Zawgyi ျဖင့္ဖတ္ရန္

 

Justin Bieber ဟာဆိုရင္ကေလးေတြကိုခ်စ္တတ္တဲ့သူတစ္ေယာက္ဆိုတာ တစ္ကမာၻလုံးကသိၾကပါတယ္။ သူ႔ညီမေလး Jazmyn ကိုဆိုရင္ ငယ္ငယ္ကတည္းက လက္ကမခ်ေအာင္ခ်စ္တဲ့ Justin ေလ။Justin က ကေလးျမင္ရင္မေနႏိုင္ေအာင္ အသည္းယားၿပီးစေနာက္ခ်င္သလို ေကာင္မေလးငယ္ငယ္ေလးေတြကိုလည္း ႀကဳံရင္ႀကဳံသလို စေနာက္တတ္ပါတယ္။ အဲဒီအက်င့္ေလးဟာ အခုအခ်ိန္ထိလည္းပါလာပုံပါပဲ။ သိပ္မၾကာခင္က လူမႈကြန္ယက္ ေတြမွာ Justin ဟာ အသက္ (၁၅)ႏွစ္အ႐ြယ္ေကာင္မေလးနဲ႔ စလိုက္ေနာက္လိုက္လုပ္ေနတဲ့ အျဖစ္က ပ်ံ႕ႏွံ႔သြားခဲ့ပါေသးတယ္။

 

Siwa ဆိုတဲ့ ေကာင္မေလး ကိုသိတဲ့ပရိသတ္ေတြကသိၾကပါလိမ့္မယ္။ သူမက Youtube မွာ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ ကမာၻကသိတဲ့ ၾကယ္ပြင့္ေလးပါ။ JoJo က အကအရမ္းေတာ္တဲ့ Dancer ေလးျဖစ္ၿပီး Dance Moms ဆိုတဲ့ ႐ုပ္ရွင္ဇာတ္လမ္းတြဲမွာ season 2 ခုစာပါဝင္သ႐ုပ္ေဆာင္ၿပီးျဖစ္တဲ့ သ႐ုပ္ေဆာင္တစ္ျဖစ္လဲအကမယ္ေလးလည္းျဖစ္ပါတယ္။ သူမက ေၾကာင္ေၾကာင္က်ားက်ားေတြ ေတာက္ေတာက္ေျပာင္ေျပာင္ေတြလည္းဝတ္စားတတ္လို႔ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈကိုအမ်ားဆုံးခံရတတ္သူေလးပါ။ အနီးဆုံးဥပမာျပရရင္ေတာ့ ပရိသတ္ေတြက JoJo ကို ျမန္မာျပည္ရဲ႕ ျဖဴျဖဴေထြးလို ေအာင္ျမင္ေက်ာ္ၾကားလာသူေလးလို႔ေျပာေနၾကပါတယ္။

 

JoJo ရဲ႕ေအာင္ျမင္မႈဟာ အရွိန္အဟုန္ႀကီးမားလာတာနဲ႔အမွ် သူမရဲ႕ခ်မ္းသာႂကြယ္ဝမႈကလည္း သူမကို တစ္ဖက္တစ္လမ္းကပံ့ပိုးေပးေနခဲ့ပါတယ္။ JoJo ဟာ သူမရဲ႕အသက္(၁၅)ႏွစ္ျပည့္ေမြးေန႔မွာ သူမႀကိဳက္တဲ့ေၾကာင္ေၾကာင္က်ားက်ားသက္တံ့ေရာင္စုံေတြနဲ႔ သူမရဲ႕အနီးကပ္မ်က္ႏွာႀကီးကိုေဆးမႈတ္ထားတဲ့ BMW ကားတစ္စီးကို ေမြးေန႔လက္ေဆာင္ရခဲ့ပါတယ္။ သူမရဲ႕ မိဘေတြက surprise လုပ္ၿပီးေပးခဲ့တာပါ။ အဲဒီအျဖစ္အပ်က္က လူမႈကြန္ယက္ေတြမွာေတာ္ေတာ္ေလးဂယက္႐ိုက္သြားခဲ့တာမို႔ Justin Bieber ရဲ႕မ်က္စိေရွ႕လည္းေရာက္သြားခဲ့ပါတယ္။ ဘယ္နားၾကည့္ၾကည့္ဒါႀကီးပဲျမင္ေနရေတာ့ Justin ကလည္း စိတ္ေပါက္လာၿပီး မ်က္စိေနာက္လာသလို စလည္းစခ်င္ဟန္တူပါတယ္။ ေကာင္မေလးရဲ႕ ကားအသစ္စက္စက္နဲ႔ေပ်ာ္ေနတဲ့ ဓာတ္ပုံေအာက္မွာ “Burn it”ဆိုၿပီး ကားကိုမီးရႈိ႕လိုက္လို႔ သုံးႀကိမ္သုံးခါတိုင္တိုင္ဝင္မန႔္ခဲ့ပါတယ္။ သတိရတိုင္းဝင္ဆဲမယ္ဆိုတာမ်ိဳး သတိရတိုင္းဝင္မန႔္ေနတာလားမသိ။

JoJo ရဲ႕ အေမကေတာ့ Justin ကို “နင့္ဟာေတြနင္မီးရႈိ႕ပါလား”လို႔ ျပန္ၿပီး comment ေပးထားခဲ့ပါတယ္။ Justin က 2018 ႏွစ္ကုန္တဲ့အခါမွာ 2019 ကိုအၿငိဳးအေတးေတြအႀကိတ္အခဲေတြမရွိပဲ အသစ္ကျပန္စခ်င္ဟန္တူပါတယ္။ JoJo ကို Twitter မွာ “ငါ့မွာမင္းကိုမႀကိဳက္တဲ့စိတ္မရွိပါဘူး။ ကားနဲ႔အဲဒီကားရဲ႕အေရာင္ေတြကိုမႀကိဳက္တာပါ၊ ဒီကိစၥကိုေဗြမယူဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ ျပန္လည္ေတာင္းပန္ထားခဲ့ပါတယ္။

JoJo ကလည္း Justin ကို “ရပါတယ္ ဘ႐ို၊ အိုင့္ရဲ႕ ဆယ့္ေျခာက္ႏွစ္ျပည့္ေမြးေန႔မွာ သီခ်င္းလာဆိုေပးရင္ ေလွ်ာ္ေပးလိုက္ပါမယ္”လို႔ ျပန္ၿပီး ေခ်ပထားပါတယ္။ၾကည့္ရတာေတာ့ JoJo ဆိုတဲ့ကေလးမေလးက အစကတည္းက JB Fan ျဖစ္ပုံပါပဲ။ ဒီကိစၥကိုအခြင့္ေကာင္းယူၿပီးသူနာမည္တက္ေအာင္လုပ္လို႔ရေပမယ့္ Justin ရဲ႕ ေပါက္ပန္းေဈးအႀကံညဏ္ေတြကိုေဗြမယူပဲေလွ်ာ္ေပးသြားခဲ့ပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ Justin ကိုခ်စ္ၾကေသးလား။ Justin ရဲ႕ သီခ်င္းအသစ္ေတြကိုနားေထာင္ဖို႔အဆင္သင့္ျဖစ္ေနၾကၿပီလား။ Justin နဲ႔ Hailey တို႔ရဲ႕ Junior Bieber ေလးကိုေရာ ျမင္ခ်င္ေနၾကၿပီလား။

Credit : Can’t Wait To Say

Unicode ဖြင့်ဖတ်ရန်

အသက်(၁၅)နှစ်အရွယ်ကောင်မလေးကို သောက်တလွဲအကြံပေးလိုက်တဲ့ Justin Bieber

Justin Bieber ဟာဆိုရင်ကလေးတွေကိုချစ်တတ်တဲ့သူတစ်ယောက်ဆိုတာ တစ်ကမ္ဘာလုံးကသိကြပါတယ်။ သူ့ညီမလေး Jazmyn ကိုဆိုရင် ငယ်ငယ်ကတည်းက လက်ကမချအောင်ချစ်တဲ့ Justin လေ။Justin က ကလေးမြင်ရင်မနေနိုင်အောင် အသည်းယားပြီးစနောက်ချင်သလို ကောင်မလေးငယ်ငယ်လေးတွေကိုလည်း ကြုံရင်ကြုံသလို စနောက်တတ်ပါတယ်။ အဲဒီအကျင့်လေးဟာ အခုအချိန်ထိလည်းပါလာပုံပါပဲ။ သိပ်မကြာခင်က လူမှုကွန်ယက် တွေမှာ Justin ဟာ အသက် (၁၅)နှစ်အရွယ်ကောင်မလေးနဲ့ စလိုက်နောက်လိုက်လုပ်နေတဲ့ အဖြစ်က ပျံ့နှံ့သွားခဲ့ပါသေးတယ်။

Siwa ဆိုတဲ့ ကောင်မလေး ကိုသိတဲ့ပရိသတ်တွေကသိကြပါလိမ့်မယ်။ သူမက Youtube မှာ အောင်မြင်ကျော်ကြားနေတဲ့ ကမ္ဘာကသိတဲ့ ကြယ်ပွင့်လေးပါ။ JoJo က အကအရမ်းတော်တဲ့ Dancer လေးဖြစ်ပြီး Dance Moms ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲမှာ season 2 ခုစာပါဝင်သရုပ်ဆောင်ပြီးဖြစ်တဲ့ သရုပ်ဆောင်တစ်ဖြစ်လဲအကမယ်လေးလည်းဖြစ်ပါတယ်။ သူမက ကြောင်ကြောင်ကျားကျားတွေ တောက်တောက်ပြောင်ပြောင်တွေလည်းဝတ်စားတတ်လို့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုအများဆုံးခံရတတ်သူလေးပါ။ အနီးဆုံးဥပမာပြရရင်တော့ ပရိသတ်တွေက JoJo ကို မြန်မာပြည်ရဲ့ ဖြူဖြူထွေးလို အောင်မြင်ကျော်ကြားလာသူလေးလို့ပြောနေကြပါတယ်။

JoJo ရဲ့အောင်မြင်မှုဟာ အရှိန်အဟုန်ကြီးမားလာတာနဲ့အမျှ သူမရဲ့ချမ်းသာကြွယ်ဝမှုကလည်း သူမကို တစ်ဖက်တစ်လမ်းကပံ့ပိုးပေးနေခဲ့ပါတယ်။ JoJo ဟာ သူမရဲ့အသက်(၁၅)နှစ်ပြည့်မွေးနေ့မှာ သူမကြိုက်တဲ့ကြောင်ကြောင်ကျားကျားသက်တံ့ရောင်စုံတွေနဲ့ သူမရဲ့အနီးကပ်မျက်နှာကြီးကိုဆေးမှုတ်ထားတဲ့ BMW ကားတစ်စီးကို မွေးနေ့လက်ဆောင်ရခဲ့ပါတယ်။ သူမရဲ့ မိဘတွေက surprise လုပ်ပြီးပေးခဲ့တာပါ။ အဲဒီအဖြစ်အပျက်က လူမှုကွန်ယက်တွေမှာတော်တော်လေးဂယက်ရိုက်သွားခဲ့တာမို့ Justin Bieber ရဲ့မျက်စိရှေ့လည်းရောက်သွားခဲ့ပါတယ်။ ဘယ်နားကြည့်ကြည့်ဒါကြီးပဲမြင်နေရတော့ Justin ကလည်း စိတ်ပေါက်လာပြီး မျက်စိနောက်လာသလို စလည်းစချင်ဟန်တူပါတယ်။ ကောင်မလေးရဲ့ ကားအသစ်စက်စက်နဲ့ပျော်နေတဲ့ ဓာတ်ပုံအောက်မှာ “Burn it”ဆိုပြီး ကားကိုမီးရှို့လိုက်လို့ သုံးကြိမ်သုံးခါတိုင်တိုင်ဝင်မန့်ခဲ့ပါတယ်။ သတိရတိုင်းဝင်ဆဲမယ်ဆိုတာမျိုး သတိရတိုင်းဝင်မန့်နေတာလားမသိ။

JoJo ရဲ့ အမေကတော့ Justin ကို “နင့်ဟာတွေနင်မီးရှို့ပါလား”လို့ ပြန်ပြီး comment ပေးထားခဲ့ပါတယ်။ Justin က 2018 နှစ်ကုန်တဲ့အခါမှာ 2019 ကိုအငြိုးအတေးတွေအကြိတ်အခဲတွေမရှိပဲ အသစ်ကပြန်စချင်ဟန်တူပါတယ်။ JoJo ကို Twitter မှာ “ငါ့မှာမင်းကိုမကြိုက်တဲ့စိတ်မရှိပါဘူး။ ကားနဲ့အဲဒီကားရဲ့အရောင်တွေကိုမကြိုက်တာပါ၊ ဒီကိစ္စကိုဗွေမယူဖို့မျှော်လင့်ပါတယ်”လို့ ပြန်လည်တောင်းပန်ထားခဲ့ပါတယ်။

JoJo ကလည်း Justin ကို “ရပါတယ် ဘရို၊ အိုင့်ရဲ့ ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့မှာ သီချင်းလာဆိုပေးရင် လျှော်ပေးလိုက်ပါမယ်”လို့ ပြန်ပြီး ချေပထားပါတယ်။ကြည့်ရတာတော့ JoJo ဆိုတဲ့ကလေးမလေးက အစကတည်းက JB Fan ဖြစ်ပုံပါပဲ။ ဒီကိစ္စကိုအခွင့်ကောင်းယူပြီးသူနာမည်တက်အောင်လုပ်လို့ရပေမယ့် Justin ရဲ့ ပေါက်ပန်းဈေးအကြံညဏ်တွေကိုဗွေမယူပဲလျှော်ပေးသွားခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော Justin ကိုချစ်ကြသေးလား။ Justin ရဲ့ သီချင်းအသစ်တွေကိုနားထောင်ဖို့အဆင်သင့်ဖြစ်နေကြပြီလား။ Justin နဲ့ Hailey တို့ရဲ့ Junior Bieber လေးကိုရော မြင်ချင်နေကြပြီလား။

Credit : Can’t Wait To Say