Zawgyi ျဖင့္ဖတ္ရန္

အဂၤလန္ႏိုင္ငံ အေနာက္ေတာင္ပိုင္း၊ ဒီဗြန္ခ႐ိုင္ရွိ သုေတသန တကၠသိုလ္ တစ္ခုျဖစ္ေသာ အိတ္ဇီတာ တကၠသိုလ္မွ သိပၸံပညာရွင္တို႔၏ ေတြ႕ရွိခ်က္အရ ခ်စ္တင္းမ်ားမ်ားေႏွာျခင္းသည္ အမ်ိဳးသားတို႔၏ လိင္အဂၤ ါဖြံ႕ၿဖိဳးလာေစႏိုင္ေၾကာင္း ေတြ႕ရွိခဲ့ၾကသည္။

ယခုေတြ႕ရွိခ်က္ကို Evolution journal တြင္ ေရးသားေဖာ္ျပခဲ့ၿပီး မၾကာခဏခ်စ္တင္းႏွီးေႏွာျခင္းအားျဖင့္ အမ်ိဳးသားတို႔၏ မ်ိဳးပြားအဂၤ ါဖြံ႕ၿဖိဳးလာေစႏိုင္ေၾကာင္း တင္ျပထားျခင္း ျဖစ္သည္။

အဆိုပါေလ့လာခ်က္ကို ႏြားေခ်းပိုးမ်ားတြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္ကာ မိတ္လိုက္မႈ အႀကိမ္ေရမ်ားျပားသည့္ ႏြာေခ်းပိုးအဖိုေကာင္မ်ားတြင္ လိင္အဂၤ ါဖြံ႕ၿဖိဳးလာၾကေၾကာင္း ေတြ႕ရွိခဲ့ၾကသည္။

သိပၸံပညာရွင္တို႔၏ ေတြ႕ရွိခ်က္အရ အဖိုမ်ားတြင္သာမက အမေကာင္မ်ားတြင္လည္း ဖြံ႕ၿဖိဳးမႈမ်ား ေတြ႕ခဲ့ရရာ ထိုျဖစ္စဥ္ကို သိပၸံပညာရွင္ မီဂန္ဟက္ဒ္က “ပူးတြဲ တိုးတက္ေျပာင္းလဲမႈျဖစ္စဥ္”ဟု ေခၚေဝၚခဲ့သည္။

ႏြားေခ်းပိုးမ်ားကို အုပ္စုႏွစ္ခုခြဲကာ ေလ့လာခဲ့ရာ အုပ္စုတစ္ခုမွာ မိတ္လိုက္မႈအႀကိမ္ေရမ်ားျပားသည့္အုပ္စုျဖစ္ၿပီး က်န္အုပ္စုမွာ မိတ္လိုက္မႈ အႀကိမ္ေရနည္းပါးသည့္ အုပ္စု ျဖစ္သည္။

ထိုသို႔ေလ့လာရာတြင္ မိတ္လိုက္မႈအႀကိမ္ေရမ်ားသည့္ အုပ္စုမွ အဖိုေကာင္မ်ားတြင္ မ်ိဳးပြားအဂၤ ါမ်ား လ်င္ျမန္စြာဖြံ႕ၿဖိဳးလာသည္ကို ေတြ႕ရၿပီး မိတ္လိုက္မႈနည္းပါးသည့္ အုပ္စုမွ အဖိုေကာင္မ်ားတြင္မူ ဖြံ႕ၿဖိဳးမႈနည္းပါးသည္ကို ေတြ႕ခဲ့ၾကသည္။

သိပၸံပညာရွင္တို႔က အဆိုပါေလ့လာခ်က္ကို ႏြားေခ်းပိုးတို႔၏ မ်ိဳးဆက္ ၁၀ ခုတိုင္ ေလ့လာခဲ့ၾကျခင္းျဖစ္သည္။

ယခုေတြ႕ရွိခ်က္ရလဒ္မွာ လူသားတို႔အေပၚ အက်ိဳးရွိေစႏိုင္ျခင္း (သို႔မဟုတ္) လူသားတို႔တြင္လည္း အလားတူ ရလဒ္မ်ား ရရွိလာႏိုင္ဖြယ္ ရွိ၊ မရွိကိုမူ မသိႏိုင္ေသးေၾကာင္းလည္း သိပၸံပညာရွင္တို႔က ေျပာၾကားသည္။

သို႔ရာတြင္ ယခုေတြ႕ရွိခ်က္မွာ သတၱေလာကရွိ အျခားမ်ိဳးစိတ္မ်ားတြင္လည္း ခ်စ္တင္းေႏွာမႈ မ်ားျပားျခင္းေၾကာင့္ မ်ိဳးပြားအဂၤ ါမ်ား ေျပာင္းလဲလာပုံကို ဆက္လက္ေလ့လာႏိုင္မည့္ တံခါးဖြင့္လွစ္ေပးလိုက္ျခင္းျဖစ္ေၾကာင္းလည္း အိတ္ဇီတာ တကၠသိုလ္မွ ေဒါက္တာ ေပါလ္ ေဟာ့ပ္ဝုဒ္က ေျပာၾကားသည္။

Credit : Yellow Champac (shweinnlay)

Unicode ဖြင့်ဖတ်ရန်

ချစ်တင်းများများနှောလျှင် အမျိုးသား တို့ ငယ်ပါဖွံ့ဖြိုးလာနိုင်ကြောင်း သိပ္ပံပညာရှင်များပြောကြား

အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း၊ ဒီဗွန်ခရိုင်ရှိ သုတေသန တက္ကသိုလ် တစ်ခုဖြစ်သော အိတ်ဇီတာ တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့၏ တွေ့ရှိချက်အရ ချစ်တင်းများများနှောခြင်းသည် အမျိုးသားတို့၏ လိင်အင်္ဂ ါဖွံ့ဖြိုးလာစေနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။

ယခုတွေ့ရှိချက်ကို Evolution journal တွင် ရေးသားဖော်ပြခဲ့ပြီး မကြာခဏချစ်တင်းနှီးနှောခြင်းအားဖြင့် အမျိုးသားတို့၏ မျိုးပွားအင်္ဂ ါဖွံ့ဖြိုးလာစေနိုင်ကြောင်း တင်ပြထားခြင်း ဖြစ်သည်။

အဆိုပါလေ့လာချက်ကို နွားချေးပိုးများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မိတ်လိုက်မှု အကြိမ်ရေများပြားသည့် နွာချေးပိုးအဖိုကောင်များတွင် လိင်အင်္ဂ ါဖွံ့ဖြိုးလာကြကြောင်း တွေ့ရှိခဲ့ကြသည်။

သိပ္ပံပညာရှင်တို့၏ တွေ့ရှိချက်အရ အဖိုများတွင်သာမက အမကောင်များတွင်လည်း ဖွံ့ဖြိုးမှုများ တွေ့ခဲ့ရရာ ထိုဖြစ်စဉ်ကို သိပ္ပံပညာရှင် မီဂန်ဟက်ဒ်က “ပူးတွဲ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်”ဟု ခေါ်ဝေါ်ခဲ့သည်။

နွားချေးပိုးများကို အုပ်စုနှစ်ခုခွဲကာ လေ့လာခဲ့ရာ အုပ်စုတစ်ခုမှာ မိတ်လိုက်မှုအကြိမ်ရေများပြားသည့်အုပ်စုဖြစ်ပြီး ကျန်အုပ်စုမှာ မိတ်လိုက်မှု အကြိမ်ရေနည်းပါးသည့် အုပ်စု ဖြစ်သည်။

ထိုသို့လေ့လာရာတွင် မိတ်လိုက်မှုအကြိမ်ရေများသည့် အုပ်စုမှ အဖိုကောင်များတွင် မျိုးပွားအင်္ဂ ါများ လျင်မြန်စွာဖွံ့ဖြိုးလာသည်ကို တွေ့ရပြီး မိတ်လိုက်မှုနည်းပါးသည့် အုပ်စုမှ အဖိုကောင်များတွင်မူ ဖွံ့ဖြိုးမှုနည်းပါးသည်ကို တွေ့ခဲ့ကြသည်။

သိပ္ပံပညာရှင်တို့က အဆိုပါလေ့လာချက်ကို နွားချေးပိုးတို့၏ မျိုးဆက် ၁၀ ခုတိုင် လေ့လာခဲ့ကြခြင်းဖြစ်သည်။

ယခုတွေ့ရှိချက်ရလဒ်မှာ လူသားတို့အပေါ် အကျိုးရှိစေနိုင်ခြင်း (သို့မဟုတ်) လူသားတို့တွင်လည်း အလားတူ ရလဒ်များ ရရှိလာနိုင်ဖွယ် ရှိ၊ မရှိကိုမူ မသိနိုင်သေးကြောင်းလည်း သိပ္ပံပညာရှင်တို့က ပြောကြားသည်။

သို့ရာတွင် ယခုတွေ့ရှိချက်မှာ သတ္တလောကရှိ အခြားမျိုးစိတ်များတွင်လည်း ချစ်တင်းနှောမှု များပြားခြင်းကြောင့် မျိုးပွားအင်္ဂ ါများ ပြောင်းလဲလာပုံကို ဆက်လက်လေ့လာနိုင်မည့် တံခါးဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်ကြောင်းလည်း အိတ်ဇီတာ တက္ကသိုလ်မှ ဒေါက်တာ ပေါလ် ဟော့ပ်ဝုဒ်က ပြောကြားသည်။

Credit : Yellow Champac (shweinnlay)