Zawgyi ဖြင့်ဖတ်ရန်
Credit: Wavecele
Unicode ဖြင့်ဖတ်ရန်
ဟောင်ကောင်နိုင်ငံက အစိုးရအမှုထမ်းအမျိုးသားတစ်ဦးရဲ့ အသုဘအခမ်းအနားကို အဖော်အချွတ် အကမယ် အယောက် ၅၀ နဲ့ စည်စည်ကားကား အသုဘပို့ဆောင်ခဲ့တယ် လို့ သိရပါတယ်။
အသက် ၇၆ နှစ်အရွယ်ရှိတဲ့ ဟန်ဆန်ဆိုသူရဲ့ နာရေးအသုဘပို့ဆောင် မှုမှာ လူတွေအများအပြားနဲ့ စည်စည် ကားကားလုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သားဖြစ်သူက
အဖော်အချွတ်အကမယ်တွေ၊ တိုင်ပတ်က ပြတဲ့ အကမယ်တွေကို ငှားရမ်းပြီးတော့ အသုဘအခမ်းအနားမှာ ထည့်သွင်းဖျော်ဖြေစေခဲ့တာဖြစ်ပါတယ်။
တန်လို့ အမည်ရတဲ့လူငယ်ဟာ ဖခင်ဖြစ်သူရဲ့ အသုဘအခမ်းအနားကို အကမယ်တွေနဲ့ တင်ဆက်ပြု လုပ်ပေးခဲ့ပြီတော့
အသုဘပို့ဆောင်ရာ လမ်းတလျှောက်မှာဆိုရင်လည်း တိုင်ပတ်အကမယ်တွေက ရောင်စုံဆေးသုတ်အလှဆင်ထားတဲ့ အသုဘယာဉ်တန်းကားတွေပေါ်မှာ ဆက်စီကျကျအဝတ်အစား နဲ့ ဆက်စီကျကျ အကတွေအလှအပတွေနဲ့ လိုက်ပါပို့ဆောင်ပေး ခဲ့ကြပါတယ်။
ဖခင်ဖြစ်သူအနေနဲ့ သူ သေဆုံးသွားပြီးတဲ့နောက် သူ့ရဲ့ အသုဘအခမ်းအနားမှာဆိုရင် လူစည်စည်ကားကားနဲ့ ပျော်ပျော်ပါးပါး လိုက်ပါ ပို့ဆောင်ပေးတာကို မြင်ချင်တယ်ဆိုတဲ့ ဆန္ဒတစ်ခုကို ပြောကြားသွားခဲ့တာကြောင့် ယင်းသို့ ပြင်ဆင်ပေး ရခြင်းဖြစ်ကြောင်း ပြောကြားထားပါတယ်။
သေဆုံးသူ အသုဘအခမ်းအနားနဲ့ မတူလောက်အောင်ပဲ အသုဘယာဉ်တန်းနဲ့ အဖော်အချွတ်မယ် ၅၀ ဦးတို့ပါဝင်ကြကာ လမ်းတလျှောက်မှာ ကကွက်မျိုးစုံနဲ့ တေးသီချင်းတွေဖွင့်လှစ်ပြီး စည်စည်ကား ပိုဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
လူပေါင်း ၂၀၀ ကျော်နဲ့ အသုဘယာဉ်တန်းတွေအများအပြားနဲ့ ပို့ ဆောင်တဲ့ လမ်းမှာဆိုရင်လည်း ပြည်သူပေါင်း သောင်းကျော်တို့ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြ တယ်လို့ လည်း သိရပါတယ်။
တရုတ်နဲ့ ထိုင်ဝမ်မှာဆိုရင် ဒီလိုမျိုး အသုဘအခမ်းအနားမှာ ဖျော်ဖြေရေး အစီ အစဉ်တွေထည့်သွင်း ထားခဲ့တဲ့ အစဉ်အလာက ၁၉၈၀ ပြည့်နှစ်ကတည်းက စတင်ခဲ့ပြီးတော့
သေဆုံးသူတွေရဲ့မိသားစုဝင် တွေက စည်စည်ကားကားနဲ့ ခမ်းခမ်းနားနားကျင်းပပေးချင်ကြ တဲ့အခါ ဒီလိုမျိုး အဖော်အချွတ်အက မယ်တွေ၊ တီးမှုတ်ဖျော်ဖြေသူတွေကို ငှားရမ်းပြီး ကျင်းပပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။crd
Credit: Wavecele