Zawgyiျဖင့္ဖတ္ရန္

 

လူတစ္ေယာက္မူးၿပီးကြဲၿပဲေနတဲ့အခ်ိန္နဲ႔သာမန္အခ်ိန္၊ဒါမွမဟုတ္ေသာက္ထားလည္းဣေျႏၵပ်က္ေအာင္မမူးေသးတဲ့အခ်ိန္ႏွစ္ခုဘယ္ေလာက္ကြာျခားတယ္လို႔သင္ထင္ပါသလဲ။အေျဖကေတာ့သိပ္ကိုအံ့ၾသစရာေကာင္းပါတယ္။အယ္လ္ကိုေဟာဆိုတဲ့ ယမကာရဲ႕အစြမ္းနဲ႔ ျခယ္လွယ္မႈေအာက္မွာ အလႊမ္းမိုးခံလိုက္ရတဲ့ လူတစ္ေယာက္ဟာ ေနာက္ထပ္ဗားရွင္းတစ္မ်ိဳးနဲ႔ ကိုယ္ပြားတစ္ေယာက္ ျဖစ္သြားသလိုပါပဲ။ မူးတဲ့ညတုန္းက ျဖစ္ထားတဲ့ ေပါက္ကရျဖစ္ရပ္ေတြ၊ ရယ္စရာဟာသေတြကို ျပန္ၾကည့္မိရင္လူတိုင္းကဒါဟာမေကာင္းတဲ့ေသရည္ေသရက္ေၾကာင့္သာျဖစ္ရတာလို႔ေျပာေလ့ရွိၾကပါတယ္။သို႔ေပမယ့္လည္းလူအမ်ားလက္ခံထားတဲ့ဒီအခ်က္ဟာလုံးဝမွားယြင္းေနတယ္လို႔ေျပာရေတာ့မွာပါ။အေၾကာင္းကေလ့လာမႈအသစ္တစ္ခုအရ မူးတဲ့အခ်ိန္မွာလုပ္တဲ့ အျပဳအမူေတြဟာ ပုံမွန္အခ်ိန္မွာလုပ္တဲ့ အျပဳအမူေတြထက္ ပိုၿပီးစိတ္ရင္းစစ္မွန္တယ္ဆိုတဲ့ ေတြ႕ရွိခ်က္တစ္ခုေၾကာင့္ပါပဲ။

Purdue Universityနဲ႔UniversityofMissouriတကၠသိုလ္ႏွစ္ခုကေလ့လာသူေတြပူးေပါင္းထားတဲ့သုေတသနအဖြဲ႕ဟာ လုပ္အားေပး(၁၅၆)ေယာက္ပါဝင္တဲ့အဖြဲ႕ကိုအယ္လ္ကိုေဟာကလူေတြရဲ႕အျပဳအမူေပၚမွာဘယ္လိုသက္ေရာက္မႈရွိေၾကာင္းသိရဖို႔စမ္းသပ္ေလ့လာခဲ့ၾကတာျဖစ္ပါတယ္။ဒီစမ္းသပ္မႈမွာပါဝင္တဲ့လုပ္အားေပးအားလုံးကိုစမ္းသပ္မႈမတိုင္ခင္ႏွစ္ပတ္ႀကိဳၿပီး Survey အရင္ေကာက္ခဲ့ပါတယ္။ လုံးဝမူးသြားတဲ့အခ်ိန္နဲ႔ သာမန္အခ်ိန္ႏွစ္မ်ိဳးမွာ ကြာျခားတဲ့ သူတို႔ရဲ႕အျပဳအမူနဲ႔ မူးလာရင္ ဘာေတြလုပ္တတ္တယ္ဆိုတာကို တစ္ေယာက္ခ်င္းစီ ေမးျမန္းၿပီး မွတ္တမ္းယူခဲ့ပါတယ္။

ဒီေနာက္မွာေတာ့လုပ္အားေပးပါဝင္သူတစ္အုပ္စုလုံးကိုက်ပန္းအေနနဲ႔ႏွစ္ဖြဲ႕ခြဲလိုက္ပါတယ္။တစ္ဖြဲ႕ကိုေဗာ္ကာအရက္နဲ႔စပ႐ိုက္အခ်ိဳရည္ေရာထားတာကိုေပးခဲ့ၿပီးက်န္တစ္ဖြဲ႕ကိုေတာ့စပ႐ိုက္အခ်ိဳရည္ကိုသာေပးခဲ့ပါတယ္။ေဗာ္ကာအရက္ေသာက္သုံးသူအဖြဲ႕ကိုသူတို႔ကိုေပးထားတဲ့တာဝန္တစ္ခုခ်င္းစီကိုေဆာင္႐ြက္ေနရင္းဆက္ေသာက္ေနဖို႔ၫႊန္ၾကားခဲ့ၿပီးက်န္အခ်ိဳရည္ေသာက္သူမ်ားအဖြဲ႕ကိုေတာ့ ယမကာလုလင္မ်ားအဖြဲ႕ကို ေစာင့္ၾကည့္ခိုင္းထားပါတယ္။

ယမကာလုလင္အဖြဲ႕ကတာဝန္ေတြကိုယ္စီၿပီးသြားတဲ့အခါသူတို႔ကိုယ္ကိုျပန္ၿပီးအမွတ္ေပးခိုင္းခဲ့ပါတယ္။သူတို႔အားလုံးဟာ တာဝန္လစ္ဟင္းတာ၊ ကိစၥတစ္ခုအေပၚအလြယ္တကူသေဘာတူႏိုင္တာ၊ရင္တြင္းခံစားခ်က္ေတြကိုရင္ဖြင့္တာစတာေတြကို တညီတၫြတ္တည္းေျပာျပခဲ့ၾကၿပီးမူးေနတဲ့အခါသာမန္အခ်ိန္ထက္လူကပြင့္လင္းတက္ႂကြၿပီးစိတ္ခံစားမႈေတြတည္ၿငိမ္ေနတယ္လို႔အတူတူဆိုလာၾကပါတယ္။သို႔ေပမယ့္လည္းအခ်ိဳရည္ေ္သာက္သုံးတဲ့ေစာင့္ၾကည့္သူမ်ားအဖြဲ႕ကေတာ့ယမကာလုလင္အဖြဲ႕ေျပာတာေတြကိုသေဘာတူညီမႈမရွိၾကဘဲမူးတဲ့အခ်ိန္နဲ႔မမူးတဲ့အခ်ိန္သိသိသာသာကြာျခားတာမ်ိဳးလည္းမရွိပါဘူးလို႔ ဆိုခဲ့ၾကပါတယ္။

ဒီသုေတသနအဖြဲ႕ထဲမွာ ပါဝင္တဲ့ စိတ္ပညာရွင္ ေဒါက္တာ ေရခ်ယ္လ္ ဝင္ႏိုဂရတ္ကေတာ့ မူးေနတဲ့အဖြဲ႕ဟာ မမူးတဲ့အဖြဲ႕ ျမင္တဲ့အျမင္နဲ႔ မတူတဲ့ ရႈေထာင့္ကေနသူတို႔ရဲ႕အျပဳအမူေတြကိုျမင္ႏိုင္ၾကၿပီးသူတို႔ကိုေပးအပ္ထားတဲ့တာဝန္တစ္ခုခ်င္းစီကို ျပဳလုပ္ရာမွာလည္း မူမမွန္တဲ့ လက္မခံႏိုင္ဖြယ္ရာမ်ိဳးေတြျဖစ္ေနတယ္လို႔သူတို႔ကိုယ္သူတို႔မခံစားရတာဟာေတာ္ေတာ္ေလး ထူးဆန္းတယ္လို႔ ေျပာျပခဲ့ပါတယ္။

ဒီေတာ့ မူးေနတဲ့အခ်ိန္မွာ ျဖစ္ေနတဲ့ လူတစ္ေယာက္ရဲ႕ပုံစံဟာ သူ႔ရဲ႕တကယ့္ပုံစံ အစစ္အမွန္လို႔ ေျပာလို႔ရပါတယ္ဆိုတာ ေဖာ္ျပရင္း …။

Source: disclose.tv

Credit:knowledgemm

 

Unicodeဖြင့်ဖတ်ရန်

 

လူတစ်ယောက်မူးနေချိန်ဖြစ်တဲ့ အပြုအမူဟာ တကယ့်ပုံစံအစစ်ဟု သိပ္ပံပညာဆို

 

လူတစ်ယောက်မူးပြီးကွဲပြဲနေတဲ့အချိန်နဲ့သာမန်အချိန်၊ဒါမှမဟုတ်သောက်ထားလည်းဣန္ဒြေပျက်အောင်မမူးသေးတဲ့အချိန်နှစ်ခုဘယ်လောက်ကွာခြားတယ်လို့သင်ထင်ပါသလဲ။အဖြေကတော့သိပ်ကိုအံ့သြစရာကောင်းပါတယ်။အယ်လ်ကိုဟောဆိုတဲ့ ယမကာရဲ့အစွမ်းနဲ့ ခြယ်လှယ်မှုအောက်မှာ အလွှမ်းမိုးခံလိုက်ရတဲ့ လူတစ်ယောက်ဟာ နောက်ထပ်ဗားရှင်းတစ်မျိုးနဲ့ ကိုယ်ပွားတစ်ယောက် ဖြစ်သွားသလိုပါပဲ။ မူးတဲ့ညတုန်းက ဖြစ်ထားတဲ့ ပေါက်ကရဖြစ်ရပ်တွေ၊ ရယ်စရာဟာသတွေကို ပြန်ကြည့်မိရင်လူတိုင်းကဒါဟာမကောင်းတဲ့သေရည်သေရက်ကြောင့်သာဖြစ်ရတာလို့ပြောလေ့ရှိကြပါတယ်။သို့ပေမယ့်လည်းလူအများလက်ခံထားတဲ့ဒီအချက်ဟာလုံးဝမှားယွင်းနေတယ်လို့ပြောရတော့မှာပါ။အကြောင်းကလေ့လာမှုအသစ်တစ်ခုအရ မူးတဲ့အချိန်မှာလုပ်တဲ့ အပြုအမူတွေဟာ ပုံမှန်အချိန်မှာလုပ်တဲ့ အပြုအမူတွေထက် ပိုပြီးစိတ်ရင်းစစ်မှန်တယ်ဆိုတဲ့ တွေ့ရှိချက်တစ်ခုကြောင့်ပါပဲ။

Purdue Universityနဲ့UniversityofMissouriတက္ကသိုလ်နှစ်ခုကလေ့လာသူတွေပူးပေါင်းထားတဲ့သုတေသနအဖွဲ့ဟာ လုပ်အားပေး(၁၅၆)ယောက်ပါဝင်တဲ့အဖွဲ့ကိုအယ်လ်ကိုဟောကလူတွေရဲ့အပြုအမူပေါ်မှာဘယ်လိုသက်ရောက်မှုရှိကြောင်းသိရဖို့စမ်းသပ်လေ့လာခဲ့ကြတာဖြစ်ပါတယ်။ဒီစမ်းသပ်မှုမှာပါဝင်တဲ့လုပ်အားပေးအားလုံးကိုစမ်းသပ်မှုမတိုင်ခင်နှစ်ပတ်ကြိုပြီး Survey အရင်ကောက်ခဲ့ပါတယ်။ လုံးဝမူးသွားတဲ့အချိန်နဲ့ သာမန်အချိန်နှစ်မျိုးမှာ ကွာခြားတဲ့ သူတို့ရဲ့အပြုအမူနဲ့ မူးလာရင် ဘာတွေလုပ်တတ်တယ်ဆိုတာကို တစ်ယောက်ချင်းစီ မေးမြန်းပြီး မှတ်တမ်းယူခဲ့ပါတယ်။

ဒီနောက်မှာတော့လုပ်အားပေးပါဝင်သူတစ်အုပ်စုလုံးကိုကျပန်းအနေနဲ့နှစ်ဖွဲ့ခွဲလိုက်ပါတယ်။တစ်ဖွဲ့ကိုဗော်ကာအရက်နဲ့စပရိုက်အချိုရည်ရောထားတာကိုပေးခဲ့ပြီးကျန်တစ်ဖွဲ့ကိုတော့စပရိုက်အချိုရည်ကိုသာပေးခဲ့ပါတယ်။ဗော်ကာအရက်သောက်သုံးသူအဖွဲ့ကိုသူတို့ကိုပေးထားတဲ့တာဝန်တစ်ခုချင်းစီကိုဆောင်ရွက်နေရင်းဆက်သောက်နေဖို့ညွှန်ကြားခဲ့ပြီးကျန်အချိုရည်သောက်သူများအဖွဲ့ကိုတော့ ယမကာလုလင်များအဖွဲ့ကို စောင့်ကြည့်ခိုင်းထားပါတယ်။

ယမကာလုလင်အဖွဲ့ကတာဝန်တွေကိုယ်စီပြီးသွားတဲ့အခါသူတို့ကိုယ်ကိုပြန်ပြီးအမှတ်ပေးခိုင်းခဲ့ပါတယ်။သူတို့အားလုံးဟာ တာဝန်လစ်ဟင်းတာ၊ ကိစ္စတစ်ခုအပေါ်အလွယ်တကူသဘောတူနိုင်တာ၊ရင်တွင်းခံစားချက်တွေကိုရင်ဖွင့်တာစတာတွေကို တညီတညွတ်တည်းပြောပြခဲ့ကြပြီးမူးနေတဲ့အခါသာမန်အချိန်ထက်လူကပွင့်လင်းတက်ကြွပြီးစိတ်ခံစားမှုတွေတည်ငြိမ်နေတယ်လို့အတူတူဆိုလာကြပါတယ်။သို့ပေမယ့်လည်းအချိုရည်ေ်သာက်သုံးတဲ့စောင့်ကြည့်သူများအဖွဲ့ကတော့ယမကာလုလင်အဖွဲ့ပြောတာတွေကိုသဘောတူညီမှုမရှိကြဘဲမူးတဲ့အချိန်နဲ့မမူးတဲ့အချိန်သိသိသာသာကွာခြားတာမျိုးလည်းမရှိပါဘူးလို့ ဆိုခဲ့ကြပါတယ်။

ဒီသုတေသနအဖွဲ့ထဲမှာ ပါဝင်တဲ့ စိတ်ပညာရှင် ဒေါက်တာ ရေချယ်လ် ဝင်နိုဂရတ်ကတော့ မူးနေတဲ့အဖွဲ့ဟာ မမူးတဲ့အဖွဲ့ မြင်တဲ့အမြင်နဲ့ မတူတဲ့ ရှုထောင့်ကနေသူတို့ရဲ့အပြုအမူတွေကိုမြင်နိုင်ကြပြီးသူတို့ကိုပေးအပ်ထားတဲ့တာဝန်တစ်ခုချင်းစီကို ပြုလုပ်ရာမှာလည်း မူမမှန်တဲ့ လက်မခံနိုင်ဖွယ်ရာမျိုးတွေဖြစ်နေတယ်လို့သူတို့ကိုယ်သူတို့မခံစားရတာဟာတော်တော်လေး ထူးဆန်းတယ်လို့ ပြောပြခဲ့ပါတယ်။

ဒီတော့ မူးနေတဲ့အချိန်မှာ ဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ပုံစံဟာ သူ့ရဲ့တကယ့်ပုံစံ အစစ်အမှန်လို့ ပြောလို့ရပါတယ်ဆိုတာ ဖော်ပြရင်း …။

Source: disclose.tv

Credit:knowledgemm