Zawgyi ျဖင့္ဖတ္ရန္

အိႏၵိယႏုိင္ငံ က ေဒါက္တာ တစ္ဦးဟာ ေနာက္လင္ယူသြားတဲ့ ဇနီးေဟာင္းကို မနာလုိစြာနဲ႔ ေတာင္ေစာင္းတစ္ခုဆီ ေသြးေဆာင္ေခၚသြားၿပီး တြန္းခ်သတ္ျဖတ္ခဲ့ေၾကာင္း သိရပါတယ္။ အဲဒီေဒါက္တာဟာ ဇနီးေဟာင္းရဲ႕ Facebook အေကာင့္မွာ ပုံေတြ ပုိ႔စ္ေတြဝင္တင္ေပးခဲ့ပါတယ္။

လူသတ္တရားခံ ေဒါက္တာရဲ႕အမည္မွာ Dharmendra Pratap Singh ျဖစ္ၿပီး၊ သူဟာ Gorakhpur မွာ ေနထုိင္သူပါ။ ေသဆုံးသူ အမ်ိဳးသမီးအမည္ကေတာ့ Rakhi Srivastava ျဖစ္ၿပီး၊ သူမရဲ႕ Facebook အေကာင့္နဲ႔ လွ်ိဳ႕ဝွက္နံပတ္ကို သိထားသူမွာ Pratap တစ္ဦးသာ ရွိပါတယ္။

Pratap ဟာ Rakhi ရဲ႕ အေကာင့္အတြင္းကို ဝင္ေရာက္ကာ သူမ အသက္ထင္ရွားရွိေနသည့္အလား ပုိ႔စ္ေတြ အမ်ိဳးမ်ိဳး တင္ေပးခဲ့ပါတယ္။ ဒီနည္းအားျဖင့္ လူသတ္တရားခံအျဖစ္ သူ႕ကုိ ဘယ္သူကမွ သံသယမဝင္မွာပါ။ Rakhi ရဲ႕အေလာင္းကို အခင္းျဖစ္ၿပီး လေတာ္ေတာ္ၾကာမွ ေတြ႕ခဲ့ရတာပါ။

Pratap နဲ႔အတူ လူသတ္မႈ က်ဴးလြန္သူေတြလုိ႔ သံသယရွိတဲ့ အမ်ိဳးသားႏွစ္ဦးကိုလည္း ၿပီးခဲ့တဲ့ ေသာၾကာေန႔က ဖမ္းဆီးႏုိင္ခဲ့ပါတယ္။ သူတုိ႔ႏွစ္ဦးအမည္ကေတာ့ Pramod Kumar Singh နဲ႔ Deshdeepak Nishad တုိ႔ ျဖစ္ပါတယ္။ သူတုိ႔ကေတာ့ အျပစ္ကို ဝန္မခံေသးပါဘူး။

Rakhi ဟာ ၿပီးခဲ့တဲ့ (၇)လေလာက္ကတည္းက လူေပ်ာက္တုိင္ၾကားခံထားရသူ ျဖစ္ေသာ္လည္း သူမရဲ႕ လူမႈကြန္ရက္ကုိ Pratap က ဟန္မပ်က္ပို႔စ္ေတြ ဝင္တင္ျခင္းေၾကာင့္၊ အိမ္ကေန စိတ္ဆုိးၿပီး ထြက္သြားသေယာင္ ရဲေတြကို အရူးလုပ္ႏုိင္ခဲ့တာပါ။ အမႈကုိေတာ့ ဆက္လက္စစ္ေဆးေနပါတယ္။

source : mirror.co.uk

Credit: လင္းသူရိန္ (MyanmarNote)

Unicode ဖြင့်ဖတ်ရန်

အိန္ဒိယနိုင်ငံက ဒေါက်တာတစ်ဦးဟာ နောက်လင်ယူသွားတဲ့ ဇနီးဟောင်းကို မနာလိုစွာနဲ့ တောင်စောင်းတစ်ခုဆီ သွေးဆောင်ခေါ်သွားပြီး တွန်းချသတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။အဲဒီဒေါက်တာဟာ ဇနီးဟောင်းရဲ့ Facebook အကောင့်မှာ ပုံတွေ ပို့စ်တွေဝင်တင်ပေးခဲ့ပါတယ်။

လူသတ်တရားခံ ဒေါက်တာရဲ့အမည်မှာ Dharmendra Pratap Singh ဖြစ်ပြီး၊ သူဟာ Gorakhpur မှာ နေထိုင်သူပါ။ သေဆုံးသူ အမျိုးသမီးအမည်ကတော့ Rakhi Srivastava ဖြစ်ပြီး၊ သူမရဲ့ Facebook အကောင့်နဲ့ လျှို့ဝှက်နံပတ်ကို သိထားသူမှာ Pratap တစ်ဦးသာ ရှိပါတယ်။

Pratap ဟာ Rakhi ရဲ့ အကောင့်အတွင်းကို ဝင်ရောက်ကာ သူမ အသက်ထင်ရှားရှိနေသည့်အလား ပို့စ်တွေ အမျိုးမျိုး တင်ပေးခဲ့ပါတယ်။ ဒီနည်းအားဖြင့် လူသတ်တရားခံအဖြစ် သူ့ကို ဘယ်သူကမှ သံသယမဝင်မှာပါ။ Rakhi ရဲ့အလောင်းကို အခင်းဖြစ်ပြီး လတော်တော်ကြာမှ တွေ့ခဲ့ရတာပါ။

Pratap နဲ့အတူ လူသတ်မှု ကျူးလွန်သူတွေလို့ သံသယရှိတဲ့ အမျိုးသားနှစ်ဦးကိုလည်း ပြီးခဲ့တဲ့ သောကြာနေ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးအမည်ကတော့ Pramod Kumar Singh နဲ့ Deshdeepak Nishad တို့ ဖြစ်ပါတယ်။ သူတို့ကတော့ အပြစ်ကို ဝန်မခံသေးပါဘူး။

Rakhi ဟာ ပြီးခဲ့တဲ့ (၇)လလောက်ကတည်းက လူပျောက်တိုင်ကြားခံထားရသူ ဖြစ်သော်လည်း သူမရဲ့ လူမှုကွန်ရက်ကို Pratap က ဟန်မပျက်ပို့စ်တွေ ဝင်တင်ခြင်းကြောင့်၊ အိမ်ကနေ စိတ်ဆိုးပြီး ထွက်သွားသယောင် ရဲတွေကို အရူးလုပ်နိုင်ခဲ့တာပါ။ အမှုကိုတော့ ဆက်လက်စစ်ဆေးနေပါတယ်။

Credit: လင်းသူရိန် (MyanmarNote)