Zawgyiျဖင့္ဖတ္ရန္

 

ေရႊအိမ္စည္ တစ္ေယာက္ ကေတာ့ သူ႕ရဲ႕ ခါးသီးလွတဲ့ ျပိဳင္ပြဲထဲက ေန႕ရက္ေတြကို ပရိသတ္ေတြအားေပးမႈ နဲ႕ အံၾကိတ္ရင္ဆိုင္ေနခဲ့ရတယ္ လို႕ သူ႕ရဲ႕ အသိုင္းအ၀ိုင္း က ဒီေန႔မွဖြင့္ခ်လိုက္ပါတယ္။ ျပိဳင္ပြဲတစ္ေလွ်ာက္ မွာ အိမ္စည္႔ ရဲ႕ ျပိဳင္ပြဲၾကီးၾကပ္သူေတြက ထိေရာက္တဲ့ ပံ့ပိုးမႈေတြကို မလုပ္ၾကတဲ့အျပင္ အိမ္စည့္ရဲ႕ စိတ္ဓာတ္ကို ရိုက္ခ်ိဳးဖို႕အထိ ၾကိဳးစားခဲ့ၾကတယ္လို႕ဆိုပါတယ္။

ျပိဳင္ပြဲကာလတစ္ေလွ်ာက္လံုး မွာ အိမ္စည့္ရဲ႕ အဖြဲ႕အစည္း(Miss Supranational Myanmar Organization ) အေနနဲ႕ Miss တစ္ေယာက္ ၀တ္ဆင္ရမယ့္ အ၀တ္အထည္ ေတြကို စီစဥ္မေပးတဲ့ အတြက္ ရွိတဲ့ အ၀တ္ေတြကိုပဲ ၀တ္ခဲ့ရေၾကာင္း ၊ ယေန႕ည မွ ၀တ္ဆင္ရမယ့္ ၀တ္စံု ကို လည္း ပို႕မေပးတဲ့ အတြက္ ပြဲၾကီးအတြက္ ၀တ္ဆင္စရာမရွိေၾကာင္း စတဲ့ အဖြဲ႕အစည္းတစ္ခု ရဲ႕ ပ်က္ကြက္ခဲ့တဲ့ တာ၀န္ေတြကို မီးေမာင္းထိုးေရးသားထားပါတယ္။

အိမ္စည့္ မိခင္ ေဒၚနီလာရည္ ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာလည္း အဆိုပါ ေဖာ္ျပခ်က္ ကိုျပန္လည္မွ်ေ၀ထားသလို “ရွိတဲ့အထုပ္ဆြဲေျပးရတာမို႔. လိုအပ္တာေတြကိုခြင့္လႊတ္ နားလည္ေပးၿပီး အျပင္းအထန္အားေပးၾကလို႔ေက်းဇူးတင္ပါတယ္” လို႕ ေရးသားထားတာကိုေတြ႕ရပါတယ္။ အိမ္စည့္ရဲ႕ ပရိသတ္ေတြအေပၚထားတဲ့ စိတ္ထားအတြက္ ၀န္းရံေပးၾကရေအာင္ပါရွင္။

Source – NiLar Yi

Credit -Nay Madhuri

Unicodeဖြင့်ဖတ်ရန်

 

ခါးသီးလှတဲ့ ပြိုင်ပွဲထဲက နေ့ရက်တွေကို ဖွင့်ချလိုက်တဲ့ အိမ်စည် ရဲ့ အသိုင်းအဝိုင်း

 

ရွှေအိမ်စည် တစ်ယောက် ကတော့ သူ့ရဲ့ ခါးသီးလှတဲ့ ပြိုင်ပွဲထဲက နေ့ရက်တွေကို ပရိသတ်တွေအားပေးမှု နဲ့ အံကြိတ်ရင်ဆိုင်နေခဲ့ရတယ် လို့ သူ့ရဲ့ အသိုင်းအဝိုင်း က ဒီနေ့မှဖွင့်ချလိုက်ပါတယ်။ ပြိုင်ပွဲတစ်လျှောက် မှာ အိမ်စည့် ရဲ့ ပြိုင်ပွဲကြီးကြပ်သူတွေက ထိရောက်တဲ့ ပံ့ပိုးမှုတွေကို မလုပ်ကြတဲ့အပြင် အိမ်စည့်ရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးဖို့အထိ ကြိုးစားခဲ့ကြတယ်လို့ဆိုပါတယ်။

ပြိုင်ပွဲကာလတစ်လျှောက်လုံး မှာ အိမ်စည့်ရဲ့ အဖွဲ့အစည်း(Miss Supranational Myanmar Organization ) အနေနဲ့ Miss တစ်ယောက် ဝတ်ဆင်ရမယ့် အဝတ်အထည် တွေကို စီစဉ်မပေးတဲ့ အတွက် ရှိတဲ့ အဝတ်တွေကိုပဲ ဝတ်ခဲ့ရကြောင်း ၊ ယနေ့ည မှ ဝတ်ဆင်ရမယ့် ဝတ်စုံ ကို လည်း ပို့မပေးတဲ့ အတွက် ပွဲကြီးအတွက် ဝတ်ဆင်စရာမရှိကြောင်း စတဲ့ အဖွဲ့အစည်းတစ်ခု ရဲ့ ပျက်ကွက်ခဲ့တဲ့ တာဝန်တွေကို မီးမောင်းထိုးရေးသားထားပါတယ်။

အိမ်စည့် မိခင် ဒေါ်နီလာရည် ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း အဆိုပါ ဖော်ပြချက် ကိုပြန်လည်မျှဝေထားသလို “ရှိတဲ့အထုပ်ဆွဲပြေးရတာမို့. လိုအပ်တာတွေကိုခွင့်လွှတ် နားလည်ပေးပြီး အပြင်းအထန်အားပေးကြလို့ကျေးဇူးတင်ပါတယ်” လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ အိမ်စည့်ရဲ့ ပရိသတ်တွေအပေါ်ထားတဲ့ စိတ်ထားအတွက် ဝန်းရံပေးကြရအောင်ပါရှင်။

Source – NiLar Yi

Credit -Nay Madhuri

LEAVE A REPLY