Zawgyi ျဖင့္ဖတ္ရန္

 

ေရခ်ိဳးခန္း အတြင္းမွာ ဖုန္း အားသြင္း ကာ ေရခ်ိဳးေနရင္းနဲ႔ ဖုန္းအသံုးျပဳခဲ့တဲ့ အသက္ (၁၅)ႏွစ္အရြယ္ မိန္းကေလးတစ္ဦးဟာ ဓာတ္လိုက္ျပီး ေသဆံုးခဲ့ရပါတယ္။ အီရီနာလို႔ အမည္ရတဲ့ မိန္းကေလးဟာ ရုရွားႏိုင္ငံက ျဖစ္ျပီး ေက်ာင္းသူတစ္ဦးလည္း ျဖစ္ပါတယ္။ ဒါ့ျပင္ သူမဟာ
ဘက္စံုသံုးကိုယ္ခံပညာျပိဳင္ပြဲရဲ႕ ခ်န္ပီယံတစ္ဦးလည္း ျဖစ္ျပီး ရုရွားလက္ေ၀ွ႕လက္ေရြးစင္ကစားသမားလည္း ျဖစ္ပါတယ္။

သူမရဲ႕ ေနအိမ္မွာ ျဖစ္ပြားခဲ့တာျဖစ္ျပီး Bath Tub အတြင္းမွာပဲ ေသဆံုးေနခဲ့တာ ျဖစ္ပါတယ္။ သူမေသဆံုးခ်ိန္မွာေတာ့ သူမအသံုးျပဳေနတဲ့ အိုင္ဖုန္းကို အားသြင္းရင္း ဖုန္းအသံုးျပဳထားတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ သူမရဲ႕ သူငယ္ခ်င္းတစ္ဦး ေျပာဆိုမႈအရ သူမဟာ ကမၻာ့
ခ်န္ပီယံတစ္ဦးျဖစ္ဖို႔ ရည္ရြယ္ထားတယ္လို႔လည္း ဆိုပါတယ္။

 

အီရီနာရဲ႕ အစ္မျဖစ္သူ အသက္ (၂၅)ႏွစ္အရြယ္ ကိုဆိုမိုစကာရာကေတာ့ သူမရဲ႕ ညီမဟာ လွပေခ်ာေမာျပီး သူငယ္ခ်င္းအမ်ားအျပား ရွိတယ္လို႔ ဆိုပါတယ္။ အီရီနာဟာ သူမရဲ႕ ပတ္၀န္းက်င္မွာေတာ့ လူခ်စ္လူခင္ေပါမ်ားသူျဖစ္ျပီး အားလံုးရဲ႕ အထင္ၾကီးေလးစားမႈကိုလည္း ရရွိ
ထားသူလို႔ သိရပါတယ္။

ရုရွားႏီုင္ငံမွာလည္း ေရခ်ိဳးရင္းနဲ႔ ဖုန္းကို အသံုးျပဳတာက အႏၱရာယ္ၾကီးမားတယ္လို႔ မၾကာခဏဆိုသလို သတိေပးေျပာဆိုမႈေတြ ျပဳလုပ္ေနတာျဖစ္ပါတယ္။ ဒီလိုအျဖစ္အပ်က္ေတြဟာ ရုရွားႏိုင္ငံမွာ မၾကာခဏဆိုသလို ျဖစ္ပြားေနျပီးေတာ့ ျပီးခဲ့တဲ့ ေဖေဖာ္၀ါရီလအတြင္းကလည္း
ေရခ်ိဳးရင္ သီခ်င္းနားေထာင္ေနရာမွ ဖုန္းအားသြင္းခဲ့မိလို႔ အသက္ (၁၂)အရြယ္ ကေလးတစ္ဦး အသက္ေသဆံုးခဲ့ပါေသးတယ္။

အီရီနာ ေသဆုံးမႈအတြက္ သူမရဲ႕ အားကစားေဖာ္မ်ား၊ ေက်ာင္းက သူငယ္ခ်င္းေတြက ၀မ္းနည္းေၾကကြဲခဲ့ၾကျပီး အခုလို ခ်န္ပီယံတစ္ေယာက္ လူ႔ေလာကကေန ေစာလ်င္စြာ ထြက္ခြာခဲ့ရတဲ့အေပၚ ၀မ္းနည္းမိတယ္လို႔ ေၾကျငာစာ ထုတ္ျပန္ခဲ့ပါတယ္။ အသက္အရြယ္ ငယ္ရြယ္ျပီး
ေတာက္ပတဲ အနာဂတ္ကို ပိုင္ဆိုင္ထားေပမယ့္လည္း မိုဘိုင္းဖုန္း မဆင္မျခင္ အသံုးျပဳမႈက သူမရဲ႕ ဘ၀ကို ျမန္ျမန္ဆန္ဆန္ပဲ အဆံုးသတ္သြားေစခဲ့ပါတယ္။

Credit : shweinnlay

Unicode ဖြင့်ဖတ်ရန်

ရေချိုးခန်း ထဲ အားသွင်းနေရင်း ဖုန်းအသုံးပြုလို့ သေဆုံးခဲ့ရတဲ့ ရုရှား မိန်းမပျိုလေး

ရေချိုးခန်း အတွင်းမှာ ဖုန်း အားသွင်း ကာ ရေချိုးနေရင်းနဲ့ ဖုန်းအသုံးပြုခဲ့တဲ့ အသက် (၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ ဓာတ်လိုက်ပြီး သေဆုံးခဲ့ရပါတယ်။ အီရီနာလို့ အမည်ရတဲ့ မိန်းကလေးဟာ ရုရှားနိုင်ငံက ဖြစ်ပြီး ကျောင်းသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့ပြင် သူမဟာ
ဘက်စုံသုံးကိုယ်ခံပညာပြိုင်ပွဲရဲ့ ချန်ပီယံတစ်ဦးလည်း ဖြစ်ပြီး ရုရှားလက်ဝှေ့လက်ရွေးစင်ကစားသမားလည်း ဖြစ်ပါတယ်။

သူမရဲ့ နေအိမ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး Bath Tub အတွင်းမှာပဲ သေဆုံးနေခဲ့တာ ဖြစ်ပါတယ်။ သူမသေဆုံးချိန်မှာတော့ သူမအသုံးပြုနေတဲ့ အိုင်ဖုန်းကို အားသွင်းရင်း ဖုန်းအသုံးပြုထားတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ သူမရဲ့ သူငယ်ချင်းတစ်ဦး ပြောဆိုမှုအရ သူမဟာ ကမ္ဘာ့
ချန်ပီယံတစ်ဦးဖြစ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

အီရီနာရဲ့ အစ်မဖြစ်သူ အသက် (၂၅)နှစ်အရွယ် ကိုဆိုမိုစကာရာကတော့ သူမရဲ့ ညီမဟာ လှပချောမောပြီး သူငယ်ချင်းအများအပြား ရှိတယ်လို့ ဆိုပါတယ်။ အီရီနာဟာ သူမရဲ့ ပတ်ဝန်းကျင်မှာတော့ လူချစ်လူခင်ပေါများသူဖြစ်ပြီး အားလုံးရဲ့ အထင်ကြီးလေးစားမှုကိုလည်း ရရှိ
ထားသူလို့ သိရပါတယ်။

ရုရှားနီုင်ငံမှာလည်း ရေချိုးရင်းနဲ့ ဖုန်းကို အသုံးပြုတာက အန္တရာယ်ကြီးမားတယ်လို့ မကြာခဏဆိုသလို သတိပေးပြောဆိုမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေဟာ ရုရှားနိုင်ငံမှာ မကြာခဏဆိုသလို ဖြစ်ပွားနေပြီးတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း
ရေချိုးရင် သီချင်းနားထောင်နေရာမှ ဖုန်းအားသွင်းခဲ့မိလို့ အသက် (၁၂)အရွယ် ကလေးတစ်ဦး အသက်သေဆုံးခဲ့ပါသေးတယ်။

အီရီနာ သေဆုံးမှုအတွက် သူမရဲ့ အားကစားဖော်များ၊ ကျောင်းက သူငယ်ချင်းတွေက ဝမ်းနည်းကြေကွဲခဲ့ကြပြီး အခုလို ချန်ပီယံတစ်ယောက် လူ့လောကကနေ စောလျင်စွာ ထွက်ခွာခဲ့ရတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ ကြေငြာစာ ထုတ်ပြန်ခဲ့ပါတယ်။ အသက်အရွယ် ငယ်ရွယ်ပြီး
တောက်ပတဲ အနာဂတ်ကို ပိုင်ဆိုင်ထားပေမယ့်လည်း မိုဘိုင်းဖုန်း မဆင်မခြင် အသုံးပြုမှုက သူမရဲ့ ဘဝကို မြန်မြန်ဆန်ဆန်ပဲ အဆုံးသတ်သွားစေခဲ့ပါတယ်။

Credit : shweinnlay