Zawgyi ျဖင့္ဖတ္ရန္

တစ္ဖက္သက္ အခ်စ္ ဆိုတာ တစ္ခါတေလမွာ အေတာ္ေလး ခံရခက္ပါတယ္။ တစ္စုံတစ္ေယာက္ကို ကိုယ္ကခ်စ္ေၾကာင္း သိေစခ်င္ေပမယ့္၊ တစ္ဖက္လူက အေရးမလုပ္တဲ့အခါမွာ အေတာ္ေလး ဆိုး႐ြားတဲ့ခံစားမႈကို ခံစားရပါတယ္။ တစ္ခ်ိဳ႕ဆို ကိုယ့္ကိုမခ်စ္လို႔ ပြဲၾကမ္းၾကသူေတြေတာင္ ရွိပါတယ္။

အခုလည္း အသက္(၃၁)ႏွစ္အ႐ြယ္ ဖေလာ္ရီဒါမွာေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ သူမနဲ႔ ပထမဆုံး Date တဲ့ အမ်ိဳးသားကို စိတ္ကေန စြဲစြဲလမ္းလမ္း ခ်စ္မိေသာ္လည္း အဲဒီအမ်ိဳးသားက သူမကို အဖက္မလုပ္တဲ့အခါမွာေတာ့ သူမက အားမလိုအားမရ ျဖစ္ခဲ့ပါတယ္။

အမ်ိဳးသမီးရဲ႕အမည္ကေတာ့ Jacquelyn Ades ျဖစ္ၿပီး၊ ပထမေတာ့ သူမဟာ အဲဒီအမ်ိဳးသားထံကို ေရလာေျမာင္းေပး စာသားေတြနဲ႔ေရးၿပီး ေရခဲတုန္းႀကီး အရည္ေပ်ာ္ေအာင္ ႀကိဳးစားခဲ့ပါတယ္။ သူမ စိတ္ရွည္ရွည္နဲ႔ ႀကိဳးစားတာေတာင္မွ ေရခဲတုန္းႀကီးဟာ ေျမာက္ဝင္႐ိုးစြန္းမွာ ေအးခဲေနတုန္းပါဘဲ။

 

ဒီလိုနဲ႔ ဘယ္လိုမွ သည္းမခံႏိုင္ေတာ့တဲ့အဆုံးမွာေတာ့ ဆဲဆိုျခင္း၊ ၿခိမ္းေျခာက္ျခင္း၊ ဂုဏ္သိကၡာညႇိဳးႏြမ္းေအာင္လုပ္ျခင္း စတဲ့ ျပစ္မႈေတြကို ဆက္တိုက္က်ဴးလြန္ခဲ့ပါတယ္။ Ades ဟာ မိန္းမတစ္ေယာက္ကို ဒီေလာက္ ခါးခါးသီးသီးျဖစ္ရမလားဆိုၿပီး မခံခ်င္စိတ္ျဖစ္ခဲ့တာပါ။

ေနာက္ဆုံးေတာ့ အဲဒီအမ်ိဳးသားရဲ႕ေနအိမ္အထိသြားၿပီး ဓားနဲ႔ထိုးဖို႔အထိ ႀကိဳးစားခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ရဲက ဖမ္းတာကို ခံလိုက္ရတာပါဘဲ။ သူမဟာ အဲဒီအမ်ိဳးသားဆီကို မက္ေဆ့ေပါင္း (၁၅၉၀၀၀)အထိ ေပးပို႔ႏွိပ္စက္ခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရပါတယ္။ အခုေတာ့ သူမကို ပိုင္နက္က်ဴးေက်ာ္မႈနဲ႔ပါ အမႈဖြင့္ထားပါတယ္။

credit – လင္းသုတ (MyanmarNote)

Unicode ဖြင့်ဖတ်ရန်

မချစ်လို့ပုန်းနေတဲ့ အမျိုးသား ဆီ မက်ဆေ့ (၁၆၀၀၀၀)ပို့ပြီး မြူဆွယ် ခဲ့တဲ့ အမျိုးသမီး

တစ်ဖက်သက် အချစ် ဆိုတာ တစ်ခါတလေမှာ အတော်လေး ခံရခက်ပါတယ်။ တစ်စုံတစ်ယောက်ကို ကိုယ်ကချစ်ကြောင်း သိစေချင်ပေမယ့်၊ တစ်ဖက်လူက အရေးမလုပ်တဲ့အခါမှာ အတော်လေး ဆိုးရွားတဲ့ခံစားမှုကို ခံစားရပါတယ်။ တစ်ချို့ဆို ကိုယ့်ကိုမချစ်လို့ ပွဲကြမ်းကြသူတွေတောင် ရှိပါတယ်။

အခုလည်း အသက်(၃၁)နှစ်အရွယ် ဖလော်ရီဒါမှာနေတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမနဲ့ ပထမဆုံး Date တဲ့ အမျိုးသားကို စိတ်ကနေ စွဲစွဲလမ်းလမ်း ချစ်မိသော်လည်း အဲဒီအမျိုးသားက သူမကို အဖက်မလုပ်တဲ့အခါမှာတော့ သူမက အားမလိုအားမရ ဖြစ်ခဲ့ပါတယ်။

အမျိုးသမီးရဲ့အမည်ကတော့ Jacquelyn Ades ဖြစ်ပြီး၊ ပထမတော့ သူမဟာ အဲဒီအမျိုးသားထံကို ရေလာမြောင်းပေး စာသားတွေနဲ့ရေးပြီး ရေခဲတုန်းကြီး အရည်ပျော်အောင် ကြိုးစားခဲ့ပါတယ်။ သူမ စိတ်ရှည်ရှည်နဲ့ ကြိုးစားတာတောင်မှ ရေခဲတုန်းကြီးဟာ မြောက်ဝင်ရိုးစွန်းမှာ အေးခဲနေတုန်းပါဘဲ။

ဒီလိုနဲ့ ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ ဆဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဂုဏ်သိက္ခာညှိုးနွမ်းအောင်လုပ်ခြင်း စတဲ့ ပြစ်မှုတွေကို ဆက်တိုက်ကျူးလွန်ခဲ့ပါတယ်။ Ades ဟာ မိန်းမတစ်ယောက်ကို ဒီလောက် ခါးခါးသီးသီးဖြစ်ရမလားဆိုပြီး မခံချင်စိတ်ဖြစ်ခဲ့တာပါ။

နောက်ဆုံးတော့ အဲဒီအမျိုးသားရဲ့နေအိမ်အထိသွားပြီး ဓားနဲ့ထိုးဖို့အထိ ကြိုးစားခဲ့ပါတယ်။ အဲဒီအချိန်မှာ ရဲက ဖမ်းတာကို ခံလိုက်ရတာပါဘဲ။ သူမဟာ အဲဒီအမျိုးသားဆီကို မက်ဆေ့ပေါင်း (၁၅၉၀၀၀)အထိ ပေးပို့နှိပ်စက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ အခုတော့ သူမကို ပိုင်နက်ကျူးကျော်မှုနဲ့ပါ အမှုဖွင့်ထားပါတယ်။

credit – လင်းသုတ (MyanmarNote)