Zawgyi ဖြင့်ဖတ်ရန်





Unicode ဖြင့်ဖတ်ရန်

အိမ်သာတက်နေတုန်း ဝှီးချဲအခိုးခံလိုက်ရတဲ့ ဖြစ်ရပ်

သြစတေးသျနိုင်ငံသား အသက် ၅၄ နှစ်အရွယ်မသန်စွမ်းသူ လူကြီး တစ်ယောက်ဟာ Flinders Street ရထားလမ်းဘေးက အများသုံးအိမ်သာဆီကို ဝှီးချဲတွန်းပြီးသွားနေခဲ့တာပါ ။ သူ့ဘေးမှာတော့ အသက် ၃၉ နှစ်အရွယ်ဆန်တာ ဦးထုတ်နဲ့တစ်ယောက်ကပ်လိုက်လာတာကို ဗီဒီယိုထဲမှာတွေ့ရပါလိမ့်မယ်။

မသန်စွမ်းလူကြီးဟာ ဦးထုပ်နဲ့လူကို ဝှီးချဲပေါ်မှ အိမ်သာထဲ သွားဖို့အတွက် အကူအညီတောင်းခဲ့ပါသေးတယ်။ အိမ်သာထဲရောက်တဲ့အခါမှာတော့ ဦးထုပ်နဲ့လူဟာ ထိုလူကြီးရဲ့ဝှီးချဲကို ခိုးယူပြီးထွက်ပြေးသွားခဲ့ပါတော့တယ်။ ဝှီးချဲခိုးခံလိုက်ရတဲ့သူကတော့ အိမ်သာထဲမှာ တစ်နာရီလောက်ပိတ်မိနေခဲ့ပြီး အကူအညီရဖို့အတွက် ၁ နာရီနီးပါး စောင့်ခဲ့ရပါတယ်။

ဝှီးချဲခိုးယူသွားခဲ့တဲ့သူဟာ အနက်ရောင်ကုတ် ၊ ကာကီရောင် ဘောင်းဘီ နဲ့ အဖြူရောင်ဖိနပ်စီးထားပြီး ဆန်တာဦးထုပ်ဆောင်းထားတယ်လို့ရဲတွေအပြောအရသိရပါတယ်။ဝှီးချဲခိုးသွားတဲ့သူကိုတော့မနေ့က ညနေက East Melbourne မှာ ဝှီးချဲနဲ့အတူလက်ရဖမ်းဆီးနိုင်ခဲ့ပါတယ် ။ ဒီလူကို ဘယ်လိုအပြစ်ဒဏ်မျိုးချမှတ်မလဲဆိုတာကိုတော့ တရားရုံးမှစီရင်ချက်မချသေးတဲ့အတွက် မသိရသေးပါဘူး ။

Credit : – Min Thu (Daily Hot News )

LEAVE A REPLY