Zawgyi ဖြင့်ဖတ်ရန်
????????????????????????????????????
Unicode ဖြင့်ဖတ်ရန်
ချစ်သူ မှာပြီးစားတဲ့ ပုဇွန်တုပ်ဟင်းလျာဖိုး ငွေမရှင်းနိုင်လို့ ငြင်းပယ်ခံရတဲ့ ကောင်လေး
မည်မဖော်လိုသူ အမျိုးသား တစ်ဦးကတော့ သူရဲ့ Crush မှာစားတဲ့ ပုဇွန်တုပ် ဟင်းလျှာဖိုး ငွေမရှင်နိုင်တဲ့အတွက် ဒုတိယမြောက် ချိန်းတွေ့ဖို့အစီအစဉ်ကို ကောင်မလေးဘက်က ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။ ကောင်မလေးမှာစားတဲ့ ပုဇွန်တုပ်ဟင်းလျာဟာ ယူရို (၃၀) တန်ဖိုးရှိပါတယ်။
ဒါပေမယ့် တစ်ခြားစာရင်းနဲ့ ပေါင်းလိုက်မယ်ဆိုရင် ယူရို (၁၁၀)ဖြစ်ပြီး လက်ရှိငွေဈေးအရ မြန်မာငွေနဲ့ (၂၀၀၀၀၀)နီးပါးဖြစ်ပါတယ်။ ဈေးများတဲ့ အနေအထားမို့ ဒီပမာဏကို မတက်နိုင်တဲ့အတွက် ငြင်းပယ်ခံခဲ့ရတာပါ။ အဆိုပါကောင်မလေးနဲ့ ပထမဆုံးချိန်းတွေ့တဲ့အခါမှာ စပြီးအဆင်မပြေခဲ့တာပါ။
ပထမအကြိမ် ချိန်းတွေ့စဉ်တုန်းက ကောင်မလေးက ယူရို(၃၀)တန် ပုဇွန်တုပ်ဟင်းလျာ၊ ယူရို(၈၀)တန် ဝိုင်ပုလင်းကို မှာယူခဲ့ပြီး၊ သူက ဘီယာတစ်ခွက်သောက်ခဲ့ရာ ယူရို (၁၇.၅) ကျသင့်ပါတယ်။ စုစုပေါင်း (၁၂၇.၅) ယူရိုဖြစ်ပြီး၊ ဈေးများနေတဲ့အတွက် ကိုယ်စားတာကိုယ်ရှင်းဖို့ ကောင်လေးက တောင်းဆိုခဲ့တာပါ။
အဲဒီအတွက် ကောင်မလေးက အလွန်ဒေါသထွက်သွားပြီး ကောင်လေးကို Gay လို့လည်း စွပ်စွဲခဲ့ပါတယ်။ သူ့အဆိုအရ ကောင်မလေးက သူ့ထက် အစားအသောက်ကိုပဲ ပိုစိတ်ဝင်စားပုံရကြောင်း၊ ပင်လယ်စာကို အလွန်နှစ်သက် မက်မောပုံရပြီး၊ ပထမအကြိမ် ချိန်းတွေ့စဉ် ဒီလောက်ဈေးကြီးတာတွေ မှာမယ်လို့ မယူဆမိကြောင်း ဆိုပါတယ်။
Credit: နတ်စည်တော် (MyanmarNote)
LEAVE A REPLY