Zawgyi ဖြင့်ဖတ်ရန်

 




 

https://www.instagram.com/suzycortezoficial/?utm_source=ig_embed

 






Unicode ဖြင့်ဖတ်ရန်

မက်ဆီကြောင့် နာမည်ကြီးပြီးရင်းကြီးနေတဲ့ ဘရာဇီး တင်ပါးအလှမယ်

ဘရာဇီးနိုင်ငံရဲ့တင်ပါး အလှဆုံးမိန်းကလေးကို ရှာဖွေခြင်းဆိုတဲ့ Miss Bumbum ပြိုင်ပွဲမှာ သရဖူဆောင်းခဲ့ဖူးသူ ဆူဇီ ကောတက်ဇ် ဆိုတဲ့ မိန်းကလေး ကတော့ မက်ဆီ ရဲ့ အမာခံ ပရိသတ် တစ်ယောက်ပါ။

ဆူဇီက သူမရဲ့ အင်စတာဂရမ်အကောင့်မှာ မက်ဆီရဲ့ ဘာစီလိုနာဂျာစီကို ဝတ်ဆင်ထားတဲ့ပုံတွေ အမြဲတင်လေ့ရှိပြီး သူမဟာ မက်ဆီကို အရူးအမူးအားပေးသူတစ်ယောက်ဖြစ်ကြောင်း ပြသခဲ့တာပါ။

ပြီးခဲ့တဲ့ (၂၀၁၈) ကမ္ဘာ့ဖလားတုန်းကလည်း သူမက ရုရှားနိုင်ငံအထိ လိုက်ပြီး မက်ဆီကို အားပေးခဲ့ပါသေးတယ်။ အဲဒီနောက်တော့ သူမရဲ့ အင်စတာဂရမ်အကောင့်အပါအဝင် ဆိုရှယ်မီဒီယာအကောင့်တွေကို မက်ဆီရဲ့ ပရိသတ်တွေ သတိထားမိသွားခဲ့ပြီး သူမကို အားပေးသူတွေ သန်းနဲ့ချီပြီး များပြားလာခဲ့တာပါ။

ဆူဇီ က မက်ဆီရဲ့ ဘာစီလိုနာဂျာစီကို သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းပေါ်လွင်အောင် အမြဲတမ်းဝတ်ဆင်လေ့ရှိပြီး တစ်ဖက်မှာလည်း မက်ဆီကိုအားပေး၊ တစ်ဖက်မှာလည်း သူမကိုအားပေးနဲ့ နှစ်ဦးနှစ်ဖက်အကျိုးရှိအောင် ဓာတ်ပုံတွေရိုက်ပြီး တင်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတော့ ဆူဇီက သူမရဲ့ အင်စတာဂရမ်အကောင့်မှာ တက်တူးထိုးနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို တင်လိုက်ပြီး သူမရဲ့တင်ပါးအပေါ်ဖက်မှာ “Messi 10” ဆိုတဲ့ စာသားနဲ့အတူ ဘာစီလိုနာအသင်း လိုဂို ကိုပါ တက်တူးအဖြစ် ရေးထိုးခဲ့တာပါ။

ဒီ ဗီဒီယိုလေးက ဘာစီလိုနာပရိသတ်တွေကြားမှာ ပျံ့နှံ့သွားခဲ့ပြီး ဘရာဇီးအလှမယ်ဟာ မက်ဆီကို ဒီလောက်တောင် အားပေးနေတယ်ဆိုပြီး သဘောကျကုန်ကြတာပါ။ အဲဒီရဲ့ အကျိုးဆက်အနေနဲ့ ဆူဇီတစ်ယောက် ပိုလို့ လူသိများလာခဲ့ပြီး သူ့ရဲ့အဲဒီဗီဒီယိုတစ်ခုတည်းကို ကြည့်ရှုသူပေါင်း သန်းချီပြီး ရှိခဲ့တာပါပဲ။

ဆူဇီက မက်ဆီဟာ လာမယ့်နှစ် ဘလွန်းဒီအောဆုကို သေချာပေါက် ဆွတ်ခူးနိုင်လိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပြီး သူမဟာ မက်ဆီရဲ့ အမာခံပရိသတ်အဖြစ် ထာဝရရှိနေမှာဖြစ်တယ်လို့ ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။

share from : burmese.asia

LEAVE A REPLY