Zawgyiျဖင့္ဖတ္ရန္

 

ေအာက္မွာေဖာ္ျပထားတဲ့ နည္းလမ္းေတြကေတာ့ အရက္နာက်တတ္သူေတြ၊ အေသာက္မ်ားၿပီး ေခါင္းမူးေခါင္းကုိက္ ျဖစ္သူေတြအတြက္ ႏုိင္ငံေပါင္း (၄)ႏုိင္ငံကအလြယ္ဆုံး ကုထုံးနည္းလမ္းေတြကို ေဖာ္ျပေပးထားပါတယ္။ သင့္ရဲ႕ ေသာက္တတ္စားတတ္တဲ့ သူငယ္ခ်င္းေတြကို သတိေပးလုိက္ပါဦးေနာ္။

(၁) ၾကက္ဥအစိမ္းနဲ႔ဆားရည္ (႐ုရွား)

႐ုရွားေတြဟာ ညဘက္အေသာက္မ်ားလုိ႔ မနက္ခင္း မူးၿပီဆုိရင္ ဆားေပ်ာ္ရည္ထဲကို ၾကက္ဥအစိမ္းေဖာက္ထည့္ကာ သမေအာင္ ေမႊလုိက္ပါတယ္။ ေခါင္းကိုက္ေနတဲ့ အတုိင္းအတာေပၚမူတည္ၿပီး ႏွစ္က်ိဳက္သုံးက်ိဳက္ေလာက္ ေမာ့ခ်လုိက္ပါ။ ေခါင္းကိုက္ ဇက္ေၾကာတက္တာေတြ ေပ်ာက္သြားမွာပါ။

(၂) သခြားသီးေဖ်ာ္ရည္ (ပုိလန္)

ပိုလန္ေတြကေတာ့ ဘီယာအလြန္အေသာက္မ်ားၾကသူေတြပါ။ သူတုိ႔တစ္ေတြဟာ အေသာက္မ်ားလုိ႔ ေခါင္းကိုက္ၿပီဆုိရင္ သခြားသီး၊ ဖရဲသီးစတာေတြကို ဗီနီကာ၊ ဆား၊ ေရတုိ႔နဲ႔ေရာစပ္ၿပီး ေသာက္သုံးၾကပါတယ္။ သခြားသီးတုိ႔ ဖရဲသီးတုိ႔ဆုိတာ ေရဓာတ္ခန္းေျခာက္မႈကို ေပ်ာက္ကင္းေစပါတယ္။

(၃) သံလြင္ဆီ (တူရကီ)

အေသာက္မ်ားၿပီး ေခါင္းကုိက္တတ္တဲ့ တူရကီေတြကေတာ့ သံလြင္ဆီကုိ လက္ဖက္ရည္ဇြန္း(၃)ဇြန္းေလာက္ကို ေသာက္တတ္ၾကပါတယ္။ တစ္ခ်ိဳ႕ကေတာ့ သံလြင္ဆီကုိ ပ်ားရည္၊ ေရနဲ႔ ေရာစပ္ၿပီး ေသာက္တတ္ၾကပါတယ္။ ဒီနည္းကေတာ့ အရက္ေၾကာင့္ အစာအိမ္ ေရာင္ရမ္းမႈနဲ႔ ဝမ္းခ်ဳပ္ျခင္းကိုလည္း ကာကြယ္ေပးႏုိင္တယ္လုိ႔ သိရပါတယ္။

(၄) လ်ားေစာင္းသီးေဖ်ာ္ရည္ (အေမရိကန္)

ဆူးပါတဲ့လ်ားေစာင္းပင္က အသီးကို အရက္နာက်တတ္သူေတြအတြက္ ေဆးေကာင္းပါဘဲ။ ဒါေပမယ့္ တစ္ခ်ိဳ႕ကလည္း ေခါင္းကိုက္ ဇက္ေၾကာတက္ မေပ်ာက္ဖူးလုိ႔ ဆုိၾကပါတယ္။ အေမရိကန္ေတြကေတာ့ အေသာက္မ်ားမယ့္ညဆုိ လွ်ားေစာင္းသီးကို ေဖ်ာ္ၿပီး ႀကိဳေသာက္တတ္ၾကပါတယ္တဲ့။

(၅) ဇီးသီးေဖ်ာ္ရည္ (ဂ်ပန္)

ဂ်ပန္ေတြကေတာ့ မေန႔ညက အေသာက္မ်ားထားတယ္ဆုိ မနက္လင္းတာနဲ႔ အူမီဘုိရွီလုိ႔ ေခၚတဲ့ ဇီးသီးကို အလုံးအတုိင္း စားတာပဲျဖစ္ျဖစ္၊ ေဖ်ာ္ရည္လုပ္ၿပီးေသာက္တာပဲျဖစ္ျဖစ္ မွီဝဲတတ္ၾကပါတယ္။ အူမီဘုိရွီဇီးသီးဟာ အရက္ေသာက္ျခင္းေၾကာင့္ ျဖစ္တတ္တဲ့ ေခါင္းမူးေခါင္းကိုက္ ေဝဒနာကုိ သက္သာေစပါတယ္။

Credit:လင္းေဇာ္ကုိ (MyanmarNote)

source : elitereaders.com

 

Unicodeဖြင့်ဖတ်ရန်

 

အသောက်များပြီး ခေါင်းကိုက်တတ်သူတွေအတွက် အလွယ်ကူဆုံး ကုထုံးများ

 

အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေကတော့ အရက်နာကျတတ်သူတွေ၊ အသောက်များပြီး ခေါင်းမူးခေါင်းကိုက် ဖြစ်သူတွေအတွက် နိုင်ငံပေါင်း (၄)နိုင်ငံကအလွယ်ဆုံး ကုထုံးနည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။ သင့်ရဲ့ သောက်တတ်စားတတ်တဲ့ သူငယ်ချင်းတွေကို သတိပေးလိုက်ပါဦးနော်။

(၁) ကြက်ဥအစိမ်းနဲ့ဆားရည် (ရုရှား)

ရုရှားတွေဟာ ညဘက်အသောက်များလို့ မနက်ခင်း မူးပြီဆိုရင် ဆားပျော်ရည်ထဲကို ကြက်ဥအစိမ်းဖောက်ထည့်ကာ သမအောင် မွှေလိုက်ပါတယ်။ ခေါင်းကိုက်နေတဲ့ အတိုင်းအတာပေါ်မူတည်ပြီး နှစ်ကျိုက်သုံးကျိုက်လောက် မော့ချလိုက်ပါ။ ခေါင်းကိုက် ဇက်ကြောတက်တာတွေ ပျောက်သွားမှာပါ။

(၂) သခွားသီးဖျော်ရည် (ပိုလန်)

ပိုလန်တွေကတော့ ဘီယာအလွန်အသောက်များကြသူတွေပါ။ သူတို့တစ်တွေဟာ အသောက်များလို့ ခေါင်းကိုက်ပြီဆိုရင် သခွားသီး၊ ဖရဲသီးစတာတွေကို ဗီနီကာ၊ ဆား၊ ရေတို့နဲ့ရောစပ်ပြီး သောက်သုံးကြပါတယ်။ သခွားသီးတို့ ဖရဲသီးတို့ဆိုတာ ရေဓာတ်ခန်းခြောက်မှုကို ပျောက်ကင်းစေပါတယ်။

(၃) သံလွင်ဆီ (တူရကီ)

အသောက်များပြီး ခေါင်းကိုက်တတ်တဲ့ တူရကီတွေကတော့ သံလွင်ဆီကို လက်ဖက်ရည်ဇွန်း(၃)ဇွန်းလောက်ကို သောက်တတ်ကြပါတယ်။ တစ်ချို့ကတော့ သံလွင်ဆီကို ပျားရည်၊ ရေနဲ့ ရောစပ်ပြီး သောက်တတ်ကြပါတယ်။ ဒီနည်းကတော့ အရက်ကြောင့် အစာအိမ် ရောင်ရမ်းမှုနဲ့ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

(၄) လျားစောင်းသီးဖျော်ရည် (အမေရိကန်)

ဆူးပါတဲ့လျားစောင်းပင်က အသီးကို အရက်နာကျတတ်သူတွေအတွက် ဆေးကောင်းပါဘဲ။ ဒါပေမယ့် တစ်ချို့ကလည်း ခေါင်းကိုက် ဇက်ကြောတက် မပျောက်ဖူးလို့ ဆိုကြပါတယ်။ အမေရိကန်တွေကတော့ အသောက်များမယ့်ညဆို လျှားစောင်းသီးကို ဖျော်ပြီး ကြိုသောက်တတ်ကြပါတယ်တဲ့။

(၅) ဇီးသီးဖျော်ရည် (ဂျပန်)

ဂျပန်တွေကတော့ မနေ့ညက အသောက်များထားတယ်ဆို မနက်လင်းတာနဲ့ အူမီဘိုရှီလို့ ခေါ်တဲ့ ဇီးသီးကို အလုံးအတိုင်း စားတာပဲဖြစ်ဖြစ်၊ ဖျော်ရည်လုပ်ပြီးသောက်တာပဲဖြစ်ဖြစ် မှီဝဲတတ်ကြပါတယ်။ အူမီဘိုရှီဇီးသီးဟာ အရက်သောက်ခြင်းကြောင့် ဖြစ်တတ်တဲ့ ခေါင်းမူးခေါင်းကိုက် ဝေဒနာကို သက်သာစေပါတယ်။

Credit:လင်းဇော်ကို (MyanmarNote)

source : elitereaders.com