Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ဆစ်ဒနီ သြစတေးလျမှာ နေထိုင်တဲ့ တရုတ်နိုင်ငံသား Timmy Sun အမည်ရ အမျိုးသားဟာ သူရဲ့လူမှုကွန်ရက် Facebook ပေါ်မှာ ချစ်သူရည်စားလိုချင်ကြောင်း Post တင်ခဲ့ပါတယ်။ သူဟာ ဒီလုပ်ရပ်ကြောင့် လူမှုကွန်ရက်မှာ အများ အာရုံစိုက်စရာ ဖြစ်ခဲ့ပါတယ်။
ကနဦးတုန်းကတော့ သူရဲ့ ဘော်ဒါတွေက နောက်ပြောင်တာမျိုး ခံခဲ့ရပေမယ့်၊ မကြာမီမှာ Sijia Wang အမည်ရ ကောင်မလေးကို RS ချိတ်နိုင်ခဲ့လို့ သူရဲ့ ဘော်ဒါအပေါင်းအသင်းတွေသာမက၊ သူနဲ့ Facebook မှာ သူငယ်ချင်းဖြစ်နေကြတဲ့သူတွေပါ အံ့သြမင်သက်ခဲ့ရတဲ့ အထိပါ။
သူဟာ လူမှုကွန်ရက်မှာ ပေါက်တက်ကရတွေ လုပ်လွန်းလို့ Timstar လို့ အမည်ပြောင် ပေးခြင်း ခံထားရသူပါ။ တစ်ချို့က သူ့ကို လူရွှင်တော်လို့ အမည်ပေးကြပြီး၊ သူက အခွက်ပြောင်လို့ ဘယ်မိန်းကလေးမှ မကြိုက်နိုင်ဘူးလို့လည်း မကြာခဏ နောက်ပြောင်ခံရသူပါ။
သူရဲ့ပုံစံကလည်း လူရယ်စရာဖြစ်ပြီး၊ နံရိုးအပြိုင်းသား ပိန်ကပ်ကပ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး၊ တစ်ခါတလေ ဘော်ဒီအလှပြတာမျိုး ရယ်စရာတွေ လုပ်တတ်ပါသေးတယ်တဲ့။ သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက Sijia Wang နဲ့ ချစ်သူဖြစ်ခဲ့တာပါ။ တစ်ချို့ကလည်း သူဟာ တရုတ်လူမျိုးမဟုတ်ကြောင်း၊ စင်္ကာပူလူမျိုးဖြစ်ကြောင်း ဆိုကြပါတယ်။
မိတ်ဆွေတို့လည်း Timmy ရဲ့ နည်းကို နှလုံးမူပြီး လူမှုကွန်ရက်မှာ ကောင်မလေး ချောခောျလေးနဲ့ ချစ်သူအဖြစ် လက်တွဲလိုကြောင်း ပို့စ်တင်ဖို့ စိတ်ကူးမိနေလောက်ပါပြီ။ ဒီနည်းက ကိုယ့်ရှေ့မှာ ရာနှုန်းပြည့် အောင်မြင်ထားတာကြောင့်၊ သေချာပေါက် ရွှေလက်တွဲမယ့်သူ ပေါ်လာမှာပါ။
Credit: လင်းသုတ (MyanmarNote