Zawgyi ဖြင့်ဖတ်ရန်

 







Unicode ဖြင့်ဖတ်ရန်

Master Chef Myanmar ပြိုင်ပွဲ မှ ဒိုင် တစ်ဦးဖြစ်တဲ့ ပြင်သစ်လူမျိုး Michel ကွယ်လွန်

လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Master Chef ဟင်းချက်အစီအစဉ်ဟာ အမေရိကန်နိုင်ငံမှာ နာမည်ကြီး အစီအစဉ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံကိုတော့ အခုမှ ရောက်ရှိလာတာဖြစ်ပါတယ်။ အခုဆိုရင် Master Chef ပြိုင်ပွဲကြီးက ပြီးဆုံးဖို့ နီးကပ်နေပြီဖြစ်ပြီး အရှိန်အဟုန်ကလဲ တော်တော်လေးမြင့်နေပါပြီ။ ပြိုင်ပွဲဝင်တွေကလဲ အကောင်းဆုံးကြိုးစားပြီး ယှဉ်ပြိုင်ခဲ့တဲ့အတွက့် ပရိသတ်တွေအတွက် လက်မလွတ်နိုင်တဲ့ အစီအစဉ်တစ်ခုဖြစ်နေတာပါ။

Master Chef ပြိုင်ပွဲလို့ဆိုရင် ပြိုင်ပွဲဝင်တွေသာမက အကဲဖြတ်အမှတ်ပေးတဲ့ ဒိုင်လူကြီးတွေကိုလဲ မေ့ထားလို့မရပါဘူး။ သမာသမတ်ကျကျနဲ့ အကောင်းဆုံးတွေကို သင်ကြားပြသပေးနေတဲ့ ဒိုင်သုံးဦးကိုလဲ ပရိသတ်တွေက နှစ်ခြိုက်သဘောကျကြပါတယ်။

စိတ်မကောင်းစွာနဲ့ပဲ Master Chef Myanmar မှ ဒိုင်တစ်ဦးဖြစ်တဲ့ Michel Louis Meca ဟာ ယနေ့(ဇန်နဝါရီလ ၉)ရက်နေ့မှာပဲ ပြင်သစ်နိုင်ငံမှာ ကွယ်လွန်အနိစ္စရောက်သွားပါပြီ။ Michel ဟာ ရုတ်တရက် နှလုံးရပ်ကာ ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။

Michel ကွယ်လွန်သွားကြောင်း Master Chef Myanmar အစီအစဉ်တင်ဆက်သူ ကောင်းထက်ဇော်က အတည်ပြုပြောဆိုပေးထားပါတယ်။

ပရိသတ်ကြီးလဲ တီဗီဖန်သားပြင်ပေါ်မှာ မြင်တွေ့နေကျ Michel ကွယ်လွန်သွားလို့ စိတ်မကောင်းဖြစ်နေကြမယ်ထင်ပါတယ်။

share from : burmese.asia

LEAVE A REPLY