Zawgyi ျဖင့္ဖတ္ရန္

 

အသက္ ၈ ႏွစ္အ႐ြယ္ဆိုတာ ကိုယ္ပိုင္ ဝင္ေငြ ရွာဖို႔ ေစာေသးလြန္းတယ္လို႔ ထင္ႏိုင္ၾကပါတယ္။ ဒါေပမယ့္ အေမရိကန္က ေက်ာင္းသားေလး Ryan တစ္ေယာက္ကေတာ့ အ႐ုပ္ေတြအေၾကာင္းကို Youtube မွာ review တင္ၿပီး ၂၀၁၇ ခုႏွစ္အတြင္း ကန္ ေဒၚလာ ၂၂ သန္းအထိ ခ်မ္းသာလာခဲ့ပါတယ္။ သူ႔လိုပဲ ဘယ္သူေတြ ရွိဦးမလဲ။

Ryan အပါအဝင္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ မီလ်ံနာ ျဖစ္ေနၾကတဲ့ Youtube စတား ၆ ဦးအေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။အရင္ဆုံး Youtube ဘေလာ့ဂါေတြထဲက အခ်မ္းသာဆုံး ၂ ေယာက္ကို ေဖာ္ျပေပးပါမယ္။

Ryan ToysReview

၈ႏွစ္သားေလး Ryan ကေတာ့ သူ႔ရဲ႕ အႁမႊာညီမ ၂ ေယာက္နဲ႔အတူ Youtube channel မွာ အ႐ုပ္ review ေျပာတဲ့ ဗီဒီယိုေတြတင္ရင္း ကန္ေဒၚလာ သန္း ၂၀ ေက်ာ္အထိ ႂကြယ္ဝလာသူေလး ျဖစ္ပါတယ္။ သူဟာ ၂၀၁၅ ခုႏွစ္ကစလို႔ Youtube channel စဖြင့္ခဲ့တာပါ။

Jake Paul

Jake Paul ကေတာ့ ကမာၻေက်ာ္ Youtuber Logan Paul ရဲ႕ ညီေလးျဖစ္ပါတယ္။ Jake ကေတာ့ သူ႔ရဲ႕ ခ်ယ္နယ္မွာ prank ေတြ ဟာသဗီဒီယိုေတြ တင္ရင္း ကန္ေဒၚလာ သန္း ၂၀ ေက်ာ္ ခ်မ္းသာလာတဲ့ Youtuber ေလးတစ္ေယာက္ ျဖစ္ပါတယ္။ သူ႔အစ္ကိုရဲ႕ ေအာင္ျမင္မႈကိုပါ ေက်ာ္တက္သြားႏိုင္သူပါ။

အခုဆက္ေဖာ္ျပေပးမွာကေတာ့ Youtuber ေတြထဲက အသက္အငယ္ဆုံးေတြပါ။

EthanGamerTV

၁၂ ႏွစ္အ႐ြယ္ Ethan ကေတာ့ ဗီဒီယိုဂိမ္း ဘေလာ့ဂါေလးပါ။ သူ႔ရဲ႕ ခ်ယ္နယ္ကို သူ႔အေဖနဲ႔ အေမက ကိုင္တာျဖစ္ၿပီး သူက PlayStation နဲ႔ ဖုန္းဂိမ္းေတြကို review ေျပာေပးပါတယ္။ သူ႔ရဲ႕ အသားတင္ ႂကြယ္ဝမႈက ေဒၚလာ ၁ သန္းျဖစ္ပါတယ္။

Hailey’s Magical Playhouse]

၇ ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ Hailey ေလးလည္း Ryan နည္းတူ အ႐ုပ္ေတြအေၾကာင္း review ေျပာတဲ့ ဗီဒီယိုေတြ တင္တဲ့ ဘေလာ့ဂါေလးတစ္ေယာက္ျဖစ္ပါတယ္။ သူမရဲ႕ ႂကြယ္ဝမႈကေတာ့ ေဒၚလာ ၁.၄ သန္းျဖစ္ပါတယ္။ ၾကည့္ရႈမႈ အမ်ားဆုံး ဗီဒီယိုဟာ လူေပါင္း ၉၈ သန္းအထိ ၾကည့္ထားတာပါ။

အခု ဆက္ေဖာ္ျပေပးမွာကေတာ့ အထူးဆန္းဆုံး ဘေလာ့ဂ္ပိုင္ရွင္ေတြ ျဖစ္ပါတယ္။

Yuka Kinoshita

အစားတလိုင္း ပရိသတ္ေတြကေတာ့ သူမရဲ႕ ခ်ယ္နယ္ကို အသည္းစြဲပါပဲ။ ဂ်ပန္ႏိုင္ငံက ၃၃ ႏွစ္အ႐ြယ္ ဘေလာ့ဂါ Yuka ဟာ သူမရဲ႕ အစားေတြ အမ်ားႀကီးစားျပတဲ့ ဗီဒီယိုေတြကို ေန႔စဥ္တင္ေပးပါတယ္။ အမ်ိဳးသမီးတစ္ေယာက္က တစ္ေန႔ကို ကယ္လိုရီ ၂၀၀၀ သာလိုအပ္ေပမယ့္ သူမက ကယ္လိုရီ ၅၀၀၀ ေလာက္ စားျပတာပါ။ သူမရဲ႕ ပိုင္ဆိုင္မႈကေတာ့ ေဒၚလာ ၂.၉ သန္းပါ။

FunToys Collector Disney Toys Review

 

မ်က္ႏွာမျပတဲ့ အမ်ိဳးသမီးတစ္ေယာက္က ကေလးအ႐ုပ္ေတြကို ဖြင့္ျပၿပီး review ေျပာတဲ့ ခ်ယ္နယ္ပါ။ မ်က္ႏွာမျမင္ရဘဲ အ႐ုပ္ေတြကို ကိုင္ျပတဲ့ သူမရဲ႕ လက္သည္းေလးေတြကိုပဲ လူေတြ ျမင္ၾကရပါတယ္။ ႂကြယ္ဝမႈကေတာ့ ေဒၚလာ ၃.၉ သန္းပါ။ အင္တာနက္ေပၚက အခ်မ္းသာဆုံး လက္ပိုင္ရွင္လို႔ေတာင္ တင္စားၾကပါတယ္။

Share from : /burmese.asia

Unicode ဖြင့်ဖတ်ရန်

Youtube ဘလော့ဂ်ဖွင့်ပြီး မီလျံနာဖြစ်လာကြတဲ့ ဉာဏ်ကောင်းလွန်းကြသူလေးများ

အသက် ၈ နှစ်အရွယ်ဆိုတာ ကိုယ်ပိုင် ဝင်ငွေ ရှာဖို့ စောသေးလွန်းတယ်လို့ ထင်နိုင်ကြပါတယ်။ ဒါပေမယ့် အမေရိကန်က ကျောင်းသားလေး Ryan တစ်ယောက်ကတော့ အရုပ်တွေအကြောင်းကို Youtube မှာ review တင်ပြီး ၂၀၁၇ ခုနှစ်အတွင်း ကန် ဒေါ်လာ ၂၂ သန်းအထိ ချမ်းသာလာခဲ့ပါတယ်။ သူ့လိုပဲ ဘယ်သူတွေ ရှိဦးမလဲ။

Ryan အပါအဝင် ငယ်ငယ်ရွယ်ရွယ်နဲ့ မီလျံနာ ဖြစ်နေကြတဲ့ Youtube စတား ၆ ဦးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။အရင်ဆုံး Youtube ဘလော့ဂါတွေထဲက အချမ်းသာဆုံး ၂ ယောက်ကို ဖော်ပြပေးပါမယ်။

Ryan ToysReview

၈နှစ်သားလေး Ryan ကတော့ သူ့ရဲ့ အမြွှာညီမ ၂ ယောက်နဲ့အတူ Youtube channel မှာ အရုပ် review ပြောတဲ့ ဗီဒီယိုတွေတင်ရင်း ကန်ဒေါ်လာ သန်း ၂၀ ကျော်အထိ ကြွယ်ဝလာသူလေး ဖြစ်ပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်ကစလို့ Youtube channel စဖွင့်ခဲ့တာပါ။

Jake Paul

Jake Paul ကတော့ ကမ္ဘာကျော် Youtuber Logan Paul ရဲ့ ညီလေးဖြစ်ပါတယ်။ Jake ကတော့ သူ့ရဲ့ ချယ်နယ်မှာ prank တွေ ဟာသဗီဒီယိုတွေ တင်ရင်း ကန်ဒေါ်လာ သန်း ၂၀ ကျော် ချမ်းသာလာတဲ့ Youtuber လေးတစ်ယောက် ဖြစ်ပါတယ်။ သူ့အစ်ကိုရဲ့ အောင်မြင်မှုကိုပါ ကျော်တက်သွားနိုင်သူပါ။

အခုဆက်ဖော်ပြပေးမှာကတော့ Youtuber တွေထဲက အသက်အငယ်ဆုံးတွေပါ။

EthanGamerTV

၁၂ နှစ်အရွယ် Ethan ကတော့ ဗီဒီယိုဂိမ်း ဘလော့ဂါလေးပါ။ သူ့ရဲ့ ချယ်နယ်ကို သူ့အဖေနဲ့ အမေက ကိုင်တာဖြစ်ပြီး သူက PlayStation နဲ့ ဖုန်းဂိမ်းတွေကို review ပြောပေးပါတယ်။ သူ့ရဲ့ အသားတင် ကြွယ်ဝမှုက ဒေါ်လာ ၁ သန်းဖြစ်ပါတယ်။

Hailey’s Magical Playhouse

၇ နှစ် အရွယ်သာ ရှိသေးတဲ့ Hailey လေးလည်း Ryan နည်းတူ အရုပ်တွေအကြောင်း review ပြောတဲ့ ဗီဒီယိုတွေ တင်တဲ့ ဘလော့ဂါလေးတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ကြွယ်ဝမှုကတော့ ဒေါ်လာ ၁.၄ သန်းဖြစ်ပါတယ်။ ကြည့်ရှုမှု အများဆုံး ဗီဒီယိုဟာ လူပေါင်း ၉၈ သန်းအထိ ကြည့်ထားတာပါ။

အခု ဆက်ဖော်ပြပေးမှာကတော့ အထူးဆန်းဆုံး ဘလော့ဂ်ပိုင်ရှင်တွေ ဖြစ်ပါတယ်။

Yuka Kinoshita

အစားတလိုင်း ပရိသတ်တွေကတော့ သူမရဲ့ ချယ်နယ်ကို အသည်းစွဲပါပဲ။ ဂျပန်နိုင်ငံက ၃၃ နှစ်အရွယ် ဘလော့ဂါ Yuka ဟာ သူမရဲ့ အစားတွေ အများကြီးစားပြတဲ့ ဗီဒီယိုတွေကို နေ့စဉ်တင်ပေးပါတယ်။ အမျိုးသမီးတစ်ယောက်က တစ်နေ့ကို ကယ်လိုရီ ၂၀၀၀ သာလိုအပ်ပေမယ့် သူမက ကယ်လိုရီ ၅၀၀၀ လောက် စားပြတာပါ။ သူမရဲ့ ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ၂.၉ သန်းပါ။

FunToys Collector Disney Toys Review

မျက်နှာမပြတဲ့ အမျိုးသမီးတစ်ယောက်က ကလေးအရုပ်တွေကို ဖွင့်ပြပြီး review ပြောတဲ့ ချယ်နယ်ပါ။ မျက်နှာမမြင်ရဘဲ အရုပ်တွေကို ကိုင်ပြတဲ့ သူမရဲ့ လက်သည်းလေးတွေကိုပဲ လူတွေ မြင်ကြရပါတယ်။ ကြွယ်ဝမှုကတော့ ဒေါ်လာ ၃.၉ သန်းပါ။ အင်တာနက်ပေါ်က အချမ်းသာဆုံး လက်ပိုင်ရှင်လို့တောင် တင်စားကြပါတယ်။

Share from : /burmese.asia