Zawgyiျဖင့္ဖတ္ရန္

 

အခုေခတ္ဟာ မမေတြရဲ႕ေခတ္လို႔ ေျပာရေလာက္ေအာင္ပဲ မမေတြက စံျပျဖစ္လာၾကပါျပီ။ အသက္ ၃၀ ေက်ာ္လာတဲ့အခါ အရင္ေခတ္ေတြတုန္းကေတာ့ မျပင္မဆင္ေတာ့ဘဲ ေနတတ္ၾကတာေၾကာင့္ အေရာင္ေမွးမွိန္သြားၾကေပမယ့္ ခုေခတ္မွာေတာ့ အသက္ ၃၀ ေက်ာ္လာတဲ့အခါ မမေတြက ပိုလို႔ေတာင္လွလွလာတာကို ေတြ႔ျမင္ရပါတယ္။ ရင့္က်က္တည္ျငိမ္တဲ့ ႏွလံုးသားနဲ႔ က်က္သေရရွိလြန္းတဲ့ အလွေတြကို ပိုင္ဆိုင္ထားတဲ့ မမေတြ တစ္ေန႔တျခား ပိုပိုလွလာရတဲ့ အေၾကာင္းရင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အသက္အရြယ္ကုိသိပ္မေတြးဘူး

အရင္ကဆို အမ်ိဳးသမီးေတြဟာ အသက္ ၃၀ ေက်ာ္လာတဲ့အခါ သူတုိ႔ကိုယ္သူတို႔ အိုေနျပီ၊ အရြယ္လြန္ေနျပီလို႔ ထင္္ျပီး စိတ္အားငယ္တတ္ၾကေပမယ့္ ခုေခတ္မွာေတာ့ အသက္ဆိုတာၾကီးကုိ သိပ္ျပီးေတြးမေနေတာ့ပါဘူး။ အရင္လုိပဲ လြတ္လြတ္လပ္လပ္၊ လန္းဆန္းတက္ၾကြစြာနဲ႔ ျပင္ဆင္ျပီးၾကည့္ေကာင္းေအာင္ ေနတတ္ၾကတာေၾကာင့္ မမေတြက ပိုပိုျပီးလွလာရတာပါ။ စိတ္ပ်ိဳလို႔ကိုယ္ႏုတဲ့ သေဘာပါပဲ။

(၂) လြတ္လပ္စြာေရြးခ်ယ္တယ္

မမေတြဟာ လြတ္လပ္စြာ ေရြးခ်ယ္တတ္တဲ့သူေတြပါ။ ဝတ္ခ်င္တဲ့ အဝတ္အစားပံုစံ၊ ညွပ္ခ်င္တဲ့ ဆံပင္ပံုစံ၊ ၾကိဳက္ႏွစ္သက္တဲ့ အရာေတြကို ေရြးခ်ယ္ဖို႔ အသက္အရြယ္ကုိ ထည့္တြက္ေနမယ့္သူေတြ မဟုတ္ပါဘူး။ ကိုယ္ၾကိဳက္တဲ့ပံုစံအတိုင္း လြတ္လပ္စြာ ေရြးခ်ယ္တတ္ၾကတာေၾကာင့္ ဘယ္ေတာ့မွ ေခတ္ေနာက္က်မေနဘဲ ေခတ္မီလွပေနတဲ့သူေတြျဖစ္ပါတယ္။

(၃) အလွျပင္တယ္
အရင္ေခတ္ေတြတုန္းကေတာ့ မိတ္ကပ္ဆိုတာ ပြဲလမ္းသဘင္ရွိမွ ျခယ္သရတဲ့အရာတစ္ခုလို႔ သတ္မွတ္ထားၾကေပမယ့္ ခုေခတ္မမေတြကေတာ့ အသားအေရကို ေကာင္းေကာငး္ထိန္းသိမး္တယ္၊ ျပင္ျပင္ဆင္ဆင္ေလးနဲ႔ အျမဲေနေတာ့ ရင့္က်က္မႈအေပၚ အလွဆင့္လိုက္သလိုျဖစ္တာေၾကာင့္ပိုျပီး က်က္သေရရွိစြာ လွေနၾကတာျဖစ္ပါတယ္။

(၄) စာဖတ္ၾကတယ္
မမေတြဟာ စာအုပ္စာေပေတြ၊ ဗဟုသုတေတြ အမ်ားၾကီးဖတ္ၾကပါတယ္။ ဒီေတာ့ အလွအပေရးရာပဲျဖစ္ျဖစ္၊ က်န္းမာေရးပဲျဖစ္ျဖစ္ ႏွံ႕စပ္စြာ သိထားသူေတြျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ စာအုပ္ဖတ္တဲ့ မမေတြက ပိုျပီးလွၾကသလို၊ စိတ္ဓာတ္လည္း ပိုျပီးရင့္က်က္တာေၾကာင့္ အရမး္ကုိဆြဲေဆာင္မႈရွိၾကပါတယ္။

(၅) ကုိယ္ပိုင္ဆံုးျဖတ္ခ်က္ရွိတယ္

အရင္ေခတ္ေတြတုန္းကေတာ့ မိန္းကေလးေတြဟာ အိမ္ေထာင္က်ျပီးတဲ့အခ်ိန္မွာ အိမ္မွာပဲေန၊ အိမ္မႈကိစၥေတြနဲ႔ အခ်ိန္ကုန္ ကေလးထိန္းျပီး ဘဝကို ျမွဳပ္ႏွံလိုက္ၾကပါတယ္။ ခုေခတ္မွာေတာ့ မမေတြဟာ ကုိယ္ပိုင္ဆံုးျဖတ္ခ်က္ ခိုင္မာစြာရွိျပီး ခင္ပြန္းသည္အတြက္ ဇနီးေကာငး္၊ သားသမီးေတြအတြက္ မိခင္ေကာင္းအျပင္ ကုိယ္ဝါသနာပါတဲ့ နယ္ပယ္မွာလည္း ေအာင္ျမင္မႈရေအာင္ ၾကိဳးစားျပီး ကိုုယ့္ထူးကိုယ္ခၽြန္ၾကတာေၾကာင့္ အပ်ိဳၾကီးေတြသာမက၊ အိမ္ေထာင္သည္ မမေတြလည္း အရမး္ကုိ ဆြဲေဆာင္မႈရွိစြာ လွပေနရတာျဖစ္ပါတယ္။

Credit:Em Em

 

Unicodeဖြင့်ဖတ်ရန်

 

အသက် ၃၀ ကျော်လာတဲ့ မမတွေ ပိုပိုလှလာရတဲ့ အကြောင်းအရင်း (၅) ချက်

 

အခုခေတ်ဟာ မမတွေရဲ့ခေတ်လို့ ပြောရလောက်အောင်ပဲ မမတွေက စံပြဖြစ်လာကြပါပြီ။ အသက် ၃၀ ကျော်လာတဲ့အခါ အရင်ခေတ်တွေတုန်းကတော့ မပြင်မဆင်တော့ဘဲ နေတတ်ကြတာကြောင့် အရောင်မှေးမှိန်သွားကြပေမယ့် ခုခေတ်မှာတော့ အသက် ၃၀ ကျော်လာတဲ့အခါ မမတွေက ပိုလို့တောင်လှလှလာတာကို တွေ့မြင်ရပါတယ်။ ရင့်ကျက်တည်ငြိမ်တဲ့ နှလုံးသားနဲ့ ကျက်သရေရှိလွန်းတဲ့ အလှတွေကို ပိုင်ဆိုင်ထားတဲ့ မမတွေ တစ်နေ့တခြား ပိုပိုလှလာရတဲ့ အကြောင်းရင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အသက်အရွယ်ကိုသိပ်မတွေးဘူး

အရင်ကဆို အမျိုးသမီးတွေဟာ အသက် ၃၀ ကျော်လာတဲ့အခါ သူတို့ကိုယ်သူတို့ အိုနေပြီ၊ အရွယ်လွန်နေပြီလို့ ထင်ပြီး စိတ်အားငယ်တတ်ကြပေမယ့် ခုခေတ်မှာတော့ အသက်ဆိုတာကြီးကို သိပ်ပြီးတွေးမနေတော့ပါဘူး။ အရင်လိုပဲ လွတ်လွတ်လပ်လပ်၊ လန်းဆန်းတက်ကြွစွာနဲ့ ပြင်ဆင်ပြီးကြည့်ကောင်းအောင် နေတတ်ကြတာကြောင့် မမတွေက ပိုပိုပြီးလှလာရတာပါ။ စိတ်ပျိုလို့ကိုယ်နုတဲ့ သဘောပါပဲ။

(၂) လွတ်လပ်စွာရွေးချယ်တယ်

မမတွေဟာ လွတ်လပ်စွာ ရွေးချယ်တတ်တဲ့သူတွေပါ။ ဝတ်ချင်တဲ့ အဝတ်အစားပုံစံ၊ ညှပ်ချင်တဲ့ ဆံပင်ပုံစံ၊ ကြိုက်နှစ်သက်တဲ့ အရာတွေကို ရွေးချယ်ဖို့ အသက်အရွယ်ကို ထည့်တွက်နေမယ့်သူတွေ မဟုတ်ပါဘူး။ ကိုယ်ကြိုက်တဲ့ပုံစံအတိုင်း လွတ်လပ်စွာ ရွေးချယ်တတ်ကြတာကြောင့် ဘယ်တော့မှ ခေတ်နောက်ကျမနေဘဲ ခေတ်မီလှပနေတဲ့သူတွေဖြစ်ပါတယ်။

(၃) အလှပြင်တယ်
အရင်ခေတ်တွေတုန်းကတော့ မိတ်ကပ်ဆိုတာ ပွဲလမ်းသဘင်ရှိမှ ခြယ်သရတဲ့အရာတစ်ခုလို့ သတ်မှတ်ထားကြပေမယ့် ခုခေတ်မမတွေကတော့ အသားအရေကို ကောင်းကောင်းထိန်းသိမ်းတယ်၊ ပြင်ပြင်ဆင်ဆင်လေးနဲ့ အမြဲနေတော့ ရင့်ကျက်မှုအပေါ် အလှဆင့်လိုက်သလိုဖြစ်တာကြောင့်ပိုပြီး ကျက်သရေရှိစွာ လှနေကြတာဖြစ်ပါတယ်။

(၄) စာဖတ်ကြတယ်
မမတွေဟာ စာအုပ်စာပေတွေ၊ ဗဟုသုတတွေ အများကြီးဖတ်ကြပါတယ်။ ဒီတော့ အလှအပရေးရာပဲဖြစ်ဖြစ်၊ ကျန်းမာရေးပဲဖြစ်ဖြစ် နှံ့စပ်စွာ သိထားသူတွေဖြစ်ပါတယ်။ ဒါကြောင့်ပဲ စာအုပ်ဖတ်တဲ့ မမတွေက ပိုပြီးလှကြသလို၊ စိတ်ဓာတ်လည်း ပိုပြီးရင့်ကျက်တာကြောင့် အရမ်းကိုဆွဲဆောင်မှုရှိကြပါတယ်။

(၅) ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိတယ်

အရင်ခေတ်တွေတုန်းကတော့ မိန်းကလေးတွေဟာ အိမ်ထောင်ကျပြီးတဲ့အချိန်မှာ အိမ်မှာပဲနေ၊ အိမ်မှုကိစ္စတွေနဲ့ အချိန်ကုန် ကလေးထိန်းပြီး ဘဝကို မြှုပ်နှံလိုက်ကြပါတယ်။ ခုခေတ်မှာတော့ မမတွေဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ခိုင်မာစွာရှိပြီး ခင်ပွန်းသည်အတွက် ဇနီးကောင်း၊ သားသမီးတွေအတွက် မိခင်ကောင်းအပြင် ကိုယ်ဝါသနာပါတဲ့ နယ်ပယ်မှာလည်း အောင်မြင်မှုရအောင် ကြိုးစားပြီး ကိုယ့်ထူးကိုယ်ချွန်ကြတာကြောင့် အပျိုကြီးတွေသာမက၊ အိမ်ထောင်သည် မမတွေလည်း အရမ်းကို ဆွဲဆောင်မှုရှိစွာ လှပနေရတာဖြစ်ပါတယ်။

Credit:Em Em

LEAVE A REPLY