Zawgyi ျဖင့္ဖတ္ရန္

 

ကေလး ၂ ေယာက္ မိခင္ ဟာ ေထာင္ဒဏ္ က်ခံရမယ့္အေရးနဲ႔ရင္ဆိုင္ေနရၿပီး ရဲတပ္ဖြဲ႕ဟာ ကေလးငယ္ ေသဆံုးခ်ိန္မွာ မိခင္ျဖစ္သူ ေဖ့စ္ဘြတ္္ခ္အသံုးျပဳေနျခင္း ရွိ၊ မရွိ စံုစမ္းစစ္ေဆးေနတယ္လုိ႔ သိရပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေကလာလင္တန္ဟာ တဲလ္အဗစ္မွာ အဖမ္းခံခဲ့ရၿပီး ရဲတပ္ဖြဲ႕က နာအုိမီလို႔အမည္ရတဲ့ ကေလးငယ္ ေရခ်ိဳးကန္ထဲမွာ ေရနစ္ေနခ်ိန္ ေကလာလင္တန္အေနနဲ႔ ဖုန္းကို အသံုးျပဳေနျခင္းရွိ၊ မရွိ ရွာေဖြေနပါတယ္။

နာအုိမီ ေရနစ္ေနတာ သိသိခ်င္း ေဆးရံုကို အျမန္ပို႔ေဆာင္ခဲ့ၿပီး တစ္ပတ္ၾကာ ကိုမာဝင္ၿပီးေနာက္ ၿပီးခဲ့တဲ့ ဇူလိုင္လမွာ ေသဆံုးသြားခဲ့တာျဖစ္တယ္လုိ႔ Mirror ရဲ႕သတင္းအရ သိရပါတယ္။

ေကလာလင္တန္ဟာ လက္ရွိအခ်ိန္မွာ အာမခံေၾကး ေပါင္ ၄၂၀ ေပးသြင္းထားၿပီး ၎ရဲ႕ကေလးငယ္ ေသဆံုးမႈမွာ အျပစ္ရွိ၊ မရွိ ၾကားနာမႈကို ေစာင့္ဆုိင္းေနရပါတယ္။

ေကလာလင္တန္ဟာ ကေလးငယ္ကို တစ္ဦးတည္း အိမ္သာကို သြားေစခဲ့ေၾကာင္း ေျပာၾကားခဲ့ၿပီး ရဲတပ္ဖြဲ႕က ေကလာလင္တန္ မိုဘုိင္းဖုန္းကို အသံုးျပဳေနျခင္းရွိ၊မရွိ စစ္ေဆးေနၿပီး ယင္းအခ်ိန္အနည္းငယ္ဟာ ကေလးငယ္ေသဆံုးေစခဲ့တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

ေကလာလင္တန္ရဲ႕ခင္ပြန္းျဖစ္သူကလည္း ကေလးငယ္ေသဆံုးခ်ိန္မွာ ဆိုရွယ္မီဒီယာကို အသံုးျပဳေနျခင္းရွိ၊ မရွိ စစ္ေဆးဖို႔အတြက္ ေကလာလင္တန္ရဲ႕ဖုန္းကို ရဲတပ္ဖြဲ႕က ယူေဆာင္သြားေၾကာင္း အတည္ျပဳေျပာၾကားခဲ့ပါတယ္။

ေကလာလင္တန္ရဲ႕ေရွ႕ေန အိုဖာဘာတယ္က ေကလာလင္တန္အေနနဲ႔ သူမရဲ႕ေျခာက္လသားအရြယ္ ကေလးငယ္ နာအုိမီကို အသက္ျပန္ရွင္ေအာင္ ႀကိဳးပမ္းခဲ့ေၾကာင္း ေျပာၾကားခဲ့ၿပီး လက္ရွိအခ်ိန္မွာ တဲလ္အဗစ္ရဲတပ္ဖြဲ႕က ေကလာလင္တန္ကို စြဲခ်က္တင္၊ မတင္ကို ၾကားနာဖို႔ ေစာင့္ဆုိင္းေနပါတယ္။

Credit : shweinlay

Unicode ဖြင့်ဖတ်ရန်

ဖုန်း ပဲသုံးနေခဲ့လို့ (၆)လအရွယ် ကလေးငယ် ရေချိုးခန်း ထဲ သေခဲ့တာကို မသိခဲ့တဲ့ မိခင်

ကလေး ၂ ယောက် မိခင် ဟာ ထောင်ဒဏ် ကျခံရမယ့်အရေးနဲ့ရင်ဆိုင်နေရပြီး ရဲတပ်ဖွဲ့ဟာ ကလေးငယ် သေဆုံးချိန်မှာ မိခင်ဖြစ်သူ ဖေ့စ်ဘွတ်ခ်အသုံးပြုနေခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကေလာလင်တန်ဟာ တဲလ်အဗစ်မှာ အဖမ်းခံခဲ့ရပြီး ရဲတပ်ဖွဲ့က နာအိုမီလို့အမည်ရတဲ့ ကလေးငယ် ရေချိုးကန်ထဲမှာ ရေနစ်နေချိန် ကေလာလင်တန်အနေနဲ့ ဖုန်းကို အသုံးပြုနေခြင်းရှိ၊ မရှိ ရှာဖွေနေပါတယ်။

နာအိုမီ ရေနစ်နေတာ သိသိချင်း ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပြီး တစ်ပတ်ကြာ ကိုမာဝင်ပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင်လမှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ Mirror ရဲ့သတင်းအရ သိရပါတယ်။

ကေလာလင်တန်ဟာ လက်ရှိအချိန်မှာ အာမခံကြေး ပေါင် ၄၂၀ ပေးသွင်းထားပြီး ၎င်းရဲ့ကလေးငယ် သေဆုံးမှုမှာ အပြစ်ရှိ၊ မရှိ ကြားနာမှုကို စောင့်ဆိုင်းနေရပါတယ်။

ကေလာလင်တန်ဟာ ကလေးငယ်ကို တစ်ဦးတည်း အိမ်သာကို သွားစေခဲ့ကြောင်း ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့က ကေလာလင်တန် မိုဘိုင်းဖုန်းကို အသုံးပြုနေခြင်းရှိ၊မရှိ စစ်ဆေးနေပြီး ယင်းအချိန်အနည်းငယ်ဟာ ကလေးငယ်သေဆုံးစေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ကေလာလင်တန်ရဲ့ခင်ပွန်းဖြစ်သူကလည်း ကလေးငယ်သေဆုံးချိန်မှာ ဆိုရှယ်မီဒီယာကို အသုံးပြုနေခြင်းရှိ၊ မရှိ စစ်ဆေးဖို့အတွက် ကေလာလင်တန်ရဲ့ဖုန်းကို ရဲတပ်ဖွဲ့က ယူဆောင်သွားကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

ကေလာလင်တန်ရဲ့ရှေ့နေ အိုဖာဘာတယ်က ကေလာလင်တန်အနေနဲ့ သူမရဲ့ခြောက်လသားအရွယ် ကလေးငယ် နာအိုမီကို အသက်ပြန်ရှင်အောင် ကြိုးပမ်းခဲ့ကြောင်း ပြောကြားခဲ့ပြီး လက်ရှိအချိန်မှာ တဲလ်အဗစ်ရဲတပ်ဖွဲ့က ကေလာလင်တန်ကို စွဲချက်တင်၊ မတင်ကို ကြားနာဖို့ စောင့်ဆိုင်းနေပါတယ်။

Credit : shweinlay