Zawgyiျဖင့္ဖတ္ရန္

 

ေဖ့စ္ဘြတ္ခ္သံုးတဲ့အခါ Like ေပးရင္ေတာင္ စဥ္းစားသင့္တယ္။ ကိုယ္က Like ေပးလိုက္ရင္ Data Collection ေတြဆီကို တန္းေရာက္တယ္။

ကိုယ္က Share လိုက္ရင္လည္း Data Collection ေတြဆီကို တန္းေရာက္တယ္။ ကိုယ္ Like ေပးတာ မ်ားလာလို႔ရွိရင္ အဲဒီ Like ေတြကိုၾကည့္ၿပီးေတာ့ ကိုယ္က ဘယ္လိုလူလဲဆိုတာ သူတုိ႔သိသြားတယ္။

Post တင္ရင္ေတာ့ ပိုဆိုးတာေပါ့။ ကိုယ္တင္လိုက္တဲ့ Post ကိုၾကည့္ၿပီး ကိုယ္က ဘယ္လိုလူလဲဆိုတာ သူတုိ႔သိသြားတယ္။

ဆရာမဆိုရင္ အိမ္တြင္းအလွဆင္တာ၊ ပရိေဘာဂပစၥည္းေတြ၊ ရက္ကန္းနဲ႔ပတ္သက္တဲ့ဟာေတြကို ႀကိဳက္တယ္။

အဲဒါေတြကို Like ေပးမိတဲ့အတြက္ ေဖ့စ္ဘြတ္ခ္ေပၚမွာ အဲဒါနဲ႔ပတ္သက္တဲ့အရာေတြ အျမဲတမ္းေပၚလာတယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္ Like ေပးတဲ့ဟာေတြကို Data Collection ေတြကၾကည့္ၿပီး ဟိုဘက္ကစီးပြားေရးသမားေတြဆီကို ခ်ိတ္လိုက္လို႔ပဲ။

သူကေတာ့ အဲဒါေတြႀကိဳက္တယ္။ သူ႔ဆီကို အဲဒါေတြ ပို႔လိုက္လို႔ရွိရင္ မင္းအတြက္ အက်ဳိးရွိႏုိင္တယ္ဆိုတာမ်ဳိးေပါ့။

ကိုယ္က Like တစ္ခ်က္ေပးလိုက္တာျဖစ္ေပမယ့္လည္း သူတုိ႔အတြက္ ကိုယ္ဟာ ပစ္မွတ္ျဖစ္သြားတယ္။ အဲဒီေလာက္အထိ ေဖ့စ္ဘြတ္ခ္က ကိုယ့္ကိုကိုင္တြယ္ေနတာ။

ကိုယ့္ကို အမိန္႔ေပးေနတာ။ အဲဒါကို ကိုယ္က သေဘာေပါက္ဖုိ႔လိုတယ္။

ဒါေၾကာင့္ လူငယ္ေတြကိုေျပာခ်င္တာက Like ေပးတဲ့အခါမွာ သတိထားၿပီးေပးၾကပါ။ Post တင္တဲ့အခါက်ရင္လည္း သတိထားၿပီး တင္ၾကပါ။

မတင္ရမယ့္ Post ေတြ အမ်ားႀကီးရွိတယ္။ ဆရာမတုိ႔ဆီမွာ မတင္ရမယ့္ Post ေတြတင္ေနတာလည္း အမ်ားႀကီးရွိတယ္။

အဲဒီလို မတင္ရမယ့္ Post ေတြကို တင္လိုက္မိတဲ့အတြက္ ဆိုးက်ဳိးေတြျဖစ္လာႏုိင္တယ္ဆိုတာကိုလည္း မသိၾကဘူး။

“ေဖ့စ္ဘြတ္ခ္သံုးရင္းနဲ႔ပဲ အခ်ိန္ကုန္ေနတဲ့သူဟာ တကယ့္အစစ္အမွန္ေလာကႀကီးနဲ႔ ေ၀းေနလိမ့္မယ္ဆိုတဲ့ ဆရာမဂ်ဴး” အင္တာဗ်ဴးေဆာင္းပါးမွ ေကာက္ႏုတ္ေဖာ္ျပသည္။

Credit-.nalonetardiary.com

 

Unicodeဖြင့်ဖတ်ရန်

 

ဖေ့စ်ဘွတ်ခ်သုံးတဲ့အခါ Like ပေးရင်တောင် စဉ်းစားသင့်တယ် လို့ ပြောတဲ့ ဆရာမဂျူး

 

ဖေ့စ်ဘွတ်ခ်သုံးတဲ့အခါ Like ပေးရင်တောင် စဉ်းစားသင့်တယ်။ ကိုယ်က Like ပေးလိုက်ရင် Data Collection တွေဆီကို တန်းရောက်တယ်။

ကိုယ်က Share လိုက်ရင်လည်း Data Collection တွေဆီကို တန်းရောက်တယ်။ ကိုယ် Like ပေးတာ များလာလို့ရှိရင် အဲဒီ Like တွေကိုကြည့်ပြီးတော့ ကိုယ်က ဘယ်လိုလူလဲဆိုတာ သူတို့သိသွားတယ်။

Post တင်ရင်တော့ ပိုဆိုးတာပေါ့။ ကိုယ်တင်လိုက်တဲ့ Post ကိုကြည့်ပြီး ကိုယ်က ဘယ်လိုလူလဲဆိုတာ သူတို့သိသွားတယ်။

ဆရာမဆိုရင် အိမ်တွင်းအလှဆင်တာ၊ ပရိဘောဂပစ္စည်းတွေ၊ ရက်ကန်းနဲ့ပတ်သက်တဲ့ဟာတွေကို ကြိုက်တယ်။

အဲဒါတွေကို Like ပေးမိတဲ့အတွက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ အဲဒါနဲ့ပတ်သက်တဲ့အရာတွေ အမြဲတမ်းပေါ်လာတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကိုယ် Like ပေးတဲ့ဟာတွေကို Data Collection တွေကကြည့်ပြီး ဟိုဘက်ကစီးပွားရေးသမားတွေဆီကို ချိတ်လိုက်လို့ပဲ။

သူကတော့ အဲဒါတွေကြိုက်တယ်။ သူ့ဆီကို အဲဒါတွေ ပို့လိုက်လို့ရှိရင် မင်းအတွက် အကျိုးရှိနိုင်တယ်ဆိုတာမျိုးပေါ့။

ကိုယ်က Like တစ်ချက်ပေးလိုက်တာဖြစ်ပေမယ့်လည်း သူတို့အတွက် ကိုယ်ဟာ ပစ်မှတ်ဖြစ်သွားတယ်။ အဲဒီလောက်အထိ ဖေ့စ်ဘွတ်ခ်က ကိုယ့်ကိုကိုင်တွယ်နေတာ။

ကိုယ့်ကို အမိန့်ပေးနေတာ။ အဲဒါကို ကိုယ်က သဘောပေါက်ဖို့လိုတယ်။

ဒါကြောင့် လူငယ်တွေကိုပြောချင်တာက Like ပေးတဲ့အခါမှာ သတိထားပြီးပေးကြပါ။ Post တင်တဲ့အခါကျရင်လည်း သတိထားပြီး တင်ကြပါ။

မတင်ရမယ့် Post တွေ အများကြီးရှိတယ်။ ဆရာမတို့ဆီမှာ မတင်ရမယ့် Post တွေတင်နေတာလည်း အများကြီးရှိတယ်။

အဲဒီလို မတင်ရမယ့် Post တွေကို တင်လိုက်မိတဲ့အတွက် ဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုတာကိုလည်း မသိကြဘူး။

“ဖေ့စ်ဘွတ်ခ်သုံးရင်းနဲ့ပဲ အချိန်ကုန်နေတဲ့သူဟာ တကယ့်အစစ်အမှန်လောကကြီးနဲ့ ဝေးနေလိမ့်မယ်ဆိုတဲ့ ဆရာမဂျူး” အင်တာဗျူးဆောင်းပါးမှ ကောက်နုတ်ဖော်ပြသည်။

Credit-.nalonetardiary.com