Zawgyi ျဖင့္ဖတ္ရန္

ေဘာလိဝုဒ္ သ႐ုပ္ေဆာင္ မင္းသမီး Priyanka Chopra နဲ႔ေဟာလိဝုဒ္အဆိုေတာ္ Nick Jonas တို႔ရဲ႕ မနဲ႔ေမာင္ အခ်စ္ဇာတ္လမ္းဟာဆိုရင္ လူေတြအားလုံးကိုအံ့အားသင့္ေစ ခဲ့တာအမွန္ပါပဲ။ သူတို႔ႏွစ္ေယာက္ဟာ အသက္ ၁၀ ႏွစ္တိတိကြာပါတယ္။ အခ်စ္မွာ အသက္အ႐ြယ္အပိုင္းအျခားေတြ၊ ဘာသာေရးအပိုင္းအျခားေတြမရွိဘူးဆိုတာ သူတို႔ႏွစ္ေယာက္ကသက္ေသျပလိုက္တာပါ။

လြန္ခဲ့တဲ့ရက္အနည္းက Nick နဲ႔ Priyanka တို႔ဟာသူတို႔ရဲ႕ ဆိုရွယ္မီဒီယာအေကာင့္မ်ားမွာ pre wedding ပုံေတြကိုတင္ၿပီး ပရိတ္သတ္ကို အသိေပးခဲ့ပါတယ္။ ဘာသာမတူညီတဲ့အတြက္ အိႏၵိယ႐ိုးရာအတိုင္းတစ္ဖုံ အေနာက္တိုင္းခရစ္ယာန္စတိုင္လိုတစ္မ်ိဳးလက္ထပ္ပြဲကိုက်င္းပခဲ့ၾကပါတယ္။

 

အားလုံးကိုအံ့အားသင့္သြားေစတာကေတာ့ အေနာက္တိုင္းစတိုင္မဂၤလာပြဲပါပဲ။ ထိုပြဲမွာ Priyanka ေခါင္းမွာေဆာင္းခဲ့တဲ့ ေခါင္းေဆာင္းပုဝါက ၇၅ ေပအရွည္ရွိပါတယ္။ Disney ဇာတ္လမ္းေတြထဲကလို ဒ႑ာရီပုံျပင္ထဲက မင္းသားေလးနဲ႔ မဂၤလာေဆာင္ရတဲ့မင္းသမီးေလးလိုပါပဲ။ သူမဟာစိတ္ကူးယဥ္ဆန္စြာ လွပလြန္းေနပါတယ္။ မဂၤလာသတို႔သမီးကိုပို႔ေဆာင္တဲ့အေနနဲ႔ သူမအေမ Madhu Chopra ကသူမကိုလက္တြဲၿပီးပို႔ေဆာင္ခဲ့ၿပီး သတို႔သမီးကို သတို႔သား Nick Jonas နဲ႔အတူ သူ႔ရဲ႕ အစ္ကို Jo Jonas တို႔ကလဲခန႔္ညားတင့္တယ္စြာေစာင့္ဆိုင္းေနပါတယ္။ သူမရဲ႕ ရွည္လ်ားလွတဲ့ ေခါင္းေဆာင္းပုဝါကို အေနာက္မွလူ ၅ေယာက္က ကိုင္ေဆာင္ေပးထားတာျဖစ္ၿပီး အေပၚစီးကေန video ႐ိုက္ျပထားတာဆိုရင္ျမင္ရသူအေပါင္းကို ရႈမဝ တသသျဖစ္ေစပါတယ္။

Priyanka ကလဲသူမရဲ႕ instagram မွာ “Once upon a time in fairy tale” လို႔ေရးသားၿပီး video ကိုတင္ခဲ့ပါတယ္။

ေပေပါင္း ၇၅ ေပရွည္လ်ားလွတဲ့ထိုပုဝါကို ဖန္တီးဖို႔ နာရီေပါင္း ၁၈၂၆ နာရီၾကာျမင့္ခဲ့တယ္လို႔ဆိုပါတယ္။ ေနာက္တစ္ခုထူးျခားခ်က္ကေတာ့ သူမရဲ႕ေခါင္းေဆာင္းၿခဳံလႊာဟာ ၿပီးခဲ့တဲ့ေမလပိုင္းမွာက်င္းပျပဳလုပ္ခဲ့တဲ့ ေတာ္ဝင္မဂၤလာပြဲမွာ Meghan Markle ေဆာင္းခဲ့တဲ့ ေခါင္းေဆာင္းပုဝါထက္ ေပေပါင္း ၆၀ ေလာက္ ပိုရွည္ေနတာပဲျဖစ္ပါတယ္။

(Meghan Markle နဲ႔ Priyanka တို႔ဟာသူငယ္ခ်င္းမ်ားျဖစ္ၾကၿပီး Meghan ဟာ သူငယ္ခ်င္းျဖစ္သူ Priyanka ရဲ႕ မဂၤလာေဆာင္အတြက္ဂုဏ္ျပဳ သဝဏ္လႊာကိုေပးပို႔ခဲ့ပါတယ္။ Priyanka ကလဲ Meghan ရဲ႕ေတာ္ဝင္မဂၤလာပြဲကို ဂုဏ္ျပဳေၾကာင္းသူမရဲ႕ instagram မွာတင္ခဲ့ပါတယ္။)

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ဒဏ္ဍာရီ ပုံပြင်ထဲက မင်းသမီးလေးလိုခမ်းနားစွာမင်္ဂလာဆောင်ခဲ့တဲ့ Priyanka Chopra

ဘောလိဝုဒ် သရုပ်ဆောင် မင်းသမီး Priyanka Chopra နဲ့ဟောလိဝုဒ်အဆိုတော် Nick Jonas တို့ရဲ့ မနဲ့မောင် အချစ်ဇာတ်လမ်းဟာဆိုရင် လူတွေအားလုံးကိုအံ့အားသင့်စေ ခဲ့တာအမှန်ပါပဲ။ သူတို့နှစ်ယောက်ဟာ အသက် ၁၀ နှစ်တိတိကွာပါတယ်။ အချစ်မှာ အသက်အရွယ်အပိုင်းအခြားတွေ၊ ဘာသာရေးအပိုင်းအခြားတွေမရှိဘူးဆိုတာ သူတို့နှစ်ယောက်ကသက်သေပြလိုက်တာပါ။

လွန်ခဲ့တဲ့ရက်အနည်းက Nick နဲ့ Priyanka တို့ဟာသူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်များမှာ pre wedding ပုံတွေကိုတင်ပြီး ပရိတ်သတ်ကို အသိပေးခဲ့ပါတယ်။ ဘာသာမတူညီတဲ့အတွက် အိန္ဒိယရိုးရာအတိုင်းတစ်ဖုံ အနောက်တိုင်းခရစ်ယာန်စတိုင်လိုတစ်မျိုးလက်ထပ်ပွဲကိုကျင်းပခဲ့ကြပါတယ်။

အားလုံးကိုအံ့အားသင့်သွားစေတာကတော့ အနောက်တိုင်းစတိုင်မင်္ဂလာပွဲပါပဲ။ ထိုပွဲမှာ Priyanka ခေါင်းမှာဆောင်းခဲ့တဲ့ ခေါင်းဆောင်းပုဝါက ၇၅ ပေအရှည်ရှိပါတယ်။ Disney ဇာတ်လမ်းတွေထဲကလို ဒဏ္ဍာရီပုံပြင်ထဲက မင်းသားလေးနဲ့ မင်္ဂလာဆောင်ရတဲ့မင်းသမီးလေးလိုပါပဲ။ သူမဟာစိတ်ကူးယဉ်ဆန်စွာ လှပလွန်းနေပါတယ်။ မင်္ဂလာသတို့သမီးကိုပို့ဆောင်တဲ့အနေနဲ့ သူမအမေ Madhu Chopra ကသူမကိုလက်တွဲပြီးပို့ဆောင်ခဲ့ပြီး သတို့သမီးကို သတို့သား Nick Jonas နဲ့အတူ သူ့ရဲ့ အစ်ကို Jo Jonas တို့ကလဲခန့်ညားတင့်တယ်စွာစောင့်ဆိုင်းနေပါတယ်။ သူမရဲ့ ရှည်လျားလှတဲ့ ခေါင်းဆောင်းပုဝါကို အနောက်မှလူ ၅ယောက်က ကိုင်ဆောင်ပေးထားတာဖြစ်ပြီး အပေါ်စီးကနေ video ရိုက်ပြထားတာဆိုရင်မြင်ရသူအပေါင်းကို ရှုမဝ တသသဖြစ်စေပါတယ်။

Priyanka ကလဲသူမရဲ့ instagram မှာ “Once upon a time in fairy tale” လို့ရေးသားပြီး video ကိုတင်ခဲ့ပါတယ်။

ပေပေါင်း ၇၅ ပေရှည်လျားလှတဲ့ထိုပုဝါကို ဖန်တီးဖို့ နာရီပေါင်း ၁၈၂၆ နာရီကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။ နောက်တစ်ခုထူးခြားချက်ကတော့ သူမရဲ့ခေါင်းဆောင်းခြုံလွှာဟာ ပြီးခဲ့တဲ့မေလပိုင်းမှာကျင်းပပြုလုပ်ခဲ့တဲ့ တော်ဝင်မင်္ဂလာပွဲမှာ Meghan Markle ဆောင်းခဲ့တဲ့ ခေါင်းဆောင်းပုဝါထက် ပေပေါင်း ၆၀ လောက် ပိုရှည်နေတာပဲဖြစ်ပါတယ်။

(Meghan Markle နဲ့ Priyanka တို့ဟာသူငယ်ချင်းများဖြစ်ကြပြီး Meghan ဟာ သူငယ်ချင်းဖြစ်သူ Priyanka ရဲ့ မင်္ဂလာဆောင်အတွက်ဂုဏ်ပြု သဝဏ်လွှာကိုပေးပို့ခဲ့ပါတယ်။ Priyanka ကလဲ Meghan ရဲ့တော်ဝင်မင်္ဂလာပွဲကို ဂုဏ်ပြုကြောင်းသူမရဲ့ instagram မှာတင်ခဲ့ပါတယ်။)

Credit : popolay

LEAVE A REPLY