Zawgyiျဖင့္ဖတ္ရန္

 

စက္ဘီးစီး အမ်ိဳးသားတစ္ဦးဟာ လက္ထပ္ခြင့္ေတာင္းေနတဲ့ စုံတြဲတစ္တြဲရဲ႕ၾကားကုိမွ မရမက ကပ္ကပ္သပ္သပ္ စက္ဘီးနဲ႔ ျဖတ္ၿပီး စီးသြားခဲ့ပါတယ္။ တကယ္ေတာ့ သမီးရည္းစားေတြအတြက္ လက္ထပ္ခြင့္ေတာင္းတဲ့ အခ်ိန္ေလးဟာ ဘဝမွာ အႀကီးမားဆုံး အမွတ္တရ အခ်ိန္ပါ။

ဒါကို မိနစ္ပုိင္းေလာက္ေလးပင္ မေစာင့္ႏုိင္ဘဲ၊ အဲဒီအမ်ိဳးသားက အလွ်င္လုိစြာ ၾကားထဲကေန ကပ္သပ္ၿပီး စက္ဘီးနဲ႔ ျဖတ္သြားခဲ့တာ ျဖစ္ပါတယ္။ အမ်ားအားျဖင့္ေတာ့ ဒီမုိကေရစီရင့္သန္ေနတဲ့ ႏုိင္ငံႀကီးေတြမွာ တစ္ဦးခ်င္းရဲ႕ ဆႏၵနဲ႔ေပ်ာ္ရႊင္မႈေတြကိုလည္း ေလးစား လုိက္နာၾကပါတယ္။

ဥပမာအားျဖင့္ တစ္စုံတစ္ေယာက္ ဓာတ္ပုံ႐ုိက္ေနစဥ္ ျမင္ကြင္းထဲမွာ မေတာ္တဆ ကိုယ္က ရွိေနပါက ေနရာကေန ခ်က္ခ်င္းဖယ္ေပးတာတုိ႔ဟာ ျမင္ေနက် အျဖစ္အပ်က္ေလးေတြပါ။ အခုလုိ လူႏွစ္ေယာက္အတြက္ ႀကီးျမတ္လွတဲ့ တဒဂၤေလးမွာ ျမင္သူတုိင္း ဖ်က္လုိဖ်က္စီး လုပ္မွာမဟုတ္ပါဘူး။

ဒါေပမယ့္ ေနရာတုိင္း၊ လူတုိင္းမွာ အေျခခံ အတၱခ်င္း မတူညီတဲ့အတြက္ လက္ခံက်င့္သုံတဲ့ ယဥ္ေက်းမႈေတြကလည္း ျခြင္းခ်က္ေတြအေနနဲ႔ ရွိေနမွာ ျဖစ္ပါတယ္။ အခုအျဖစ္အပ်က္မွာ ကာယကံရွင္ေတြကေတာ့ Blake Martin (၂၅)ႏွစ္နဲ႔ ခ်စ္သူ Shannon Keene (၂၄)ႏွစ္တုိ႔ပါ။

Martin ဟာ ဓာတ္ပုံဆရာတစ္ဦးကို သူတုိ႔ရဲ႕ ေပ်ာ္စရာအခုိက္အတန္႔ေလး မွတ္တမ္းတင္ဖုိ႔ ငွားရမ္းခဲ့ေပမယ့္ ဒီစက္ဘီးျဖတ္စီးသြားတဲ့လူေၾကာင့္ အေႏွာက္အယွက္ ျဖစ္ခဲ့ရပါတယ္။ ဒါေပမယ့္ အေကာင္းျမင္တဲ့ Martin ကေတာ့ ” ဒါလည္း အမွတ္တရေပါ့ဗ်ာ “လုိ႔ ေျပာခဲ့ပါတယ္။

Credit:နတ္စည္ေတာ္ (MyanmarNote)

source : thesun.co.uk

 

Unicodeဖြင့်ဖတ်ရန်

 

လက်ထပ်ခွင့်တောင်းနေတဲ့ စုံတွဲကြားကိုမှ၊ စက်ဘီးနဲ့ ဖြတ်စီးသွားတဲ့ အမျိုးသား

 

စက်ဘီးစီး အမျိုးသားတစ်ဦးဟာ လက်ထပ်ခွင့်တောင်းနေတဲ့ စုံတွဲတစ်တွဲရဲ့ကြားကိုမှ မရမက ကပ်ကပ်သပ်သပ် စက်ဘီးနဲ့ ဖြတ်ပြီး စီးသွားခဲ့ပါတယ်။ တကယ်တော့ သမီးရည်းစားတွေအတွက် လက်ထပ်ခွင့်တောင်းတဲ့ အချိန်လေးဟာ ဘဝမှာ အကြီးမားဆုံး အမှတ်တရ အချိန်ပါ။

ဒါကို မိနစ်ပိုင်းလောက်လေးပင် မစောင့်နိုင်ဘဲ၊ အဲဒီအမျိုးသားက အလျှင်လိုစွာ ကြားထဲကနေ ကပ်သပ်ပြီး စက်ဘီးနဲ့ ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။ အများအားဖြင့်တော့ ဒီမိုကရေစီရင့်သန်နေတဲ့ နိုင်ငံကြီးတွေမှာ တစ်ဦးချင်းရဲ့ ဆန္ဒနဲ့ပျော်ရွှင်မှုတွေကိုလည်း လေးစား လိုက်နာကြပါတယ်။

ဥပမာအားဖြင့် တစ်စုံတစ်ယောက် ဓာတ်ပုံရိုက်နေစဉ် မြင်ကွင်းထဲမှာ မတော်တဆ ကိုယ်က ရှိနေပါက နေရာကနေ ချက်ချင်းဖယ်ပေးတာတို့ဟာ မြင်နေကျ အဖြစ်အပျက်လေးတွေပါ။ အခုလို လူနှစ်ယောက်အတွက် ကြီးမြတ်လှတဲ့ တဒင်္ဂလေးမှာ မြင်သူတိုင်း ဖျက်လိုဖျက်စီး လုပ်မှာမဟုတ်ပါဘူး။

ဒါပေမယ့် နေရာတိုင်း၊ လူတိုင်းမှာ အခြေခံ အတ္တချင်း မတူညီတဲ့အတွက် လက်ခံကျင့်သုံတဲ့ ယဉ်ကျေးမှုတွေကလည်း ခြွင်းချက်တွေအနေနဲ့ ရှိနေမှာ ဖြစ်ပါတယ်။ အခုအဖြစ်အပျက်မှာ ကာယကံရှင်တွေကတော့ Blake Martin (၂၅)နှစ်နဲ့ ချစ်သူ Shannon Keene (၂၄)နှစ်တို့ပါ။

Martin ဟာ ဓာတ်ပုံဆရာတစ်ဦးကို သူတို့ရဲ့ ပျော်စရာအခိုက်အတန့်လေး မှတ်တမ်းတင်ဖို့ ငှားရမ်းခဲ့ပေမယ့် ဒီစက်ဘီးဖြတ်စီးသွားတဲ့လူကြောင့် အနှောက်အယှက် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အကောင်းမြင်တဲ့ Martin ကတော့ ” ဒါလည်း အမှတ်တရပေါ့ဗျာ “လို့ ပြောခဲ့ပါတယ်။

Credit:နတ်စည်တော် (MyanmarNote)

source : thesun.co.uk

LEAVE A REPLY