Zawgyi ျဖင့္ဖတ္ရန္

 

တစ္ခ်ိန္က ဇာတ္ကား ေကာင္းမ်ားစြာနဲ႔ က်ရာဇာတ္႐ုပ္ကုိ ပီျပင္စြာသ႐ုပ္ေဆာင္ႏုိင္ၿပီး ပရိသတ္မ်ားစြာရဲ႕ အားေပးမႈကုိ ရ႐ွိခဲ့တဲ့ ပရဟိတမင္းသားႀကီး ဦးေက်ာ္သူ ကေတာ့ လက္႐ွိအခ်ိန္မွာ ေဒါင္းနဲ႔ ဇာတ္ကား ႐ုိက္ကူးမႈေတြ ဆက္ေနၿပီး ပရိသတ္ေတြက ဦးေက်ာ္သူငယ္ငယ္က အၾကည့္ေတြနဲ႔ အခုေဒါင္းရဲ႕ အၾကည့္ေတြက ဆင္တယ္လုိ႔ ေျပာၾကတဲ့အေပၚမွာ ေဒါင္းကေဒါင္းေက်ာ္သူက ေက်ာ္သူပါဆုိၿပီး အင္တာဗ်ဴး တစ္ခုမွ ေျဖဆုိသြားခဲ့ပါတယ္။

ဦးေက်ာ္သူက “ေဒါင္းကေတာ့ ကြၽန္ေတာ္နဲ႔ ပဌာန္းဆက္ပဲ ေျပာရမလားမသိဘူး။ သူနဲ႔ေတြ႔ထဲက သူ႔ကုိလည္း သံေယာဇဥ္ျဖစ္တယ္။ ၿပီးေတာ့ ကုိယ့္သားလုိ ကုိယ့္တူလုိ အဲ့လုိျဖစ္တယ္ ၿပီးေတာ့ ကုိယ္လုပ္ခ်င္တဲ့ အႏုပညာဖန္တီးမႈကုိ သူကလက္ခံတယ္။ သူလုပ္ခ်င္တဲ့ဟာကုိလည္း ကုိယ္နဲ႔ စိတ္ခ်င္းေတြ႔တယ္။ ကြၽန္ေတာ္လုပ္ခ်င္တဲ့ဟာကုိ သူကအေကာင္းဆုံးျဖစ္ေအာင္ ႐ုိက္ေပးတယ္။ ေနာက္ၿပီးေတာ့ အခ်ိန္ေလးစားတယ္။ အႏုပညာအေပၚတကယ္ကုိ စိတ္ဝင္စားတယ္။ ကုိယ္႐ုိက္တဲ့ကား ကုိယ့္အႏုပညာကုိ တန္ဖုိးထားတယ္။ အဲ့အတြက္ ကြၽန္ေတာ္ခ်စ္တယ္။ အဲ့တာေၾကာင့္ ကြၽန္ေတာ္တုိ႔ လက္တြဲျဖစ္တာပါ။

 

အခုဆုိရင္၁၀၁၄က ဒုတိယကားေပါ့ေလ ေနာက္႐ုိက္မယ့္ကားကေတာ့ ဇာတ္မတင္ရေသးဘူး။ ဇာတ္တင္ၿပီးရင္ သူနဲ႔ပဲ သူ႔႐ုိက္ရက္ကုိ ကြၽန္ေတာ္တုိ႔ ယူထားၿပီးၿပီ အဲ့ေတာ့ ဇာတ္တင္ၿပီး ဇာတ္က်ၿပီဆုိရင္ ကြၽန္ေတာ္႐ုိက္ဖုိ႔ ဇြန္လမွာ စ႐ုိက္မယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ပရိသတ္ေတြ ေျပာေနၾကတဲ့ ေဒါင္းရဲ႕ အၾကည့္နဲ႔ ပတ္သက္ၿပီး ဦးေက်ာ္သူက “သူ႔ရဲ႕ အၾကည့္ကလည္း ဘယ္လုိေျပာမလဲ ပရိသတ္ေတာ္ေတာ္မ်ားမ်ား ကုိေက်ာ္သူအငယ္စား ေက်ာ္သူေလး ဘာညာအဲ့လုိ ေျပာၾကတယ္။ ဒါေပမဲ့ ေက်ာ္သူက ေက်ာ္သူပါ ေဒါင္းကေဒါင္းပါ။ ေဒါင္းအၾကည့္ကလည္း ထူးျခားလုိ႔ေပါ့ ကြၽန္ေတာ့္တုန္းကလည္း ေက်ာ္သူ႔အၾကည့္ေတြ ဘယ္လုိဘာျဖစ္တယ္ ဒါမ်ိဳးေတြ ျဖစ္ခဲ့တယ္ ဒါေပမဲ့ သူက မ်က္လုံးထဲနဲ႔ စကားေျပာႏုိင္တယ္။ ပါးစပ္က ဖြင့္မေျပာေပမယ့္ မ်က္လုံးက စကားေျပာႏုိင္တယ္ အဲ့တာက သူ႔ရဲ႕ ထူးျခားခ်က္ေပါ့ေလ။ အႏုပညာသမားမွာ မ်က္လုံးက အေရးျကီးတာကုိ မ်က္လုံးအၾကည့္က လူတစ္ေယာက္ကုိ ဘယ္ေလာက္ စြဲေဆာင္ႏုိင္လဲ မ်က္လုံးအၾကည့္က လူတစ္ေယာက္ကုိ ဘယ္ေလာက္ ေဒါသထြက္ေစလဲ ဘယ္ေလာက္ငုိေစလဲ ဒါမ်က္လုံးက အေရးႀကီးတယ္ မ်က္လုံးပါဝါ ေကာင္းတဲ့အတြက္ သူေအာင္ျမင္တာေပါ့။

အဓိက ေျပာခ်င္တာကေတာ့ ေဒါင္းကုိအားေပးၾကပါ။ ေဒါင္းကုိလည္း ဆုံးမေပးၾကပါ။ အႏုပညာသည္တစ္ေယာက္က ေအာင္ျမင္တယ္ဆုိရင္ သူ႔မွာ အႏၱာရယ္က မ်ားလာၿပီ။ ကြၽန္ေတာ္တုိ႔ ျဖတ္သန္းလာတဲ့အပုိင္းကုိ ကြၽန္ေတာ္ေျပာတာ ကြၽန္ေတာ္တုိ႔ဆုိ ေအာင္ျမင္လား ေအာင္ျမင္တယ္ဆုိရင္ အဖ်က္က မ်ားလာၿပီ နည္းေပါင္းစုံနဲ႔ ဖ်က္မယ္။ အဲ့အဖ်က္ေတြကုိၾကံ့ၾကံ့ခုိင္ႏုိင္ဖုိ႔ အဲ့အဖ်က္ေတြကုိ မလုပ္ႏုိင္ဖုိ႔ စိတ္မဝင္စားဖုိ႔ ပရိသတ္မွာ တာဝန္အ႐ွိဆုံးပါ ပရိသတ္ဖ်က္တယ္ဆုိရင္ အႏုပညာသမားက ပ်က္တာပဲ။ ထုတ္လုပ္သူဖ်က္တယ္ဆုိရင္လည္း အႏုပညာသမားက ပ်က္တာပဲ။ ဒါ႐ုိက္တာ ဖ်က္တယ္ဆုိရင္လည္း အႏုပညာသမားက ေရ႐ွည္မခံဘူး။ အဓိကေတာ့ သူ႔ကုိယ္သူ ထိန္းႏုိင္ဖုိ႔ အေရးႀကီးတာပဲ ဖ်က္ဖုိ႔ေစာင့္ေနတဲ့ လူေတြကေတာ့ အကုန္အဆင္သင့္ပဲ ရန္က ဝုိင္းေနၿပီ ကုိယ့္ကုိကုိယ္ ခံႏုိင္ရည္႐ွိေအာင္ ၾကဳိးစားရမယ္။ သူ႔ဘာသာၾကဳိးစားတဲ့ေနရာမွာ ကြၽန္ေတာ္တုိ႔လုိ ရင္းႏွီးတဲ့ တကယ့္သားအဖလုိ ဦးေလးနဲ႔တူလို ေနလာတဲ့ လူေတြက အနီးကပ္ၾကတယ္။ ကြၽန္ေတာ့္အပုိင္းကေတာ့ အတတ္ႏုိင္ဆုံး သူ႔အဖ်က္ေတြကုိ ကြၽန္ေတာ္ ကာကြယ္ေပးမယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

Credit : Nanmalgyi

Unicode ဖြင့်ဖတ်ရန်

ဒေါင်း ကိုဦးကျော်သူ အငယ်စားလေးလို့ ပြောတဲ့အပေါ် ဦးကျော်သူရဲ့ အမြင်

တစ်ချိန်က ဇာတ်ကား ကောင်းများစွာနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး ပရိသတ်များစွာရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ ပရဟိတမင်းသားကြီး ဦးကျော်သူ ကတော့ လက်ရှိအချိန်မှာ ဒေါင်းနဲ့ ဇာတ်ကား ရိုက်ကူးမှုတွေ ဆက်နေပြီး ပရိသတ်တွေက ဦးကျော်သူငယ်ငယ်က အကြည့်တွေနဲ့ အခုဒေါင်းရဲ့ အကြည့်တွေက ဆင်တယ်လို့ ပြောကြတဲ့အပေါ်မှာ ဒေါင်းကဒေါင်းကျော်သူက ကျော်သူပါဆိုပြီး အင်တာဗျူး တစ်ခုမှ ဖြေဆိုသွားခဲ့ပါတယ်။

ဦးကျော်သူက “ဒေါင်းကတော့ ကျွန်တော်နဲ့ ပဌာန်းဆက်ပဲ ပြောရမလားမသိဘူး။ သူနဲ့တွေ့ထဲက သူ့ကိုလည်း သံယောဇဉ်ဖြစ်တယ်။ ပြီးတော့ ကိုယ့်သားလို ကိုယ့်တူလို အဲ့လိုဖြစ်တယ် ပြီးတော့ ကိုယ်လုပ်ချင်တဲ့ အနုပညာဖန်တီးမှုကို သူကလက်ခံတယ်။ သူလုပ်ချင်တဲ့ဟာကိုလည်း ကိုယ်နဲ့ စိတ်ချင်းတွေ့တယ်။ ကျွန်တော်လုပ်ချင်တဲ့ဟာကို သူကအကောင်းဆုံးဖြစ်အောင် ရိုက်ပေးတယ်။ နောက်ပြီးတော့ အချိန်လေးစားတယ်။ အနုပညာအပေါ်တကယ်ကို စိတ်ဝင်စားတယ်။ ကိုယ်ရိုက်တဲ့ကား ကိုယ့်အနုပညာကို တန်ဖိုးထားတယ်။ အဲ့အတွက် ကျွန်တော်ချစ်တယ်။ အဲ့တာကြောင့် ကျွန်တော်တို့ လက်တွဲဖြစ်တာပါ။

အခုဆိုရင်၁၀၁၄က ဒုတိယကားပေါ့လေ နောက်ရိုက်မယ့်ကားကတော့ ဇာတ်မတင်ရသေးဘူး။ ဇာတ်တင်ပြီးရင် သူနဲ့ပဲ သူ့ရိုက်ရက်ကို ကျွန်တော်တို့ ယူထားပြီးပြီ အဲ့တော့ ဇာတ်တင်ပြီး ဇာတ်ကျပြီဆိုရင် ကျွန်တော်ရိုက်ဖို့ ဇွန်လမှာ စရိုက်မယ်။”လို့ ပြောသွားခဲ့ပါတယ်။

ပရိသတ်တွေ ပြောနေကြတဲ့ ဒေါင်းရဲ့ အကြည့်နဲ့ ပတ်သက်ပြီး ဦးကျော်သူက “သူ့ရဲ့ အကြည့်ကလည်း ဘယ်လိုပြောမလဲ ပရိသတ်တော်တော်များများ ကိုကျော်သူအငယ်စား ကျော်သူလေး ဘာညာအဲ့လို ပြောကြတယ်။ ဒါပေမဲ့ ကျော်သူက ကျော်သူပါ ဒေါင်းကဒေါင်းပါ။ ဒေါင်းအကြည့်ကလည်း ထူးခြားလို့ပေါ့ ကျွန်တော့်တုန်းကလည်း ကျော်သူ့အကြည့်တွေ ဘယ်လိုဘာဖြစ်တယ် ဒါမျိုးတွေ ဖြစ်ခဲ့တယ် ဒါပေမဲ့ သူက မျက်လုံးထဲနဲ့ စကားပြောနိုင်တယ်။ ပါးစပ်က ဖွင့်မပြောပေမယ့် မျက်လုံးက စကားပြောနိုင်တယ် အဲ့တာက သူ့ရဲ့ ထူးခြားချက်ပေါ့လေ။ အနုပညာသမားမှာ မျက်လုံးက အရေးကြီးတာကို မျက်လုံးအကြည့်က လူတစ်ယောက်ကို ဘယ်လောက် စွဲဆောင်နိုင်လဲ မျက်လုံးအကြည့်က လူတစ်ယောက်ကို ဘယ်လောက် ဒေါသထွက်စေလဲ ဘယ်လောက်ငိုစေလဲ ဒါမျက်လုံးက အရေးကြီးတယ် မျက်လုံးပါဝါ ကောင်းတဲ့အတွက် သူအောင်မြင်တာပေါ့။

အဓိက ပြောချင်တာကတော့ ဒေါင်းကိုအားပေးကြပါ။ ဒေါင်းကိုလည်း ဆုံးမပေးကြပါ။ အနုပညာသည်တစ်ယောက်က အောင်မြင်တယ်ဆိုရင် သူ့မှာ အန္တာရယ်က များလာပြီ။ ကျွန်တော်တို့ ဖြတ်သန်းလာတဲ့အပိုင်းကို ကျွန်တော်ပြောတာ ကျွန်တော်တို့ဆို အောင်မြင်လား အောင်မြင်တယ်ဆိုရင် အဖျက်က များလာပြီ နည်းပေါင်းစုံနဲ့ ဖျက်မယ်။ အဲ့အဖျက်တွေကိုကြံ့ကြံ့ခိုင်နိုင်ဖို့ အဲ့အဖျက်တွေကို မလုပ်နိုင်ဖို့ စိတ်မဝင်စားဖို့ ပရိသတ်မှာ တာဝန်အရှိဆုံးပါ ပရိသတ်ဖျက်တယ်ဆိုရင် အနုပညာသမားက ပျက်တာပဲ။ ထုတ်လုပ်သူဖျက်တယ်ဆိုရင်လည်း အနုပညာသမားက ပျက်တာပဲ။ ဒါရိုက်တာ ဖျက်တယ်ဆိုရင်လည်း အနုပညာသမားက ရေရှည်မခံဘူး။ အဓိကတော့ သူ့ကိုယ်သူ ထိန်းနိုင်ဖို့ အရေးကြီးတာပဲ ဖျက်ဖို့စောင့်နေတဲ့ လူတွေကတော့ အကုန်အဆင်သင့်ပဲ ရန်က ဝိုင်းနေပြီ ကိုယ့်ကိုကိုယ် ခံနိုင်ရည်ရှိအောင် ကြိုးစားရမယ်။ သူ့ဘာသာကြိုးစားတဲ့နေရာမှာ ကျွန်တော်တို့လို ရင်းနှီးတဲ့ တကယ့်သားအဖလို ဦးလေးနဲ့တူလို နေလာတဲ့ လူတွေက အနီးကပ်ကြတယ်။ ကျွန်တော့်အပိုင်းကတော့ အတတ်နိုင်ဆုံး သူ့အဖျက်တွေကို ကျွန်တော် ကာကွယ်ပေးမယ်။”လို့ ပြောသွားခဲ့ပါတယ်။

Credit : Nanmalgyi

LEAVE A REPLY