Zawgyi ျဖင့္ဖတ္ရန္

 

ဒီေန႔ အိုင္တီေခတ္သစ္ မွာေတာ့ အြန္လိုင္းေပၚကေန ဆုံစည္းေတြ႕ဆုံသြားၿပီး ခ်စ္ႀကိဳက္လက္ထပ္ျဖစ္ခဲ့သူေတြဟာ ဒုနဲ႔ေဒး ျဖစ္လာခဲ့ပါၿပီ။ ဒါေပမယ့္ ေရွး႐ိုးစြဲႏိုင္ငံမ်ားမွာေတာ့ ကိုယ့္ရဲ႕မိဘေဆြမ်ိဳး၊ မိတ္ေဆြသူငယ္ခ်င္းေတြဘက္ေန ဒီလိုကိစၥမွာ အေပၚ သကၤာမကင္းျဖစ္ၾကမွာ အေသအခ်ာပါပဲ။ ဘယ္လိုယုံၾကည္စိတ္ခ်ရႏိုင္ပါ့မလဲေလ။ ကြန္ပ်ဴတာ မ်က္ႏွာျပင္တစ္ဖက္ျခမ္းက လူသားဟာ လူေကာင္းလူေတာ္မွ ဟုတ္ေလမလား၊ ဘယ္လိုလိမ္လည္မႈေတြ ထိန္ခ်ိန္ၿပီး ကိုယ့္ရဲ႕သားသမီးကို လာခ်ဥ္းကပ္ေနသလဲဆိုတာ အထူးစိတ္ပူစရာျဖစ္ေစတာ အမွန္ပဲျဖစ္ပါတယ္။

ဒီလိုထူးထူးျခားျခားအျဖစ္အပ်က္ကို တကယ္စြမ္းေဆာင္ခဲ့တဲ့ ဗီယက္နမ္ က ငုယင္ဗန္အန္းဆိုတဲ့ အမ်ိဳးသမီးကေတာ့ ဘဝရဲ႕အေကာင္းဆုံး ဖူးစာအေနနဲ႔ ေ႐ႊ႐ုပ္အစစ္ကေလးတစ္႐ုပ္ကို အြန္လို္င္းေပၚကေန အမွန္တကယ္ေကာက္ရခဲ့တာပါ။ အေၾကာင္းကေတာ့ အြန္လိုင္း ေပၚမွာပဲ ၁၀လတာ ခ်စ္သူျဖစ္ခဲ့တဲ့ သူရဲ႕ခ်စ္သူေကာင္ေလးဟာ ငုယင္ကို လက္ထပ္ခြင့္ေတာင္းဆိုခဲ့ၿပီး တကယ္လက္ထပ္ခ်ိန္မွာေတာ့ ေကာင္ေလးဟာ သူမ မသိေအာင္ ဖုံးကြယ္ထားတဲ့ လွ်ိဳ႕ဝွက္ခ်က္တစ္ခုအေနနဲ႔ သန္းႂကြယ္သူေဌးႀကီးတစ္ဦးျဖစ္ေနခဲ့တာပါပဲ။

ငုယင္ဗန္အန္းဟာ သိပၸံ နဲ႔ နည္းပညာဘြဲ႕ ကို ရရွိထားတဲ့ အမ်ိဳးသမီးတစ္ဦးျဖစ္ေပမယ့္ ဘဝမွာ လိုအပ္ခ်က္တစ္ခုအေနနဲ႔ ေ႐ႊလက္တြဲဖို႔္ အိပ္မက္ခ်စ္သူ လက္တြဲေဖာ္တစ္ဦးကိုရွာေဖြရင္း ေဖ့စ္ဘုတ္ခ္မိတ္ေဆြတစ္ေယာက္ရဲ႕ ဓာတ္ပုံကေနတစ္ဆင့္ သူႀကိဳက္မိတဲ့ ေကာင္ေလးတစ္ေယာက္ကို အမွတ္မထင္ဘဲ ေတြ႕ရွိသြားခဲ့ပါတယ္။

ငုယင္ဘက္ကေန စတင္ဆက္သြယ္ရင္း ေျခလွမ္းအစပ်ိဳးခဲ့ၿပီး လ်င္လ်င္ျမန္ျမန္နဲ႔ပဲ သိပ္ခ်စ္ၾကတဲ့ ခ်စ္သူေတြျဖစ္သြားခဲ့ၾကပါတယ္။ ခ်စ္သူက ႐ုရွားႏိုင္ငံမွာအေျခခ်ရပ္တည္ေနတာေၾကာင္ ငုယင္တို႔စုံတြဲဟာ အေဝးေရာက္ခ်စ္သူေတြအေနနဲ႔ ေ႐ႊလက္တြဲၿမဲႏိုင္ခဲ့ၾကတယ္။ သို႔ေပမယ့္ တစ္ေယာက္အေၾကာင္း တစ္ေယာက္ ပြင့္ပြင့္လင္းလင္း မသိၾကေသးတာေတာ့ အေသအခ်ာပဲေပါ့ေလ။

ခ်စ္သူသက္တမ္း ၁၀ လအၾကာမွာေတာ့ ခ်စ္သူေကာင္ေလးဟာ ရည္႐ြယ္ခ်က္ရွိရွိ နဲ႔ကို သူ႔ရဲ႕ဘဝအစစ္အမွန္ကို လုံးဝဖုံးကြယ္ၿပီးမွ ငုယင္ကို လက္ထပ္ခြင့္ေတာင္းခံခဲ့တာပါပဲ။ တကယ္တမ္းေတာ့ ငုယင္ဟာ သူူ႔အေပၚကို ေငြမက္လို႔စၿပီး ေျခလွမ္းလွမ္းလာခဲ့သလားဆိုတာ ဆုံးျဖတ္ဖို႔ပဲျဖစ္ပါတယ္။

ငုယင္ကေတာ့ လိုလိုလားလား ေခါင္းၿငိမ့္ခဲ့ပါတယ္။ ငုယင္ရဲ႕အေမကေတာ့ ဒီအျဖစ္ကို သိပ္ၿပီးစိုးရိမ္ေနခဲ့တယ္။ အခ်ိန္ယူၿပီးမွ ခ်စ္ခဲ့ၾကရတဲ့ ေခတ္ေဟာင္းကအခ်စ္ဇာတ္လမ္းေတြနဲ႔ ဒီေန႔ေခတ္ပုံစံကိုေတာ့ ႏႈိင္းယွဥ္လို႔မရႏိုင္ေတာ့ဘူး။ ငုယင္ရဲ႕ခ်စ္သူဟာ ႐ုရွားကေန ဗီယက္နမ္ကို အေရာက္လာခဲ့ၿပီး ငုယင္ရဲ႕မိဘေတြဆီ ကိုယ္တိုင္ကိုယ္က် ေတာင္းရမ္းယူခဲ့ေတာ့မွပဲ သူ႔ရဲ႕ယုံၾကည္စိတ္ခ်ရမႈေၾကာင့္ လက္ထပ္ဖို႔အေရး လုံးဝ အဆင္ေျပေခ်ာေမြ႕သြားခဲ့ပါတယ္။

လက္ထပ္ပြဲစီစဥ္ေနၾကခ်ိန္ေရာက္မွ ငုယင္ဟာ သူ႔ရဲ႕သတို႔သားေလာင္းေလးရဲ႕ ဘဝအမွန္ကို သိခြင့္ရၿပီး သူဟာ ဖက္ရွင္လုပ္ငန္းလုပ္ကိုင္ေနတဲ့ မီလ်ံနာသူေဌးႀကီးျဖစ္ေနခဲ့တာပါပဲ။ ငုယင္ရဲ႕အခ်စ္ကို စမ္းသပ္ခဲ့တဲ့ ခ်စ္သူရဲ႕စမ္းသပ္မႈက ေအာင္ျမင္ခဲ့သလို သူကိုယ္တိုင္ဟာလည္း ႂကြားႂကြားဝါဝါမေနတတ္ဘဲ ႏွိမ့္ခ်တတ္သူမို႔ ေဖ့စ္ဘုတ္ခ္ေပၚမွာပါ သိုသိပ္ထားခဲ့တဲ့ သူ႔ရဲ႕ႂကြယ္ဝမႈေတြကို မသိရွိခဲ့ရတာပဲျဖစ္ပါတယ္။

ေပ်ာ္႐ႊင္စရာ ျဖစ္ခဲ့ရတဲ့ အြန္လိုင္းအခ်စ္ဇာတ္လမ္းမွာ သူတို႔စုံတြဲက အမွန္တကယ္ကို လက္တြဲေပါင္းဖက္ျဖစ္ခဲ့ၿပီး ဟႏြိဳင္းၿမိဳ႕က ၾကယ္ငါးပြင့္အဆင့္ဟိုတယ္တစ္ခုမွာ ခမ္းခမ္းနားနား လက္ထပ္ခဲ့ၾကပါတယ္။ အခုခ်ိန္မွာေတာ့ ေသွ်ာင္ေနာက္ဆံထုံးပါၿပီး ငုယင္တို႔စုံတြဲဟာ ႐ုရွားႏိုင္ငံမွာပဲ အေျခတက်ျဖစ္ေနၾကသလို ရင္ေသြးေလးတစ္ေယာက္ေမြးဖြားၿပီး သာယာတဲ့အိမ္ေထာင္မႈကို တည္ေဆာက္ထားႏိုင္ၾကၿပီပဲ ျဖစ္ပါတယ္။

Credit : nanmalgyi

Unicode ဖြင့်ဖတ်ရန်

လက်ထပ်ပြီးမှ မီလျှံနာ မှန်းသိလိုက်ရတဲ့ အွန်လိုင်း ချစ်သူ စုံတွဲ

ဒီနေ့ အိုင်တီခေတ်သစ် မှာတော့ အွန်လိုင်းပေါ်ကနေ ဆုံစည်းတွေ့ဆုံသွားပြီး ချစ်ကြိုက်လက်ထပ်ဖြစ်ခဲ့သူတွေဟာ ဒုနဲ့ဒေး ဖြစ်လာခဲ့ပါပြီ။ ဒါပေမယ့် ရှေးရိုးစွဲနိုင်ငံများမှာတော့ ကိုယ့်ရဲ့မိဘဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်းတွေဘက်နေ ဒီလိုကိစ္စမှာ အပေါ် သင်္ကာမကင်းဖြစ်ကြမှာ အသေအချာပါပဲ။ ဘယ်လိုယုံကြည်စိတ်ချရနိုင်ပါ့မလဲလေ။ ကွန်ပျူတာ မျက်နှာပြင်တစ်ဖက်ခြမ်းက လူသားဟာ လူကောင်းလူတော်မှ ဟုတ်လေမလား၊ ဘယ်လိုလိမ်လည်မှုတွေ ထိန်ချိန်ပြီး ကိုယ့်ရဲ့သားသမီးကို လာချဉ်းကပ်နေသလဲဆိုတာ အထူးစိတ်ပူစရာဖြစ်စေတာ အမှန်ပဲဖြစ်ပါတယ်။

ဒီလိုထူးထူးခြားခြားအဖြစ်အပျက်ကို တကယ်စွမ်းဆောင်ခဲ့တဲ့ ဗီယက်နမ် က ငုယင်ဗန်အန်းဆိုတဲ့ အမျိုးသမီးကတော့ ဘဝရဲ့အကောင်းဆုံး ဖူးစာအနေနဲ့ ရွှေရုပ်အစစ်ကလေးတစ်ရုပ်ကို အွန်လိုင်းပေါ်ကနေ အမှန်တကယ်ကောက်ရခဲ့တာပါ။ အကြောင်းကတော့ အွန်လိုင်း ပေါ်မှာပဲ ၁၀လတာ ချစ်သူဖြစ်ခဲ့တဲ့ သူရဲ့ချစ်သူကောင်လေးဟာ ငုယင်ကို လက်ထပ်ခွင့်တောင်းဆိုခဲ့ပြီး တကယ်လက်ထပ်ချိန်မှာတော့ ကောင်လေးဟာ သူမ မသိအောင် ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုအနေနဲ့ သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်နေခဲ့တာပါပဲ။

ငုယင်ဗန်အန်းဟာ သိပ္ပံ နဲ့ နည်းပညာဘွဲ့ ကို ရရှိထားတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပေမယ့် ဘဝမှာ လိုအပ်ချက်တစ်ခုအနေနဲ့ ရွှေလက်တွဲဖို့် အိပ်မက်ချစ်သူ လက်တွဲဖော်တစ်ဦးကိုရှာဖွေရင်း ဖေ့စ်ဘုတ်ခ်မိတ်ဆွေတစ်ယောက်ရဲ့ ဓာတ်ပုံကနေတစ်ဆင့် သူကြိုက်မိတဲ့ ကောင်လေးတစ်ယောက်ကို အမှတ်မထင်ဘဲ တွေ့ရှိသွားခဲ့ပါတယ်။

ငုယင်ဘက်ကနေ စတင်ဆက်သွယ်ရင်း ခြေလှမ်းအစပျိုးခဲ့ပြီး လျင်လျင်မြန်မြန်နဲ့ပဲ သိပ်ချစ်ကြတဲ့ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ ချစ်သူက ရုရှားနိုင်ငံမှာအခြေချရပ်တည်နေတာကြောင် ငုယင်တို့စုံတွဲဟာ အဝေးရောက်ချစ်သူတွေအနေနဲ့ ရွှေလက်တွဲမြဲနိုင်ခဲ့ကြတယ်။ သို့ပေမယ့် တစ်ယောက်အကြောင်း တစ်ယောက် ပွင့်ပွင့်လင်းလင်း မသိကြသေးတာတော့ အသေအချာပဲပေါ့လေ။

ချစ်သူသက်တမ်း ၁၀ လအကြာမှာတော့ ချစ်သူကောင်လေးဟာ ရည်ရွယ်ချက်ရှိရှိ နဲ့ကို သူ့ရဲ့ဘဝအစစ်အမှန်ကို လုံးဝဖုံးကွယ်ပြီးမှ ငုယင်ကို လက်ထပ်ခွင့်တောင်းခံခဲ့တာပါပဲ။ တကယ်တမ်းတော့ ငုယင်ဟာ သူူ့အပေါ်ကို ငွေမက်လို့စပြီး ခြေလှမ်းလှမ်းလာခဲ့သလားဆိုတာ ဆုံးဖြတ်ဖို့ပဲဖြစ်ပါတယ်။

ငုယင်ကတော့ လိုလိုလားလား ခေါင်းငြိမ့်ခဲ့ပါတယ်။ ငုယင်ရဲ့အမေကတော့ ဒီအဖြစ်ကို သိပ်ပြီးစိုးရိမ်နေခဲ့တယ်။ အချိန်ယူပြီးမှ ချစ်ခဲ့ကြရတဲ့ ခေတ်ဟောင်းကအချစ်ဇာတ်လမ်းတွေနဲ့ ဒီနေ့ခေတ်ပုံစံကိုတော့ နှိုင်းယှဉ်လို့မရနိုင်တော့ဘူး။ ငုယင်ရဲ့ချစ်သူဟာ ရုရှားကနေ ဗီယက်နမ်ကို အရောက်လာခဲ့ပြီး ငုယင်ရဲ့မိဘတွေဆီ ကိုယ်တိုင်ကိုယ်ကျ တောင်းရမ်းယူခဲ့တော့မှပဲ သူ့ရဲ့ယုံကြည်စိတ်ချရမှုကြောင့် လက်ထပ်ဖို့အရေး လုံးဝ အဆင်ပြေချောမွေ့သွားခဲ့ပါတယ်။

လက်ထပ်ပွဲစီစဉ်နေကြချိန်ရောက်မှ ငုယင်ဟာ သူ့ရဲ့သတို့သားလောင်းလေးရဲ့ ဘဝအမှန်ကို သိခွင့်ရပြီး သူဟာ ဖက်ရှင်လုပ်ငန်းလုပ်ကိုင်နေတဲ့ မီလျံနာသူဌေးကြီးဖြစ်နေခဲ့တာပါပဲ။ ငုယင်ရဲ့အချစ်ကို စမ်းသပ်ခဲ့တဲ့ ချစ်သူရဲ့စမ်းသပ်မှုက အောင်မြင်ခဲ့သလို သူကိုယ်တိုင်ဟာလည်း ကြွားကြွားဝါဝါမနေတတ်ဘဲ နှိမ့်ချတတ်သူမို့ ဖေ့စ်ဘုတ်ခ်ပေါ်မှာပါ သိုသိပ်ထားခဲ့တဲ့ သူ့ရဲ့ကြွယ်ဝမှုတွေကို မသိရှိခဲ့ရတာပဲဖြစ်ပါတယ်။

ပျော်ရွှင်စရာ ဖြစ်ခဲ့ရတဲ့ အွန်လိုင်းအချစ်ဇာတ်လမ်းမှာ သူတို့စုံတွဲက အမှန်တကယ်ကို လက်တွဲပေါင်းဖက်ဖြစ်ခဲ့ပြီး ဟနွိုင်းမြို့က ကြယ်ငါးပွင့်အဆင့်ဟိုတယ်တစ်ခုမှာ ခမ်းခမ်းနားနား လက်ထပ်ခဲ့ကြပါတယ်။ အခုချိန်မှာတော့ သျှောင်နောက်ဆံထုံးပါပြီး ငုယင်တို့စုံတွဲဟာ ရုရှားနိုင်ငံမှာပဲ အခြေတကျဖြစ်နေကြသလို ရင်သွေးလေးတစ်ယောက်မွေးဖွားပြီး သာယာတဲ့အိမ်ထောင်မှုကို တည်ဆောက်ထားနိုင်ကြပြီပဲ ဖြစ်ပါတယ်။

Credit : nanmalgyi

LEAVE A REPLY