Zawgyiျဖင့္ဖတ္ရန္

 

စပြန္ဆာ ေပးဖို႔ အြန္လိုင္းကေန ခ်ိတ္ဆက္လာတဲ့ အမ်ိဳးသားေတြဟာ စပြန္ဆာေတာင္းမယ့္ အမ်ိဳးသမီးေတြရဲ႕ အေကာင့္ေတြကို ေသခ်ာစစ္ေဆးၿပီးမွ ေတာင္းတတ္ၾကတယ္။

ရန္ကုန္၊ ႏိုဝင္ဘာ ၂၈ – အသက္ ၃၈ ႏွစ္ အ ႐ြယ္ single mother အျဖစ္ ရပ္တည္ ေနတဲ့ ကုမၺဏီပိုင္ရွင္ မႏြယ္နီ (အမည္ လႊဲ)ရဲ႕ မက္ဆင္ဂ်ာကို အမ်ိဳးသားပုံ တစ္ပုံပါတဲ့ ပ႐ိုဖိုင္ပုံတစ္ခုက စာနဲ႔ ဓာတ္ ပုံ သုံးပုံပို႔လာခဲ့တဲ့အတြက္ ဘယ္သူလဲ ဆိုၿပီး ဖြင့္ၾကည့္လိုက္ပါတယ္။

သူ႔ဆီကို ေရာက္လာတဲ့ စာသား ေတြကေတာ့ “မမေရ စပြန္ဆာလိုခ်င္ လို႔ပါ၊ ေက်ာင္းလာတက္ေနလို႔ ေငြလို လို႔ပါ၊ မမ သေဘာက်ျဖည့္ဆည္းေပးပါ မယ္၊ ညအိပ္လဲရပါတယ္”လို႔ ေရးထား တဲ့ သည္စာသားေတြေၾကာင့္ မႏြယ္နီ တစ္ေယာက္ လန႔္သြားပါတယ္။

မႏြယ္နီဟာ လူမႈကြန္ရက္ေပၚမွာ ပုံ ေတြတင္ေလ့ရွိသူတစ္ဦး မဟုတ္ပါဘူး။ သူ႔အေကာင့္မွာ ေတာ္႐ုံမသိသူေတြကို သူငယ္ခ်င္းအျဖစ္ လက္မခံသလို အမ်ိဳး သားေတြကို ျဖားေယာင္းတဲ့ စာသား ေတြကိုလည္း တစ္ခါမွ မတင္ဖူးသလို သမီးျဖစ္သူနဲ႔ ႏွစ္ေယာက္တြဲပုံေတြသာ အမ်ားအျပား တင္ဖူးတာပါ။

“ကြၽန္မ တအားလန႔္သြားတယ္၊ ေနာက္က်မွ သိရတာက ဒီေကာင္ေလး ေတြရဲ႕ သူငယ္ခ်င္းေတြက ေဖ့စ္ဘုတ္ခ္ ေပၚကေန စပြန္ဆာရွာၾကလို႔၊ သူလဲ ကိုယ္တိုင္ရွာတာလို႔ ေျပာတယ္၊ ကြၽန္မ က ေနာက္ထပ္စာေတြ ထပ္ပို႔မယ္ဆို လိုင္းေပၚမွာ တင္လိုက္ရမလားဆိုေတာ့ မွ စာပို႔တာေတြရပ္သြားတာ၊ ငယ္ငယ္ ေခ်ာေခ်ာေလးေတြ၊ ပ်က္စီးေနၾကတာ”လို႔ သူကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရတာကို ျပန္ ေျပာျပပါတယ္။

လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚ မွာလည္း အမ်ိဳးသမီးေတြအျပင္ အမ်ိဳး သားေတြအတြက္ စပြန္ဆာရွာေပးတဲ့ အက်ိဳးေဆာင္ေပ့ခ်္ေတြ အမ်ားအျပား ရွိေနၾကေပမဲ့ သည္ေနာက္ပိုင္းေတြမွာ ေတာ့ စပြန္ဆာလိုခ်င္သူေတြကိုယ္တိုင္ ေငြေၾကးခ်မ္းသာတဲ့ လူလတ္ပိုင္းအ ႐ြယ္ အမ်ိဳးသမီးေတြကို ပစ္မွတ္ထား လာၾကပါတယ္။

စပြန္ဆာနဲ႔ လိင္လုပ္သားမတူဘူး လို႔ သူတို႔ကိုယ္တိုင္ခြဲျခားထားၿပီး အခ်ိန္ ပိုင္း၊ လျပတ္၊ တစ္ႏွစ္တစ္ခါပုံစံမ်ိဳးနဲ႔ စပြန္ဆာေပးဖို႔ ေတာင္းဆိုလာၾကတယ္ လို႔ စပြန္ဆာေပးဖို႔ စာပို႔ခံရသူအမ်ိဳးသ မီး ရွစ္ဦးခန႔္ရဲ႕ ေျပာျပခ်က္အရ သိရပါ တယ္။

တစ္လကို ငါးရက္အတူေနေပးရင္ ေဈးတစ္မ်ိဳး၊ နယ္ေဝးေတြသြားတဲ့အ ခါ အတူလိုက္ေပးတာ၊ တစ္ပတ္ကို သုံး ႀကိမ္အတူေနေပးရင္ ေဈးအမ်ိဳးမ်ိဳးနဲ႔ သတ္မွတ္ထားၾကပါတယ္။စပြန္ဆာလိုခ်င္လို႔ မက္ေဆ့ခ်္က ေန ဆက္သြယ္လာသူေတြက အသက္ ၂၀ ေက်ာ္ကေန ၃၅ ႏွစ္ေတြ အမ်ားဆုံး ျဖစ္ေနၾကၿပီး စပြန္ဆာယူဖို႔ ေတာင္းခံ တဲ့ အေၾကာင္းျပခ်က္ေတြကလည္း အ မ်ိဳးမ်ိဳးပါပဲ။

မိသားစုဝမ္းေရးျဖည့္ဆည္းေပးဖို႔ ေငြလိုလို႔၊ နယ္ေဝးကေန ေက်ာင္းလာ တက္ၿပီး ေငြေၾကးမေလာက္လို႔၊ လက္ ရွိ အ လုပ္ အ ကိုင္ နဲ႔ အ သုံး စ ရိတ္ မေလာက္လို႔ ေငြလိုလို႔၊ မိဘေတြကို ေဆးဖိုးေထာက္ပံ့ေပးဖို႔ ေငြလိုလို႔၊ တခ်ိဳ႕ကလဲ သင္တန္းတက္ခ်င္တာ၊ အႏုပညာအလုပ္လုပ္ခ်င္လို႔စတဲ့ အ ေၾကာင္းျပခ်က္ေတြနဲ႔ စပြန္ဆာေပးဖို႔ ဆက္သြယ္လာၾကပါတယ္။

အြန္လိုင္းေပၚက စပြန္ဆာခ်ိတ္ေပး ေနတဲ့ ေပ့ခ်္ေတြမွာလည္း အမ်ိဳးသား ငယ္ေတြက စပြန္ဆာ လိုခ်င္တယ္ဆိုၿပီး ခ်ိတ္ဆက္မႈေတြ ရွိေနပါတယ္။ သည္ ေပ့ခ်္ေတြ က ေန ခ်ိတ္ပါက အက်ိဳး ေဆာင္ခ ၂၀ ရာခိုင္ႏႈန္းကေန ၃၀ ရာခိုင္ ႏႈန္းေလာက္အထိ ေပးရတာေၾကာင့္ ေငြေၾကးတတ္ႏိုင္တဲ့ သူေတြရဲ႕ မက္ ေဆ့ခ်္ေတြထံ စပြန္ဆာလိုခ်င္တယ္ဆို ၿပီး ခ်ိတ္ဆက္လာၾကတယ္လို႔ သိရပါ တယ္။

အသက္ ၄၅ ႏွစ္အ႐ြယ္ မေအးျမတ္ သူဟာ ကေလးႏွစ္ဦးရဲ႕အေမ စီးပြားေရး လုပ္ငန္းလုပ္ကိုင္ေနသူတစ္ေယာက္ပါ။ အမ်ိဳးသားက သေဘၤာကုမၺဏီတစ္ခုမွာ အရာရွိလုပ္ေနသူပါ။

သူ႔ကိုယ္ပိုင္ သုံး ေနတဲ့အေကာင့္မွာ မိသားစုပုံေတြတင္ တာ၊ လုပ္ငန္းက ဝန္ထမ္းေတြနဲ႔ ခရီး အတူသြားတဲ့ ပုံေတြတင္တာ၊ ဒါေတြကို သာ တင္တာမ်ားေပမဲ့ စပြန္ဆာလိုခ်င္ တယ္ဆိုၿပီး အသက္ ၂၀ ေက်ာ္အ႐ြယ္ အမ်ိဳးသားတစ္ဦးရဲ႕ မက္ေဆ့ခ်္ ပို႔ျခင္းခံခဲ့ရတယ္လို႔ သူက ေျပာျပပါ တယ္။

“ကိုယ္တိုင္က လွလွပပေနတယ္၊ ဝန္ထမ္းေတြနဲ႔ပုံတင္တယ္၊ မိသားစုပုံ အမ်ိဳးသားဆီက လက္ေဆာင္ရတဲ့ အ မွတ္တရေတြပဲ တင္ျဖစ္တာပါ၊ ဒါကို ဘယ္ကေနဘယ္လိုအေကာင့္ကို ေတြ႕ သြားလဲ မသိဘူး၊ စပြန္ဆာလိုခ်င္တယ္ ဆိုၿပီး ဆက္သြယ္လာတာ၊ ဖုန္းနဲ႔ပါ ဆက္သြယ္တာ၊ ေတာ္ေတာ္အံ့ၾသရ တယ္၊ လူငယ္ေတြ အလုပ္မႀကိဳးစားဘဲ အလြယ္လမ္းရွာေနၾကတယ္”လို႔ သူ ေတြ႕ႀကဳံရတဲ့ အေတြ႕အႀကဳံကို ေျပာျပ ပါတယ္။

ေတာင္းတဲ့ ေဈးေတြကလည္း အ မ်ိဳးမ်ိဳး၊ လအလိုက္ဆိုတစ္လကို အ နည္းဆုံး သုံးသိန္းကေန ၁၀ သိန္းအထိ ေတာင္းဆိုတတ္ၾကပါတယ္။ သူတို႔မွာ ဘာေရာဂါမွ မရွိေၾကာင္း ေဆးအစစ္ ခံႏိုင္တယ္လို႔ ေျပာဆိုတာ၊ မွတ္ပုံတင္၊ ေက်ာင္းသားကတ္ေတြနဲ႔ နမူနာျပၿပီး စပြန္ဆာေပးဖို႔ ေတာင္းဆိုတတ္ၾကပါတယ္။

အြန္လိုင္းေပၚကေန စပြန္ဆာခ်ိတ္ ဆက္ေပးတဲ့ ေပ့ခ်္ေတြမွာေတာ့ စည္း ကမ္းခ်က္သတ္မွတ္ထားၿပီး စပြန္ဆာ ခ်ိတ္ဆက္လိုသူနဲ႔ စပြန္ဆာေပးမယ့္သူ ေတြ အမ်ိဳးသမီးေတြကို ဖိတ္ေခၚပါ တယ္။

တခ်ိဳ႕ေပ့ခ်္ေတြမွာ ေရးထားတဲ့ စာ ေတြကေတာ့ ပုံမွန္ခ်ိတ္ဆက္ျခင္း မဟုတ္ဘဲ လက္ေ႐ြးစင္ အျဖစ္ တိက်စြာ စိစစ္ေ႐ြးခ်ယ္ၿပီး ခ်ိတ္ဆက္ပါမယ္၊ လုံ ၿခဳံမႈ သတင္းမေပါက္ၾကားဖို႔အတြက္ ရာခိုင္ႏႈန္းျပည့္အာမခံပါသည္။ ေအာက္ ပါ အခ်က္မ်ားႏွင့္ ျပည့္စုံရပါမယ္။

(၁) ႐ုပ္ရည္ေခ်ာေမာၿပီး အသားလတ္ သူ အသားျဖဴသူ ျဖစ္ရပါမယ္။ (၂) ပိန္ လြန္းသူဝလြန္းသူ ပုလြန္းသူ မျဖစ္ရပါ။ (၃) လူမႈေရး အရႈပ္အရွင္းကင္းသူ အိမ္ ေထာင္ မရွိသူ ျဖစ္ရပါမယ္။ (၄) ညအိပ္ ထြက္ႏိုင္သူ ရံဖန္ရံခါ ခရီးသြားလာ ႏိုင္သူ ျဖစ္ရပါမယ္။ (၅) အခ်ိန္ တိက်သူ၊ ကတိတည္သူ၊ စကားတည္တံ့သူျဖစ္ ရပါမယ္။(ဗေလာင္းဗလဲ ေျပာတတ္သူ မျဖစ္ရ။)

(၆) ေက်ာင္းသူသို႔မဟုတ္ ဝန္ ထမ္းျဖစ္ေၾကာင္း အေထာက္အထား ျပႏိုင္ရပါမယ္။ (ေကတီဗီ၊ မာဆတ္၊ ကလပ္နဲ႔ စီးပြားေရးအရ လုပ္စားသူမ်ား လက္မခံပါ။ အမွန္တကယ္ ေငြေၾကး အခက္အခဲကို ေျဖရွင္းလိုသူသာ ျဖစ္ရ ပါမယ္။) ၇။ လက္ရွိ အျခား admin မ်ား agency မ်ားနဲ႔ လက္တြဲခ်ိတ္ဆက္အ လုပ္လုပ္ေနသူ မျဖစ္ရပါ။ ၈။ ကူးစက္ ေရာဂါ တစ္မ်ိဳးမ်ိဳးရွိသူ မျဖစ္ရပါ (ေဆး စစ္ပါမည္။) ၉။ အေနအထိုင္ အေျပာ အဆို သိမ္ေမြ႕သူ ျဖစ္ရပါမည္။ အ ထက္ပါ အခ်က္အလက္နဲ႔ ျပည့္စုံသူမ်ား

c b တြင္ လုံၿခဳံစြာ လာေရာက္ ေဆြးေႏြးတိုင္ပင္ႏိုင္ပါတယ္။ စိတ္ေက်နပ္မွ အ လုပ္လုပ္ပါ။ ကိုယ္ေရးအခ်က္အလက္ မ်ားမေပါက္ၾကားဖို႔နဲ႔ လုံၿခဳံေရးအတြက္ စိတ္ေအးေအးထားပါ။ အတိက်ဆုံး အ လုံၿခဳံဆုံးျဖစ္ေအာင္ ခ်ိတ္ဆက္ေရး သက္တမ္းေလးႏွစ္ေက်ာ္ mt sponsor မွ စီစဥ္ေပးပါမယ္။

တစ္လကို ငါး သိန္းႏွင့္ ဆယ္သိန္းၾကား ရရွိပါမယ္ဆို ၿပီး ေၾကာ္ျငာထားတာလည္း ရွိပါတယ္။သည္လို ေပ့ခ်္မ်ိဳး ၃၀ ေက်ာ္ ရွိေန ၿပီး တခ်ိဳ႕ကေတာ့ ေပ့ခ်္ေတြကေန ခ်ိတ္ တာထက္ ကိုယ္တိုင္ စိတ္ဝင္စားလို႔ ခ်ိတ္တာေတြက ပိုၿပီး အဆင္ေျပတယ္ လို႔ စပြန္ဆာခ်ိတ္ဖူးသူ ေက်ာင္းသား တစ္ဦးက ေျပာပါတယ္။

သူ႔ရဲ႕ ေျပာၾကားခ်က္အရ အသက္ ၄၀ အ႐ြယ္တစ္ခုလတ္အမ်ိဳးသမီးဆီ ကေန တစ္လကို ေလးသိန္းနဲ႔ တစ္ႏွစ္ တိတိ အတူေနေပးရတယ္လို႔ ဆိုပါ တယ္။ ႏိုင္ငံျခား ခရီးစဥ္ေတြသြားတာ၊ အပန္းေျဖခရီးသြားတာေတြပါ တြဲလုပ္ ေပးရၿပီး တစ္လေလးႀကိမ္ေလာက္ အ တူေနထိုင္ေပးရတယ္လို႔ သူက ေျပာပါ တယ္။

သည္လို စပြန္ဆာ ေတာင္းခံရတဲ့ သူေတြကေတာ့ အမ်ားအားျဖင့္ လူသိ မွာ စိုးတာရယ္ေၾကာင့္ အေကာင့္ေတြကို ဘေလာ့ၾကတာ၊ အခ်ိဳ႕အမ်ိဳးသမီးေတြ က အေကာင့္ဘေလာ့တာေတြ မလုပ္ ဘဲ စာထပ္မပို႔ဖို႔အေၾကာင္း၊ သူတို႔ဟာ သည္ လို မိန္း မ အ မ်ိဳး အ စား မ ဟုတ္ ေၾကာင္းေတြကို ရွင္းျပတာေတြလည္း ရွိေနၾကတယ္လို႔ဆိုပါတယ္။

စပြန္ဆာေတာင္းသူ အမ်ိဳးသားအ မ်ားစုကေတာ့ သူတို႔ရဲ႕ ဓာတ္ပုံနဲ႔ ကိုယ္ ေရးအက်ဥ္း ေလာက္သာပို႔ၿပီး ညစ္ ညမ္းပုံေတြ မပို႔ဘဲ ယဥ္က်းတဲ့ ပုံစံနဲ႔ သာ ေျပာဆိုတတ္ၾကတယ္လို႔ စပြန္ဆာ ေပးဖို႔ ကမ္းလွမ္းခံရဖူးသူ အမ်ိဳးသမီး အ ခ်ိဳ႕က ေျပာပါတယ္။

အမ်ိဳးသမီးေတြထံ စပြန္ဆာ ေပးဖို႔ အြန္လိုင္းကေန ခ်ိတ္ဆက္လာတဲ့ အ မ်ိဳးသားေတြဟာ အမ်ိဳးသမီးရဲ႕ အလုပ္ အကိုင္၊ အေနအထိုင္၊ ေဆြမ်ိဳးေတြနဲ႔ အ တူေနထိုင္လား၊ ေငြေတြ ဘယ္လို ဝင္ေန လဲ၊ အလုပ္သြား၊ အလုပ္ျပန္ခ်ိန္နဲ႔ စပြန္ ဆာေတာင္းမယ့္ အမ်ိဳးသမီးေတြရဲ႕ အ ေကာင့္ေတြကို ေသခ်ာစစ္ေဆးၿပီးမွ ေတာင္းတတ္ၾကတယ္လို႔ ဆိုပါတယ္။

မႏြယ္နီကေတာ့ သူ႔ကို စပြန္ဆာ ေပးဖို႔ ေတာင္းခံတဲ့ ေကာင္ေလးဟာ သူ႔ ရဲ႕ ေဖ့စ္ဘုတ္ခ္လႈပ္ရွားမႈေတြကို ေလ့ လာထားသူ ျဖစ္ၿပီး စပြန္ဆာရဖို႔ ႀကိဳး စားပုံကို အခုလို ေျပာျပပါတယ္။သူက“မမသူနဲ႔ေနရင္ စိတ္ခ်မ္းသာ ဖို႔နဲ႔ ေငြကလြဲၿပီး က်န္တာ အကုန္ျဖည့္ ဆည္းေပးမယ္ဆိုၿပီး တစ္လနီးပါး ေလာက္ အေကာင့္အမ်ိဳးမ်ိဳးကေန စာပို႔ လာတာ၊ မမ မေပးႏိုင္ရင္ မမ သူငယ္ ခ်င္းထဲက ရွာေပးဆိုၿပီး ေျပာလာတာ မ်ိဳးနဲ႔ပါ ႀကဳံရတာ၊ သုံးလေလာက္ ေဖ့စ္ ဘုတ္ခ္ေတာင္ မသုံးဘဲ ေနလိုက္ရတာ”လို႔ သူႀကဳံေတြ႕ရတာကို ေျပာပါတယ္။

Credit: Author ေအးေအးေအာင္

 

Unicodeဖြင့်ဖတ်ရန်

 

ရန်ကုန်မှာခေတ်စားလာတဲ့ ငွေကြေးချမ်းသာတဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထား စပွန်ဆာတောင်းတဲ့ လုပ်ငန်း

 

စပွန်ဆာ ပေးဖို့ အွန်လိုင်းကနေ ချိတ်ဆက်လာတဲ့ အမျိုးသားတွေဟာ စပွန်ဆာတောင်းမယ့် အမျိုးသမီးတွေရဲ့ အကောင့်တွေကို သေချာစစ်ဆေးပြီးမှ တောင်းတတ်ကြတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၈ – အသက် ၃၈ နှစ် အ ရွယ် single mother အဖြစ် ရပ်တည် နေတဲ့ ကုမ္ဗဏီပိုင်ရှင် မနွယ်နီ (အမည် လွှဲ)ရဲ့ မက်ဆင်ဂျာကို အမျိုးသားပုံ တစ်ပုံပါတဲ့ ပရိုဖိုင်ပုံတစ်ခုက စာနဲ့ ဓာတ် ပုံ သုံးပုံပို့လာခဲ့တဲ့အတွက် ဘယ်သူလဲ ဆိုပြီး ဖွင့်ကြည့်လိုက်ပါတယ်။

သူ့ဆီကို ရောက်လာတဲ့ စာသား တွေကတော့ “မမရေ စပွန်ဆာလိုချင် လို့ပါ၊ ကျောင်းလာတက်နေလို့ ငွေလို လို့ပါ၊ မမ သဘောကျဖြည့်ဆည်းပေးပါ မယ်၊ ညအိပ်လဲရပါတယ်”လို့ ရေးထား တဲ့ သည်စာသားတွေကြောင့် မနွယ်နီ တစ်ယောက် လန့်သွားပါတယ်။

မနွယ်နီဟာ လူမှုကွန်ရက်ပေါ်မှာ ပုံ တွေတင်လေ့ရှိသူတစ်ဦး မဟုတ်ပါဘူး။ သူ့အကောင့်မှာ တော်ရုံမသိသူတွေကို သူငယ်ချင်းအဖြစ် လက်မခံသလို အမျိုး သားတွေကို ဖြားယောင်းတဲ့ စာသား တွေကိုလည်း တစ်ခါမှ မတင်ဖူးသလို သမီးဖြစ်သူနဲ့ နှစ်ယောက်တွဲပုံတွေသာ အများအပြား တင်ဖူးတာပါ။

“ကျွန်မ တအားလန့်သွားတယ်၊ နောက်ကျမှ သိရတာက ဒီကောင်လေး တွေရဲ့ သူငယ်ချင်းတွေက ဖေ့စ်ဘုတ်ခ် ပေါ်ကနေ စပွန်ဆာရှာကြလို့၊ သူလဲ ကိုယ်တိုင်ရှာတာလို့ ပြောတယ်၊ ကျွန်မ က နောက်ထပ်စာတွေ ထပ်ပို့မယ်ဆို လိုင်းပေါ်မှာ တင်လိုက်ရမလားဆိုတော့ မှ စာပို့တာတွေရပ်သွားတာ၊ ငယ်ငယ် ချောချောလေးတွေ၊ ပျက်စီးနေကြတာ”လို့ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတာကို ပြန် ပြောပြပါတယ်။

လူမှုကွန်ရက် စာမျက်နှာတွေပေါ် မှာလည်း အမျိုးသမီးတွေအပြင် အမျိုး သားတွေအတွက် စပွန်ဆာရှာပေးတဲ့ အကျိုးဆောင်ပေ့ချ်တွေ အများအပြား ရှိနေကြပေမဲ့ သည်နောက်ပိုင်းတွေမှာ တော့ စပွန်ဆာလိုချင်သူတွေကိုယ်တိုင် ငွေကြေးချမ်းသာတဲ့ လူလတ်ပိုင်းအ ရွယ် အမျိုးသမီးတွေကို ပစ်မှတ်ထား လာကြပါတယ်။

စပွန်ဆာနဲ့ လိင်လုပ်သားမတူဘူး လို့ သူတို့ကိုယ်တိုင်ခွဲခြားထားပြီး အချိန် ပိုင်း၊ လပြတ်၊ တစ်နှစ်တစ်ခါပုံစံမျိုးနဲ့ စပွန်ဆာပေးဖို့ တောင်းဆိုလာကြတယ် လို့ စပွန်ဆာပေးဖို့ စာပို့ခံရသူအမျိုးသ မီး ရှစ်ဦးခန့်ရဲ့ ပြောပြချက်အရ သိရပါ တယ်။

တစ်လကို ငါးရက်အတူနေပေးရင် ဈေးတစ်မျိုး၊ နယ်ဝေးတွေသွားတဲ့အ ခါ အတူလိုက်ပေးတာ၊ တစ်ပတ်ကို သုံး ကြိမ်အတူနေပေးရင် ဈေးအမျိုးမျိုးနဲ့ သတ်မှတ်ထားကြပါတယ်။စပွန်ဆာလိုချင်လို့ မက်ဆေ့ချ်က နေ ဆက်သွယ်လာသူတွေက အသက် ၂၀ ကျော်ကနေ ၃၅ နှစ်တွေ အများဆုံး ဖြစ်နေကြပြီး စပွန်ဆာယူဖို့ တောင်းခံ တဲ့ အကြောင်းပြချက်တွေကလည်း အ မျိုးမျိုးပါပဲ။

မိသားစုဝမ်းရေးဖြည့်ဆည်းပေးဖို့ ငွေလိုလို့၊ နယ်ဝေးကနေ ကျောင်းလာ တက်ပြီး ငွေကြေးမလောက်လို့၊ လက် ရှိ အ လုပ် အ ကိုင် နဲ့ အ သုံး စ ရိတ် မလောက်လို့ ငွေလိုလို့၊ မိဘတွေကို ဆေးဖိုးထောက်ပံ့ပေးဖို့ ငွေလိုလို့၊ တချို့ကလဲ သင်တန်းတက်ချင်တာ၊ အနုပညာအလုပ်လုပ်ချင်လို့စတဲ့ အ ကြောင်းပြချက်တွေနဲ့ စပွန်ဆာပေးဖို့ ဆက်သွယ်လာကြပါတယ်။

အွန်လိုင်းပေါ်က စပွန်ဆာချိတ်ပေး နေတဲ့ ပေ့ချ်တွေမှာလည်း အမျိုးသား ငယ်တွေက စပွန်ဆာ လိုချင်တယ်ဆိုပြီး ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ သည် ပေ့ချ်တွေ က နေ ချိတ်ပါက အကျိုး ဆောင်ခ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင် နှုန်းလောက်အထိ ပေးရတာကြောင့် ငွေကြေးတတ်နိုင်တဲ့ သူတွေရဲ့ မက် ဆေ့ချ်တွေထံ စပွန်ဆာလိုချင်တယ်ဆို ပြီး ချိတ်ဆက်လာကြတယ်လို့ သိရပါ တယ်။

အသက် ၄၅ နှစ်အရွယ် မအေးမြတ် သူဟာ ကလေးနှစ်ဦးရဲ့အမေ စီးပွားရေး လုပ်ငန်းလုပ်ကိုင်နေသူတစ်ယောက်ပါ။ အမျိုးသားက သင်္ဘောကုမ္ဗဏီတစ်ခုမှာ အရာရှိလုပ်နေသူပါ။

သူ့ကိုယ်ပိုင် သုံး နေတဲ့အကောင့်မှာ မိသားစုပုံတွေတင် တာ၊ လုပ်ငန်းက ဝန်ထမ်းတွေနဲ့ ခရီး အတူသွားတဲ့ ပုံတွေတင်တာ၊ ဒါတွေကို သာ တင်တာများပေမဲ့ စပွန်ဆာလိုချင် တယ်ဆိုပြီး အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးရဲ့ မက်ဆေ့ချ် ပို့ခြင်းခံခဲ့ရတယ်လို့ သူက ပြောပြပါ တယ်။

“ကိုယ်တိုင်က လှလှပပနေတယ်၊ ဝန်ထမ်းတွေနဲ့ပုံတင်တယ်၊ မိသားစုပုံ အမျိုးသားဆီက လက်ဆောင်ရတဲ့ အ မှတ်တရတွေပဲ တင်ဖြစ်တာပါ၊ ဒါကို ဘယ်ကနေဘယ်လိုအကောင့်ကို တွေ့ သွားလဲ မသိဘူး၊ စပွန်ဆာလိုချင်တယ် ဆိုပြီး ဆက်သွယ်လာတာ၊ ဖုန်းနဲ့ပါ ဆက်သွယ်တာ၊ တော်တော်အံ့သြရ တယ်၊ လူငယ်တွေ အလုပ်မကြိုးစားဘဲ အလွယ်လမ်းရှာနေကြတယ်”လို့ သူ တွေ့ကြုံရတဲ့ အတွေ့အကြုံကို ပြောပြ ပါတယ်။

တောင်းတဲ့ ဈေးတွေကလည်း အ မျိုးမျိုး၊ လအလိုက်ဆိုတစ်လကို အ နည်းဆုံး သုံးသိန်းကနေ ၁၀ သိန်းအထိ တောင်းဆိုတတ်ကြပါတယ်။ သူတို့မှာ ဘာရောဂါမှ မရှိကြောင်း ဆေးအစစ် ခံနိုင်တယ်လို့ ပြောဆိုတာ၊ မှတ်ပုံတင်၊ ကျောင်းသားကတ်တွေနဲ့ နမူနာပြပြီး စပွန်ဆာပေးဖို့ တောင်းဆိုတတ်ကြပါတယ်။

အွန်လိုင်းပေါ်ကနေ စပွန်ဆာချိတ် ဆက်ပေးတဲ့ ပေ့ချ်တွေမှာတော့ စည်း ကမ်းချက်သတ်မှတ်ထားပြီး စပွန်ဆာ ချိတ်ဆက်လိုသူနဲ့ စပွန်ဆာပေးမယ့်သူ တွေ အမျိုးသမီးတွေကို ဖိတ်ခေါ်ပါ တယ်။

တချို့ပေ့ချ်တွေမှာ ရေးထားတဲ့ စာ တွေကတော့ ပုံမှန်ချိတ်ဆက်ခြင်း မဟုတ်ဘဲ လက်ရွေးစင် အဖြစ် တိကျစွာ စိစစ်ရွေးချယ်ပြီး ချိတ်ဆက်ပါမယ်၊ လုံ ခြုံမှု သတင်းမပေါက်ကြားဖို့အတွက် ရာခိုင်နှုန်းပြည့်အာမခံပါသည်။ အောက် ပါ အချက်များနှင့် ပြည့်စုံရပါမယ်။

(၁) ရုပ်ရည်ချောမောပြီး အသားလတ် သူ အသားဖြူသူ ဖြစ်ရပါမယ်။ (၂) ပိန် လွန်းသူဝလွန်းသူ ပုလွန်းသူ မဖြစ်ရပါ။ (၃) လူမှုရေး အရှုပ်အရှင်းကင်းသူ အိမ် ထောင် မရှိသူ ဖြစ်ရပါမယ်။ (၄) ညအိပ် ထွက်နိုင်သူ ရံဖန်ရံခါ ခရီးသွားလာ နိုင်သူ ဖြစ်ရပါမယ်။ (၅) အချိန် တိကျသူ၊ ကတိတည်သူ၊ စကားတည်တံ့သူဖြစ် ရပါမယ်။(ဗလောင်းဗလဲ ပြောတတ်သူ မဖြစ်ရ။)

(၆) ကျောင်းသူသို့မဟုတ် ဝန် ထမ်းဖြစ်ကြောင်း အထောက်အထား ပြနိုင်ရပါမယ်။ (ကေတီဗီ၊ မာဆတ်၊ ကလပ်နဲ့ စီးပွားရေးအရ လုပ်စားသူများ လက်မခံပါ။ အမှန်တကယ် ငွေကြေး အခက်အခဲကို ဖြေရှင်းလိုသူသာ ဖြစ်ရ ပါမယ်။) ၇။ လက်ရှိ အခြား admin များ agency များနဲ့ လက်တွဲချိတ်ဆက်အ လုပ်လုပ်နေသူ မဖြစ်ရပါ။ ၈။ ကူးစက် ရောဂါ တစ်မျိုးမျိုးရှိသူ မဖြစ်ရပါ (ဆေး စစ်ပါမည်။) ၉။ အနေအထိုင် အပြော အဆို သိမ်မွေ့သူ ဖြစ်ရပါမည်။ အ ထက်ပါ အချက်အလက်နဲ့ ပြည့်စုံသူများ

c b တွင် လုံခြုံစွာ လာရောက် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ စိတ်ကျေနပ်မှ အ လုပ်လုပ်ပါ။ ကိုယ်ရေးအချက်အလက် များမပေါက်ကြားဖို့နဲ့ လုံခြုံရေးအတွက် စိတ်အေးအေးထားပါ။ အတိကျဆုံး အ လုံခြုံဆုံးဖြစ်အောင် ချိတ်ဆက်ရေး သက်တမ်းလေးနှစ်ကျော် mt sponsor မှ စီစဉ်ပေးပါမယ်။

တစ်လကို ငါး သိန်းနှင့် ဆယ်သိန်းကြား ရရှိပါမယ်ဆို ပြီး ကြော်ငြာထားတာလည်း ရှိပါတယ်။သည်လို ပေ့ချ်မျိုး ၃၀ ကျော် ရှိနေ ပြီး တချို့ကတော့ ပေ့ချ်တွေကနေ ချိတ် တာထက် ကိုယ်တိုင် စိတ်ဝင်စားလို့ ချိတ်တာတွေက ပိုပြီး အဆင်ပြေတယ် လို့ စပွန်ဆာချိတ်ဖူးသူ ကျောင်းသား တစ်ဦးက ပြောပါတယ်။

သူ့ရဲ့ ပြောကြားချက်အရ အသက် ၄၀ အရွယ်တစ်ခုလတ်အမျိုးသမီးဆီ ကနေ တစ်လကို လေးသိန်းနဲ့ တစ်နှစ် တိတိ အတူနေပေးရတယ်လို့ ဆိုပါ တယ်။ နိုင်ငံခြား ခရီးစဉ်တွေသွားတာ၊ အပန်းဖြေခရီးသွားတာတွေပါ တွဲလုပ် ပေးရပြီး တစ်လလေးကြိမ်လောက် အ တူနေထိုင်ပေးရတယ်လို့ သူက ပြောပါ တယ်။

သည်လို စပွန်ဆာ တောင်းခံရတဲ့ သူတွေကတော့ အများအားဖြင့် လူသိ မှာ စိုးတာရယ်ကြောင့် အကောင့်တွေကို ဘလော့ကြတာ၊ အချို့အမျိုးသမီးတွေ က အကောင့်ဘလော့တာတွေ မလုပ် ဘဲ စာထပ်မပို့ဖို့အကြောင်း၊ သူတို့ဟာ သည် လို မိန်း မ အ မျိုး အ စား မ ဟုတ် ကြောင်းတွေကို ရှင်းပြတာတွေလည်း ရှိနေကြတယ်လို့ဆိုပါတယ်။

စပွန်ဆာတောင်းသူ အမျိုးသားအ များစုကတော့ သူတို့ရဲ့ ဓာတ်ပုံနဲ့ ကိုယ် ရေးအကျဉ်း လောက်သာပို့ပြီး ညစ် ညမ်းပုံတွေ မပို့ဘဲ ယဉ်ကျးတဲ့ ပုံစံနဲ့ သာ ပြောဆိုတတ်ကြတယ်လို့ စပွန်ဆာ ပေးဖို့ ကမ်းလှမ်းခံရဖူးသူ အမျိုးသမီး အ ချို့က ပြောပါတယ်။

အမျိုးသမီးတွေထံ စပွန်ဆာ ပေးဖို့ အွန်လိုင်းကနေ ချိတ်ဆက်လာတဲ့ အ မျိုးသားတွေဟာ အမျိုးသမီးရဲ့ အလုပ် အကိုင်၊ အနေအထိုင်၊ ဆွေမျိုးတွေနဲ့ အ တူနေထိုင်လား၊ ငွေတွေ ဘယ်လို ဝင်နေ လဲ၊ အလုပ်သွား၊ အလုပ်ပြန်ချိန်နဲ့ စပွန် ဆာတောင်းမယ့် အမျိုးသမီးတွေရဲ့ အ ကောင့်တွေကို သေချာစစ်ဆေးပြီးမှ တောင်းတတ်ကြတယ်လို့ ဆိုပါတယ်။

မနွယ်နီကတော့ သူ့ကို စပွန်ဆာ ပေးဖို့ တောင်းခံတဲ့ ကောင်လေးဟာ သူ့ ရဲ့ ဖေ့စ်ဘုတ်ခ်လှုပ်ရှားမှုတွေကို လေ့ လာထားသူ ဖြစ်ပြီး စပွန်ဆာရဖို့ ကြိုး စားပုံကို အခုလို ပြောပြပါတယ်။သူက“မမသူနဲ့နေရင် စိတ်ချမ်းသာ ဖို့နဲ့ ငွေကလွဲပြီး ကျန်တာ အကုန်ဖြည့် ဆည်းပေးမယ်ဆိုပြီး တစ်လနီးပါး လောက် အကောင့်အမျိုးမျိုးကနေ စာပို့ လာတာ၊ မမ မပေးနိုင်ရင် မမ သူငယ် ချင်းထဲက ရှာပေးဆိုပြီး ပြောလာတာ မျိုးနဲ့ပါ ကြုံရတာ၊ သုံးလလောက် ဖေ့စ် ဘုတ်ခ်တောင် မသုံးဘဲ နေလိုက်ရတာ”လို့ သူကြုံတွေ့ရတာကို ပြောပါတယ်။

Credit: Author အေးအေးအောင်