Zawgyiျဖင့္ဖတ္ရန္

အေပါင္းအသင္းနဲ႔ပတ္သက္ရင္ မိန္းကေလးေတြဟာ ေယာက်ာ္းေလးေတြနဲ႔ မတူပါဘူး။ သူတို႔မွာ ေယာက်ာ္းေလးေတြထက္ အေပါင္းအသင္းနည္းတတ္ေပမဲ့ ဒီနည္းနည္းေလးကိုပဲ ရင္းရင္းႏွီးႏွီး ခင္တြယ္ေလ့ရွိပါတယ္။ ခင္တဲ့သူနဲ႔ ေတာ္ရုံလက္တြဲမျဖဳတ္ဘဲ ေရရွည္တြဲေလ့ရွိပါတယ္။ ဒါေပမဲ့ မိန္းကေလးအခ်င္းခ်င္းေတာင္ သင့္ကို ရင္းႏွီးခင္မင္တဲ့သူ မရွိဘူးဆုိရင္ေတာ့ အေၾကာင္းအရင္းတစ္ခုခုေတာ့ ရွိေနပါျပီ။

၁ – ျပင္ဆင္ေရးသမား

မိန္းကေလးသူငယ္ခ်င္းေတြနဲ႕ ရင္းရင္းႏွီးႏွီးမခင္ရတဲ့အေၾကာင္းအရင္းဟာ သူတို႔ကို ျပင္ဆင္ေပးခ်င္တဲ့စိတ္ေၾကာင့္ ျဖစ္ပါတယ္။ ဟိုလိုမေျပာသင့္ဘူး၊ ဒီလိုမလုပ္သင့္ဘူး စတဲ့ ေဝဖန္အၾကံျပဳခ်က္ေတြနဲ႔ ျပင္ဆင္ေပးခ်င္ေနတာပါ။ သူငယ္ခ်င္းက ကိုယ့္အေပၚေလးစားမႈၾကီးၾကီးမားမား ရွိလားဆိုတာကို မသိဘဲ ဆံုးမစကားေတြ ခဏခဏ ေျပာတတ္သူပါ။

၂ – ႏႈိင္းယွဥ္

သူငယ္ခ်င္းေတြနဲ႔ ျပိဳင္ဆုိင္ႏႈိင္းယွဥ္တာ ျဖစ္ပါတယ္။ သူငယ္ခ်င္းအေပါင္းအသင္းခ်င္းေတြ႕ၾကတဲ့အခါ ေပ်ာ္ရႊင္ရတဲ့အခ်ိန္ေတြကို ဒီလို လိုက္ႏႈိင္းယွဥ္ေနတဲ့အက်င့္က ဖ်က္ဆီးပစ္ပါတယ္။ သင့္ရဲ႕ ႏႈိင္းယွဥ္မႈေတြေၾကာင့္ သူငယ္ခ်င္းေတြက မေက်မခ်မ္းျဖစ္ေနတတ္ပါတယ္။ သင့္အက်င့္ကို ဖြင့္မေျပာေပမဲ့ ေနာက္ဆိုရင္ေတာ့ သင့္ကို ေရွာင္ဖို႔ ၾကိဳးစားေတာ့မွာ ျဖစ္ပါတယ္။

၃ – မနာလိုမႈ

လူတိုင္းက မနာလိုစိတ္ျဖစ္ရတဲ့အခ်ိန္ ရွိပါတယ္။ ဒါေပမဲ့ မနာလိုစိတ္ဟာ အက်င့္တစ္ခုလိုျဖစ္ေနျပီး ေတာ္ရုံေလာက္နဲ႔ မနာလိုတတ္တာ ျဖစ္ပါတယ္။ ဒီလို အက်င့္ရွိတာေၾကာင့္ သူငယ္ခ်င္းေတြက သင့္ကို မေပါင္းသင္းခ်င္ရုံတင္မကဘူး သင္နဲ႔ဆံုရမွာကိုပါ လန္႔တာပါ။

၄ – ပြဲဖ်က္သူ

ပြဲလမ္းသဘင္အပါအဝင္ သူငယ္ခ်င္းအေပါင္းအသင္းေတြ စုလုပ္တဲ့ အစီအစဥ္မ်ိဳးမွာ သင္ဘယ္ေတာ့မွ မပါပါဘူး။ သင့္ကိုပါဖို႔ ဖိတ္ေခၚတဲ့အခါမွာ မပါဝင္တဲ့အျပင္ ပ်က္စီးရာ ပ်က္စီးေၾကာင္းေတြ ေျပာတတ္တာပါ။ ေနာက္ပိုင္း သူငယ္ခ်င္းေတြ ဆံုဖို႔ရွိရင္ သင့္အေၾကာင္း သိေနတာေၾကာင့္ သင့္ကို မေခၚေတာ့ပါဘူး။ ဒီလိုနဲ႔ ရင္းရင္းႏွီးႏွီးေပါင္းတဲ့ သူငယ္ခ်င္း နည္းပါးလာတာပါ။

၅ – အာရုံစိုက္ခံခ်င္တာ

ပဲမ်ားတယ္လို႔လည္း ေျပာတတ္ၾကပါတယ္။ လူလယ္ေကာင္မွာ သင့္ကို အာရုံစုိက္ေစခ်င္တာ ျဖစ္ပါတယ္။ ဒီလို အာရုံစိုက္ဖို႔ သင့္ဘက္က ၾကိဳးစားအားထုတ္မႈေတြလုပ္တာ ျဖစ္ပါတယ္။ ဒီလို အက်င့္ကို သင့္သူငယ္ခ်င္းေတြက မၾကိဳက္တာေၾကာင့္ သင္နဲ႔ အေပါင္းအသင္း မလုပ္တာ ျဖစ္ပါတယ္။

Unicodeဖြင့်ဖတ်ရန်

အပေါင်းအသင်းနဲ့ပတ်သက်ရင် မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ မတူပါဘူး။ သူတို့မှာ ယောကျာ်းလေးတွေထက် အပေါင်းအသင်းနည်းတတ်ပေမဲ့ ဒီနည်းနည်းလေးကိုပဲ ရင်းရင်းနှီးနှီး ခင်တွယ်လေ့ရှိပါတယ်။ ခင်တဲ့သူနဲ့ တော်ရုံလက်တွဲမဖြုတ်ဘဲ ရေရှည်တွဲလေ့ရှိပါတယ်။ ဒါပေမဲ့ မိန်းကလေးအချင်းချင်းတောင် သင့်ကို ရင်းနှီးခင်မင်တဲ့သူ မရှိဘူးဆိုရင်တော့ အကြောင်းအရင်းတစ်ခုခုတော့ ရှိနေပါပြီ။

၁ – ပြင်ဆင်ရေးသမား

မိန်းကလေးသူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီးမခင်ရတဲ့အကြောင်းအရင်းဟာ သူတို့ကို ပြင်ဆင်ပေးချင်တဲ့စိတ်ကြောင့် ဖြစ်ပါတယ်။ ဟိုလိုမပြောသင့်ဘူး၊ ဒီလိုမလုပ်သင့်ဘူး စတဲ့ ဝေဖန်အကြံပြုချက်တွေနဲ့ ပြင်ဆင်ပေးချင်နေတာပါ။ သူငယ်ချင်းက ကိုယ့်အပေါ်လေးစားမှုကြီးကြီးမားမား ရှိလားဆိုတာကို မသိဘဲ ဆုံးမစကားတွေ ခဏခဏ ပြောတတ်သူပါ။

၂ – နှိုင်းယှဉ်

သူငယ်ချင်းတွေနဲ့ ပြိုင်ဆိုင်နှိုင်းယှဉ်တာ ဖြစ်ပါတယ်။ သူငယ်ချင်းအပေါင်းအသင်းချင်းတွေ့ကြတဲ့အခါ ပျော်ရွှင်ရတဲ့အချိန်တွေကို ဒီလို လိုက်နှိုင်းယှဉ်နေတဲ့အကျင့်က ဖျက်ဆီးပစ်ပါတယ်။ သင့်ရဲ့ နှိုင်းယှဉ်မှုတွေကြောင့် သူငယ်ချင်းတွေက မကျေမချမ်းဖြစ်နေတတ်ပါတယ်။ သင့်အကျင့်ကို ဖွင့်မပြောပေမဲ့ နောက်ဆိုရင်တော့ သင့်ကို ရှောင်ဖို့ ကြိုးစားတော့မှာ ဖြစ်ပါတယ်။

၃ – မနာလိုမှု

လူတိုင်းက မနာလိုစိတ်ဖြစ်ရတဲ့အချိန် ရှိပါတယ်။ ဒါပေမဲ့ မနာလိုစိတ်ဟာ အကျင့်တစ်ခုလိုဖြစ်နေပြီး တော်ရုံလောက်နဲ့ မနာလိုတတ်တာ ဖြစ်ပါတယ်။ ဒီလို အကျင့်ရှိတာကြောင့် သူငယ်ချင်းတွေက သင့်ကို မပေါင်းသင်းချင်ရုံတင်မကဘူး သင်နဲ့ဆုံရမှာကိုပါ လန့်တာပါ။

၄ – ပွဲဖျက်သူ

ပွဲလမ်းသဘင်အပါအဝင် သူငယ်ချင်းအပေါင်းအသင်းတွေ စုလုပ်တဲ့ အစီအစဉ်မျိုးမှာ သင်ဘယ်တော့မှ မပါပါဘူး။ သင့်ကိုပါဖို့ ဖိတ်ခေါ်တဲ့အခါမှာ မပါဝင်တဲ့အပြင် ပျက်စီးရာ ပျက်စီးကြောင်းတွေ ပြောတတ်တာပါ။ နောက်ပိုင်း သူငယ်ချင်းတွေ ဆုံဖို့ရှိရင် သင့်အကြောင်း သိနေတာကြောင့် သင့်ကို မခေါ်တော့ပါဘူး။ ဒီလိုနဲ့ ရင်းရင်းနှီးနှီးပေါင်းတဲ့ သူငယ်ချင်း နည်းပါးလာတာပါ။

၅ – အာရုံစိုက်ခံချင်တာ

ပဲများတယ်လို့လည်း ပြောတတ်ကြပါတယ်။ လူလယ်ကောင်မှာ သင့်ကို အာရုံစိုက်စေချင်တာ ဖြစ်ပါတယ်။ ဒီလို အာရုံစိုက်ဖို့ သင့်ဘက်က ကြိုးစားအားထုတ်မှုတွေလုပ်တာ ဖြစ်ပါတယ်။ ဒီလို အကျင့်ကို သင့်သူငယ်ချင်းတွေက မကြိုက်တာကြောင့် သင်နဲ့ အပေါင်းအသင်း မလုပ်တာ ဖြစ်ပါတယ်။

Credit : duwun