Zawgyi ဖြင့်ဖတ်ရန်



 


 



Unicode ဖြင့်ဖတ်ရန်

၀တ်စုံကြောင့် နာမည်ကြီးနေတဲ့ Miss Tourism World 2019 အလှမယ်

(2019)ခုနှစ်အတွက် Miss Tourism World Intercontinental အလှမယ်ဆုကိုတော့ ဖိလစ်ပိုင်အလှမယ် က သိမ်းပိုက်လိုက်ပါတယ်။ဒီပွဲကိုတော့ တရုတ်နိုင်ငံ Nanjing မှာဇန်နဝါရီလ (၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာပါ။ ဖိလစ်ပိုင်အလှမယ် Francesca Taruc က အလှမယ် သရဖူ ကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့ပါတယ်။သူမဟာ အသက်(၂၀)ပဲရှိသေးပြီး မော်ဒယ် vloggerတစ်ယောက် အဖြစ်ရပ်တည်နေသူပါ။ ဒီပြိုင်ပွဲမှာ သူမဝတ်ဆင် ခဲ့တဲ့ ဝတ်စုံကလည်း အရမ်းကို နာမည်ကြီးနေပါတယ်။

Francesca Taruc ဝတ်ဆင်ခဲ့တဲ့ အနီရောင်ဂါဝန်ကတော့ ဖိလစ်ပိုင်အလံရဲ့ ပုံစံကို ဒီဇိုင်းထွင်ချုပ်လုပ်ဖန်တီးထား တာပါ။ဒီဂါဝန်မှာတော့ ကြယ်သုံးပွင့်နဲ့ နေပါဝင်ပါတယ်။ဒီဇိုင်းကိုတော့ Benj Leguiab IV ကနေ ဖန်တီး ပေး တာပါ။ Leguiab ကတော့ Miss World Philippines 2018 အလှမယ် Muhlach ရဲ့ အပြာ ရောင် ဂါဝန်ကိုလည်း ဖန်တီးပေးခဲ့ဖူးပါတယ်။

အဲ့ဒီဂါဝန်မှာတော့ နိုင်ငံရဲ့ ကျွန်းတွေနဲ့ အလံမှာပါဝင်တဲ့ နေမင်းကြီးရယ်၊ ကြယ်(၃)လုံးရယ်ကို ဒီဇိုင်းဖန်တီးပြီး ထည့်သွင်းထားတာပါ။ Miss Tourism World Intercontinental (2019)ပြိုင်ပွဲမှာတော့ Republic of Tatarstan က first runner-up ဆုကို ရခဲ့ပါတယ်။ယူကရိန်းနိုင်ငံကတော့ second runner-up ဆုကို အသီးအသီးရရှိခဲ့ပါတယ်။

Miss Tourism World Intercontinental 2019 အလှမယ် Taruc ကတော့ Holy Angel တက္ကသိုလ်ကနေ Mass Communication ဘွဲ့ရခဲ့သူပါ။သူမရဲ့ IG Post မှာတော့ ပြိုင်ပွဲမှာ အနိုင်ရလို့ ပြောမပြတတ်လောက် အောင် ပျော်နေတယ်လို့ ပြောခဲ့ပါတယ်။ဖိလစ်ပိုင်ကိုယ်စားပြုအလှမယ်တစ်ယောက်အနေနဲ့ နိုင်ငံ အတွက် ဆု ယူပေးနိုင်ခဲ့တဲ့ အတွက်လည်း ဂုဏ်ယူမိတယ်လို့ ပြောခဲ့ပါတယ်။

share from : burmese.asia

LEAVE A REPLY