Zawgyi ျဖင့္ဖတ္ရန္

 

ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလလယ္တုန္းက ကုလသမဂၢ႐ုံးခ်ဳပ္မွာ က်င္းပခဲ့တဲ့ ဆုခ်ီးျမႇင့္ပြဲ တစ္ခုဟာ ျမန္မာႏိုင္ငံ နဲ႔ တိုက္႐ိုက္ သက္ဆိုင္ေနခဲ့ေပမယ့္ ျပည္တြင္း မွာ အာ႐ုံစိုက္ သတိထားမိသူ နည္းခဲ့ပါတယ္။

ဟုလ္ထ္ပ႐ိုက္ဇ္ ေဖာင္ေဒးရွင္း Hult Prize Foundation က ေပးတဲ့ ေဒၚလာ ၁ သန္းတန္ ဆုပါ။

ႏိုင္ငံတကာ ေက်ာင္းသားေက်ာင္းသူ အေယာက္ တစ္သိန္းကို ေလာကအက်ိဳးျပဳ ဘာေတြ စြမ္းေဆာင္ႏိုင္မလဲ ဆိုတာ ကိုယ္စီ ပေရာဂ်က္ေတြ ယွဥ္ၿပိဳင္ လုပ္ကိုင္ေစရင္း တစ္ႏွစ္ပတ္လုံး အကဲျဖတ္ သုံးသပ္ၿပီး အႏိုင္ရတဲ့ အဖြဲ႕ကို ေၾကညာတာ ျဖစ္ပါတယ္။

၂ဝ၁၈ အတြက္ ဆန္ကာတင္ ၆ ဖြဲ႕ ရွိၿပီး ႏိုင္တဲ့အဖြဲ႕ကေတာ့ ႐ိုက္စ္အင့္ Rice Inc. လို႔ ေၾကညာလိုက္တဲ့ အခါ ဆုယူဖို႔ လူငယ္ေလး ေလးေယာက္ဟာ ႏုနယ္ပ်ိဳျမစ္တဲ့ မ်က္ႏွာေလးေတြနဲ႔ စင္ေပၚတက္လာၾကပါတယ္။

ေကာင္ေလးႏွစ္ေယာက္၊ ေကာင္မေလးႏွစ္ေယာက္ပါ။ သူတို႔ဟာ ျမန္မာႏိုင္ငံ က ေက်ာင္းသားေလးေတြလိုပဲ အျဖဴ အစိမ္း ဝတ္စုံေလးေတြ ဝတ္ထားၾကပါတယ္။

႐ိုက္စ္အင့္ လုပ္ငန္း ပေရာဂ်က္ဟာ ျမန္မာႏိုင္ငံထဲ အေျခခ်ထားေပမယ့္ ပါဝင္ၾကတဲ့ လူငယ္ေလးေတြကေတာ့ ျမန္မာႏိုင္ငံသားေတြ မဟုတ္ပါဘူး။

ပေရာဂ်က္ထဲ စုစုေပါင္း လူငယ္ ၇ ေယာက္ ပါဝင္ၿပီး မေလးရွား၊ လာအို၊ ေဟာင္ေကာင္နဲ႔ ခ်က္ႏိုင္ငံေတြက ေက်ာင္းသား ေက်ာင္းသူေလးေတြပါ။

သူတို႔ဟာ အဲဒီ ပေရာဂ်က္ကို ၂ဝ၁၈ မတ္လ ကတည္းက ပဲခူးတိုင္းေဒသႀကီး၊ လက္ပံတန္းၿမိဳ႕နား လာၿပီး အေျခခ်ခဲ့တာ ျဖစ္ပါတယ္။

ဇီဝေဆးသိပၸံ၊ ဥပေဒ၊ စီးပြားေရး၊ စိတ္ပညာ စသျဖင့္ ပညာရပ္ ေနာက္ခံ အမ်ိဳးမ်ိဳးက လာၾကတဲ့ လူငယ္ေလးေတြ စုေပါင္းၿပီး ပဲခူးတိုင္းထဲ ဘယ္လို ပေရာဂ်က္မ်ား လာလုပ္တာလဲ၊ ဘယ္လို ေလာက အက်ိဳးျပဳႏိုင္တာလဲ၊ ၾကည့္ရေအာင္ပါ။

Rice Inc.

ျမန္မာလယ္သမားေတြ ႀကဳံေလ့ရွိတဲ့ အဓိက အခက္အခဲတစ္ရပ္ကို ကူညီေျဖရွင္း ေပးႏိုင္ဖို႔ အဲဒီ ႏိုင္ငံတကာ ေက်ာင္းသားေလးေတြ ႀကိဳးစားခဲ့ၾကတာ ျဖစ္ပါတယ္။

ျမန္မာ လယ္သမားေတြဟာ စပါးေပၚၿပီး ခြဲၿပီးတဲ့အခါ ဆန္ကို ေျခာက္ေသြ႕ေအာင္ မိ႐ိုးဖလာနည္းျဖစ္တဲ့ ေနေရာင္နဲ႔ ေသြ႕ၿပီးမွ ေရာင္းခ်င္ေရာင္း၊ ဒါမွမဟုတ္ အစိုအတိုင္းပဲ ေအာက္ေဈးနဲ႔ ခ်က္ျခင္း ေရာင္းထုတ္ခ်င္ ေရာင္းထုတ္ နည္းႏွစ္သြယ္ပဲ ရွိေနခဲ့တယ္လို႔ ႐ိုက္စ္အင့္အဖြဲ႕ဝင္ လင္ကြန္းက ဆိုပါတယ္။

ဆန္အစိုေတြဆို ေဈးေကာင္း မရသလို၊ သဘာဝ ေနေရာင္ေအာက္ လွမ္းတဲ့ အခါမွာလည္း အေလအလြင့္မ်ားၿပီး အရည္အေသြး ညံ့တာပဲမို႔ ေဈးေကာင္း မရ ျဖစ္ရတာပဲလို႔ သူက ဆိုပါတယ္။

အခုႏွစ္ပိုင္းေတြမွာ မုန္တိုင္းဝင္လို႔ မိုးႀကီး ေရလွ်ံၿပီး စပါးခင္း ပ်က္ရတာေတြ အျဖစ္ စိတ္လာတာေၾကာင့္ လက္ထဲ ေရာင္းဖို႔ ဆန္စပါး ရွိေနႏိုင္တဲ့ ႏွစ္ဆိုရင္ အေျခအေန မဆိုးလွဘူးလို႔ ေျပာရမလိုေတာင္ ျဖစ္ေနေၾကာင္း ႐ိုက္စ္အင့္ အဖြဲ႕က သေဘာေပါက္ၾကပါတယ္။

တခါ ေတာင္သူလယ္သမားေတြဟာ ဆန္ေဈး၊ စပါးေဈး တက္ခ်ိန္ထိေအာင္ အခ်ိန္ေစာင့္ ေလွာင္ထားဖို႔ မတတ္ႏိုင္ၾကပါဘူး။ စိုက္ပ်ိဳးရာသီ အစကတည္းက ယူထားႏွင့္ၿပီးတဲ့ စိုက္စားရိတ္ ပ်ိဳးစားရိတ္ အေႂကြးေတြကို ဆပ္ဖို႔ရာ ျမန္ျမန္ေရာင္းထုတ္ဖို႔ လိုအပ္ေနပါတယ္။

ျမန္မာလယ္သမားေတြ နစ္ေနၾကတဲ့ အေႂကြးသံသရာဟာ ေၾကာက္ဖို႔ ေကာင္းလွတယ္လို႔ လင္ကြန္းက ေျပာၿပီး တစ္ဘက္တစ္လမ္းက ဘယ္လို ကူႏိုင္မလဲလို႔ သူတို႔ စဥ္းစား ခဲ့ၾကတယ္လို႔ ဆိုပါတယ္။

႐ိုက္စ္အင့္က ျမန္မာလယ္သမားေတြကို ဝန္ေဆာင္မႈတစ္ခု ေပးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

လယ္သမားေတြက သူတို႔ ဆန္ေတြကို ႐ိုက္စ္အင့္လက္ထဲ လာအပ္ရင္ အေလအလြင့္ အနည္းဆုံးနဲ႔ ေျခာက္ေသြ႕ေအာင္ နည္းပညာသုံး လုပ္ေဆာင္ ေပးတာ ျဖစ္ပါတယ္။

ဒီေတာ့ ရိတ္သိမ္းခ်ိန္ အလြန္ ေလလြင့္ ဆုံးရႈံးမႈကို ေလွ်ာ့ခ်ေပးၿပီး လယ္သမားေတြရဲ႕ ဝင္ေငြကို ျမႇင့္တင္ေပးႏိုင္ဖို႔ ရည္႐ြယ္ပါတယ္။

႐ိုက္စ္အင့္ဟာ ဆန္ေသြ႕စက္ေတြကို ႏိုင္ငံတကာမွာ သုံးေနတဲ့ နည္းပညာေတြ အတိုင္း တည္ေဆာက္ၿပီး လယ္သမားေတြကို အခမဲ့ ဝန္ေဆာင္မႈ ေပးမယ္လို႔ ဆိုပါတယ္။

ဒီေတာ့ လယ္သမားေတြ အတြက္လည္း အေလအလြင့္နည္းလို႔ အက်ိဳးအျမတ္ ပိုလာမွာ ျဖစ္သလို၊ ဆန္ကို အစိုအတိုင္း ခ်ေရာင္းတာ မဟုတ္တဲ့ အတြက္လည္း ေငြပိုရႏိုင့္ဖို႔ ေမွ်ာ္လင့္ပါတယ္။

႐ိုက္စ္အင့္ အေနနဲ႔ကကေတာ့ စိုထိုင္းမေနေတာ့တဲ့ ဆန္ဆိုရင္ ပိုေပးရတဲ့ ေပါက္ေဈးအတိုင္း ေပးဝယ္ၿပီး သိုေလွာင္ထား၊ ေဈးေကာင္းလာတဲ့ အခါမွ ႏိုင္ငံျခား တင္မယ့္သူေတြ လက္ထဲ ျပန္ေရာင္း ထုတ္မယ္လို႔ ဆိုပါတယ္။

ပထမေတာ့ ဆန္ကို ေျခာက္ေသြ႕ေပးတဲ့ လုပ္ငန္းကိုပဲ အခေၾကးေငြ ယူၿပီး လုပ္ရမလား ဆိုတာ သူတို႔ စဥ္းစားခဲ့ၾကပါေသးတယ္။

ဒါေပမယ့္ ေျခာက္ေသြ႕စက္ တစ္လုံးကို ေဒၚလာ တစ္ေသာင္းေလာက္ထိ ရင္းႏွီး ျမႇဳပ္ႏွံရတာေၾကာင့္ အဲဒီ အရင္းကို ကာမိႏိုင္တဲ့ ေဈးမ်ိဳး လယ္သမားေတြ ဆီက ေတာင္းရင္ လယ္သမားေတြ တတ္ႏိုင္မွာ မဟုတ္ဘူးလို႔ သူတို႔က ဆိုပါတယ္။

ဒီေတာ့ ဆန္ကို ေျခာက္ေသြ႕ ေပးတာကို အခမဲ့ ဝန္ေဆာင္ေပးၿပီးမွ သူတို႔က ဆန္ကိုျပန္ဝယ္၊ ေလွာင္ၿပီးမွ တက္ေဈးနဲ႔ ျပန္ေရာင္းၿပီး လုပ္ငန္းကို လည္ပတ္မွာ ျဖစ္ပါတယ္။

ျပည္တြင္းမွာလည္း ဒ႐ိုင္ယာ အေျခာက္ခံစက္ေတြ တည္ေဆာက္လာၾကတဲ့ လုပ္ငန္းရွင္ တခ်ိဳ႕ ရွိလာေပမယ့္ ႏိုင္ငံတကာ အာမခံခ်က္ရထားတဲ့ စက္မ်ိဳးေတြ မဟုတ္ၾကလို႔ ဆန္ကို အရည္အေသြး ပိုပ်က္သြားႏိုင္တဲ့ အႏၲရာယ္မ်ိဳး တစ္ဘက္မွာ ရွိေနပါတယ္။

စိုထိုင္းဆကို ဘယ္ေလာက္ ဖယ္ရွားႏိုင္သလဲ ဆိုတဲ့ အေပၚ မူတည္ၿပီး ဆန္ေဈးအရ ကြာတာေၾကာင့္ ဒီျပႆနာကို ေျဖရွင္းဖို႔ ႀကိဳးစားေနတဲ့ ႏိုင္ငံျခားကုမၸဏီ ဆိုလို႔ ျမန္မာျပည္ထဲ ႐ိုက္စ္အင့္တစ္ခုပဲ ရွိေနတယ္လို႔ ဆုေ႐ြးခ်ယ္သူေတြက ဆိုပါတယ္။

ဒါ့ေၾကာင့္ ႐ိုက္စ္အင့္ရဲ႕ ႀကိဳးစားမႈဟာ စြန႔္ဦးတီထြင္လုပ္ငန္း အျဖစ္လည္း သတ္မွတ္ ႏိုင္တယ္လို႔ ဆိုပါတယ္။

ေဟာ့လ္ထ္ပ႐ိုက္ဇ္ဆုအတြက္ ၂ဝ၁၈ ဆန္ကာတင္စာရင္း ေနာက္ဆုံး အဆင့္ထဲ ပါတဲ့ ေန႔မွာပဲ ႐ိုက္စ္အင့္ဟာ သူတို႔ရဲ႕ ပထမဆုံးစက္ကို စလည္ခဲ့ပါတယ္။

႐ိုက္စ္အင့္ဟာ လက္ရွိမွာေတာ့ အေမရိကန္မွာ မွတ္ပုံတင္ထားတဲ့ ဆိုရွယ္ အင္တာပ႐ိုက္စ္ လုပ္ငန္း ျဖစ္ပါတယ္။

ကုန္သြယ္ေရး မဟာဗ်ဴဟာေတြ ခ်မွတ္ၿပီး ေငြေရးေၾကးေရးအရ သာမက သဘာဝ ပတ္ဝန္းက်င္ အေရးနဲ႔ လူမႈအသိုင္းအဝိုင္း ေကာင္းက်ိဳးအတြက္ ရည္႐ြယ္တဲ့ လုပ္ငန္းမ်ိဳးကို ဆိုရွယ္ အင္တာပ႐ိုက္စ္လို႔ ေခၚၾကတာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံထဲမွာလည္း လုပ္ငန္းမွတ္ပုံတင္မယ္လို႔ ဆိုပါတယ္။

သူတို႔ အဖြဲ႕ဟာ အဓိက အားျဖင့္ေတာ့ အေရွ႕ေတာင္အာရွ ေဒသတြင္း ဆန္အေလအလြင့္ ေလွ်ာ့ခ်ေပးႏိုင္ဖို႔ နည္းလမ္းေတြ ႀကိဳးစားရွာေဖြၾကမယ္ ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ စုစည္းထားၾကတာ ျဖစ္ၿပီး၊ ႏိုင္ငံတကာ ပညာေရးေလာကထဲက ဆုတခ်ိဳ႕လည္း ရရွိ ထားႏွင့္ၿပီးတဲ့ အဖြဲ႕ျဖစ္ပါတယ္။

၂ဝ၁၈ ဟုလ္ထ္ပ႐ိုက္ဇ္ ရဖို႔ အတြက္ ဆန္ကာတင္စာရင္းထဲ ပါခဲ့တဲ့ တျခားၿပိဳင္ဘက္ေတြကို ၾကည့္ရင္ ေနေရာင္ျခည္သုံး စြမ္းအင္ နည္းပညာ သုံးၿပီး နယ္ပယ္ အရပ္ရပ္မွာ အသုံးခ်ဖို႔ ႀကိဳးစားေနတဲ့ အဖြဲ႕ေတြမ်ားၿပီး၊ ေက်ာင္းသူေလးေတြ သီးသန႔္ပါတဲ့ အဖြဲ႕တစ္ခုဆိုရင္ ကမ္း႐ိုးတန္း ေဒသေတြမွာ ေရညႇိကို စီးပြားျဖစ္ ေမြးျမဴကာ ပလတ္စတစ္ အစားထိုး ပစၥည္းေတြ ထုတ္လုပ္မယ့္ စီမံကိန္းမ်ိဳးလည္း ပါဝင္ပါတယ္။

ဆြီဒင္ ဘီလီယံနာႀကီး ဟုလ္ထ္ရဲ႕မိသားစုက မတည္ၿပီး ၂ဝ၁၀ က စလို႔ ဟုလ္ထပ႐ိုက္ဇ္ ဆုေတြ ေပးလာခဲ့တာပါ။

ဟုလ္ထ္ ႏိုင္ငံတကာ စီးပြားေရးေက်ာင္းနဲ႔ ကုလသမဂၢတို႔ ပူးေပါင္းလုပ္တဲ့ ဒီ အစီအစဥ္မွာ ဒီေန႔ေခတ္ လူသားေတြ ႀကဳံေတြ႕ေနရတဲ့ စြမ္းအင္ျပႆနာနဲ႔ စားနပ္ရိကၡာဖူလုံေရးတို႔လို အေရးကိစၥေတြကို ကူညီေျဖရွင္းဖို႔ ရည္႐ြယ္ပါတယ္။

ႏိုင္ငံတကာ ေက်ာင္းသားေတြၾကားထဲ ႏိုဘယ္ဆု ရသေလာက္ ဂုဏ္သိကၡာ ႀကီးတာမို႔ ေက်ာင္းသားအဆင့္ ႏိုဘယ္ဆုလို႔ တင္စားေခၚၾကပါတယ္။

ဘယ္ေခါင္းစဥ္ေအာက္ ၿပိဳင္ၾကမလဲဆိုတာ အေမရိကန္ သမၼတေဟာင္း ဘီလ္ကလင္တန္က ႏွစ္စဥ္ ေ႐ြးခ်ယ္ၿပီး၊ ဘယ္အဖြဲ႕ႏိုင္သလဲ ဆိုတာလည္း ေၾကညာေပးပါတယ္။

၂ဝ၁၈ အတြက္ကေတာ့ စြမ္းအင္ဆိုင္ရာ တီထြင္ႀကံဆမႈေတြနဲ႔ ၂ဝ၂၅ အမီ လူ ၁ဝ သန္းရဲ႕ ဘဝေတြ ေျပာင္းလဲေပးႏိုင္ေရး ဆိုတဲ့ ေခါင္းစဥ္ ျဖစ္ပါတယ္။

ႏိုင္ငံေပါင္း တစ္ရာ့ႏွစ္ဆယ္ေက်ာ္က တကၠသိုလ္နဲ႔ေကာလိပ္ေက်ာင္းသား တစ္သိန္းဝန္းက်င္ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ၾကတာပါ။

အႏိုင္ရခဲ့တဲ့ ႐ိုက္စ္အင့္အဖြဲ႕က လူငယ္ေတာ္ေတာ္မ်ားမ်ားဟာ အခု ၂ဝ၁၉ ထဲမွာ အသီးသီး ဘြဲ႕ရၾကေတာ့မွာ ျဖစ္ပါတယ္။

ဒီေတာ့ ရရွိထားတဲ့ ဆုေၾကး ေဒၚလာ ၁ သန္းကို ဘယ္လို အသုံးခ်မလဲ ဆိုတာ လာမယ့္ သီတင္းပတ္ေတြ အတြင္း ဆုံးျဖတ္ သြားၾကရေတာ့မွာပါ။

ဒီေတာ့ သူတို႔လုပ္ငန္းကို ျမန္မာႏိုင္ငံထဲပဲ အာ႐ုံစိုက္ တိုးခ်ဲ႕မလား၊ တျခား အေရွ႕ေတာင္အာရွ ႏိုင္ငံေတြထိပါ ေျခဆန႔္မလားဆိုတာ ဆုံးျဖတ္ဖို႔ ႏိုင္ငံတကာ ဆန္ သုေတသန အင္စတီက်ဴ႕ IRRA နဲ႔ တိုင္ပင္ ေဆြးေႏြးသြားမယ္လို႔ ဆိုပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ကုလရုံးချုပ် မှာ အဖြူအစိမ်းဝတ်ပြီး ကျောင်းသားနိုဘယ်ဆု ယူခဲ့ကြသူတွေ

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလလယ်တုန်းက ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပခဲ့တဲ့ ဆုချီးမြှင့်ပွဲ တစ်ခုဟာ မြန်မာနိုင်ငံ နဲ့ တိုက်ရိုက် သက်ဆိုင်နေခဲ့ပေမယ့် ပြည်တွင်း မှာ အာရုံစိုက် သတိထားမိသူ နည်းခဲ့ပါတယ်။

ဟုလ်ထ်ပရိုက်ဇ် ဖောင်ဒေးရှင်း Hult Prize Foundation က ပေးတဲ့ ဒေါ်လာ ၁ သန်းတန် ဆုပါ။

နိုင်ငံတကာ ကျောင်းသားကျောင်းသူ အယောက် တစ်သိန်းကို လောကအကျိုးပြု ဘာတွေ စွမ်းဆောင်နိုင်မလဲ ဆိုတာ ကိုယ်စီ ပရောဂျက်တွေ ယှဉ်ပြိုင် လုပ်ကိုင်စေရင်း တစ်နှစ်ပတ်လုံး အကဲဖြတ် သုံးသပ်ပြီး အနိုင်ရတဲ့ အဖွဲ့ကို ကြေညာတာ ဖြစ်ပါတယ်။

၂ဝ၁၈ အတွက် ဆန်ကာတင် ၆ ဖွဲ့ ရှိပြီး နိုင်တဲ့အဖွဲ့ကတော့ ရိုက်စ်အင့် Rice Inc. လို့ ကြေညာလိုက်တဲ့ အခါ ဆုယူဖို့ လူငယ်လေး လေးယောက်ဟာ နုနယ်ပျိုမြစ်တဲ့ မျက်နှာလေးတွေနဲ့ စင်ပေါ်တက်လာကြပါတယ်။

ကောင်လေးနှစ်ယောက်၊ ကောင်မလေးနှစ်ယောက်ပါ။ သူတို့ဟာ မြန်မာနိုင်ငံ က ကျောင်းသားလေးတွေလိုပဲ အဖြူ အစိမ်း ဝတ်စုံလေးတွေ ဝတ်ထားကြပါတယ်။

ရိုက်စ်အင့် လုပ်ငန်း ပရောဂျက်ဟာ မြန်မာနိုင်ငံထဲ အခြေချထားပေမယ့် ပါဝင်ကြတဲ့ လူငယ်လေးတွေကတော့ မြန်မာနိုင်ငံသားတွေ မဟုတ်ပါဘူး။

ပရောဂျက်ထဲ စုစုပေါင်း လူငယ် ၇ ယောက် ပါဝင်ပြီး မလေးရှား၊ လာအို၊ ဟောင်ကောင်နဲ့ ချက်နိုင်ငံတွေက ကျောင်းသား ကျောင်းသူလေးတွေပါ။

သူတို့ဟာ အဲဒီ ပရောဂျက်ကို ၂ဝ၁၈ မတ်လ ကတည်းက ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နား လာပြီး အခြေချခဲ့တာ ဖြစ်ပါတယ်။

ဇီဝဆေးသိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ စိတ်ပညာ စသဖြင့် ပညာရပ် နောက်ခံ အမျိုးမျိုးက လာကြတဲ့ လူငယ်လေးတွေ စုပေါင်းပြီး ပဲခူးတိုင်းထဲ ဘယ်လို ပရောဂျက်များ လာလုပ်တာလဲ၊ ဘယ်လို လောက အကျိုးပြုနိုင်တာလဲ၊ ကြည့်ရအောင်ပါ။

မြန်မာလယ်သမားတွေ ကြုံလေ့ရှိတဲ့ အဓိက အခက်အခဲတစ်ရပ်ကို ကူညီဖြေရှင်း ပေးနိုင်ဖို့ အဲဒီ နိုင်ငံတကာ ကျောင်းသားလေးတွေ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ လယ်သမားတွေဟာ စပါးပေါ်ပြီး ခွဲပြီးတဲ့အခါ ဆန်ကို ခြောက်သွေ့အောင် မိရိုးဖလာနည်းဖြစ်တဲ့ နေရောင်နဲ့ သွေ့ပြီးမှ ရောင်းချင်ရောင်း၊ ဒါမှမဟုတ် အစိုအတိုင်းပဲ အောက်ဈေးနဲ့ ချက်ခြင်း ရောင်းထုတ်ချင် ရောင်းထုတ် နည်းနှစ်သွယ်ပဲ ရှိနေခဲ့တယ်လို့ ရိုက်စ်အင့်အဖွဲ့ဝင် လင်ကွန်းက ဆိုပါတယ်။

ဆန်အစိုတွေဆို ဈေးကောင်း မရသလို၊ သဘာဝ နေရောင်အောက် လှမ်းတဲ့ အခါမှာလည်း အလေအလွင့်များပြီး အရည်အသွေး ညံ့တာပဲမို့ ဈေးကောင်း မရ ဖြစ်ရတာပဲလို့ သူက ဆိုပါတယ်။

အခုနှစ်ပိုင်းတွေမှာ မုန်တိုင်းဝင်လို့ မိုးကြီး ရေလျှံပြီး စပါးခင်း ပျက်ရတာတွေ အဖြစ် စိတ်လာတာကြောင့် လက်ထဲ ရောင်းဖို့ ဆန်စပါး ရှိနေနိုင်တဲ့ နှစ်ဆိုရင် အခြေအနေ မဆိုးလှဘူးလို့ ပြောရမလိုတောင် ဖြစ်နေကြောင်း ရိုက်စ်အင့် အဖွဲ့က သဘောပေါက်ကြပါတယ်။

တခါ တောင်သူလယ်သမားတွေဟာ ဆန်ဈေး၊ စပါးဈေး တက်ချိန်ထိအောင် အချိန်စောင့် လှောင်ထားဖို့ မတတ်နိုင်ကြပါဘူး။ စိုက်ပျိုးရာသီ အစကတည်းက ယူထားနှင့်ပြီးတဲ့ စိုက်စားရိတ် ပျိုးစားရိတ် အကြွေးတွေကို ဆပ်ဖို့ရာ မြန်မြန်ရောင်းထုတ်ဖို့ လိုအပ်နေပါတယ်။

မြန်မာလယ်သမားတွေ နစ်နေကြတဲ့ အကြွေးသံသရာဟာ ကြောက်ဖို့ ကောင်းလှတယ်လို့ လင်ကွန်းက ပြောပြီး တစ်ဘက်တစ်လမ်းက ဘယ်လို ကူနိုင်မလဲလို့ သူတို့ စဉ်းစား ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရိုက်စ်အင့်က မြန်မာလယ်သမားတွေကို ဝန်ဆောင်မှုတစ်ခု ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လယ်သမားတွေက သူတို့ ဆန်တွေကို ရိုက်စ်အင့်လက်ထဲ လာအပ်ရင် အလေအလွင့် အနည်းဆုံးနဲ့ ခြောက်သွေ့အောင် နည်းပညာသုံး လုပ်ဆောင် ပေးတာ ဖြစ်ပါတယ်။

ဒီတော့ ရိတ်သိမ်းချိန် အလွန် လေလွင့် ဆုံးရှုံးမှုကို လျှော့ချပေးပြီး လယ်သမားတွေရဲ့ ဝင်ငွေကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

ရိုက်စ်အင့်ဟာ ဆန်သွေ့စက်တွေကို နိုင်ငံတကာမှာ သုံးနေတဲ့ နည်းပညာတွေ အတိုင်း တည်ဆောက်ပြီး လယ်သမားတွေကို အခမဲ့ ဝန်ဆောင်မှု ပေးမယ်လို့ ဆိုပါတယ်။

ဒီတော့ လယ်သမားတွေ အတွက်လည်း အလေအလွင့်နည်းလို့ အကျိုးအမြတ် ပိုလာမှာ ဖြစ်သလို၊ ဆန်ကို အစိုအတိုင်း ချရောင်းတာ မဟုတ်တဲ့ အတွက်လည်း ငွေပိုရနိုင့်ဖို့ မျှော်လင့်ပါတယ်။

ရိုက်စ်အင့် အနေနဲ့ကကတော့ စိုထိုင်းမနေတော့တဲ့ ဆန်ဆိုရင် ပိုပေးရတဲ့ ပေါက်ဈေးအတိုင်း ပေးဝယ်ပြီး သိုလှောင်ထား၊ ဈေးကောင်းလာတဲ့ အခါမှ နိုင်ငံခြား တင်မယ့်သူတွေ လက်ထဲ ပြန်ရောင်း ထုတ်မယ်လို့ ဆိုပါတယ်။

ပထမတော့ ဆန်ကို ခြောက်သွေ့ပေးတဲ့ လုပ်ငန်းကိုပဲ အခကြေးငွေ ယူပြီး လုပ်ရမလား ဆိုတာ သူတို့ စဉ်းစားခဲ့ကြပါသေးတယ်။

ဒါပေမယ့် ခြောက်သွေ့စက် တစ်လုံးကို ဒေါ်လာ တစ်သောင်းလောက်ထိ ရင်းနှီး မြှုပ်နှံရတာကြောင့် အဲဒီ အရင်းကို ကာမိနိုင်တဲ့ ဈေးမျိုး လယ်သမားတွေ ဆီက တောင်းရင် လယ်သမားတွေ တတ်နိုင်မှာ မဟုတ်ဘူးလို့ သူတို့က ဆိုပါတယ်။

ဒီတော့ ဆန်ကို ခြောက်သွေ့ ပေးတာကို အခမဲ့ ဝန်ဆောင်ပေးပြီးမှ သူတို့က ဆန်ကိုပြန်ဝယ်၊ လှောင်ပြီးမှ တက်ဈေးနဲ့ ပြန်ရောင်းပြီး လုပ်ငန်းကို လည်ပတ်မှာ ဖြစ်ပါတယ်။

ပြည်တွင်းမှာလည်း ဒရိုင်ယာ အခြောက်ခံစက်တွေ တည်ဆောက်လာကြတဲ့ လုပ်ငန်းရှင် တချို့ ရှိလာပေမယ့် နိုင်ငံတကာ အာမခံချက်ရထားတဲ့ စက်မျိုးတွေ မဟုတ်ကြလို့ ဆန်ကို အရည်အသွေး ပိုပျက်သွားနိုင်တဲ့ အန္တရာယ်မျိုး တစ်ဘက်မှာ ရှိနေပါတယ်။

စိုထိုင်းဆကို ဘယ်လောက် ဖယ်ရှားနိုင်သလဲ ဆိုတဲ့ အပေါ် မူတည်ပြီး ဆန်ဈေးအရ ကွာတာကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ နိုင်ငံခြားကုမ္ပဏီ ဆိုလို့ မြန်မာပြည်ထဲ ရိုက်စ်အင့်တစ်ခုပဲ ရှိနေတယ်လို့ ဆုရွေးချယ်သူတွေက ဆိုပါတယ်။

ဒါ့ကြောင့် ရိုက်စ်အင့်ရဲ့ ကြိုးစားမှုဟာ စွန့်ဦးတီထွင်လုပ်ငန်း အဖြစ်လည်း သတ်မှတ် နိုင်တယ်လို့ ဆိုပါတယ်။

ဟော့လ်ထ်ပရိုက်ဇ်ဆုအတွက် ၂ဝ၁၈ ဆန်ကာတင်စာရင်း နောက်ဆုံး အဆင့်ထဲ ပါတဲ့ နေ့မှာပဲ ရိုက်စ်အင့်ဟာ သူတို့ရဲ့ ပထမဆုံးစက်ကို စလည်ခဲ့ပါတယ်။

ရိုက်စ်အင့်ဟာ လက်ရှိမှာတော့ အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ ဆိုရှယ် အင်တာပရိုက်စ် လုပ်ငန်း ဖြစ်ပါတယ်။

ကုန်သွယ်ရေး မဟာဗျူဟာတွေ ချမှတ်ပြီး ငွေရေးကြေးရေးအရ သာမက သဘာဝ ပတ်ဝန်းကျင် အရေးနဲ့ လူမှုအသိုင်းအဝိုင်း ကောင်းကျိုးအတွက် ရည်ရွယ်တဲ့ လုပ်ငန်းမျိုးကို ဆိုရှယ် အင်တာပရိုက်စ်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာလည်း လုပ်ငန်းမှတ်ပုံတင်မယ်လို့ ဆိုပါတယ်။

သူတို့ အဖွဲ့ဟာ အဓိက အားဖြင့်တော့ အရှေ့တောင်အာရှ ဒေသတွင်း ဆန်အလေအလွင့် လျှော့ချပေးနိုင်ဖို့ နည်းလမ်းတွေ ကြိုးစားရှာဖွေကြမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စုစည်းထားကြတာ ဖြစ်ပြီး၊ နိုင်ငံတကာ ပညာရေးလောကထဲက ဆုတချို့လည်း ရရှိ ထားနှင့်ပြီးတဲ့ အဖွဲ့ဖြစ်ပါတယ်။

၂ဝ၁၈ ဟုလ်ထ်ပရိုက်ဇ် ရဖို့ အတွက် ဆန်ကာတင်စာရင်းထဲ ပါခဲ့တဲ့ တခြားပြိုင်ဘက်တွေကို ကြည့်ရင် နေရောင်ခြည်သုံး စွမ်းအင် နည်းပညာ သုံးပြီး နယ်ပယ် အရပ်ရပ်မှာ အသုံးချဖို့ ကြိုးစားနေတဲ့ အဖွဲ့တွေများပြီး၊ ကျောင်းသူလေးတွေ သီးသန့်ပါတဲ့ အဖွဲ့တစ်ခုဆိုရင် ကမ်းရိုးတန်း ဒေသတွေမှာ ရေညှိကို စီးပွားဖြစ် မွေးမြူကာ ပလတ်စတစ် အစားထိုး ပစ္စည်းတွေ ထုတ်လုပ်မယ့် စီမံကိန်းမျိုးလည်း ပါဝင်ပါတယ်။

ဆွီဒင် ဘီလီယံနာကြီး ဟုလ်ထ်ရဲ့မိသားစုက မတည်ပြီး ၂ဝ၁၀ က စလို့ ဟုလ်ထပရိုက်ဇ် ဆုတွေ ပေးလာခဲ့တာပါ။

ဟုလ်ထ် နိုင်ငံတကာ စီးပွားရေးကျောင်းနဲ့ ကုလသမဂ္ဂတို့ ပူးပေါင်းလုပ်တဲ့ ဒီ အစီအစဉ်မှာ ဒီနေ့ခေတ် လူသားတွေ ကြုံတွေ့နေရတဲ့ စွမ်းအင်ပြဿနာနဲ့ စားနပ်ရိက္ခာဖူလုံရေးတို့လို အရေးကိစ္စတွေကို ကူညီဖြေရှင်းဖို့ ရည်ရွယ်ပါတယ်။

နိုင်ငံတကာ ကျောင်းသားတွေကြားထဲ နိုဘယ်ဆု ရသလောက် ဂုဏ်သိက္ခာ ကြီးတာမို့ ကျောင်းသားအဆင့် နိုဘယ်ဆုလို့ တင်စားခေါ်ကြပါတယ်။

ဘယ်ခေါင်းစဉ်အောက် ပြိုင်ကြမလဲဆိုတာ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်က နှစ်စဉ် ရွေးချယ်ပြီး၊ ဘယ်အဖွဲ့နိုင်သလဲ ဆိုတာလည်း ကြေညာပေးပါတယ်။

၂ဝ၁၈ အတွက်ကတော့ စွမ်းအင်ဆိုင်ရာ တီထွင်ကြံဆမှုတွေနဲ့ ၂ဝ၂၅ အမီ လူ ၁ဝ သန်းရဲ့ ဘဝတွေ ပြောင်းလဲပေးနိုင်ရေး ဆိုတဲ့ ခေါင်းစဉ် ဖြစ်ပါတယ်။

နိုင်ငံပေါင်း တစ်ရာ့နှစ်ဆယ်ကျော်က တက္ကသိုလ်နဲ့ကောလိပ်ကျောင်းသား တစ်သိန်းဝန်းကျင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာပါ။

အနိုင်ရခဲ့တဲ့ ရိုက်စ်အင့်အဖွဲ့က လူငယ်တော်တော်များများဟာ အခု ၂ဝ၁၉ ထဲမှာ အသီးသီး ဘွဲ့ရကြတော့မှာ ဖြစ်ပါတယ်။

ဒီတော့ ရရှိထားတဲ့ ဆုကြေး ဒေါ်လာ ၁ သန်းကို ဘယ်လို အသုံးချမလဲ ဆိုတာ လာမယ့် သီတင်းပတ်တွေ အတွင်း ဆုံးဖြတ် သွားကြရတော့မှာပါ။

ဒီတော့ သူတို့လုပ်ငန်းကို မြန်မာနိုင်ငံထဲပဲ အာရုံစိုက် တိုးချဲ့မလား၊ တခြား အရှေ့တောင်အာရှ နိုင်ငံတွေထိပါ ခြေဆန့်မလားဆိုတာ ဆုံးဖြတ်ဖို့ နိုင်ငံတကာ ဆန် သုတေသန အင်စတီကျူ့ IRRA နဲ့ တိုင်ပင် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

share from : burmese.asia