Zawgyiျဖင့္ဖတ္ရန္

 

ဟုိတစ္ေန႔က သူငယ္ခ်င္းတစ္ေယာက္ေမးတယ္။ နင္တို႔မိန္းကေလးေတြ ဘာလို႔ ကိုုယ့္ထက္အသက္ပိုၾကီးတဲ့ေယာက္်ား ေလးကို ၾကိဳက္တာလဲတဲ့။ မိန္းကေလး အကုန္လံုုးေတာ့မဟုတ္ေပမယ့္ မိန္းကေလးေတာ္ေတာ္မ်ားမ်ားက မိမိထက္ပိုုျပီး
အသက္ၾကီးတဲ့ ေယာက္်ားေလးကိုၾကိဳက္ေလ့ရွိၾကပါတယ္။ တကယ္ေတာ့ ဒီလုိၾကိဳက္ျဖစ္တာ အေၾကာင္းအရင္းရွိပါ
တယ္။ မိန္းကေလးေတြ ကိုုယ့္ထက္အသက္ပိုၾကီးတဲ့ေယာက္်ားေလးေတြကို ၾကိဳက္ရတဲ့အေၾကာငး္အရင္းမ်ားကို Shwemom စာဖတ္ပရိတ္ၾကီးအတြက္ ေဖာ္ျပေပးလိုုက္ပါတယ္။

(၁) ပိုျပီး အတည္တက်ရွိတယ္။
ငယ္ငယ္ရြယ္ရြယ္ေကာင္ေလးေတြနဲ႔တြဲရင္ ရင္ခုန္ဖိုု႔ေတာ့ေကာငး္ပါလိမ့္မယ္။ ဒါေပမယ့္ ရင္ခုန္တာက ဘဝမမဟုတ္ပါဘူး။ အသက္ၾကီးတဲ့ေယာက္်ားေလးေတြကေတာ့ တည္ျငိမ္ျပီး ရင့္က်က္ေနေလ့ရွိပါတယ္။ မိန္းကေလးေတြဆိုတာ
အသက္ ၂၅ေက်ာ္ရင္ေတာင္ အပ်ိဳၾကီးလို႔ ပတ္ဝန္းက်င္က ထင္တတ္ၾကတယ္ေလ။ ေယာက္်ားေလးေတြက်ေတာ့
အသက္ ၃၅ေလာက္မွာ လူပ်ိဳၾကီးလိုု႔အေခၚခံရတာပါ။ ဒါ့ေၾကာင့္ မိန္းကေလးေတြနဲ႔ ေယာက္်ားေလးေတြရဲ့ Relationship မွာ တစ္ခါတစ္ေလ ၅ႏွစ္ေလာက္ကြာေနတာျဖစ္ပါတယ္။

(၂) အသိဥာဏ္ရင့္က်က္မႈ
Brainy is new sexy ဆိုုတဲ့ စကားေလးၾကားဖူးပါတယ္။ တကယ္ေတာ့ Brainy was always sexyပါ။ အသိဥာဏ္ရင့္က်က္မႈက ေယာက္်ားေလးေတြကို ဆြဲေဆာင္မႈရွိေစပါတယ္။ ခက္ခဲတဲ့အေျခအေနေတြကို အရြယ္ရေနျပီျဖစ္တဲ့
အမ်ိဳးသားေတြက ဆယ္ေက်ာ္သက္ျမီွးေကာင္ေပါက္ေတြထက္စာရင္ ပိုမိုကိုင္တြယ္တတ္ပါတယ္။ မိန္းကေလးေတြဆို
တာ ဘယ္ေလာက္ပဲ အမ်ိဳးသမီးအခြင့္အေရးေအာ္္ေနေန အခ်ိန္တန္ရင္ အားကိုးခ်င္တဲ့စိတ္က ေပၚတတ္လာတာပါပဲ။
အဲ့ဒိအခ်ိန္မွာ သူလည္းမသိ ကိုုယ္လည္းမသိဆိုတဲ့ အေနအထားမ်ိဳး မေရာက္ခ်င္ပါဘူး။

(၃) အသက္ေမြးဝမ္းေၾကာင္း ခုိင္ခိုင္မာမာရွိေနျပီ။
မိန္းကေလးေတြက ႏွလံုးသားနဲ႔ ဘဝကိုေရြးခ်ယ္လို႔မရပါဘူး။ ေရြးလိုု႔ရတဲ့သူက အနည္းစုပဲရွိပါတယ္။ မ်ားေသာအားျဖင့္
ေတာ့ အမ်ိဳးသားကို အားကိုးက်ရမွာပါ။ သူလည္း အလုုပ္မရွိ ကိုယ္လည္း အလုုပ္မရွိဆိုု ေမြးလာတဲ့သားသမီးေလးေတြ
အတြက္ ဘယ္လိုုမွ အဆင္မေျပနုုိင္ပါဘူး။ ဒါ့ေၾကာင့္ အသက္ေမြးဝမ္းေၾကာင္း ခိုုင္ခိုင္မာမာရွိတဲ့သူကိုုေရြးရတာပါ။

(၄) အျပဳအမူ
ငယ္ငယ္ရြယ္ရြယ္ေကာင္ေလးေတြကို တြဲမိရင္ ခံုဆြဲေပးတာတို႔၊ ကားတံခါးဖြင့္ေပးတာတို႔ မရွိတတ္ပါဘူး။ မိန္းကေလးေတြ
ကလည္း ဒါကိုလိုအပ္တာေတာ့မဟုုတ္ပါဘူး။ ဒါေပမယ့္ အဲ့ဒါမ်ိဳးေတြလုပ္ေပးရင္ေတာ့ မမုုန္းတတ္ပါဘူး။ အသက္ၾကီးတဲ့
အမ်ိဳးသား အမ်ားစုုကေတာ့ အဲ့ဒိလိုုအမူအရာေလးေတြရွိတတ္ပါတယ္။

(၅) သူက သင့္ကိုေျပာင္းလဲဖို႔ၾကိဳးစားမွာမဟုတ္ဘူး။
အသက္ၾကီးတဲ့ေယာက္်ားေလးေတြဟာ သူတိုု႔ခ်စ္သူေတြကို ပိုမိုဂရုုစိုုက္တတ္ၾကျပီး ေျပာင္းလဲဖိုု႔လည္းၾကိဳးစားေလ့မရွိပါဘူး။ အသက္ငယ္တဲ့ ေကာင္ေလးေတြကေတာ့ ေျပာင္းလဲယူဖို႔ၾကိဳးစားတတ္ပါတယ္။ အကုန္လံုးေတာ့မဟုတ္ပါဘူး။ ေယဘူယ်ေျပာေနျခင္းျဖစ္ပါတယ္။

(၆) ရင့္က်က္မႈ
သူကသင္နဲ႔အတူ စိတ္ဆိုးတိုင္းျပိဳင္ကစားမယ့္သူမဟုုတ္ဘူး။ မ်ားေသာအားျဖင့္ သင့္ကိုခြင့္လႊတ္ျပီး ျပန္ေခ်ာ့ကာ အနစ္နာခံခ်စ္မယ့္ သူမ်ိဳးျဖစ္ေနတတ္ပါတယ္။ ဆူဆူညံညံေနရာေတြလည္း သင့္ကိုေခၚသြားမွာမဟုတ္ပါဘူး။ ပိုုျပီးေတာ့လည္း
Romanticျဖစ္တတ္ၾကပါတယ္။

(၇) စကားေျပာရတာပိုုေကာင္းတယ္။
သူတို႔က ကိုုယ့္မတိုင္ခင္ ရည္းစားေတြလည္း ထားခဲ့ဖူးျပီးပါျပီ။ Relationshipနဲ႔ပက္သက္တဲ့အေတြ႕အၾကံဳအျပည့္အဝ
ရွိေနတာမို႔ သူတိုု႔နဲ႔ စကားေျပာရတာ ပိုုအဆင္ေျပပါတယ္။

(၈) ႏုုပ်ိဳေစတယ္။
မိမိထက္အသက္ၾကိီးတဲ့လူနဲ႔တြဲေနတာျဖစ္တဲ့အတြက္ ဘယ္သြားသြား မိမိက ငယ္ေၾကာင္းခဏခဏအေျပာခံရျပီး နုုပ်ိဳ
တယ္လိုု႔ အထင္ခံရတာေပ်ာ္ဖို႔ေကာင္းပါတယ။္ ေနာက္ထပ္ေျပာဖို႔ေကာင္းတာက အသက္ၾကီးတဲ့ေယာက္်ားေလးေတြက
အဲ့ဒိလိုအေျပာခံရင္ မနာလိုုလည္းမျဖစ္ပါဘူး။ သူတိုု႔ကပိုုေတာင္ေပ်ာ္ေသးတယ္။ သူတိုု႔ အသက္ငယ္တဲ့ေကာင္မေလးကို
ဘယ္လိုုရေအာင္ ယူထားလဲဆိုုတာကို ၾကြားခ်င္ေနၾကတာေလ။

(၉) ဘာမွအကုန္အက်မရွိဘူး။
မိန္းကေလးေတြက ေယာက္်းာတစ္ေယာက္ဆီက ေငြမခ်ဴခ်င္တာမွန္ေပမယ့္ ပိုုက္ဆံရွင္းေပးတာကိုုေတာ့ စိတ္မဆိုုးၾက
ပါဘူး။ မိန္းကေလးအမ်ားစုေပါ့။ ကိုုယ့္ဘာသာမနည္း အလွကုုန္ပစၥည္းေတြနဲ႔ကုုန္က်ေနခ်ိန္မွာ ရုုပ္ရွင္ရံုုလက္မွတ္ဖိုုးပါ
မစိုုက္နုုိင္ပါဘူး။ ဒီေနရာမွာ အသက္ၾကီးတဲ့ အမ်ိဳးသားေတြက အသက္ငယ္ျပီးဝင္ေငြမရွိေသးတဲ့ရည္းစားထက္ပိုုျပီး သင့္
ေတာ္ေလ့ရွိပါတယ္။

Credit:မဒီေလး(Shwemom)

Ref: allowswomentalk

 

Unicodeဖြင့်ဖတ်ရန်

 

မိန်းကလေးအများစု မိမိထက်အသက်ကြီးတဲ့သူကိုကြိုက်ရခြင်းအကြောင်းရင်း

 

ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက်မေးတယ်။ နင်တို့မိန်းကလေးတွေ ဘာလို့ ကိုယ့်ထက်အသက်ပိုကြီးတဲ့ယောက်ျား လေးကို ကြိုက်တာလဲတဲ့။ မိန်းကလေး အကုန်လုံးတော့မဟုတ်ပေမယ့် မိန်းကလေးတော်တော်များများက မိမိထက်ပိုပြီး
အသက်ကြီးတဲ့ ယောက်ျားလေးကိုကြိုက်လေ့ရှိကြပါတယ်။ တကယ်တော့ ဒီလိုကြိုက်ဖြစ်တာ အကြောင်းအရင်းရှိပါ
တယ်။ မိန်းကလေးတွေ ကိုယ့်ထက်အသက်ပိုကြီးတဲ့ယောက်ျားလေးတွေကို ကြိုက်ရတဲ့အကြောင်းအရင်းများကို Shwemom စာဖတ်ပရိတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ပိုပြီး အတည်တကျရှိတယ်။
ငယ်ငယ်ရွယ်ရွယ်ကောင်လေးတွေနဲ့တွဲရင် ရင်ခုန်ဖို့တော့ကောင်းပါလိမ့်မယ်။ ဒါပေမယ့် ရင်ခုန်တာက ဘဝမမဟုတ်ပါဘူး။ အသက်ကြီးတဲ့ယောက်ျားလေးတွေကတော့ တည်ငြိမ်ပြီး ရင့်ကျက်နေလေ့ရှိပါတယ်။ မိန်းကလေးတွေဆိုတာ
အသက် ၂၅ကျော်ရင်တောင် အပျိုကြီးလို့ ပတ်ဝန်းကျင်က ထင်တတ်ကြတယ်လေ။ ယောက်ျားလေးတွေကျတော့
အသက် ၃၅လောက်မှာ လူပျိုကြီးလို့အခေါ်ခံရတာပါ။ ဒါ့ကြောင့် မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေရဲ့ Relationship မှာ တစ်ခါတစ်လေ ၅နှစ်လောက်ကွာနေတာဖြစ်ပါတယ်။

(၂) အသိဉာဏ်ရင့်ကျက်မှု
Brainy is new sexy ဆိုတဲ့ စကားလေးကြားဖူးပါတယ်။ တကယ်တော့ Brainy was always sexyပါ။ အသိဉာဏ်ရင့်ကျက်မှုက ယောက်ျားလေးတွေကို ဆွဲဆောင်မှုရှိစေပါတယ်။ ခက်ခဲတဲ့အခြေအနေတွေကို အရွယ်ရနေပြီဖြစ်တဲ့
အမျိုးသားတွေက ဆယ်ကျော်သက်မြှီးကောင်ပေါက်တွေထက်စာရင် ပိုမိုကိုင်တွယ်တတ်ပါတယ်။ မိန်းကလေးတွေဆို
တာ ဘယ်လောက်ပဲ အမျိုးသမီးအခွင့်အရေးအော်နေနေ အချိန်တန်ရင် အားကိုးချင်တဲ့စိတ်က ပေါ်တတ်လာတာပါပဲ။
အဲ့ဒိအချိန်မှာ သူလည်းမသိ ကိုယ်လည်းမသိဆိုတဲ့ အနေအထားမျိုး မရောက်ချင်ပါဘူး။

(၃) အသက်မွေးဝမ်းကြောင်း ခိုင်ခိုင်မာမာရှိနေပြီ။
မိန်းကလေးတွေက နှလုံးသားနဲ့ ဘဝကိုရွေးချယ်လို့မရပါဘူး။ ရွေးလို့ရတဲ့သူက အနည်းစုပဲရှိပါတယ်။ များသောအားဖြင့်
တော့ အမျိုးသားကို အားကိုးကျရမှာပါ။ သူလည်း အလုပ်မရှိ ကိုယ်လည်း အလုပ်မရှိဆို မွေးလာတဲ့သားသမီးလေးတွေ
အတွက် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဒါ့ကြောင့် အသက်မွေးဝမ်းကြောင်း ခိုင်ခိုင်မာမာရှိတဲ့သူကိုရွေးရတာပါ။

(၄) အပြုအမူ
ငယ်ငယ်ရွယ်ရွယ်ကောင်လေးတွေကို တွဲမိရင် ခုံဆွဲပေးတာတို့၊ ကားတံခါးဖွင့်ပေးတာတို့ မရှိတတ်ပါဘူး။ မိန်းကလေးတွေ
ကလည်း ဒါကိုလိုအပ်တာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒါမျိုးတွေလုပ်ပေးရင်တော့ မမုန်းတတ်ပါဘူး။ အသက်ကြီးတဲ့
အမျိုးသား အများစုကတော့ အဲ့ဒိလိုအမူအရာလေးတွေရှိတတ်ပါတယ်။

(၅) သူက သင့်ကိုပြောင်းလဲဖို့ကြိုးစားမှာမဟုတ်ဘူး။
အသက်ကြီးတဲ့ယောက်ျားလေးတွေဟာ သူတို့ချစ်သူတွေကို ပိုမိုဂရုစိုက်တတ်ကြပြီး ပြောင်းလဲဖို့လည်းကြိုးစားလေ့မရှိပါဘူး။ အသက်ငယ်တဲ့ ကောင်လေးတွေကတော့ ပြောင်းလဲယူဖို့ကြိုးစားတတ်ပါတယ်။ အကုန်လုံးတော့မဟုတ်ပါဘူး။ ယေဘူယျပြောနေခြင်းဖြစ်ပါတယ်။

(၆) ရင့်ကျက်မှု
သူကသင်နဲ့အတူ စိတ်ဆိုးတိုင်းပြိုင်ကစားမယ့်သူမဟုတ်ဘူး။ များသောအားဖြင့် သင့်ကိုခွင့်လွှတ်ပြီး ပြန်ချော့ကာ အနစ်နာခံချစ်မယ့် သူမျိုးဖြစ်နေတတ်ပါတယ်။ ဆူဆူညံညံနေရာတွေလည်း သင့်ကိုခေါ်သွားမှာမဟုတ်ပါဘူး။ ပိုပြီးတော့လည်း
Romanticဖြစ်တတ်ကြပါတယ်။

(၇) စကားပြောရတာပိုကောင်းတယ်။
သူတို့က ကိုယ့်မတိုင်ခင် ရည်းစားတွေလည်း ထားခဲ့ဖူးပြီးပါပြီ။ Relationshipနဲ့ပက်သက်တဲ့အတွေ့အကြုံအပြည့်အဝ
ရှိနေတာမို့ သူတို့နဲ့ စကားပြောရတာ ပိုအဆင်ပြေပါတယ်။

(၈) နုပျိုစေတယ်။
မိမိထက်အသက်ကြီးတဲ့လူနဲ့တွဲနေတာဖြစ်တဲ့အတွက် ဘယ်သွားသွား မိမိက ငယ်ကြောင်းခဏခဏအပြောခံရပြီး နုပျို
တယ်လို့ အထင်ခံရတာပျော်ဖို့ကောင်းပါတယ။် နောက်ထပ်ပြောဖို့ကောင်းတာက အသက်ကြီးတဲ့ယောက်ျားလေးတွေက
အဲ့ဒိလိုအပြောခံရင် မနာလိုလည်းမဖြစ်ပါဘူး။ သူတို့ကပိုတောင်ပျော်သေးတယ်။ သူတို့ အသက်ငယ်တဲ့ကောင်မလေးကို
ဘယ်လိုရအောင် ယူထားလဲဆိုတာကို ကြွားချင်နေကြတာလေ။

(၉) ဘာမှအကုန်အကျမရှိဘူး။
မိန်းကလေးတွေက ယောက်ျးာတစ်ယောက်ဆီက ငွေမချူချင်တာမှန်ပေမယ့် ပိုက်ဆံရှင်းပေးတာကိုတော့ စိတ်မဆိုးကြ
ပါဘူး။ မိန်းကလေးအများစုပေါ့။ ကိုယ့်ဘာသာမနည်း အလှကုန်ပစ္စည်းတွေနဲ့ကုန်ကျနေချိန်မှာ ရုပ်ရှင်ရုံလက်မှတ်ဖိုးပါ
မစိုက်နိုင်ပါဘူး။ ဒီနေရာမှာ အသက်ကြီးတဲ့ အမျိုးသားတွေက အသက်ငယ်ပြီးဝင်ငွေမရှိသေးတဲ့ရည်းစားထက်ပိုပြီး သင့်
တော်လေ့ရှိပါတယ်။

Credit:မဒီလေး(Shwemom)

Ref: allowswomentalk

LEAVE A REPLY