Zawgyi ျဖင့္ဖတ္ရန္

လူေတြဆိုတာ ေမ့တတ္တဲ့ မ်ိဳးႏြယ္ေတြပါ ။တစ္ေန႔ တစ္ေန႔ ကားေသာ့ ဘယ္မွာထားမိမွန္း ၊ ဖိုင္တြဲေတြ ဘယ္နားတင္မိမွန္း ျပန္စဥ္းစားရတာ မေရမတြက္ႏိုင္ေအာင္ပါပဲ ။အသက္ႀကီးတာနဲ႔အမွ် ဦးေႏွာက္ထဲက Gray Matter ေတြဟာ ေလ်ာ့ပါးသြားေလ့ရွိပါတယ္ ။ဒါဆိုရင္ အသက္ႀကီးတာနဲ႔အမွ် ေမ့ေလ်ာ့ျခင္းေတြျဖစ္လာေတာ့မွာလား ။မဟုတ္ေသးပါဘူး ။ ဒီလိုမျဖစ္ေအာင္ ဦးေႏွာက္ကို စနစ္တက်ေလ့က်င့္ေပးလို႔ရပါတယ္ ။ဒါဆိုရင္ ဘယ္လိုေလ့က်င့္ရမလဲ ။

၁ မသန္တဲ့ လက္ ကို မၾကာခဏအသုံးျပဳေပးပါ ။

ညာသန္ဆိုရင္ ထမင္းစားတဲ့အခါမ်ိဳး ၊ ပစၥည္းေတြ ေကာက္ယူတဲ့အခါမ်ိဳးမွာ ဘယ္လက္ကို အသုံးျပဳေပးပါ ။ကိုယ္မသန္တဲ့လက္ကိုအသုံးျပဳတာဟာ ဦးေႏွာက္ ရဲ႕ အလုပ္ သိပ္မလုပ္ရတဲ့အပိုင္းကို အလုပ္လုပ္ေစျခင္းပါပဲ ။

၂ ေန႔စဥ္လုပ္ေဆာင္ေနတဲ့ကိစၥေတြ ဥပမာ ေရခ်ိဳးတာမ်ိဳး ၊ ပန္းကန္ေရသုတ္တာမ်ိဳး ကို မ်က္စိမွိတ္ၿပီးလုပ္ေဆာင္ပါ ။

ဒီလိုျပဳလုပ္ျခင္းဟာ အရာဝတၱဳေတြနဲ႔ထိေတြ႕ေနတယ္ဆိုတာကို ဦးေႏွာက္ကို အသိေပးေနတဲ့အတြက္ ဦးေႏွာက္ကို အလုပ္လုပ္ေစပါတယ္ ။

၃ မနက္ေစာေစာထၿပီး ေလ့က်င့္ခန္းလုပ္ပါ ။

ေလ့က်င့္ခန္းလုပ္ျခင္းဟာ ခႏၶာကိုယ္က်န္းမာဖို႔အတြက္ လိုအပ္တဲ့အျပင္ ဦးေႏွာက္အတြက္လည္း ေအာက္ဆီဂ်င္ျပည့္ျပည့္ဝဝေထာက္ပံ့ေပးႏိုင္တဲ့ အေလ့အက်င့္တစ္ခုလည္းျဖစ္ပါတယ္ ။

၄ အရာဝတၱဳေတြကိုေျပာင္းျပန္ၾကည့္ပါ ။

နာရီ ၊ ရီမု ၊ ဓါတ္ပုံ အစရွိတဲ့အရာေတြကို ေျပာင္းျပန္ၾကည့္ေပးပါ ။အရာဝတၱဳေတြကိုေျပာင္းျပန္ျမင္တဲ့အခါ အတည့္အတိုင္း ဘာသာျပန္ထုတ္ဖို႔ ဦးေႏွာက္က အမ်ားႀကီးေတြးယူရတာေၾကာင့္ ဦးေႏွာက္စြမ္းရည္ကိုျမင့္မားေစပါတယ္။

၅ အေႂကြေစ့ေတြနဲ႔ကစားပါ ။

မ်က္မျမင္ေတြ အေႂကြေစ့ကို စမ္းၿပီးေတာ့ ဘယ္ေလာက္တန္လဲဆိုတာ ဖတ္ႏိုင္သလို အေႂကြေစ့ကို စမ္းၿပီးေတာ့ ဘယ္ေလာက္တန္လဲဆိုတာ စဥ္းစားၾကည့္ပါ ။ဒါဟာ ဦးေႏွာက္ရဲ႕ ေတြးေခၚႏိုင္စြမ္းကို ပိုျမင့္မားလာေစၿပီး စဥ္းစားဉာဏ္ကိုလည္းရင့္သန္လာေစပါတယ္ ။

၆ ဟင္းလ်ာေတြကို ေျပာင္းလဲစားသုံးေပးပါ ။

အနံ႔သစ္ အရသာသစ္ေတြဟာ ဦးေႏွာက္ရဲ႕ ခံစားႏိုင္စြမ္း နဲ႔ အာ႐ုံခံႏိုင္စြမ္းေတြကို တိုးတက္ေအာင္ျပဳလုပ္ေပးပါတယ္ ။

၇ အသံထြက္ၿပီးစာဖတ္ပါ ။

အသံထြက္ၿပီးစာဖတ္ရတာ ခက္ခဲတယ္ဆိုေပမယ့္ ႀကိဳးစားၾကည့္ပါ ။အသံထြက္ၿပီးစာဖတ္တဲ့အခါ ဦးေႏွာက္ရဲ႕ လည္ပတ္မႈစနစ္ေတြ တိုးတက္လာပါတယ္ ။အသံထြက္ၿပီးစာဖတ္ရတာခက္ခဲေနရင္လည္း Audiobooks ေတြနားေထာင္လို႔ရပါတယ္ ။

Credit : Min Thu (Daily Hot News )

Unicode ဖြင့်ဖတ်ရန်

ဘယ်အရွယ်ရောက်ရောက် ထူးချွန်ထက်မြက်နေစေမယ့် ဦးနှောက် လေ့ကျင့်ခန်းများ

လူတွေဆိုတာ မေ့တတ်တဲ့ မျိုးနွယ်တွေပါ ။တစ်နေ့ တစ်နေ့ ကားသော့ ဘယ်မှာထားမိမှန်း ၊ ဖိုင်တွဲတွေ ဘယ်နားတင်မိမှန်း ပြန်စဉ်းစားရတာ မရေမတွက်နိုင်အောင်ပါပဲ ။အသက်ကြီးတာနဲ့အမျှ ဦးနှောက်ထဲက Gray Matter တွေဟာ လျော့ပါးသွားလေ့ရှိပါတယ် ။ဒါဆိုရင် အသက်ကြီးတာနဲ့အမျှ မေ့လျော့ခြင်းတွေဖြစ်လာတော့မှာလား ။မဟုတ်သေးပါဘူး ။ ဒီလိုမဖြစ်အောင် ဦးနှောက်ကို စနစ်တကျလေ့ကျင့်ပေးလို့ရပါတယ် ။ဒါဆိုရင် ဘယ်လိုလေ့ကျင့်ရမလဲ ။

၁ မသန်တဲ့ လက် ကို မကြာခဏအသုံးပြုပေးပါ ။

ညာသန်ဆိုရင် ထမင်းစားတဲ့အခါမျိုး ၊ ပစ္စည်းတွေ ကောက်ယူတဲ့အခါမျိုးမှာ ဘယ်လက်ကို အသုံးပြုပေးပါ ။ကိုယ်မသန်တဲ့လက်ကိုအသုံးပြုတာဟာ ဦးနှောက် ရဲ့ အလုပ် သိပ်မလုပ်ရတဲ့အပိုင်းကို အလုပ်လုပ်စေခြင်းပါပဲ ။

၂ နေ့စဉ်လုပ်ဆောင်နေတဲ့ကိစ္စတွေ ဥပမာ ရေချိုးတာမျိုး ၊ ပန်းကန်ရေသုတ်တာမျိုး ကို မျက်စိမှိတ်ပြီးလုပ်ဆောင်ပါ ။

ဒီလိုပြုလုပ်ခြင်းဟာ အရာဝတ္တုတွေနဲ့ထိတွေ့နေတယ်ဆိုတာကို ဦးနှောက်ကို အသိပေးနေတဲ့အတွက် ဦးနှောက်ကို အလုပ်လုပ်စေပါတယ် ။

၃ မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်ပါ ။

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ်ကျန်းမာဖို့အတွက် လိုအပ်တဲ့အပြင် ဦးနှောက်အတွက်လည်း အောက်ဆီဂျင်ပြည့်ပြည့်ဝဝထောက်ပံ့ပေးနိုင်တဲ့ အလေ့အကျင့်တစ်ခုလည်းဖြစ်ပါတယ် ။

၄ အရာဝတ္တုတွေကိုပြောင်းပြန်ကြည့်ပါ ။

နာရီ ၊ ရီမု ၊ ဓါတ်ပုံ အစရှိတဲ့အရာတွေကို ပြောင်းပြန်ကြည့်ပေးပါ ။အရာဝတ္တုတွေကိုပြောင်းပြန်မြင်တဲ့အခါ အတည့်အတိုင်း ဘာသာပြန်ထုတ်ဖို့ ဦးနှောက်က အများကြီးတွေးယူရတာကြောင့် ဦးနှောက်စွမ်းရည်ကိုမြင့်မားစေပါတယ်။

၅ အကြွေစေ့တွေနဲ့ကစားပါ ။

မျက်မမြင်တွေ အကြွေစေ့ကို စမ်းပြီးတော့ ဘယ်လောက်တန်လဲဆိုတာ ဖတ်နိုင်သလို အကြွေစေ့ကို စမ်းပြီးတော့ ဘယ်လောက်တန်လဲဆိုတာ စဉ်းစားကြည့်ပါ ။ဒါဟာ ဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်းကို ပိုမြင့်မားလာစေပြီး စဉ်းစားဉာဏ်ကိုလည်းရင့်သန်လာစေပါတယ် ။

၆ ဟင်းလျာတွေကို ပြောင်းလဲစားသုံးပေးပါ ။

အနံ့သစ် အရသာသစ်တွေဟာ ဦးနှောက်ရဲ့ ခံစားနိုင်စွမ်း နဲ့ အာရုံခံနိုင်စွမ်းတွေကို တိုးတက်အောင်ပြုလုပ်ပေးပါတယ် ။

၇ အသံထွက်ပြီးစာဖတ်ပါ ။

အသံထွက်ပြီးစာဖတ်ရတာ ခက်ခဲတယ်ဆိုပေမယ့် ကြိုးစားကြည့်ပါ ။အသံထွက်ပြီးစာဖတ်တဲ့အခါ ဦးနှောက်ရဲ့ လည်ပတ်မှုစနစ်တွေ တိုးတက်လာပါတယ် ။အသံထွက်ပြီးစာဖတ်ရတာခက်ခဲနေရင်လည်း Audiobooks တွေနားထောင်လို့ရပါတယ် ။

Credit : Min Thu (Daily Hot News )