Zawgyi ျဖင့္ဖတ္ရန္

၁၉၇၀ ျပည့္ႏွစ္ကာလေတြတုန္းက အိမ္နီးခ်င္းတစ္ဦးနဲ႔ အျပန္အလွန္ ေယာက်ာ္းခ်င္းလဲလွယ္ေပါင္းသင္းခဲ့တဲ့ အမ်ိဳးသမီးက ယင္းဆံုးျဖတ္ခ်က္ဟာ ၎ရဲ႕ဘဝကို ဖ်က္ဆီးခဲ့ၿပီး မိသားစု ကို တကြဲတျပားစီ ျဖစ္သြားေစခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ အသက္ ၇၈ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေကးမုိရီယာတီဟာ ဘာခ်င္တန္အြန္စီးၿမိဳ႕မွာ ေနထုိင္ခဲ့တဲ့အခ်ိန္တုန္းက တက္က်မ္းစာအုပ္တစ္အုပ္ကို ဖတ္မိခဲ့ၿပီးေနာက္ အိမ္နီးခ်င္းျဖစ္တဲ့ သူငယ္ခ်င္း ရီတာနဲ႔ ေယာက်ာ္းခ်င္း လဲလွယ္ဖို႔ အႀကံရခဲ့ပါတယ္။

ေကးဟာ ၎ရဲ႕ခင္ပြန္းျဖစ္သူ ေရာဘတ္နဲ႔ လိင္ဆက္ဆံလိုစိတ္မရွိေၾကာင္း ေတြ႕ရွိခဲ့ၿပီးကတည္းက ေယာက်ာ္းခ်င္းလဲလွယ္ၿပီး အတူအိပ္ဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။ ေကးဟာ ေရာဘတ္နဲ႔ စေတြ႕ခဲ့ခ်ိန္တုန္းက အသက္ ၁၉ ႏွစ္အရြယ္သာ ရွိေသးၿပီး ေရာဘတ္ကေတာ့ အသက္ ၂၃ ႏွစ္ျဖစ္ပါတယ္။

ေကးနဲ႔ေရာဘတ္တုိ႔မွာ သမီးတစ္ေယာက္၊ သားတစ္ေယာက္ရွိၿပီး မိသားစုစံုစံုလင္လင္ အတူေနထုိင္ၾကေပမယ့္ တစ္စံုတခုေပ်ာက္ဆံုးေနသလိုမ်ိဳး အၿမဲခံစားခဲ့ရတယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္မ အၿမဲတမ္း ေရာဘတ္ကို သစၥာေစာင့္သိခဲ့ပါတယ္။ သူက ကၽြန္မ အိပ္ဖူးတဲ့ တစ္ဦးတည္းေသာသူပါ”

“ဒါေပမယ့္လည္း တျခားေယာက်ာ္းတစ္ေယာက္နဲ႔ဆုိရင္ေရာ ဘယ္လိုမ်ားပါလိမ့္လုိ႔ ကၽြန္မ ဘယ္သူမွမသိေအာင္ က်ိတ္ၿပီးစဥ္းစားခဲ့မိပါတယ္”

ေကးဟာ ေရာဘတ္ကို ၎ရဲ႕အစီအစဥ္ကို ေျပာျပခဲ့တဲ့အခ်ိန္မွာ ေရာဘတ္က စိတ္မပါသလုိ တြန္႔ဆုတ္ေနခဲ့ေပမယ့္ ရီတာရဲ႕ခင္ပြန္း တယ္ရီကေတာ့ ေတာ္ေတာ္ေလးကို လုိလိုလားလားျဖစ္ခဲ့ပါတယ္။ ေကးတို႔ အိမ္နီးခ်င္းစံုတြဲေတြဟာ ကေလး ၄ ေယာက္နဲ႔အတူ ဗန္ကားတစ္စီးနဲ႔ ၂ ပတ္ၾကာ အားလပ္ရက္ခရီးသြားဖို႔ စီစဥ္ခဲ့ၾကၿပီး ပထမဆံုးအႀကိမ္အျဖစ္ ေယာက်ာ္းခ်င္းလဲလွယ္ၿပီး အိပ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

ေကးရဲ႕စာအုပ္အသစ္ျဖစ္တဲ့ ‘အိမ္နီးခ်င္းရဲ႕ခင္ပြန္း’စာအုပ္ထဲမွာ ေကးက ၎ရဲ႕သူမတူတဲ့အေျခအေနကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ေကးနဲ႔ တယ္ရီတုိ႔ဟာ စံုတြဲခ်င္း အလဲအလွယ္လုပ္ၿပီး ခ်စ္ရည္မလူးခင္မွာ ကေလးေတြကို ေစာင့္ၾကည့္ေပးေနခဲ့ၿပီး ေရာဘတ္နဲ႔ ရီတာတုိ႔ကေတာ့ ဟုိတယ္မွာ တစ္ညတာ အတူကုန္ဆံုးခဲ့ၾကတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ပထမဆံုး တယ္ရီနဲ႔ ခ်စ္ရည္လူးခဲ့တဲ့အခ်ိန္မွာ ေကးက အရာအားလံုး ယစ္မူးဖြယ္ခံစားရၿပီး ခံစားမႈေတြ ျမင့္တက္ေနခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ အားလပ္ရက္ကေန အိမ္ကို ျပန္ေရာက္တဲ့အခ်ိန္မွာေတာ့ အရာအားလံုးက ေျပာင္းလဲသြားခဲ့ပါတယ္။

“ရီတာနဲ႔ ေရာဘတ္က စကားေျပာဖို႔လိုေနၿပီလို႔ ေျပာခဲ့ပါတယ္”

“သူတို႔အတူတူ အိမ္ေထာင္တစ္ခု ထူေထာင္ၾကမယ္လုိ႔ ေၾကညာခဲ့ၿပီး ကေလး ၄ ေယာက္စလံုးကိုလည္း သူတို႔နဲ႔အတူ ေခၚသြားမယ္လုိ႔ ေျပာခဲ့ပါတယ္”

ေကးဟာ ရုတ္တရက္ၾကက္ေသေသခဲဲ့ၿပီး ေနာက္ဆံုးမွာေတာ့ တယ္ရီနဲ႔အတူ ေျပာင္းေရႊ႕ေနထုိင္ဖို႔ သေဘာတူညီခဲ့ပါတယ္။ ေကးဟာ သမီးျဖစ္သူ ေရခ်ယ္နဲ႔ တယ္ရီရဲ႕အငယ္ဆံုးသမီးကို ၎နဲ႔အတူေနထုိင္ခ်င္လားလို႔ ေမးျမန္းခဲ့ပါတယ္။

“ဆုိးရြားတဲ့အေျခအေနတစ္ခုထဲမွာ အေကာင္းဆံုးျဖစ္ေအာင္ ကၽြန္မ ႀကိဳးစားခဲ့ပါတယ္”လို႔ The Mirror ကို ေျပာၾကားခဲ့ပါတယ္။

ေကးနဲ႔ တယ္ရီတုိ႔ဟာ ၇ ႏွစ္ၾကာေပါင္းသင္းခဲ့ၿပီးေနာက္ အႀကီးအက်ယ္စကားမ်ားခဲ့ၿပီး လမ္းခြဲခဲ့ၾကပါတယ္။ ေရာဘတ္နဲ႔ ရီတာတုိ႔ဟာ အေနာက္ေျမာက္ဘက္ပိုင္းကုိ ေျပာင္းေရႊ႕ခဲ့ၿပီး ေကးနဲ႔ တယ္ရီတုိ႔ဟာ ေတာင္ဘက္မွာပဲ က်န္ရစ္ခဲ့ၾကတာျဖစ္ပါတယ္။

ေကးက ၎ရဲ႕သားျဖစ္သူနဲ႔ အဆက္အသြယ္သိပ္မရေၾကာင္္းနဲ႔ ေရခ်ယ္ကလည္း သူမရဲ႕ဖခင္ျဖစ္တဲ့ တယ္ရီနဲ႔လည္း အဆက္အဆံမလုပ္ေတာ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

“အခု အသက္ ၇၈ ႏွစ္အရြယ္ေရာက္တဲ့အထိ ဇနီးသည္ခ်င္းလဲလွယ္ၿပီး လိင္ဆက္ဆံတဲ့ကိစၥအေၾကာင္းကို စဥ္းစားမိေနတုန္းပဲ။ နာက်င္စရာေတြအားလံုးက အဲဒီကိစၥေၾကာင့္ ျဖစ္ခဲ့တာပါ”

“ကၽြန္မ ေရာဘတ္ကို မခ်စ္ခဲ့ေပမယ့္လည္း ကၽြန္မတို႔ကေလးေတြ ႀကီးျပင္းဖို႔အတြက္ တည္ၿငိမ္တဲ့အိမ္ေလးကိုေတာ့ ဖန္တီးႏုိင္ခဲ့ပါတယ္”

“ဇနီးသည္ခ်င္း လဲလွယ္ၿပီး ေပါင္းသင္းခဲ့ျခင္းက ေရခ်ယ္နဲ႔ သူ႔ရဲ႕အစ္ကိုတုိ႔ကို တကြဲတျပားစီျဖစ္ေစခဲ့သလို ေရခ်ယ္နဲ႔ သူ႔အေဖတုိ႔ ဆက္ဆံေရးကိုလည္း ဖ်က္ဆီးပစ္ခဲ့ပါတယ္”

“ကၽြန္မတို႔ရဲ႕ လက္ထပ္ေပါင္းသင္းဆက္ဆံမႈရဲ႕ လံုၿခံဳမႈကို တစ္ညတာ စိတ္ခံစားမႈအတြက္ စြန္႔စားခဲ့မိတာ ကၽြန္မ မယံုႏုိင္ေအာင္ ျဖစ္မိပါတယ္”လို႔ ေျပာၾကားခဲ့့ပါတယ္။

Credit : shweinlay

Unicode ဖြင့်ဖတ်ရန်

အိမ်နီးချင်း နဲ့ ယောကျာ်း ချင်းလဲလှယ်ပေါင်းသင်းခဲ့လို့ ဘဝပျက်ခဲ့တဲ့ အမျိုးသမီး

၁၉၇၀ ပြည့်နှစ်ကာလတွေတုန်းက အိမ်နီးချင်းတစ်ဦးနဲ့ အပြန်အလှန် ယောကျာ်းချင်းလဲလှယ်ပေါင်းသင်းခဲ့တဲ့ အမျိုးသမီးက ယင်းဆုံးဖြတ်ချက်ဟာ ၎င်းရဲ့ဘဝကို ဖျက်ဆီးခဲ့ပြီး မိသားစု ကို တကွဲတပြားစီ ဖြစ်သွားစေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကေးမိုရီယာတီဟာ ဘာချင်တန်အွန်စီးမြို့မှာ နေထိုင်ခဲ့တဲ့အချိန်တုန်းက တက်ကျမ်းစာအုပ်တစ်အုပ်ကို ဖတ်မိခဲ့ပြီးနောက် အိမ်နီးချင်းဖြစ်တဲ့ သူငယ်ချင်း ရီတာနဲ့ ယောကျာ်းချင်း လဲလှယ်ဖို့ အကြံရခဲ့ပါတယ်။

ကေးဟာ ၎င်းရဲ့ခင်ပွန်းဖြစ်သူ ရောဘတ်နဲ့ လိင်ဆက်ဆံလိုစိတ်မရှိကြောင်း တွေ့ရှိခဲ့ပြီးကတည်းက ယောကျာ်းချင်းလဲလှယ်ပြီး အတူအိပ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ကေးဟာ ရောဘတ်နဲ့ စတွေ့ခဲ့ချိန်တုန်းက အသက် ၁၉ နှစ်အရွယ်သာ ရှိသေးပြီး ရောဘတ်ကတော့ အသက် ၂၃ နှစ်ဖြစ်ပါတယ်။

ကေးနဲ့ရောဘတ်တို့မှာ သမီးတစ်ယောက်၊ သားတစ်ယောက်ရှိပြီး မိသားစုစုံစုံလင်လင် အတူနေထိုင်ကြပေမယ့် တစ်စုံတခုပျောက်ဆုံးနေသလိုမျိုး အမြဲခံစားခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်မ အမြဲတမ်း ရောဘတ်ကို သစ္စာစောင့်သိခဲ့ပါတယ်။ သူက ကျွန်မ အိပ်ဖူးတဲ့ တစ်ဦးတည်းသောသူပါ”

“ဒါပေမယ့်လည်း တခြားယောကျာ်းတစ်ယောက်နဲ့ဆိုရင်ရော ဘယ်လိုများပါလိမ့်လို့ ကျွန်မ ဘယ်သူမှမသိအောင် ကျိတ်ပြီးစဉ်းစားခဲ့မိပါတယ်”

ကေးဟာ ရောဘတ်ကို ၎င်းရဲ့အစီအစဉ်ကို ပြောပြခဲ့တဲ့အချိန်မှာ ရောဘတ်က စိတ်မပါသလို တွန့်ဆုတ်နေခဲ့ပေမယ့် ရီတာရဲ့ခင်ပွန်း တယ်ရီကတော့ တော်တော်လေးကို လိုလိုလားလားဖြစ်ခဲ့ပါတယ်။ ကေးတို့ အိမ်နီးချင်းစုံတွဲတွေဟာ ကလေး ၄ ယောက်နဲ့အတူ ဗန်ကားတစ်စီးနဲ့ ၂ ပတ်ကြာ အားလပ်ရက်ခရီးသွားဖို့ စီစဉ်ခဲ့ကြပြီး ပထမဆုံးအကြိမ်အဖြစ် ယောကျာ်းချင်းလဲလှယ်ပြီး အိပ်ဖို့ ကြိုးစားခဲ့ပါတယ်။

ကေးရဲ့စာအုပ်အသစ်ဖြစ်တဲ့ ‘အိမ်နီးချင်းရဲ့ခင်ပွန်း’စာအုပ်ထဲမှာ ကေးက ၎င်းရဲ့သူမတူတဲ့အခြေအနေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကေးနဲ့ တယ်ရီတို့ဟာ စုံတွဲချင်း အလဲအလှယ်လုပ်ပြီး ချစ်ရည်မလူးခင်မှာ ကလေးတွေကို စောင့်ကြည့်ပေးနေခဲ့ပြီး ရောဘတ်နဲ့ ရီတာတို့ကတော့ ဟိုတယ်မှာ တစ်ညတာ အတူကုန်ဆုံးခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။

ပထမဆုံး တယ်ရီနဲ့ ချစ်ရည်လူးခဲ့တဲ့အချိန်မှာ ကေးက အရာအားလုံး ယစ်မူးဖွယ်ခံစားရပြီး ခံစားမှုတွေ မြင့်တက်နေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အားလပ်ရက်ကနေ အိမ်ကို ပြန်ရောက်တဲ့အချိန်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့ပါတယ်။

“ရီတာနဲ့ ရောဘတ်က စကားပြောဖို့လိုနေပြီလို့ ပြောခဲ့ပါတယ်”

“သူတို့အတူတူ အိမ်ထောင်တစ်ခု ထူထောင်ကြမယ်လို့ ကြေညာခဲ့ပြီး ကလေး ၄ ယောက်စလုံးကိုလည်း သူတို့နဲ့အတူ ခေါ်သွားမယ်လို့ ပြောခဲ့ပါတယ်”

ကေးဟာ ရုတ်တရက်ကြက်သေသေခဲ့ပြီး နောက်ဆုံးမှာတော့ တယ်ရီနဲ့အတူ ပြောင်းရွှေ့နေထိုင်ဖို့ သဘောတူညီခဲ့ပါတယ်။ ကေးဟာ သမီးဖြစ်သူ ရေချယ်နဲ့ တယ်ရီရဲ့အငယ်ဆုံးသမီးကို ၎င်းနဲ့အတူနေထိုင်ချင်လားလို့ မေးမြန်းခဲ့ပါတယ်။

“ဆိုးရွားတဲ့အခြေအနေတစ်ခုထဲမှာ အကောင်းဆုံးဖြစ်အောင် ကျွန်မ ကြိုးစားခဲ့ပါတယ်”လို့ The Mirror ကို ပြောကြားခဲ့ပါတယ်။

ကေးနဲ့ တယ်ရီတို့ဟာ ၇ နှစ်ကြာပေါင်းသင်းခဲ့ပြီးနောက် အကြီးအကျယ်စကားများခဲ့ပြီး လမ်းခွဲခဲ့ကြပါတယ်။ ရောဘတ်နဲ့ ရီတာတို့ဟာ အနောက်မြောက်ဘက်ပိုင်းကို ပြောင်းရွှေ့ခဲ့ပြီး ကေးနဲ့ တယ်ရီတို့ဟာ တောင်ဘက်မှာပဲ ကျန်ရစ်ခဲ့ကြတာဖြစ်ပါတယ်။

ကေးက ၎င်းရဲ့သားဖြစ်သူနဲ့ အဆက်အသွယ်သိပ်မရကြောင်းနဲ့ ရေချယ်ကလည်း သူမရဲ့ဖခင်ဖြစ်တဲ့ တယ်ရီနဲ့လည်း အဆက်အဆံမလုပ်တော့ကြောင်း ပြောကြားခဲ့ပါတယ်။

“အခု အသက် ၇၈ နှစ်အရွယ်ရောက်တဲ့အထိ ဇနီးသည်ချင်းလဲလှယ်ပြီး လိင်ဆက်ဆံတဲ့ကိစ္စအကြောင်းကို စဉ်းစားမိနေတုန်းပဲ။ နာကျင်စရာတွေအားလုံးက အဲဒီကိစ္စကြောင့် ဖြစ်ခဲ့တာပါ”

“ကျွန်မ ရောဘတ်ကို မချစ်ခဲ့ပေမယ့်လည်း ကျွန်မတို့ကလေးတွေ ကြီးပြင်းဖို့အတွက် တည်ငြိမ်တဲ့အိမ်လေးကိုတော့ ဖန်တီးနိုင်ခဲ့ပါတယ်”

“ဇနီးသည်ချင်း လဲလှယ်ပြီး ပေါင်းသင်းခဲ့ခြင်းက ရေချယ်နဲ့ သူ့ရဲ့အစ်ကိုတို့ကို တကွဲတပြားစီဖြစ်စေခဲ့သလို ရေချယ်နဲ့ သူ့အဖေတို့ ဆက်ဆံရေးကိုလည်း ဖျက်ဆီးပစ်ခဲ့ပါတယ်”

“ကျွန်မတို့ရဲ့ လက်ထပ်ပေါင်းသင်းဆက်ဆံမှုရဲ့ လုံခြုံမှုကို တစ်ညတာ စိတ်ခံစားမှုအတွက် စွန့်စားခဲ့မိတာ ကျွန်မ မယုံနိုင်အောင် ဖြစ်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Credit : shweinlay

LEAVE A REPLY