Zawgyi ျဖင့္ဖတ္ရန္

သရုပ္ေဆာင္ မင္းသား တစ္ဦးလဲျဖစ္ JYJ အဖြဲ႕မွ အဆုိေတာ္တစ္ေယာက္လဲျဖစ္တဲ့ ကင္မ္ေဂ်ဂၽြန္းဟာ သူ႔ကို အရူးအမူးႀကိဳက္ႏွစ္သက္တဲ့ ပရိတ္သတ္မိန္းကေလးေတြ ေၾကာင့္ စိတ္ဒုကၡေရာက္ခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ (၆) ရက္ေန႔ ဂ်ပန္ႏို္င္ငံမွာ ရွိတဲ့ရုပ္သံအစီအစဥ္တစ္ခုမွာ စကားဆက္စပ္ရင္း ေဂ်ဂၽြန္းကဒီအေၾကာင္းေတြေျပာျပခဲ့ပါတယ္။ ထိုအစီအစဥ္မွာ ေဂ်ဂၽြန္းနဲ႔ အတူပါဝင္တဲ့ ဂ်ပန္သရုပ္ေဆာင္ Masaki Sugano ကလဲသတ္လတ္ပိုင္းအရြယ္ အမ်ိဳးသမီးတစ္ေယာက္က သူ႔ကိုအတင္းအၾကပ္ ဖက္ၿပီး သူ႔အသားကိုပြတ္သပ္ခံရတာမ်ိဳး ႀကံဳခဲ့ဖူးတယ္လို႔ ေျပာပါတယ္။

 

ဒီလိုကိစၥရပ္မ်ိဳးကို ေယာက်ၤားတစ္ေယာက္က မိန္းမတစ္ေယာက္ကို ျပဳလုပ္မိမယ္ဆို ရင္ေတာ့ ခႏၶာကိုယ္ထိပါးေစာ္ကားမွုနဲ႔ တရားစြဲလို႔ရေပမယ့္ ေယာက်ၤားေတြက အလားတူျပဳမူခံရတဲ့အခါ မည္သူကမွ တာဝန္ယူေျဖရွင္းျခင္းမ်ိဳးမရွိခဲ့ဘူး။ သူတို႔အေနနဲ႔ ဘယ္လိုလုပ္ရပါမလဲလို႔ Masaki ကေျပာခဲ့ပါတယ္။

အဆိုေတာ္၊ သရုပ္ေဆာင္မင္းသားအမ်ားစုဟာ ဒီလုိကိစၥရပ္ေတြကိုႀကံဳေတြ႕ေနရတာဟာ မဆန္းေတာ့ပါဘူး။ ဒီကိစၥနဲ႔စပ္လ်ဥ္းၿပီး ေရွ႕ေန Harumo Kitamura က ေအာက္ပါအတိုင္းေျဖရွင္းထားပါတယ္။ေယာက်ၤားနဲ႔မိန္းမ မွာ မိန္းမက အဆိုေတာ္(သို႔) သရုပ္ေဆာင္အမ်ိဳးသားကို မႏွစ္ၿမိဳ႕ဖြယ္ ျပဳလုပ္လ်ွင္ ေယာက်ၤားေလးရွင္ဘက္က လက္ခံေက်နပ္ေနရင္ေတာ့ ကိစၥမရွိေပမယ့္ လက္မခံႏိုင္ေအာင္ ခႏၶာကိုယ္ကို ထိပါးေစာ္ကားလာၿပီဆိုရင္ေတာ့ ဒါဟာလဲ လိင္ပိုင္းဆုိင္ရာ ကိုယ္ခႏၶာထိပါးေစာ္ကားမွုေျမာက္ပါတယ္ လို႔ေျပာခဲ့ပါတယ္။

ေဂ်ဂၽြန္းအေနနဲ႔ သူသည္လည္း အလားတူျဖစ္ရပ္မ်ိဳး ျဖစ္ပြားခဲ့ေၾကာင္းေျပာျပခဲ့ပါတယ္။ေဂ်ဂၽြန္းကိုအရူးအမူး ႏွစ္သက္စြဲလမ္းတဲ့ ပရိတ္သတ္မိန္းကေလးတစ္ေယာက္ဟာ ညလယ္ေခါင္အခ်ိန္ သူအိပ္ေနတုန္းမွာ အိပ္ခန္းထဲခိုးဝင္ၿပီး ခႏၶာကိုယ္ကို မဖြယ္မရာထိေတြ႕ကိုင္တြယ္ခဲ့တယ္လုိ႔ ေျပာခဲ့ပါတယ္။ အဆိုပါမိန္းကေလးဟာ ေဂ်ဂၽြန္းရဲ႕ ကုိယ္ေပၚကိုတက္ၿပီး အေပၚကေန အုပ္မိုးကာ ေဂ်ဂၽြန္းမ်က္ႏွာကို တစိမ့္စိမ့္ ၾကည္႔ေနခဲ့တယ္လို႔ဆိုပါတယ္။ ဒီလုိျဖစ္ရပ္မ်ိဳးေတြ ႀကံဳေတြ႕ေနရတာ တစ္ခါမကေတာ့ဘူး လို႔ေဂ်ဂၽြန္းက ဖြင့္ဟေျပာဆုိလာခဲ့ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

အိပ်ခန်း ထဲ ခိုးဝင်ပြီး ခန္ဓာကိုယ် ကိုမဖွယ်မရာပြုလုပ်တဲ့ ပရိတ်သတ်ကြောင့်ရင်ထိတ်ခဲ့ရတဲ့ ကင်မ်ဂျေဂျွန်း

သရုပ်ဆောင် မင်းသား တစ်ဦးလဲဖြစ် JYJ အဖွဲ့မှ အဆိုတော်တစ်ယောက်လဲဖြစ်တဲ့ ကင်မ်ဂျေဂျွန်းဟာ သူ့ကို အရူးအမူးကြိုက်နှစ်သက်တဲ့ ပရိတ်သတ်မိန်းကလေးတွေ ကြောင့် စိတ်ဒုက္ခရောက်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၆) ရက်နေ့ ဂျပန်နိုင်ငံမှာ ရှိတဲ့ရုပ်သံအစီအစဉ်တစ်ခုမှာ စကားဆက်စပ်ရင်း ဂျေဂျွန်းကဒီအကြောင်းတွေပြောပြခဲ့ပါတယ်။ ထိုအစီအစဉ်မှာ ဂျေဂျွန်းနဲ့ အတူပါဝင်တဲ့ ဂျပန်သရုပ်ဆောင် Masaki Sugano ကလဲသတ်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က သူ့ကိုအတင်းအကြပ် ဖက်ပြီး သူ့အသားကိုပွတ်သပ်ခံရတာမျိုး ကြုံခဲ့ဖူးတယ်လို့ ပြောပါတယ်။

ဒီလိုကိစ္စရပ်မျိုးကို ယောင်္ကျားတစ်ယောက်က မိန်းမတစ်ယောက်ကို ပြုလုပ်မိမယ်ဆို ရင်တော့ ခန္ဓာကိုယ်ထိပါးစော်ကားမှုနဲ့ တရားစွဲလို့ရပေမယ့် ယောင်္ကျားတွေက အလားတူပြုမူခံရတဲ့အခါ မည်သူကမှ တာဝန်ယူဖြေရှင်းခြင်းမျိုးမရှိခဲ့ဘူး။ သူတို့အနေနဲ့ ဘယ်လိုလုပ်ရပါမလဲလို့ Masaki ကပြောခဲ့ပါတယ်။

အဆိုတော်၊ သရုပ်ဆောင်မင်းသားအများစုဟာ ဒီလိုကိစ္စရပ်တွေကိုကြုံတွေ့နေရတာဟာ မဆန်းတော့ပါဘူး။ ဒီကိစ္စနဲ့စပ်လျဉ်းပြီး ရှေ့နေ Harumo Kitamura က အောက်ပါအတိုင်းဖြေရှင်းထားပါတယ်။ယောင်္ကျားနဲ့မိန်းမ မှာ မိန်းမက အဆိုတော်(သို့) သရုပ်ဆောင်အမျိုးသားကို မနှစ်မြို့ဖွယ် ပြုလုပ်လျှင် ယောင်္ကျားလေးရှင်ဘက်က လက်ခံကျေနပ်နေရင်တော့ ကိစ္စမရှိပေမယ့် လက်မခံနိုင်အောင် ခန္ဓာကိုယ်ကို ထိပါးစော်ကားလာပြီဆိုရင်တော့ ဒါဟာလဲ လိင်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာထိပါးစော်ကားမှုမြောက်ပါတယ် လို့ပြောခဲ့ပါတယ်။

ဂျေဂျွန်းအနေနဲ့ သူသည်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ကြောင်းပြောပြခဲ့ပါတယ်။ဂျေဂျွန်းကိုအရူးအမူး နှစ်သက်စွဲလမ်းတဲ့ ပရိတ်သတ်မိန်းကလေးတစ်ယောက်ဟာ ညလယ်ခေါင်အချိန် သူအိပ်နေတုန်းမှာ အိပ်ခန်းထဲခိုးဝင်ပြီး ခန္ဓာကိုယ်ကို မဖွယ်မရာထိတွေ့ကိုင်တွယ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အဆိုပါမိန်းကလေးဟာ ဂျေဂျွန်းရဲ့ ကိုယ်ပေါ်ကိုတက်ပြီး အပေါ်ကနေ အုပ်မိုးကာ ဂျေဂျွန်းမျက်နှာကို တစိမ့်စိမ့် ကြည့်နေခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေ ကြုံတွေ့နေရတာ တစ်ခါမကတော့ဘူး လို့ဂျေဂျွန်းက ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Credit : popolay