Zawgyi ျဖင့္ဖတ္ရန္
ဒီဇင္ဘာလ ၂၅ ရက္ေန႔က မႏၱေလးၿမိဳ႕မွာ အသတ္ခံလိုက္ရတဲ့ ရတနာပံု တကၠသုိလ္ က ကုန္ထုတ္ ဓာတု ေနာက္ဆံုးႏွစ္ေက်ာင္းသား ကိုစိုးမိုးဟိန္းရဲ႕ အမႈ နဲ႔ပတ္သက္လို႔ တရားခံေတြကို ဖမ္းမိဖို႔ ခက္ေနတယ္လို႔ အမရပူရၿမိဳ႕နယ္က ရဲမွဴးတင္ေအးေက်ာ္က RFA ကို ေျပာပါတယ္။
ဒီျဖစ္ရပ္မွာ ကိုစိုးမိုးဟိန္းနဲ႔ အတူရွိေနတဲ့ သူ႔ရဲ႕ခ်စ္သူ အေဝးသင္ေက်ာင္းသူ မခိုင္ဇင္ေဝႏွင္းက အဓိက မ်က္ျမင္သက္ေသျဖစ္ေနၿပီး သူက က်ဴးလြန္တဲ့လူေတြ၊ သူတို႔ စီးလာတဲ့ ေမာ္ေတာ္ဆိုင္ကယ္ အမ်ိဳးအစားေတြ၊ နံပါတ္ေတြ မသိလိုက္တဲ့အတြက္ တရားခံမိဖို႔ ခက္ေနတာလို႔ ရဲမွဴးက ေျပာပါတယ္။
အခင္းျဖစ္တဲ့ေနရာမွာ က်ဴးလြန္သူေတြဆီက ဓားတလက္နဲ႔ ဖိနပ္ေတြက်န္ခဲ့လို႔ သက္ေသခံပစၥည္းေတြ ရထားပါတယ္။ ဒါေပမယ့္ အဲဒီပစၥည္းေတြကေန လက္ေဗြနဲ႔ DNA မ်ိဳးရိုးဗီဇစစ္ၿပီး ေဖာ္ထုတ္ႏိုင္မွာ မဟုတ္ဘူးလို႔ ရဲမွဴးက ဆိုပါတယ္။
ေသဆံုးသူ ကိုစိုးမိုးဟိန္းရဲ႕ မိဘေတြကလည္း တရားခံစစ္စစ္ကိုပဲ ေဖာ္ထုတ္မိေစခ်င္ၿပီး မသက္ဆိုင္တဲ့သူေတြ ခံရမွာကို မလိုလားဘူးလို႔ ဦးေလးျဖစ္သူ ဦးေဇာ္မိုးႏုိင္က RFA ကို ေျပာပါတယ္။
အခုလို မႏၱေလးတိုင္းက တကၠသိုလ္ေတြမွာ ေျခာက္လအတြင္း ေက်ာင္းသား သံုးေယာက္ အသတ္ခံရတာ၊ ေက်ာင္းသားေတြ အသက္အႏၱရာယ္စိုးရိမ္ေနရတာ၊ ပစၥည္းေတြ မၾကာခဏ လုယက္ခံရ၊ ခိုးယူခံရတာေတြေၾကာင့္ လံုျခံဳေရးေကာင္းေအာင္ စီစဥ္ေပးဖို႔ ေက်ာင္းသားသမဂၢေတြက ေတာင္းဆိုေနေပမယ့္ တာဝန္ရွိအစိုးရက လ်စ္လ်ဴရႈထားတဲ့အတြက္ေၾကာင့္ဆိုၿပီး၊ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္နဲ႔ အစိုးရအဖြဲ႔ဝင္အခ်ိဳ႕အပါအဝင္ ရတနာပံုတကၠသိုလ္ပါေမာကၡခ်ဳပ္တို႔ရဲ႕ အသုဘအေခါင္းပံုစံလုပ္ၿပီး အဲဒီအေခါင္းကိုမီးရိႈ႕ဆႏၵျပခဲ့ၾကပါတယ္။
အဲဒီလိုဆႏၵျပခဲ့တဲ့ ရတနာပံုေက်ာင္းသားသမဂၢေခါင္းေဆာင္ေတြျဖစ္တဲ့ ကိုသီဟရဲေက်ာ္၊ ကိုရဲမင္းထြန္းနဲ႔ ကိုရဲမ်ိဳးေဆြတုိ႔ သံုးေယာက္ကို ရဲတပ္ဖြဲ႕ကဖမ္းလိုက္ၿပီး ပုဒ္မ ငါးခုနဲ႔ အမႈဖြင့္လိုက္ပါတယ္။
နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ၊ တာ၀န္ဝတၲရားေႏွာင့္ယွက္မႈ၊ မီးရိႈ႕မႈ၊ အားေပးအားေျမာက္မႈ၊ ၿငိမ္းစုစီ ဥပေဒခ်ိဳးေဖာက္မႈေတြနဲ႔ အမရပူရ ရဲစခန္းက အမႈဖြင့္ထားတယ္လို႔ မႏၲေလးခရိုင္ရဲတပ္ဖြဲ႔မွဴး၊ ဒုရဲမွဴးႀကီးမ်ိဳးေအာင္က RFA ကိုေျပာပါတယ္။
Credit:RFA Burmese
Unicode ဖြင့်ဖတ်ရန်
ဒီဇင်ဘာလ ၂၅ ရက်နေ့က မန္တလေးမြို့မှာ အသတ်ခံလိုက်ရတဲ့ ရတနာပုံတက္ကသိုလ်က ကုန်ထုတ် ဓာတု နောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်းရဲ့ အမှုနဲ့ပတ်သက်လို့ တရားခံတွေကို ဖမ်းမိဖို့ ခက်နေတယ်လို့ အမရပူရမြို့နယ်က ရဲမှူးတင်အေးကျော်က RFA ကို ပြောပါတယ်။
ဒီဖြစ်ရပ်မှာ ကိုစိုးမိုးဟိန်းနဲ့ အတူရှိနေတဲ့ သူ့ရဲ့ချစ်သူ အဝေးသင်ကျောင်းသူ မခိုင်ဇင်ဝေနှင်းက အဓိက မျက်မြင်သက်သေဖြစ်နေပြီး သူက ကျူးလွန်တဲ့လူတွေ၊ သူတို့ စီးလာတဲ့ မော်တော်ဆိုင်ကယ် အမျိုးအစားတွေ၊ နံပါတ်တွေ မသိလိုက်တဲ့အတွက် တရားခံမိဖို့ ခက်နေတာလို့ ရဲမှူးက ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ကျူးလွန်သူတွေဆီက ဓားတလက်နဲ့ ဖိနပ်တွေကျန်ခဲ့လို့ သက်သေခံပစ္စည်းတွေ ရထားပါတယ်။ ဒါပေမယ့် အဲဒီပစ္စည်းတွေကနေ လက်ဗွေနဲ့ DNA မျိုးရိုးဗီဇစစ်ပြီး ဖော်ထုတ်နိုင်မှာ မဟုတ်ဘူးလို့ ရဲမှူးက ဆိုပါတယ်။
သေဆုံးသူ ကိုစိုးမိုးဟိန်းရဲ့ မိဘတွေကလည်း တရားခံစစ်စစ်ကိုပဲ ဖော်ထုတ်မိစေချင်ပြီး မသက်ဆိုင်တဲ့သူတွေ ခံရမှာကို မလိုလားဘူးလို့ ဦးလေးဖြစ်သူ ဦးဇော်မိုးနိုင်က RFA ကို ပြောပါတယ်။
အခုလို မန္တလေးတိုင်းက တက္ကသိုလ်တွေမှာ ခြောက်လအတွင်း ကျောင်းသား သုံးယောက် အသတ်ခံရတာ၊ ကျောင်းသားတွေ အသက်အန္တရာယ်စိုးရိမ်နေရတာ၊ ပစ္စည်းတွေ မကြာခဏ လုယက်ခံရ၊ ခိုးယူခံရတာတွေကြောင့် လုံခြုံရေးကောင်းအောင် စီစဉ်ပေးဖို့ ကျောင်းသားသမဂ္ဂတွေက တောင်းဆိုနေပေမယ့် တာဝန်ရှိအစိုးရက လျစ်လျူရှုထားတဲ့အတွက်ကြောင့်ဆိုပြီး၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ဝင်အချို့အပါအဝင် ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်တို့ရဲ့ အသုဘအခေါင်းပုံစံလုပ်ပြီး အဲဒီအခေါင်းကိုမီးရှို့ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီလိုဆန္ဒပြခဲ့တဲ့ ရတနာပုံကျောင်းသားသမဂ္ဂခေါင်းဆောင်တွေဖြစ်တဲ့ ကိုသီဟရဲကျော်၊ ကိုရဲမင်းထွန်းနဲ့ ကိုရဲမျိုးဆွေတို့ သုံးယောက်ကို ရဲတပ်ဖွဲ့ကဖမ်းလိုက်ပြီး ပုဒ်မ ငါးခုနဲ့ အမှုဖွင့်လိုက်ပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှု၊ မီးရှို့မှု၊ အားပေးအားမြောက်မှု၊ ငြိမ်းစုစီ ဥပဒေချိုးဖောက်မှုတွေနဲ့ အမရပူရ ရဲစခန်းက အမှုဖွင့်ထားတယ်လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီးမျိုးအောင်က RFA ကိုပြောပါတယ်။
Credit:RFA Burmese