Zawgyi ဖြင့်ဖတ်ရန်

 







Credit : burmese.asia

Unicode ဖြင့်ဖတ်ရန်

မန်ကျည်းဖျော်ရည်ရောင်းတဲ့ဦးလေးကြီးကြောင့် ဝမ်းနည်းခဲ့ရတဲ့ ချစ်သုဝေ

နိုင်ငံကျော် သရုပ်ဆောင် နှင့် အဆိုတော် ချစ်သုဝေ ဟာ ဆရာဝန်မလေးတစ်ဦးဖြစ်ပေမယ့် သူမရဲ့အနုပညာကို ခုန်မင်စွာ ဆက်လက်လုပ်ကိုင်နေသူတစ်ဦးပါ။ ချစ်သုဝေဟာ သူမရဲ့ အနုပညာ သက်တမ်းတစ်လျှောက်မှာ အောင်မြင်စွာ ရပ်တည်နေနိုင်ခဲ့သူရှိပြီး နာမည်ပျက်လုံးဝမရှိတဲ့သူ တစ်ဦးပါ။ အဲ့ဒါတွေကြောင့်လဲ ချစ်သုဝေကို အားပေးကြတဲ့ ပရိသတ်တွေက အခုချိန်ထိ အခိုင်အမာရှိနေဆဲပါပဲ။

ချစ်သုဝေဟာ အဆိုတော်လင်းလင်းနဲ့ ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး ချိုမြိန်လွန်းလှတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ အရုပ်လေးတွေလို ချစ်စရာကောင်းတဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်ဆိုတဲ့ အမြွာသမီးလေးနှစ်ဦးကို ပိုင်ဆိုင်ထားတာပါ။ သမီးလေးတွေက အရမ်းကို ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေကလဲ ချစ်ခင်ကြပါတယ်။

ချစ်သုဝေက လူလေးလှသလို စိတ်ထားလေးလဲ နူးညံ့သိမ်မွေ့သူတစ်ယောက်လဲဖြစ်ပါတယ်။ ချစ်သုဝေက ပရဟိတလုပ်ငန်းတွေနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို စွမ်းစွမ်းတမံ ကြိုးစားလုပ်ကိုင်နေသူလေးပါ။

ဒီနေ့မှာတော့ ချစ်သုဝေက မန်ကျည်းဖျော်ရည်ရောင်းတဲ့ဦးလေးကြီးတစ်ယောက်ကြောင့် စိတ်မကောင်းဖြစ်ခဲ့ရကြောင်းကို “မန်ကျည်းရည်အထမ်းသည်ဦးဦးကိုတွေ့တယ်တစ်ခွက်ဘယ်လောက်လဲ” ဦး “၃၀၀…”ဖျော်လို့ပြီးတော့ သိမ်းထားတဲ့တစ်ခါသုံးခွက်လေးထဲထည့်တယ်။ ကိုက်ရဲ့လား ဦး ဒီလိုပဲ..သမီးအဆင်ပြေအောင်လို့။ စို့တက်လာတဲ့ ဝမ်းနည်းမှုကို ဦးလေးဖျော်ပေးတဲ့မန်ကျည်းရည်နဲ့ လူမမြင်အောင်မျောချလိုက်တော့ ဟိုးငယ်ငယ်ကသောက်ခဲ့ရတဲ့ သဘာဝ မန်ကျည်းထန်းလျက်ရည်စစ်စစ်အရသာလေးရလာတယ်။စေတနာရယ်…မေတ္တာရယ်…အင်မတန်မှ ပေါဌေးတဲ့ သူဌေးကြီးဦးဦးရဲ့ မန်ကျည်းရည်ကို ကျွန်မသောက်ခဲ့ရပါတယ်။ အတွေးတွေအများကြီးရစေတဲ့ ဦးလေးကြီးရေ နိစ္စဓူဝဘယ်အရာမဆို အဆင်ပြေပါစေ” ဆိုပြီး ဆုတောင်းစကားလေးပြောရင်း ပရိသတ်တွေကို ဝေမျှထားပါတယ်။

ချစ်သုဝေတွေ့ခဲ့ရတဲ့ မန်ကျည်းဖျော်ရည်သည်ဦးလေးကြီးလဲ အဆင်ပြေတဲ့ဘဝတစ်ခုကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit : burmese.asia