Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
လေယာဉ် ပေါ်မှာသင်မလုပ်သင့်တဲ့အချက်၁၀ချက်
၁။လူအများစုကလေယာဉ်ပေါ်မှာအိပ်တတ်ကြပါတယ်။
လေယာဉ်ပေါ်မှာအိပ်တာပြဿနာမရှိပါဘူး။ဒါပေမဲ့လေယာဉ်တတ်တဲ့အချိန်နဲ့လေယာဉ်ဆင်းတဲ့အချိန်တွေမှာတော့နိုးနေသင့်ပါတယ်။ထိုအချိန်တွေမှာလေဖိအားများတဲ့အတွက်ခေါင်းမူးတာ၊ နား ထဲပိုးဝင်တာ၊နှာခေါင်း သွေးလျံတာတွေမဖြစ်စေဖို့နိုးနေသင့်ပါတယ်။
၂။လေယာဉ် စီးတဲ့အခါတစ်ချိန်လုံးထိုင်မနေသင့်ဘူး။
သွးလည်ပတ်မှုကောင်းစေရန်ခြေလက်တွေကိုအကြောဆန့်ပေးသင့်ပါတယ်။
၃။လေယာဉ်ခန်း ထဲရှိလေဟာခြောက်သွေ့ပါတယ်။
ခြောက်သွေ့မှုကရေဓာတ်ခန်းခြောက်စေတတ်ပါတယ်။ဒါကြောင့်လေယာဉ်ပေါ်မှာသောက်စရာတစ်ခုခုပေးရင်မငြင်းပါနဲ့။
၄။လေယာဉ်ပေါ်မှာပေးတဲ့coffee ၊tea တို့ကိုလေယာဉ်ပေါ်ကရေနဲ့ဖျော်တာပါ။
လေယာဉ်ပျံပေါ်ကရေတိုင်ကီတွေဟာသန့်ရှင်းမှုသိပ်မရှိပါဘူးဒါကြောင့်coffee ၊tea တို့ကိုသောက်သင့်မသင့်စဉ်းစားပါ။
၅။လေယာဉ်ပေါ်မှာလူအများစုကဖျော်ရည်တွေသောက်တတ်ပါတယ်။
ဒါပေမဲ့အမြုပ်ပါတဲ့ဖျော်ရည်တွေကိုလေယာဉ်ပေါ်မှာမသောက်သင့်ပါဘူး။ရင်ထဲမအီမလည်ဖြစ်စေတတ်လို့ပါ။
၆။လေယာဉ်ပေါ်မှာ အရက် ၊ဘီယာလည်းမသောက်သင့်ပါဘူး။
လေယာဉ်ပျံသန်းနေတဲ့အချိန်မှာအရက်၊ဘီယာကြောင့်ပိုမှူးစေတတ်ပါတယ်။
၇။လေယာဉ်ပေါ်မှာအစာစားတဲ့အခါလေယာဉ်ပေါ်ရှိလင်ဗန်းစားပွဲပြုတ်ကျတဲ့အစာတွေကိုပြန်မစားသင့်ပါဘူး။
ဘာလို့်ဆိုလေယာဉ်ပေါ်ကလင်ဗန်းစားပွဲမှာဘတ်တီးရီယားတွေရှိနိုင်ချေရာခိုင်နှုန်းများလို့ပါ။
၈။လေယာဉ်ပေါ်မှာခြေဗလာနဲ့လမ်းမလျှောက်သင့်ဘူး
ဘာလို့ဆိုလေယာဉ်ကြမ်းပြင်တွေကမသန့်ရှင်းလို့ပါ။
၉။လူအများစုကအများသုံးအိမ်သာတွေကိုရောဂါပိုးစေရှိနေမှာစိုးလို့မသုံးချင်ကြဘူး။
လေယာဉ်ပျံဆင်းသက်တော့မှအိမ်သာဝင်တော့မယ်လို့လုပ်တတ်ကြတယ်အဲလိုမလုပ်သင့်ဘူး။ဆီးအောင့်ထားမယ်ဆိုရင်ဆီးအိတ်ထဲမှာဆီးတွေကျန်နေပြီးနေထိုင်မကောင်းဖြစ်တတ်ပါတယ်။
၁၀။လေယာဉ်ပျံနေတုန်းဓာတ်ပုံမရိုက်သင့်ပါဘူးအကောင်းဆုံးကတော့လေယာဉ်ဆင်းသက်မှရိုက်ပါ။
Credit : – Min Thu (Daily Hot News ) .
LEAVE A REPLY