Zawgyi ဖြင့်ဖတ်ရန်

 



 

 



Unicode ဖြင့်ဖတ်ရန်

ပရိတ်သတ် တွေရဲ့ အချစ်တော် ဒေါင်း နဲ့အတူ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့မွေးနေ့လေးမှာ ကုသိုလ်ယူခဲ့တဲ့ မေမြင့်မိုရ်

မင်း သမီး ချောလေး မေမြင့်မိုရ်ကတော့ MRTV-4 ရဲ့ မြန်မာ ဇာတ်လမ်းတွဲလေးတွေ ကတစ်ဆင့် လူသိများအောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ ပရိသတ်တွေ ချစ်ခင်အားပေးခဲ့ရတဲ့ မေမြင့်မိုရ် ကတော့တစ်ခဲနက် အားပေးဝန်းရံကြတဲ့ ပရိသတ်တွေကို ပိုင်ဆိုင်ထားတဲ့ မေက ဗီဒီယို ဇာတ်ကားတွေအပြင် ရုပ်ရှင် ကားကြီးတွေမှာပါ ပါဝင်ရိုက်ကူးနေတာ တွေ့ရပါတယ်။

မေမြင့်မိုရ်ကတော့ ချစ်စရာကောင်လွန်းတဲ့ အပြုံးလေးတွေ မြန်မာဆန်တဲ့ ပုံရိပ်လေးတွေကြောင့် ချစ်ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်း ကိုရရှိထားတဲ့ ပြည်သူချစ်အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မေမြင့်မိုရ်ကတော့ ယခုမှာ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး ကြော်ငြာတွေလဲ အတူရိုက်ကူးနေခဲ့တာပဲဖြစ်ပါတယ်။

ယနေ့မှာတော့ မေမြင့်မိုရ်တစ်ယောက် မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော်လေးဒေါင်းနဲ့အတူ ဆရာတော်အရှင်ဆန္ဒာဓိကရဲ့မွေးနေ့လေးမှာ ကိုယ်တိုင်သွားရောက်ကာ ကုသိုလ်ယူခဲ့ပါတယ်။ မေမြင့်မိုရ်ကတော့ ” ဆရာတော်အရှင်ဆန္ဒာဓိက သက်တော်(၅၁)နှစ်ပြည့်မွေးနေ ” ဆိုပြီး ဆရာတော်ရဲ့မွေးနေ့လေးမှာ ကုသိုလ်ယူနေတဲ့ ပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့ပါတယ်။

share from : burmese.asia/