Zawgyi ျဖင့္ဖတ္ရန္

ဒိုက္ဦးၿမိဳ႕နယ္တြင္ စကၤာပူမွ ျပန္လာသည့္ အိမ္အကူ လုပ္ကိုင္သူ အမ်ိဳးသမီးထံမွ က်ပ္ 10000 တန္ေငြစကၠဴအတု 154 ႐ြက္ကို ဖမ္းဆီးရမိခဲ့ေၾကာင္း ဒိုက္ဦးၿမိဳ႕နယ္ေျမရဲစခန္းမွ သိရသည္။

ဒီဇင္ဘာ ၆ ရက္ေန႔ညက ပဲခူးတိုင္းေဒသႀကီး ဒိုက္ဦးၿမိဳ႕နယ္ စစ္ဗိုလ္ႀကီး ေက်း႐ြာ အုပ္စု လယ္ၾကားေျမာင္း ေက်း႐ြာတြင္ စင္ကာပူမွ ျပန္လာေသာ အမ်ိဳးသမီးတစ္ဦးထံမွ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

လယ္ၾကားေျမာင္း ေက်း႐ြာတြင္ ေနထိုင္ေသာ ေနာ္ေသာသြဲ႕ထူး (၂၅)ႏွစ္မွာ 10000 တန္ေငြစကၠဴအတုမ်ား ကိုင္ေဆာင္သုံးစြဲေနေၾကာင္း သတင္းအရ ဒိုက္ဦးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ မြန္းလြဲ (၂) နာရီခန႔္တြင္ ၎၏ေနအိမ္အား သက္ေသမ်ားႏွင့္ အတူ သြားေရာက္ရွာေဖြစစ္ေဆးရာ အဝတ္အစားအိပ္ေပၚတြင္ တင္ထားေသာ ဇစ္ပါေသာ ေဘးလြယ္အိတ္အတြင္းရွိ MANU LIFE စာတမ္းပါ လက္ကိုင္အိတ္အတြင္းမွ AE – ကင ႏွင့္ AG – ကဆ အကၡရာပါ 10000တန္ 154 ႐ြက္အား ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း ဒိုက္ဦးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ သိရသည္။

“သူက စင္ကာူမွာ အလုပ္လုပ္ၿပီး ျပန္လာေတာ့ သူ႔သူေဌးက သူ႔လုပ္အားခကို ျမန္မာေငြနဲ႔ လဲေပးလိုက္လို႔ ယူလာတာ။ 29 သိန္း နဲ႔ 6 ေသာင္းပါလာတာ ဒီေရာက္ေတာ့ အေႂကြးဆပ္တာ ေဈးဝယ္တာေတြ လုပ္တယ္။ ခုေတာ့ က်န္တဲ့ေငြကို သိမ္းဆည္းခဲ့ပါတယ္” လို႔ ဒိုက္ဦးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉးက ေျပာသည္။

အမႈႏွင့္ ပတ္သတ္ၿပီး ေငြစကၠဴအတု ကိုင္ေဆာင္သူ ေနာ္ေသာသြဲ႕ထူးအား ဒိုက္ဦးၿမိဳ႕နယ္ရဲစခန္းတြင္ (ပ) ၁၄၂၀/၂၀၁၈ ျမန္မာႏိုင္ငံ ဗဟိုဘဏ္ဥပေဒ ၁၀၅။၁၀၆ ျဖင့္ အမႈဖြင့္ထားၿပီး အေရးယူႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရပါသည္။

Credit – apyarkoko (မဟာ ေခတ္သစ္မီဒီယာ)

Unicode ဖြင့်ဖတ်ရန်

စင်ကာပူ မှာ ပင်ပင်ပန်းပန်း အိမ်ဖော် လုပ်ပြီး ပြန်လာချိန်မှာ ရလာတဲ့ လုပ်အားခကအတုတွေဖြစ်နေလို့ အဖမ်းခံလိုက်ရတဲ့ မိန်းကလေး

ဒိုက်ဦးမြို့နယ်တွင် စင်္ကာပူမှ ပြန်လာသည့် အိမ်အကူ လုပ်ကိုင်သူ အမျိုးသမီးထံမှ ကျပ် 10000 တန်ငွေစက္ကူအတု 154 ရွက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဒိုက်ဦးမြို့နယ်မြေရဲစခန်းမှ သိရသည်။

ဒီဇင်ဘာ ၆ ရက်နေ့ညက ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် စစ်ဗိုလ်ကြီး ကျေးရွာ အုပ်စု လယ်ကြားမြောင်း ကျေးရွာတွင် စင်ကာပူမှ ပြန်လာသော အမျိုးသမီးတစ်ဦးထံမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

လယ်ကြားမြောင်း ကျေးရွာတွင် နေထိုင်သော နော်သောသွဲ့ထူး (၂၅)နှစ်မှာ 10000 တန်ငွေစက္ကူအတုများ ကိုင်ဆောင်သုံးစွဲနေကြောင်း သတင်းအရ ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှ မွန်းလွဲ (၂) နာရီခန့်တွင် ၎င်း၏နေအိမ်အား သက်သေများနှင့် အတူ သွားရောက်ရှာဖွေစစ်ဆေးရာ အဝတ်အစားအိပ်ပေါ်တွင် တင်ထားသော ဇစ်ပါသော ဘေးလွယ်အိတ်အတွင်းရှိ MANU LIFE စာတမ်းပါ လက်ကိုင်အိတ်အတွင်းမှ AE – ကင နှင့် AG – ကဆ အက္ခရာပါ 10000တန် 154 ရွက်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

“သူက စင်ကာူမှာ အလုပ်လုပ်ပြီး ပြန်လာတော့ သူ့သူဌေးက သူ့လုပ်အားခကို မြန်မာငွေနဲ့ လဲပေးလိုက်လို့ ယူလာတာ။ 29 သိန်း နဲ့ 6 သောင်းပါလာတာ ဒီရောက်တော့ အကြွေးဆပ်တာ ဈေးဝယ်တာတွေ လုပ်တယ်။ ခုတော့ ကျန်တဲ့ငွေကို သိမ်းဆည်းခဲ့ပါတယ်” လို့ ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။

အမှုနှင့် ပတ်သတ်ပြီး ငွေစက္ကူအတု ကိုင်ဆောင်သူ နော်သောသွဲ့ထူးအား ဒိုက်ဦးမြို့နယ်ရဲစခန်းတွင် (ပ) ၁၄၂၀/၂၀၁၈ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေ ၁၀၅။၁၀၆ ဖြင့် အမှုဖွင့်ထားပြီး အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

Credit – apyarkoko (မဟာ ခေတ်သစ်မီဒီယာ)