Zawgyi ျဖင့္ဖတ္ရန္

ပိုးမီ တစ္ေယာက္ ေမြးရပ္ေျမ ကိုေရာက္တုန္းေရာက္ခိုက္တစ္ခ်ိန္ကျဖတ္သန္းခဲ့ရတဲ့မိသားစုဘဝအေၾကာင္းကိုရင္ဖြင့္ေျပာျပလာပါတယ္. ေအာင္ျမင္မႈေတြ ရရွိလာတဲ့ အခ်ိန္မွာလည္း ဖခင္ ျဖစ္သူကို အနားမွာရွိေစခ်င္တယ္လို႔ ဆိုပါတယ္.အဆိုေတာ္ ပိုးမီဟာ သူမရဲ႕ ေမြးရပ္ဇာတိေျမ ျဖစ္တဲ့ပဲခူးတိုင္း.ပုတီးကုန္းၿမိဳ႕ကိုေရာက္ရွိေနတာျဖစ္ပါတယ္.ပင္ပန္းဆင္းရဲမႈေတြရွိေပမယ့္ ေပ်ာ္႐ႊင္ေအာင္ ေနခဲ့ရတဲ့ သူမရဲ႕ အတိတ္ေတြ ဆီကိုလည္း ျပန္လည္ လြမ္းဆြတ္ေနတာကို ေတြ႕ရပါတယ္.

”ေမြးရပ္ေျမျပန္ေရာက္ေရာက္ခ်င္းအရင္ဆုံး မိသားစု စုံစုံလင္လင္ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနခဲ့ၾကဖူးတဲ့အိမ္ေလးေတြဆီအရင္သြားတယ္ …ကေလးဘဝကို ျပန္ေရာက္သြားသလိုပါပဲ..ေငြေၾကး မခ်မ္းသာေပမယ့္ ေပ်ာ္႐ႊင္မႈေတြ ခ်မ္းသာခဲ့တဲ့ အတိတ္ေတြဟာ လြမ္းေမာစရာ အတိနဲ႔ပါ ..အိမ္အိုေလးေတြက အရင္အတိုင္း မေျပာင္းလဲ ရွိေနဆဲ” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၆ရက္ေန႔မနက္ ၁၂ နာရီ၈မိနစ္ကသူမရဲ႕ေဖ့စ္ဘြတ္အေကာင့္မွာေရးသားခဲ့ပါတယ္.အဲ့ဒီေနာက္မိသားစုစားဝတ္ေနေရးအတြက္ႀကိဳးစားရွာေဖြ ခဲ့ရတဲ့ဖခင္ျဖစ္သူကိုလည္းလြမ္းတဲ့အေၾကာင္းေတြေရးသားထားပါေသးတယ္.ပရိသတ္ခ်စ္အႏုပညာရွင္တစ္ေယာက္ျဖစ္လာေပမယ့္လည္း ဖခင္ျဖစ္သူကို အနားမွာ ရွိေစခ်င္တယ္ လို႔ ဆိုပါတယ္.

”သတိရမိတယ္အေဖ.ဒီအိမ္ေလးေတြမွာအေဖ့အရိပ္ေတြရွိတယ္.ဒီအိမ္ေလးေတြမွာအေဖ့ရယ္သံေတြရွိတယ္.ဒီအိမ္ေလးေတြမွာအေဖ့စကားသံေတြရွိတယ္.ဒါေပမယ့္သမီးတို႔အနားမွာအေဖရွိမေနေတာ့ဘူးငိုခ်င္တယ္အေဖ.ဆင္းရဲတြင္းနက္ခဲ့ၾကတဲ့အရင္ကအခ်ိန္ေတြမွာ အေဖရွိေနခဲ့သလို မေတာင့္ မတ မေၾကာင့္မက်တဲ့ ဘဝတစ္ခုမွာ လည္း အေဖ့ကို အေမနဲ႔အတူတူ ရွိေနေစခ်င္မိတယ္. လြမ္းတယ္အေဖရယ္အေဖေကာင္းရာဘုံဘဝမွာေအးခ်မ္းပါေစ”လို႔ရင္ဖြင့္ေျပာျပထားတာေတြ႕ရပါတယ္.

ပိုးမီကိုေတာ့MyanmaridolSeason2သီခ်င္းဆိုၿပိဳင္ပြဲကေနတဆင့္ပရိသတ္အားေပးမႈအမ်ားႀကီးရရွိလာသူတစ္ေယာက္ျဖစ္ပါတယ္။သူ႔အေနနဲ႔MyanmaridolSeason2မွာလည္းတတိယဆုကိုဆြတ္ခူးႏိုင္ခဲ့သူတစ္ဦးပါ။အခုဆိုရင္ေတာ့သူကိုယ္တိုင္ေရးစပ္သီကုံးထားတဲ့ သီခ်င္းေတြနဲ႔ အတူ ပရိသတ္အေရွ႕ကို ေရာက္ရွိလာခဲ့ပါၿပီ။

ပိုးမီဟာ သီခ်င္းဆိုၿပိဳင္ပြဲႀကီး ၿပီးတဲ့ေနာက္မွာေတာ့ သူ႔ရဲ႕ ပထမဆုံးတစ္ကိုယ္ေတာ္ေတးစီးရီးျဖစ္တဲ့ေနာက္ထပ္တစ္ေယာက္ မရွိဆိုတဲ့တစ္ကိုယ္ေတာ္ေတးစီးရီးကို၂၀၁၈ခုႏွစ္မတ္လအတြင္းကထြက္ရွိခဲ့တာျဖစ္ပါတယ္။ဒီအေခြေလးကလည္းပရိသတ္ေတြရဲ႕ ခံစားခ်က္နဲ႔ ထပ္တူ က်ခဲ့တာေၾကာင့္ ေအာင္ျမင္မႈ ရရွိခဲ့တယ္လို႔ သိရပါတယ္။

CRD-Cele Yatkwat

Unicode ဖြင့်ဖတ်ရန်

မွေးရပ်မြေက အိမ်အိုလေးကို ရောက်ရင်း ဆင်းရဲတွင်းနက်ခဲ့တဲ့ တချိန်ကအတိတ်တွေကို ရင်ဖွင့်လာတဲ့ ပိုးမီ

ပိုးမီ တစ်ယောက် မွေးရပ်မြေ ကိုရောက်တုန်းရောက်ခိုက်တစ်ချိန်ကဖြတ်သန်းခဲ့ရတဲ့မိသားစုဘဝအကြောင်းကိုရင်ဖွင့်ပြောပြလာပါတယ်. အောင်မြင်မှုတွေ ရရှိလာတဲ့ အချိန်မှာလည်း ဖခင် ဖြစ်သူကို အနားမှာရှိစေချင်တယ်လို့ ဆိုပါတယ်.အဆိုတော် ပိုးမီဟာ သူမရဲ့ မွေးရပ်ဇာတိမြေ ဖြစ်တဲ့ပဲခူးတိုင်း.ပုတီးကုန်းမြို့ကိုရောက်ရှိနေတာဖြစ်ပါတယ်.ပင်ပန်းဆင်းရဲမှုတွေရှိပေမယ့် ပျော်ရွှင်အောင် နေခဲ့ရတဲ့ သူမရဲ့ အတိတ်တွေ ဆီကိုလည်း ပြန်လည် လွမ်းဆွတ်နေတာကို တွေ့ရပါတယ်.

”မွေးရပ်မြေပြန်ရောက်ရောက်ချင်းအရင်ဆုံး မိသားစု စုံစုံလင်လင်ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြဖူးတဲ့အိမ်လေးတွေဆီအရင်သွားတယ် …ကလေးဘဝကို ပြန်ရောက်သွားသလိုပါပဲ..ငွေကြေး မချမ်းသာပေမယ့် ပျော်ရွှင်မှုတွေ ချမ်းသာခဲ့တဲ့ အတိတ်တွေဟာ လွမ်းမောစရာ အတိနဲ့ပါ ..အိမ်အိုလေးတွေက အရင်အတိုင်း မပြောင်းလဲ ရှိနေဆဲ” ဆိုပြီးတော့ ဇန်နဝါရီလ ၆ရက်နေ့မနက် ၁၂ နာရီ၈မိနစ်ကသူမရဲ့ဖေ့စ်ဘွတ်အကောင့်မှာရေးသားခဲ့ပါတယ်.အဲ့ဒီနောက်မိသားစုစားဝတ်နေရေးအတွက်ကြိုးစားရှာဖွေ ခဲ့ရတဲ့ဖခင်ဖြစ်သူကိုလည်းလွမ်းတဲ့အကြောင်းတွေရေးသားထားပါသေးတယ်.ပရိသတ်ချစ်အနုပညာရှင်တစ်ယောက်ဖြစ်လာပေမယ့်လည်း ဖခင်ဖြစ်သူကို အနားမှာ ရှိစေချင်တယ် လို့ ဆိုပါတယ်.

”သတိရမိတယ်အဖေ.ဒီအိမ်လေးတွေမှာအဖေ့အရိပ်တွေရှိတယ်.ဒီအိမ်လေးတွေမှာအဖေ့ရယ်သံတွေရှိတယ်.ဒီအိမ်လေးတွေမှာအဖေ့စကားသံတွေရှိတယ်.ဒါပေမယ့်သမီးတို့အနားမှာအဖေရှိမနေတော့ဘူးငိုချင်တယ်အဖေ.ဆင်းရဲတွင်းနက်ခဲ့ကြတဲ့အရင်ကအချိန်တွေမှာ အဖေရှိနေခဲ့သလို မတောင့် မတ မကြောင့်မကျတဲ့ ဘဝတစ်ခုမှာ လည်း အဖေ့ကို အမေနဲ့အတူတူ ရှိနေစေချင်မိတယ်. လွမ်းတယ်အဖေရယ်အဖေကောင်းရာဘုံဘဝမှာအေးချမ်းပါစေ”လို့ရင်ဖွင့်ပြောပြထားတာတွေ့ရပါတယ်.

ပိုးမီကိုတော့MyanmaridolSeason2သီချင်းဆိုပြိုင်ပွဲကနေတဆင့်ပရိသတ်အားပေးမှုအများကြီးရရှိလာသူတစ်ယောက်ဖြစ်ပါတယ်။သူ့အနေနဲ့MyanmaridolSeason2မှာလည်းတတိယဆုကိုဆွတ်ခူးနိုင်ခဲ့သူတစ်ဦးပါ။အခုဆိုရင်တော့သူကိုယ်တိုင်ရေးစပ်သီကုံးထားတဲ့ သီချင်းတွေနဲ့ အတူ ပရိသတ်အရှေ့ကို ရောက်ရှိလာခဲ့ပါပြီ။

ပိုးမီဟာ သီချင်းဆိုပြိုင်ပွဲကြီး ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့နောက်ထပ်တစ်ယောက် မရှိဆိုတဲ့တစ်ကိုယ်တော်တေးစီးရီးကို၂၀၁၈ခုနှစ်မတ်လအတွင်းကထွက်ရှိခဲ့တာဖြစ်ပါတယ်။ဒီအခွေလေးကလည်းပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူ ကျခဲ့တာကြောင့် အောင်မြင်မှု ရရှိခဲ့တယ်လို့ သိရပါတယ်။

CRD-Cele Yatkwat