Zawgyi ျဖင့္ဖတ္ရန္

အေမရိကန္ R&B အဆိုေတာ္ ခရစ္ဘေရာင္းကို အဓၼမျပဳက်င့္မွု သံသယတရားခံအျဖစ္ ျပင္သစ္ရဲမ်ားက ပဲရစ္ၿမိဳ႕တြင္ တနလၤာေန႔က ဖမ္းဆီးလိုက္သည္။
ခရစ္ဘေရာင္းဟာ ဇန္နဝါရီ ၁၅ ရက္ေန႔ ညေနပိုင္းက ပဲရစ္ၿမိဳ႕ရွိ ၾကယ္ငါးပြင့္ဟိုတယ္တစ္ခုတြင္ အဓၶမျပဳက်င့္ခဲ့ေၾကာင္း အသက္ ၂၅ ႏွစ္အရြယ္ မိန္းကေလးက တိုင္ၾကားခဲ့သျဖင့္ ယခုလို ဖမ္းဆီးခံခဲ့ရျခင္းျဖစ္သည္။

ခရစ္ဘေရာင္းနဲ႔အတူ သူ႔ရဲ့သက္ေတာ္ေစာင့္ အမ်ိဳးသားႏွစ္ဦးတို႔ကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားမွု၊ မူးယစ္ေဆးဝါး သုံးစြဲေၾကာင္း စစ္ေဆးေတြ႕ရွိမွုတို႔နဲ႔ ျပင္သစ္ရဲက စစ္ေဆးမွုမ်ား ျပဳလုပ္ေနၿပီျဖစ္ပါတယ္။ သူဟာ နိုက္ကလပ္မွာ ေတြ႕ခဲ့တဲ့ အမ်ိဳးသမီးတစ္ဦးကို သူတည္းခိုရာ “မန္ဒရင္း အိုရီယန္တယ္လ္” ဟိုတယ္ကို ေခၚလာခဲ့ၿပီးေနာက္ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ရယူခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရတာျဖစ္ပါတယ္။

အမ်ိဳးသမီး၏ တိုင္ၾကားခ်က္အရ သူတို႔ဟာ “ခရစၥတယ္လ္” နိုက္ကလပ္မွာ ေတြ႕ဆုံၿပီးေနာက္ အျခားအမ်ိဳးသမီး တစ္ဦး၊ အမ်ိဳးသား ၃ ဦးတို႔နဲ႔ ဟိုတယ္ကို လိုက္သြားခဲ့ပါတယ္။ ဟိုတယ္အေရာက္မွာ အျခားသူေတြ ျပန္ထြက္သြားၿပီး သူမ တစ္ဦးတည္းက်န္ခဲ့တဲ့အခ်ိန္မွာ ခရစ္ဘေရာင္းက အဓၶမျပဳက်င့္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ခရစ္ဘေရာင္းရဲ့ သက္ေတာ္ေစာင့္နဲ႔ သူငယ္ခ်င္းတို႔ကလည္း သူမကို ထိကပါးရိကပါးေစာ္ကားခဲ့ေၾကာင္း တိုင္ၾကားခဲ့ပါတယ္။

ခရစ္ဘေရာင္းနဲ႔ အမ်ိဳးသားႏွစ္ဦးကို တနလၤာေန႔က ဖမ္းဆီးခဲ့ၿပီး စစ္ေဆးမွုမ်ား ျပဳလုပ္ေနေၾကာင္း၊ ေနာက္ထပ္ ၂ ရက္ၾကာထပ္မံစစ္ေဆးၿပီးမွ တရားစြဲမလား၊ လႊတ္ေပးမလားဆိုတာကို စုံစမ္းစစ္ေဆးေရးအရာရွိေတြ အဆုံးအျဖတ္ေပးနိုင္မည္ျဖစ္ေၾကာင္း သိရွိရသည္။

ဒီအျဖစ္ပ်က္နဲ႔ပက္သက္ၿပီး ခရစ္ဘေရာင္းရဲ့ ထုတ္လုပ္သူ ဆိုနီျမဴးဇစ္ က တုံ႔ျပန္မွု တစ္စုံတရာမရွိေသးပါ။
ခရစ္ဘေရာင္းကို လက္တစ္ေလာ ျပလုပ္ေနတဲ့ ပဲရစ္ဖက္ရွင္ပြဲကို တက္ေရာက္ခဲ့တာေတြ႕ရပါတယ္။

Credit:Popolay

Unicode ဖြင့်ဖတ်ရန်

အမေရိကန် R&B အဆိုတော် ခရစ်ဘရောင်းကို အဓ္မမပြုကျင့်မှု သံသယတရားခံအဖြစ် ပြင်သစ်ရဲများက ပဲရစ်မြို့တွင် တနင်္လာနေ့က ဖမ်းဆီးလိုက်သည်။
ခရစ်ဘရောင်းဟာ ဇန်နဝါရီ ၁၅ ရက်နေ့ ညနေပိုင်းက ပဲရစ်မြို့ရှိ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုတွင် အဓ္ဓမပြုကျင့်ခဲ့ကြောင်း အသက် ၂၅ နှစ်အရွယ် မိန်းကလေးက တိုင်ကြားခဲ့သဖြင့် ယခုလို ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ခရစ်ဘရောင်းနဲ့အတူ သူ့ရဲ့သက်တော်စောင့် အမျိုးသားနှစ်ဦးတို့ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ မူးယစ်ဆေးဝါး သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိမှုတို့နဲ့ ပြင်သစ်ရဲက စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ပါတယ်။ သူဟာ နိုက်ကလပ်မှာ တွေ့ခဲ့တဲ့ အမျိုးသမီးတစ်ဦးကို သူတည်းခိုရာ “မန်ဒရင်း အိုရီယန်တယ်လ်” ဟိုတယ်ကို ခေါ်လာခဲ့ပြီးနောက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရယူခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။

အမျိုးသမီး၏ တိုင်ကြားချက်အရ သူတို့ဟာ “ခရစ္စတယ်လ်” နိုက်ကလပ်မှာ တွေ့ဆုံပြီးနောက် အခြားအမျိုးသမီး တစ်ဦး၊ အမျိုးသား ၃ ဦးတို့နဲ့ ဟိုတယ်ကို လိုက်သွားခဲ့ပါတယ်။ ဟိုတယ်အရောက်မှာ အခြားသူတွေ ပြန်ထွက်သွားပြီး သူမ တစ်ဦးတည်းကျန်ခဲ့တဲ့အချိန်မှာ ခရစ်ဘရောင်းက အဓ္ဓမပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ခရစ်ဘရောင်းရဲ့ သက်တော်စောင့်နဲ့ သူငယ်ချင်းတို့ကလည်း သူမကို ထိကပါးရိကပါးစော်ကားခဲ့ကြောင်း တိုင်ကြားခဲ့ပါတယ်။

ခရစ်ဘရောင်းနဲ့ အမျိုးသားနှစ်ဦးကို တနင်္လာနေ့က ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ နောက်ထပ် ၂ ရက်ကြာထပ်မံစစ်ဆေးပြီးမှ တရားစွဲမလား၊ လွှတ်ပေးမလားဆိုတာကို စုံစမ်းစစ်ဆေးရေးအရာရှိတွေ အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဒီအဖြစ်ပျက်နဲ့ပက်သက်ပြီး ခရစ်ဘရောင်းရဲ့ ထုတ်လုပ်သူ ဆိုနီမြူးဇစ် က တုံ့ပြန်မှု တစ်စုံတရာမရှိသေးပါ။
ခရစ်ဘရောင်းကို လက်တစ်လော ပြလုပ်နေတဲ့ ပဲရစ်ဖက်ရှင်ပွဲကို တက်ရောက်ခဲ့တာတွေ့ရပါတယ်။

Credit:Popolay