ငံမှာနေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် Mohammed Aidil Azzahar Zaharin ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ သီချင်းနားထောင်ရင်းအိပ်ယာဝင်ခဲ့တာပါ။

မနက်မိုးလင်းတဲ့အခါမှာ သူ့အမေ သူ့ကိုလာနှိုးတော့ အေးစက်နေပြီး နိုးမလာတဲ့အတွက် အရေးပေါ်ဆေးအကူဌာနကိုအကြောင်းကြားခဲ့တာပဲဖြစ်ပါတယ်။ ဆေးအဖွဲ့ရောက်လာပြီး ကောင်လေးကို စစ်ဆေးခဲ့တဲ့အခါမှာတော့ ကောင်လေးဟာ သေဆုံးပြီးဖြစ်နေတာကိုတွေ့ရပါတယ် ။

အလောင်းကိုစစ်ဆေးတဲ့အခါမှာတော့ ခန္ဓာကိုယ်ပေါ်မှာ ပွန်းရာ ပဲ့ရာတစ်ခုမှမရှိပဲ ဘယ်ဘက်နားမှာသာ သွေးထွက်နေတာကိုတွေ့ပါတယ်။သေဆုံးရတဲ့အကြောင်းအရင်းတော့ ဓါတ်လိုက်ခံရပြီး သေဆုံးသွားခဲ့ရတာပါ ။

သေဆုံးသွားသူရဲ့ညီငယ်လေးကလည်း အဲ့ဒီနားကြပ်ကို သူသွားထိတော့ ဓါတ်လိုက်တယ်လို့ ဆေးအဖွဲ့ကိုပြောပြခဲ့ပါတယ်။ဖုန်းရဲ့မော်ဒယ်နဲ့ နားကြပ်အမျိုးအစားကိုတော့ ထုတ်ပြန်ကြေငြာထားခြင်းမရှိပါဘူး ။

Credit : – Min Thu (Daily Hot News )