Zawgyi ဖြင့်ဖတ်ရန်
Collar bone ညှပ်ရိုး
သွားစွယ်
ပါးချိုင့်
Credit: loveshorts
Unicode ဖြင့်ဖတ်ရန်
တင်ပါး နဲ့ ရင်သား မဟုတ်ပဲ မိန်းကလေးတွေရဲ့ ဆွဲဆောင်မှုရှိတဲ့ အစိတ်အပိုင်းများ
စွဲဆောင်မှု ရှိတယ်လို့ ဆိုတဲ့နေရာမှာ လှပတဲ့ကောက်ကြောင်းနဲ့ ခန္ဓာကိုယ် အချိုးအဆစ်တွေကိုပဲ ဆိုလိုတာလို့ ပြောရင် မှားလိမ့်မယ်ေနော်။ တစ်ချို့ကောင်မလေးတွေ ရှိတယ်။ တစ်ကိုယ်လုံး ခြုံကြည့်လိုက်ရင် သာမန်ပဲလို့ ထင်ရပေမယ့် တစ်ချို့အစိတ်အပိုင်း လေးတွေမှာ ထူးထူးခြားခြားလှပပြီး စွဲဆောင်မှု ရှိနေတာ ။ အခု အဲ့လို အစိတ်အပိုင်းလေး တွေထဲကမှ ၄ ခု ဖော်ပြလိုက်တယ်နော်။ ဘော်ဒါတို့က comment မှာ ထပ်ဖြည့်ပြီး ပြောပြပေးသွားဦး ။
Collar bone ညှပ်ရိုး
လည်ပင်းရိုး ထင်းထင်းလေးတွေ ပေါ်တတ်တဲ့ ကောင်မလေးတွေဟာ စွဲဆောင်မှုရှိတဲ့ စာရင်းထဲမှာပါတာကို လုံးဝငြင်းလို့မရပါဘူး။ အထူးသဖြင့် ပိန်ပိန်သွယ်သွယ် ဖျော့တော့တော့ အသားအရည်ရှိတတ်သူမျိုးလေးတွေ ဖြစ်ပြီး ထူးခြားတဲ့ဟန်ပန်ကို ပိုင်ဆိုင်တတ်ကြသူတွေလည်း ဖြစ်ပါသေးတယ်။
သွားစွယ်
နှုတ်ခမ်းထောင့်က သွားစွယ်လေး ချွန်ချွန်လေးတွေ ၊ သွားထပ် ဖွေးဖွေးလေးတွေဟာ အပြုံးတိုင်းကို အသက်သွင်းပေးနေတဲ့ မှော်အစွမ်းလေးတွေဆို မမှားပါဘူးနော်။ အဲ့လို သွားပိုင်ရှင်လေးတွေရဲ့ အပြုံးလေးတွေဟာ တစ်ခါဆိုတစ်ခါဆိုသလောက် တမ်းတမ်းစွဲ ယစ်မူးစေတတတ်တယ် ဆိုတာလည်း ငြင်းလို့မရနိုင်တာ အသေအချာပါပဲ။
ပါးချိုင့်
တစ်ခါပြုံးလိုက်တိုင်း ဘဝကြီးတစ်ခုလုံး ချိုမြသွားလေသလား ထင်ရလောက်တဲ့ အပြုံးချိုချို ပိုင်ရှင်လေးတွေရဲ့ ပင်တိုင်လက်နက်ပါ။ အဲ့လိုပါး ချိုင့်လှလှလေးတွေ ပါလာဖို့ဆိုတာ လေ့ကျင့်ယူလို့လည်းမရ ၊ ဖန်တီးယူလို့လည်းမရတာမို့ အပြုံးချိုချို ပိုင်ရှင်လေးတွေအတွက် ဘုရားက သီးသန့်ပေးလိုက်တဲ့ ဆုလာဒ်ပဲဖြစ်မယ် ထင်တယ်နော်။
ခြေချောင်းလက်ချောင်း
သွယ်သွယ်လေးတွေ တစ်ချို့ကလေ လူကသာ ဝဝကစ်ကစ် လေးတွေပေမယ့် ခြေချောင်းလက်ချောင်း လေးတွေကကျ ရှည်ရှည်သွယ်သွယ် လေးတွေနဲ့ သိပ်ချစ်ဖို့ကောင်းတာ ။ အဲ့လို ခြေလက်ပိုင်ရှင်လေးတွေက စိတ်ရှည်သည်းခံ တတ်သလို အနုပညာကိုလည်း သက်ဝင်ခံစားလိုစိတ် အပြည့်အဝ ရှိတတ်တယ်လို့ သိရပါတယ်။
အဲ့လို ချစ်စရာကောင်းတဲ့ ကောင်မလေးတွေက ဘယ်သူများဖြစ်မလဲ အောက်မှာ ment ပေးသွားဦးနော်.. 😉
Credit: loveshorts
LEAVE A REPLY