Zawgyi ျဖင့္ဖတ္ရန္

 

အဆုတ္ေရာဂါျဖင့္ ကြယ္လြန္သြား ေသာ ႐ုပ္ရွင္ ႏွင့္ဗီဒီယို လူၾကမ္းသ႐ုပ္ ေဆာင္မင္းစိန္ကို ဇန္နဝါရီ ၇ ရက္တြင္ ေရေဝးသုသာန္၌ မီးၾသဂႋုဟ္ခဲ့ေၾကာင္း သိရသည္။ ႐ုပ္ရွင္ႏွင့္ဗီဒီယို လူၾကမ္းသ႐ုပ္ ေဆာင္မင္းစိန္သည္ အဆုတ္ေရာဂါ ျဖင့္ ရန္ကုန္ေဆး႐ုံႀကီးတြင္ ဇန္နဝါရီ ၅ ရက္ နံနက္ ၂ နာရီခြဲခန႔္တြင္ ကြယ္လြန္သြားေၾကာင္း သိရသည္။

”အခုေနာက္ပိုင္း ဗီဒီယိုကပ်က္၊ ႐ုပ္ရွင္ဇာတ္ကားေတြမွာလဲ လူၾကမ္း ဇာတ္ဝင္ခန္းေတြ သိပ္မပါေတာ့ လူ ၾကမ္းေတြက ႀကဳံရာက်ပန္းလုပ္စားေနရတာ အဲဒီအထဲမွာ မင္းစိန္လဲပါတယ္။ သူ႔မိသားစု စားဝတ္ေနေရးအတြက္ မိုးကုတ္မွာ စီးပြားေရးသြားလုပ္ရာကေန ေနထိုင္မေကာင္း ျဖစ္လို႔ ျပန္လာတာ။ မေန႔ကအထိကို အေကာင္းႀကီး။ ေနမေကာင္းလို႔ ေဆး႐ုံတင္တယ္။ ဒီေန႔မနက္ပဲ ေလာကႀကီးကို ႏႈတ္ဆက္သြားၿပီ။ သူ မိုးကုတ္မွာ အလုပ္သြားလုပ္လို႔ရတာက ႏွစ္သိန္း။ ႏွစ္သိန္းနဲ႔ အသက္တစ္ေခ်ာင္းကို လဲလိုက္ရတယ္။ မင္းစိန္ ကြယ္လြန္တာက ကိုလူေခ်ာအဖြဲ႕အတြက္ေတာ့ တကယ္ကို စိတ္မေကာင္းျဖစ္ရတယ္။ မင္းစိန္တစ္ေယာက္ ေနာင္ဘဝ လူျဖစ္ရင္ ဒီလိုဘဝမ်ိဳးမွာ လူလာမျဖစ္ပါေစနဲ႔လို႔ ဆုေတာင္းေပးခ်င္တယ္”ဟု ကိုလူေခ်ာအဖြဲ႕ေခါင္းေဆာင္ သ႐ုပ္ေဆာင္ေအာင္ခိုင္က ေျပာသည္။

 

႐ုပ္ရွင္၊ ဗီဒီယိုဇာတ္ကားမ်ား မ႐ိုက္ကူးရျခင္းေၾကာင့္ လူၾကမ္းသ႐ုပ္ေဆာင္မင္းစိန္ သည္ မိုးကုတ္တြင္ ဗီဒီယိုဇာတ္ကား အေဟာင္း၊ အသစ္မ်ားကို သြားေရာက္ေရာင္းခ်ျခင္း ျဖစ္ၿပီး ယင္းကဲ့သို႔ေရာင္းခ်ရာမွ ရရွိလာေသာအက်ိဳးအျမတ္မ်ားျဖင့္ မိသားစုစားဝတ္ေနေရး ကို ေျဖရွင္းေနရသူလည္းျဖစ္သည္။

လူၾကမ္းသ႐ုပ္ေဆာင္မင္းစိန္သည္ ကြယ္လြန္ခ်ိန္တြင္ အသက္ ၅၆ ႏွစ္ရွိၿပီး ဇနီးျဖစ္သူႏွင့္အတူ သားသမီးမ်ား က်န္ရစ္ခဲ့ေၾကာင္း သိရသည္။

share from :burmese.asia

Unicode ဖြင့်ဖတ်ရန်

ဗီဒီယို မရိုက်ရတော့လို့ ငွေနှစ်သိန်းနဲ့ အသက်ကို လဲလိုက်ရသော လူကြမ်း မင်းစိန်

အဆုတ်ရောဂါဖြင့် ကွယ်လွန်သွား သော ရုပ်ရှင် နှင့်ဗီဒီယို လူကြမ်းသရုပ် ဆောင်မင်းစိန်ကို ဇန်နဝါရီ ၇ ရက်တွင် ရေဝေးသုသာန်၌ မီးသြင်္ဂိုဟ်ခဲ့ကြောင်း သိရသည်။ ရုပ်ရှင်နှင့်ဗီဒီယို လူကြမ်းသရုပ် ဆောင်မင်းစိန်သည် အဆုတ်ရောဂါ ဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဇန်နဝါရီ ၅ ရက် နံနက် ၂ နာရီခွဲခန့်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

”အခုနောက်ပိုင်း ဗီဒီယိုကပျက်၊ ရုပ်ရှင်ဇာတ်ကားတွေမှာလဲ လူကြမ်း ဇာတ်ဝင်ခန်းတွေ သိပ်မပါတော့ လူ ကြမ်းတွေက ကြုံရာကျပန်းလုပ်စားနေရတာ အဲဒီအထဲမှာ မင်းစိန်လဲပါတယ်။ သူ့မိသားစု စားဝတ်နေရေးအတွက် မိုးကုတ်မှာ စီးပွားရေးသွားလုပ်ရာကနေ နေထိုင်မကောင်း ဖြစ်လို့ ပြန်လာတာ။ မနေ့ကအထိကို အကောင်းကြီး။ နေမကောင်းလို့ ဆေးရုံတင်တယ်။ ဒီနေ့မနက်ပဲ လောကကြီးကို နှုတ်ဆက်သွားပြီ။ သူ မိုးကုတ်မှာ အလုပ်သွားလုပ်လို့ရတာက နှစ်သိန်း။ နှစ်သိန်းနဲ့ အသက်တစ်ချောင်းကို လဲလိုက်ရတယ်။ မင်းစိန် ကွယ်လွန်တာက ကိုလူချောအဖွဲ့အတွက်တော့ တကယ်ကို စိတ်မကောင်းဖြစ်ရတယ်။ မင်းစိန်တစ်ယောက် နောင်ဘဝ လူဖြစ်ရင် ဒီလိုဘဝမျိုးမှာ လူလာမဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးချင်တယ်”ဟု ကိုလူချောအဖွဲ့ခေါင်းဆောင် သရုပ်ဆောင်အောင်ခိုင်က ပြောသည်။

ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ မရိုက်ကူးရခြင်းကြောင့် လူကြမ်းသရုပ်ဆောင်မင်းစိန် သည် မိုးကုတ်တွင် ဗီဒီယိုဇာတ်ကား အဟောင်း၊ အသစ်များကို သွားရောက်ရောင်းချခြင်း ဖြစ်ပြီး ယင်းကဲ့သို့ရောင်းချရာမှ ရရှိလာသောအကျိုးအမြတ်များဖြင့် မိသားစုစားဝတ်နေရေး ကို ဖြေရှင်းနေရသူလည်းဖြစ်သည်။

လူကြမ်းသရုပ်ဆောင်မင်းစိန်သည် ကွယ်လွန်ချိန်တွင် အသက် ၅၆ နှစ်ရှိပြီး ဇနီးဖြစ်သူနှင့်အတူ သားသမီးများ ကျန်ရစ်ခဲ့ကြောင်း သိရသည်။

share from :burmese.asia

LEAVE A REPLY